Easy Cookware

Easy Cookware

Share

မိတ်ဆွေတို့အတွက်
ပေးရသောဈေးထက် သာလွန်ကောင်းမွန်သော ပစ္စည်းများသာရောင်းပါသည်။

16/04/2026

💦💦နှစ်သစ်မင်္ဂလာဆုတောင်း💦💦

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်
မြန်မာနှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး၊ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။ နှစ်ဟောင်းက အညစ်အကြေးတွေ သင်္ကြန်ရေနဲ့အတူ မျောပါသွားခဲ့ပြီး နှစ်သစ်မှာ အေးချမ်းသာယာတဲ့ ဘဝသစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။🙏✨

✨ နှစ်သစ်မှာ စီးပွားလာဘ်လာဘတွေ ဒီရေအလား တိုးတက်ပြီး၊ လုပ်ငန်းကိုင်ငန်းတွေလည်း အောင်မြင်ပါစေ။ မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ နှစ်သစ်အခါသမယကို လျှောက်လှမ်းနိုင်ပါစေ။🙏✨

မြန်မာနှစ်သစ်ကူးအခါသမယမှာ ဘေးဘ
ယာဝေးကွာပြီး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး အေးအေးချမ်းချမ်းနဲ့ လိုရာဆန္ဒတွေ ပြည့်ဝပါစေ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။🙏✨😍

04/04/2026

ငါပါလန့်သွားတယ်😁

20/02/2026

ချစ်စရာလေး😻

15/02/2026

ပြောပြအုံးမယ်..

မနက်က..
ထမင်းကြော်နဲ့ စားဖို့း..
လမ်းထိပ်ထွက်ပြီး ပဲပြုတ် ဝယ်တာ..

လမ်းထိပ်ရောက်တော့..
ပဲပြုတ်သည်က..
ခုမှ တောင်း ချခါစ..
ပြင်တုန်းဆင်တုန်း..

အဲ့ဒါနဲ့..

" အစ်မ ပဲပြုတ် ၁၀၀၀ ဖိုး ပေးပါ''..

" အေးအေး..''

ပဲပြုတ်သည်က..
" အေးအေး''..ဆိုပြီး..
ပဲပြုတ်ထည့်ဖို့..အိတ် လိုက်ရှာတာ..

" ဟယ်...အိတ်တွေ ကျန်ခဲ့ပြီ..''

ပဲပြုတ်သည်..
ပဲပြုတ် ထည့်ဖို့ အိတ် ပါမလာဘူး😁

ကျနော်ကလည်း..
အမြန် လိုချင်တာ..
မလုံးက စက်ရုံကို ၇ နာရီ သွားရတာကိုး..

အဲ့မှာ..
ပဲပြုတ်သည်ကလည်း..
အိတ် မရှိတော့..ဘာနဲ့ ထည့်ပေးရမှန်းမသိ..
အိတ်အဟောင်းလေးများ
တွေ့လိုတွေ့ငြား ခြင်းတောင်းတွေထဲ လှန်လှော ရှာနေတုန်း..

ငချွန် ဆိုတဲ့ ကျုပ်က.
ကိုယ့်အကျင့်အတိုင်း
ရွှတ်နောက်နောက်နဲ့..
လက်ဝါးလေး နှစ်ဖက် ဖြန့်ပြီး

" အိတ် မရှိရင်လည်း..လက်ခုပ်ထဲ ထည့်ပေးလိုက်လေ အစ်မ''..လို့.ဆိုပြီး...စ လိုက်တာ..

ငိုးမ..
ပဲပြုတ်သည်..

" အေးအေး..အဲ့လိုပဲ ယူသွားနော် မောင်လေး ''..ဆိုပြီး..

ပဲပြုတ်ပူပူကြီးကို..
တကယ်ကြီး ခပ်ထည့်ပေးတာဗျာ..😂

လက်ကို.. ပြန်ရုတ်ချိန် မရဘူး..😁

ပဲပြုတ်တွေက လက်ထဲ အပုံလိုက်ကြီး.. ရောက်လာတာ..😂

" အား..ပူတယ် ပူတယ်..''

ကျုပ်မှာ..
လက်ကြီး နှစ်ဖက် ဆန့်တန်းပြီး..
" ပူတယ် ပူတယ် '' နဲ့ ဘာလုပ်ရမှန်း မသိဘူး..😁

ပဲပြုတ်တောင်းထဲ ပြန်ထည့်ဖို့
လုပ်တာကို..
စျေးသည်က..

" ဟယ်..မင်းလက်ထဲက ဟာကြ ပြန်မထည့်နဲ့လေ..'' တဲ့😁

" ဟာ..အာ့ဆို..ဘယ်လိုလုပ်မလဲ။ ပူတယ် ဗျ။လုပ်အုံး..''

"အော်....မင်းပဲ လက်ထဲ ထည့် ဆိုလို့..ထည့်တာလေ။ နေအုံး..မင်းပုဆိုး ကပုံစထဲ ထည့်လိုက်။အစ်မ ဖြန့်ပေးမယ်..''

ပဲပြုတ်သည်က..
ခပ်မြန်မြန်ပဲ..ပဲပြုတ်ထည့်ရအောင်
ကျုပ်ပုဆိုး ကပုံစ ကို လှမ်းဆွဲတာ....

" ဟဲ့...အမလေး''

" ဟာ...''

ဖလူးမ...
နဂိုကမှ ပုဆိုးက ခါးမမြဲပါဘူးဆို
ဇွတ်ဆွဲတာ..
ကျွတ်ပြီပေါ့..😂

" အစ်မကဗျာ...''

မရဘူး..
ဒါတော့..မရဘူး..
လက်ထဲက..ပဲပြုတ်တွေ သွန်ချပြီး
ပုဆိုးကို အမြန်ကောက်ဝတ်လိုက်ရတာ..😂

တော်သေးတယ်..
အောက်ခံ
အသေးလေး ပါပေလို့..😁

😂😂😂😂😂

အဲ့ဒါနဲ့
ပဲပြုတ်လည်း..မဝယ်ခဲ့ရပါဘူးဗျာ

ပဲပြုတ်သည်လည်း..
အားနာပြီး ပိုက်ဆံ မယူလိုက်ပါဘူး..

တကယ်ဗျာ..
ကိုယ့်ထက် ရွတ်တဲ့သူနဲ့မှ
လာတိုးရတယ်လို့..😂😂

😂😂😂😂

#လူချွန်တော်


🪶

01/02/2026

မနက်ကစျေးသွားတော့ ဝယ်နေကြ ကြက်သားရောင်းတဲ့အစ်မက ဘဲငန်းသားရတယ်ဆိုပြီး လှမ်းခေါ်ရောင်းတယ် ။

စျေးကွဲချိန်ဖြစ်နေတာနဲ့ ဆိုင်ရှင်အစ်မက ၄သောင်းစျေးနဲ့ယူ ပိုထည့်ပေးမယ်ဆိုလို့ ဝယ်လိုက်ပါမယ်ဆိုပြီး ၃၀သား ယူလိုက်တယ် ။

အချိုနှပ်မယ်စိတ်ကူးနဲ့ ၄တုံးပဲ တုန်းခိုင်းလိုက်တယ် ။

အိမ်ရောက်တော့ ဂျင်း ကြက်သွန်ဖြူ ငရုတ်ကောင်းထုထောင်း အရည်ညှစ် တရုတ်ငံပြာရည်လေးထည့် နယ်ဖတ်ပြီး ရေခဲသေတ္တာထဲ ထည့်နှပ်ထားပြီး တချက်ကျော်လောက်မှ ထုတ်ချက်လိုက်တယ် ။

ဘဲက ခပ်ရင့်ရင့်ဘဲမလို့ ရေထည့်လိုက် ချက်လိုက်နဲ့ အပိုးကျိုးအောင် အတော်ကြာကြာချက်ရတယ် ။

နူးကာနီးမှာမှ ကြက်သွန်နီအလုံးလိုက် ထည့်ပြီး မီးအေးအေးလေးနဲ့နှပ်ထားလိုက်တယ် ။

ဆီပြန်လာလေ အနံ့ကမွှေးလာလေလေ ပေါ့ ။

အနေတော်မယ်ထင်တဲ့အချိန် အသားလေးဖဲ့မြည်းတော့ အတော်လေး ဂွတ်ရှယ်နေပြီမလို့ မီးကို အောက်ဆုံးနီးပါးထိ ချထားလိုက်တယ် ။

အဲ့ဒီအချိန်မှာ အိမ်ရှေ့က စျေးဝယ်သူကအော်တော့ ခွေးတွေက အတင်းဟောင်တာနဲ့ ကမန်းကတန်း အိမ်ရှေ့ပြေးထွက်ပြီး စျေးဆင်းရောင်းရတယ် ။

ဝယ်သူကဝါးတွေ ရွေးပြီး ဆိုက်ကားခေါ်လာမယ်စောင့်ပေးပါဆိုတာနဲ့ထိုင်စောင့်လိုက်တာ နာရီဝက်လောက်ကြာသွားကော ။

ကိစ္စပြီးလို့ အိမ်ပေါ်တက်တော့ ဘဲသားအိုးပေါ်အုပ်ထားတဲ့ စလောင်းက သမံတလင်းမှာ ။

အိုးထဲ အပြေးအလွှားကြည့်လိုက်တော့ အသေးဆုံး နံရိုးကပ်အတုံးလေး တတုံးပဲ ကျန်တော့တယ် ။

ကိုယ်ချစ်လို့ အလိုလိုက်ထားတဲ့ဟာတွေ သမသွားတာဆိုတော့ ဘယ်သူ့ ဒေါသထွက်ရမှန်းမသိဘူး ။

ကံကြမ္မာကိုက ••••••

ဘယ်လောက်ပဲ အချိန်ပေးပြီး ပြင်ပြင် စားရကာနီးပြီဆိုရင် ကြားဖြတ် အုပ်အုပ်ခံရတာများ ။

အိုးထဲက ဘဲ တောင် ပါသွားရတဲ့ ဘဝ😭😭😭😭

ယဥ်ယဥ် ( ရွှေခယ်မြေ )

13/01/2026

ချစ်စရာလေးကွယ်🥰

31/12/2025

Happy New Year!

နှစ်သစ်မှာ အရာအားလုံး ကောင်းခြင်းများနဲ့ပြည့်စုံပါစေ။

ကုသိုလ်ကောင်းမှု အစဥ်ပြုနိုင်ကြပြီး ကြံစည်သမျှလည်း ကောင်းမှုဖြစ်ပါစေ။

ကျန်းမာ ချမ်းသာ ပျော်ရွှင်နိုင်ကြပြီး ချစ်ခြင်းများစွာ ထားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါသည်ရှင်။🥰✨

27/12/2025

နည်းလမ်းကောင်းလေးတွေ အတုယူရမယ်😊

24/12/2025

အခွက်ပြောင်တာလေ😅😅

06/12/2025

အနွေးထည်တွေ မှာပြီးကာမှ..

ရန်ကုန်ဆောင်းကလည်း ၂ညအိပ် ၃ရက်ထဲရယ်..🤭

04/12/2025

ာလာ အိုးလေးချက်လို့အရမ်းကောင်းတယ်တဲ့..

34Cm မို့ ကြာဇံကြော် ကြော်လို့အရမ်းကောင်းတယ်ဆိုပဲ..😍✨

ကျေးဇူးပါလို့🥰✨

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11041