Software Adviser Bot

Software Adviser Bot

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Software Adviser Bot, Public Figure, Yangon.

20/06/2024

လက်ရှိသုံးနေတဲ့ VPN​ တွေ သုံးမရတော့လို့ ဘာသုံးရမလဲ မရှာတတ်တော့ရင် လွယ်လွယ်ကူကူ သိရအောင် Viber မှာ Join ထားလိုက်နော်။Pageမှာ VPN နဲ့ ပတ်သတ်ပြီး ထပ်မတင်ပေးတော့ပါဘူး။Viberမှာပဲ တင်ပေးပါတော့မယ်။

https://invite.viber.com/?g2=AQAi5u%2BXvQ7jkFL630M0%2BgHUzuYiVxP0mHs5d3iM8llkuNv31iHaizSZ5Q9%2BviXX&fbclid=IwZXh0bgNhZW0CMTEAAR1bxoX1m108U1fLCyKdXYVn-pS_OloeEV2k0j8RvH1sA2EHKacrFmFxfH0_aem_ZmFrZWR1bW15MTZieXRlcw&lang=en

21/05/2024

Play store မရှိတဲ့ Mi phoneများအတွက် လွယ်ကူရိုးရှင်းသော Google apkများ

1. Google installer 3.0
online apk ဖြစ်သောကြောင့် wifi (or) internet လိုပါသည်။အသုံးပြုနည်းမသိပါက လာရောက်မေးမြန်းပါ။ dataများသောကြောင့် wifiဖြင့်သုံးရန် အကြံပြုပါသည်။

https://t.me/softwarebot1234/10

2.Gspace
play store ဘယ်လိုမှထည့်မရမှသာ အသုံးပြုရန်။
Gspace သည် Emulator တစ်ခုဖြစ်သောကြောင့်
Gspaceမှ downloadလုပ်သော apkအားလုံးသည်
Fileတစ်ခုအနေဖြင့်သာရှိမည်ဖြစ်သောကြောင့် version မြင့်သော gameများအတွက် မသင့်လျော်ပါ။
မှတ်ချက်။ ။ Gspaceအား မှားယွင်းဖျက်မိပါက gspaceမှ အသုံးပြုထားသော play store မှ downloadလုပ်ထားသော apkအားလုံး ပျောက်သွားမည်ဖြစ်သည်။
https://t.me/softwarebot1234/13

12/03/2024

"Phone Batteryပြဿနာ"

Phone Batteryမြန်မြန်ပျက်စီးစေတဲ့ အကြောင်းအရင်းများ

1.အားသွင်းရင်းဖုန်း အသုံးပြုခြင်း(Power bankဖြင့် သွင်းရင်းသုံးခြင်းလည်း ရလာဒ်အတူတူ)

2.အလွန်ပူသော အ‌ခြေအနေတွင် ဖုန်းအားသွင်းခြင်း

3.အပူချိန်များသောနေရာတွင် ဖုန်းကိုထားခြင်း(ဥပမာ-နေပူထဲ၊အပူငွေ့ထွက်သော စက်များ(invertor))

4.ဖုန်းကာဘာဖြင့် ဖုန်းအားသွင်းခြင်း(ချွင်းချက်)

5.ဖုန်းအား လုံးဝကုန်ဆုံးအောင်သုံးခြင်း(အဆိုးဆုံးအချက်) တို့က အခြေခံပဲဖြစ်ပါတယ်။

အားသွင်းရင်း အသုံးပြုတဲ့ဖုန်းတွေဟာ အားသွင်းရင်းမသုံးတဲ့ ဖုန်းတွေထက် သက်တမ်းတိုပါတယ်။ဖုန်းကာဘာတွေဟာ မိမိဖုန်းမှထွက်သော အပူကို သိုလှောင်သလို ဖြစ်တတ်တာကြောင့် batteryကို ပျက်စီးစေနိုင်တဲ့ အချက်ထဲပါပါတယ်။ဘယ်လိုအချိန်မှာ သိသာသလဲဆိုရင် Gameဆော့နေရင်း (သို့)ဖုန်းအားသွင်းနေရင်း ကာဘာဖြုတ်ကြည့်မယ်ဆိုရင် ပုံမှန် မတပ်ထားတဲ့ အခြေအနေထက် ပိုပူတာ တွေ့ရပါလိမ့်မယ်။ဖုန်းကို ပါဝါပိတ်တဲ့အထိ သုံးတာက Rechargeable battery တွေပျက်‌စီးစေမှု့ရဲ့ အကြီးမားဆုံး အချက်တစ်ခု ဖြစ်ပါတယ်။(မယုံရင် ငါးခါလောက် ပါဝါပိတ်တဲ့အထိ သုံးကြည့်ပါ။Battery အခြေအနေ သိသိသာသာကွာခြားသွားတာတွေ့ရပါလိမ့်မယ်။

Battery မကောင်းရင် ဆိုင်မှာ Original battery လဲလိုက်မယ်လေ(ဂျင်းပါ Original batteryလို့ ပြင်တဲ့သူတွေပြောကြတာဟာ ငွေတောင်းလို့ကောင်းအောင်ပါ။စက်ရုံထုတ် battery တွေလောက်မကောင်းပါ။Spare part battery တွေရဲ့သက်တမ်းက ပုံမှန် 6လလောက်ပဲရှိပါတယ်။6လ ကျော်တာနဲ့ သိသာပါတယ်။ဖုန်းအရမ်းသုံးတဲ့သူမျိုးဆို 6လတောင် မခံပါဘူး။)

Battery ကို ဘယ်လိုကြာရှည်ခံအောင် ဂရုစိုက်ရမလဲ?
1.ဘာနဲ့ပဲ အားသွင်းသွင်း အားသွင်းနေရင်း မသုံးပါနဲ့။
2.အပူချိန်များတဲ့နေရာတွေမှာ အလွယ်တကူမထားမိပါစေနဲ့။
3.အားကုန်အောင် မသုံးမိပါစေနဲ့။အားကုန်သုံးရင် battery cellတွေ သေနိုင်တာမို့ သက်တမ်းတိုစေနိုင်ပါတယ်။

လက်ဆောင်အကြံပေးချက်
Battery ကို 20%အောက်ထိ အသုံးပြုပါ။ပါဝါပိတ်၍
အားအပြည့်ရောက်သည်အထိ 3-4နာရီထက်ပို၍သွင်းပါ။ပုံမှန်ထက် အားကုန်မြန်တယ်လို့ ခံစားနေရပါက ဤနည်းအတိုင်း တစ်ပတ်ခန့် လုပ်ဆောင်ကြည့်ပါ။ Rechargeable Battery တွေရဲ့ အားသွင်းကျင့်နည်းပါ။

ဘယ်အချိန်မှာ Battery လဲသင့်သလဲ?
အားသွင်းလျှင် ပြည့်တာအရင်ထက် ပိုမြန်ပြီး သုံးလျှင် ခဏနဲ့ အားကုန်တာတွေ ဖြစ်နေခြင်း၊သုံးနေရင်း ပါဝါပိတ်သွားခြင်းတွေ ဖြစ်လာလျှင် Battery လဲဖို့ အချက်ပေးနေခြင်းဖြစ်ပါသည်။

12/03/2024

✨မိမိဖုန်းကို အနားပေးပါ✨
"ငါ့ဖုန်းက ဘာမှလည်းမသုံးဘဲ အခုတလော စက်ဟန်းသလိုဖြစ်ဖြစ်သွားတယ်"
"ဖုန်းထဲမှာ ဘာမှလည်းမထည့်ထားဘဲနဲ့ စက်လေးနေတယ်သုံးမကောင်းဘူး"
"ဖုန်းက အရင်လို မသွက်တော့ဘူး တစ်ခုခုထဲဝင်မယ်ဆို အကြာကြီးပဲ"...🥴

ဒါတွေက ပုံမှန်ကြုံနေကြ ဖုန်းအသုံးပြု‌သူတွေရဲ့ အခြေခံပြဿနာပါ။ဖုန်းအသုံးမပြုဘဲ ဒီအတိုင်းတစ်နေကုန်ပစ်ထားလည်း ဖုန်းကို အနားပေးရာ မရောက်ပါဘူး။ဖုန်းတွေမှာ Screen ပိတ်ထားလည်း Background dataတွေက အလုပ်လုပ်နေပါတယ်။(ဥပမာ- ဖုန်းလိုင်း၊နာရီ၊တစ်ချို့ software များ)

ဖုန်းတစ်လုံး ကောင်းကောင်းအလုပ်မလုပ်တော့ရင် အရင်ဆုံးလုပ်သင့်တာ ဘာလဲ?

ရိုးရှင်းပါတယ် Power Restart (or) Reboot လေးလုပ်ရုံနဲ့ ထိရောက်စွာ မိမိဖုန်းကို အနားပေးလို့ရပါတယ်။

အထက်က ပြောသလိုတွေ မဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲ?

မိမိဖုန်းကို တစ်ပတ် တစ်ခါလောက်တော့ ပါဝါ အဖွင့်အပိတ်လုပ်ပေးသင့်ပါတယ်။ဖုန်းဝယ်ပြီး ‌အသစ်တွေမှာ မသိသာပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အလုပ်လုပ်နိုင်စွမ်း လျော့ကျလာတတ်ပါတယ်။

ကြုံဖူးပါတယ်။တစ်နှစ်လောက်ထိ ဖုန်းကို လုံးဝ ပါဝါအဖွင့်အပိတ်မလုပ်ဖူးသူတွေလည်း ရှိပါတယ်။အဲ့လိုလူမျိုးတွေဟာ ဖုန်းပြောရုံလောက်ပဲ ဖုန်းကို အသုံးပြုတာဆိုရင်တောင် ပုံမှန်လို သုံးမကောင်းပါဘူး။ဒါကြောင့် မိမိဖုန်း အရင်လို သုံးလို့သိပ်မကောင်းဘူးလို့ ခံစားရနေပြီဆို သူ့ကိုအနားပေးဖို့လိုနေပြီလို့ သဘောပေါက်လိုက်ပါ။

မိမိဖုန်း အနားမပေးတာ ဘယ်လောက်ကြာနေပြီလဲ စစ်ချင်ရင် 👇👇👇

Mobile Tracker Free | Cell Phone Tracker App | Monitoring App for Android Smartphone 25/10/2023

အခုတလော လာလာမေးကြတဲ့မေးခွန်းလေး
"ဖုန်းပျောက်သွားရင် ဘယ်လိုပြန်လိုက်ရမလဲ၊ပြန်လိုက်လို့ရောရနိုင်ပါ့မလား"
ဒီမေးခွန်းအတွက် အဖြေပေးရရင် ဖုန်းခိုးသွားတဲ့သူက ဖုန်းကို "Factory restart"လို့ခေါ်တဲ့ data restart မချမခြင်း သင့်မှာပြန်လိုက်ဖို့ အခွင့်အရေးရှိပါတယ် "75-25%" ပါ။ဒါဆို ဘယ်လိုလုပ်ရမလဲ ဘာတွေပြင်ဆင်ထားဖို့လိုလဲ။
လွယ်လွယ်လေးပါ "Mobile Tracker Free"ဆိုတဲ့ free version လေး ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့နဲ့ နေ့စဉ်ပုံမှန်တစ်ခေါက် Login လုပ်ပေးဖို့ပဲလိုပါတယ်။သူက ဘာလို့နေ့စဉ်ပုံမှန် Login လုပ်ခိုင်းလဲဆိုတော့ Free versionဖြစ်နေလို့ပါပဲ(paid version)တွေလဲရှိပါတယ်။15ရက်အတွင်း login မလုပ်ရင် account disconnect ဖြစ်နိုင်/အကောင့်ပျက်နိုင်ပါတယ်။ဒါဆို အသစ်ပြန်ဖွင့်ဖို့လိုပါလိမ့်မယ်။အခုလို အစစအရာရာ စိတ်မချရတဲ့ ခေတ်ကြီးထဲမှာ "Mobile Tracker Free"လေးသာ ကောင်းကောင်းအသုံးချနိုင်ရင် 75%လောက်တော့ ကိုယ့်ဘက်မှာ အခွင့်အရေးပိုသာပါလိမ့်မယ်။အကောင်းဆုံးကတော့ မပျောက်အောင် ဂရုစိုက်ရုံကလွဲပြီး ဘာမှမရှိပါဘူး။
ဒီလိုဆို Mobile Tracker Toolက ဘာတွေလုပ်ပေးလဲဆို‌‌တာနောက်တစ်ခါကြရင် သေချာရှင်းပြပေးပါမယ်။

Mobile Tracker Free | Cell Phone Tracker App | Monitoring App for Android Smartphone Mobile Tracker Free is a free application for monitoring & tracking SMS, MMS, Calls, Recording Calls, Locations, Pictures, Facebook, WhatsApp, Applications and more!

24/10/2023

ဒီနေ့ ပြောပြချင်တာကတော့ အမြန်ဖုန်းခေါ်နည်းပါ။ဒီနည်းက မည်သည့်ဖုန်းမဆို ရှိပြီးသားfunction ဖြစ်ပါတယ်။သူ့ nameက (Quick dial)ပါ။ ကိုယ် အမြဲဆက်သွယ်ဖြစ်တဲ့ လူတွေရဲ့ ဖုန်းနံပါတ်ကို မိမိထားချင်တဲ့ နံပါတ်(2 မှ 9အထိ)ထားပြီး ခေါ်ဆိုလိုတဲ့အခါ မိမိ သတ်မှတ်ထားတဲ့ နံပါတ်တစ်လုံးတည်း သုံးစက္ကန့်လောက်ဖိထားရုံနဲ့ အလိုလျောက်ခေါ်ဆိုပေးမှာဖြစ်ပါတယ်။ဖုန်းနံပါတ်၈ ခုထိထားနိုင်တော့ အိမ်က ဖိုးဖိုး၊ဖွားဖွား၊ဖေဖေ၊မေမေတို့အတွက် အရမ်းအသုံးဝင်မယ်ထင်ပါတယ်။ မသိသေးတဲ့ သူတွေအတွက်လည်း share ပေးလိုက်ကြပါဦးနော်။
သိချင်တာရှိသေးရင် comment မန့်ခဲ့လို့ရပါတယ်။

18/10/2023

ဒီနေ့တော့ videoတွေ ပြောင်းပြန်လုပ်တဲ့ Software လေး ပြောပြပေးသွားပါမယ်။
ဘော်ဒါ အချင်းချင်း ဆေးထိုးချင်လို့ပဲဖြစ်စေ၊ ဆန်းဆန်းပြားပြားလေး ဖန်တီးချင်လို့ပဲဖြစ်စေ videoတွေ နောက်ပြန်ဆွဲဖို့ဆို
ဒီကောင်လေးသုံးပါ။
https://play.google.com/store/apps/details?id=com.mobile.bizo.reverse

Photos from Software Adviser Bot's post 16/10/2023

ဖုန်းဝယ်ခါနီးရင် ဖုန်းအကြောင်းနားမလည်လို့ clone ကြီးကိုဂျင်းထည့်ခံရတော့မလားဆိုပြီး စိတ်ပူတတ်တဲ့ သူတွေ။ကိုယ်တိုင်ပဲဝယ်ချင်တယ် ဂျင်းလည်းမမိချင်ဘူးဆို ဒီကောင်လေးသာဆောင်ထားလိုက်တော့။
သူ့မှာ ဖုန်းနဲ့ ပတ်သတ်သမျှ info အစုံကို တစ်နေရာတည်း အကုန်စစ်ဆေးကြည့်နိုင်မဲ့ features အကုန်ပါတာမို့ အရမ်းအဆင်ပြေပါတယ်။
Memoryပိုင်းနဲ့ ပတ်သတ်ပြီး ဘယ်လောက်ပဲ ပြင်ထားပြင်ထား(2/16 to 6/128) အမှန်(2/16)ပဲ ပြပေးတာမို့ စိတ်တိုင်းကြစစ်ဆေးလို့ရပါတယ်။ဖုန်းပြောရင် ကိုယ်ပြောတာ သူမကြားတာတို့ သူပြောတာ ကိုယ်မကြားတာတို့လည်း စစ်ဆေးနိင်တဲ့အပြင် Battery ဘယ်လောက်ကောင်းသေးလဲ ဘာလို့ အားမခံတာလဲဆိုတာတွေပါ ခန့်မှန်းလို့ရပါတယ်။
မှန်လဲထားတဲ့ ဖုန်းတွေ ပုံမှန်ဆို ဘာမှမဖြစ်ပေမဲ့ gameဆော့ခါနီးမှ Touchထောက်နေတာ ပြိုင်ဆွဲမရတာမျိုးတွေ ဖုန်းပြင်ဆိုင်က မထွက်ခင် multi touch နဲ့ စစ်ဆေးပြီး အဆင်မပြေရင် တခါတည်းပြန်ပြောလို့ရတာမို့ ဆိုင်နဲ့ ပြဿနာတက်မဲ့ ကိစ္စတွေလည်း နည်းသွားပါလိမ့်မယ်။
Screen အလင်းပေါက်နေလား colorမှန်ရဲ့လား ဆိုတာတွေလဲ Display ဆိုတာနဲ့ စစ်ဆေးလို့ရပါတယ်။
သုံးတတ်ရင် အရမ်းအသုံးဝင်တာမို့ ဖုန်းဝယ်ဝယ် မဝယ်ဝယ် software လေး download လုပ်ပြီး စမ်းသုံးကြည့်ထားလိုက်တော့နော် 🤖

https://play.google.com/store/apps/details?id=com.abs.cpu_z_advance

Photos from Software Adviser Bot's post 16/10/2023

တစ်ချို့ software တွေ play store မှာရှာကြတဲ့အခါ "this item is not available in your country" ဆိုပြီး ပေါ်နေပြီး downloads လုပ်မရတာမျိုးတွေကြုံပြီဆိုမှ သူများလိုက်မမေးနေပါနဲ့ အခုနည်းလေးကိုသတိရလိုက်နော်။
အရင်ဆုံး play store ထဲကထွက်ပါ။United Stateပါတဲ့ Vpn တစ်ခုခုနဲ့ချိတ်ပါ။Play storeထဲပြန်ဝင်ပြီး ပြန်ရှာပါ။များသောအားဖြင့် ဒီတစ်ဆင့်‌‌နဲ့တင်အဆင်ပြေတာများပါတယ်။မရသေးဘူးဆို play store settingထဲဝင်ပါ။General ထဲမှာ country ဆိုတာလေးရှိပါတယ်။swift country ဆိုတာလေး နှိပ်ပြီးချိန်းပေးရုံပါပဲ။Gmail တစ်ခုထက်ပိုပြီးရှိတဲ့သူတွေဆို VPNချိတ် play store gmail ချိန်းရုံနဲ့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ Cbမှာလည်း software နဲ့ပတ်သတ်လို့သိချင်တာရှိရင် လာမေးလို့ရပါတယ်နော် 🤖

Photos from Software Adviser Bot's post 14/10/2023

နေ့စဉ်ဘဝမှာ များစွာ အထောက်အကူပြုပေးနိုင်ပေမဲ့ လူတွေ သိပ်မသုံးဖြစ်(တချို့က သူ့ရဲ့အလုပ်လုပ်ပုံကိုကောင်းစွာနားမလည်)တာကြောင့် ဖုန်းထဲမှာရှိနေပြီး မြန်မာနိုင်ငံမှာဂျောင်ထိုးခံထားရတဲ့
Software လေးအကြောင်းပြောပြချင်ပါတယ်။
သူ့ကို play store မှာ "google len"လို့ အလွယ်တကူရိုက်ရှာပြီး download လုပ်လို့ရသလို တချို့ဖုန်းတွေမှာတော့ downစရာမလိုဘဲ ရှိနေပြီးသားပါ။
သူ့ကို ဘာပဲရှာချင်ချင် ပုံစံလေးပြပေးရုံနဲ့ ခိုင်းစေလို့ရပြီး (ဥပမာ ငှက်ပုံဖြင့် ငှက်အမျိုးအစားရှာခြင်း)၊ ပညာရေးနဲ့ပတ်သတ်တဲ့ မေးခွန်းများစွာကိုပါ မေးမြန်းနိုင်ပါတယ်။
သူ့မှာ - Translate/ text / search / homework /shopping/places ဆိုတဲ့ အပိုင်းများပါဝင်ပါတယ်။
Translate --- camera ချိန်ထားရုံ/ photo လေးထည့်ရုံဖြင့် အလွယ်တကူ ကြိုက်နှစ်သက်ရာ ဘာသာကို ပြောင်းလဲခြင်း
Text --- photo မှ စာများကို keyboard ပေါ်သို့ အလွယ်တတူ copy ယူနိုင်ခြင်း
search --- photo ရှိရုံဖြင့် အချက်အလက်များစွာကို အလွယ်တကူရှာနိုင်ခြင်း
Homework --- မေးခွန်းပုစ္ဆာများပါ အဖြေ(theory) ရှာနိုင်ခြင်း
shopping --- barcodes များဖြင့် ထုတ်ကုန်ပစ္စည်းများ စစ်ဆေးနိုင်ခြင်း/Qr code များလည်းရှာပေးနိုင်။
places --- သူကတော့ အတိအကျမပြပါဘူး။လွဲတာများပါတယ်။
ဒီလိုများစွာ အသုံးဝင်တဲ့softwareလေး ဂျောင်ထိုးထားပြီး သူများပဲ လိုက်မေးနေတုန်းလား။
အခုပဲ ပြောပြထားတာလေးတွေ မှတ်မိအောင် တစ်ခုခြင်း စမ်းသုံးကြည့်လိုက်တော့နော် 👽

Telegram: Contact @softwarebot1234 12/10/2023

Spy softwareအသုံးပြုနည်း video
telegramမှာတင်ပေးထားပါတယ် ။
Joinပြီး ဝင်ကြည့်လိုက်ပါ 🤖

Telegram: Contact @softwarebot1234

Photos from Software Adviser Bot's post 11/10/2023

Spy Softwareတွေအများကြီးထဲကမှ တပြားတကျပ်မှမကုန်ဘဲ နေ့တိုင်းကုန်းဆင်းလို့ရတဲ့ Website လေး။
လူတစ်ယောက်ရဲ့ဖုန်းကို ငါးမိနစ်လောက်လေး သူမသိအောင်အသုံးပြုခွင့်ရယုံနဲ့ နေ့တိုင်း သူဘယ်သူနဲ့ ဘာတွေပြောလဲ ဘယ်တွေသွားလဲဆိုတာကိုသူမသိအောင် စောင့်ကြည့်နိုင်တဲ့အပြင် သူ့ဖုန်းကို ထိန်းချုပ်နိုင်တဲ့ program များစွာပါသော Application။
လေ့လာချင်သူများ အောက်တွင် link ချပေးထားပါမည်။
(မိမိတို့၏ ရင်သွေးငယ်များ စောင့်ကြည့်ထိန်းချုပ်ရန် ရေးဆွဲထားသော project ဖြစ်သည်။)
(ချစ်သူများအကြားအသုံးပြုပါက ယုံကြည်မှု့ ပျက်ပြားစေနိုင်ကြောင်း သတိပြုပါ)

https://aunglay257.github.io/myfirstweb/ga.html

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Address


Yangon