Football For All

Football For All

Share

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားပါ ခင်ဗျ။

Photos from Football For All's post 06/04/2023

Star Wars: Episode III - Revenge Of The Sith (2005) mm sub

အပိုင်း ၃ လာပါပြီ။ ဒီအပိုင်းမှာတော့ စိတ်မကောင်းစရာတွေများပါတယ်။ ဒီမိုကရေစီကျဆုံးပြီး Sith Lord အာဏာရှင်ဖြစ်လာပုံ။ ဂျီဒိုင်းတွေ အကုန်ပျောက်ကွယ်ရပုံ။ ညီအစ်ကိုရင်းတွေလိုချစ်ကြတဲ့ ဆရာ
တပည့် ၂ယောက်ရဲ့ အသေအကြေတိုက်ပွဲ။ Yoda နဲ့ Sith တို့ရဲ့ အကြီးဆုံးတိုက်ပွဲ တွေကိုတွေ့ရမှာပါ။
စွန့်လွှတ်သင့်တာကို မစွန်လွှတ်နိုင်တဲ့စိတ်၊ ကြောက်စိတ်၊ သံသယစိတ်၊ စွမ်းအားကိုတပ်မက်စိတ်တွေက Jedi တစ်ယောက်ကို အမှောင်ခြမ်းကို ဆွဲခေါ်သွားခဲ့ပြီပေါ့ဗျာ။ ကြည့်ကြည့်ကြပါဦး။

Telegram Movie Link
https://t.me/dic_movies_channel/44

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 06/04/2023

Star Wars: Episode II - Attack Of The Clones (2002) mm sub

အပိုင်း ၂ ကို တင်ပေးလိုက်ပါပြီဗျာ။ ဒီအပိုင်းကတော့ ပထမပိုင်းအပြီး ၁၀ နှစ်ကာလကို ရိုက်ထားတာပါ။ ဒီဇာတ်လမ်းမှာတော့ ဂလက်ဆီရီပတ်ဘလစ်ကနေ ဂြိုလ်ပေါင်းများစွာဟာ ခွဲထွက်ဖို့ ချိန်းခြောက်လာပြီး ခွဲထွက်ရေးအဖွဲ့တွေကို Jedi မာစတာဟောင်း မြို့စားကြီး ဒိုကူက ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့တွေကို ဒီမိုကရေစီနည်းအရ ဖြေရှင်းဖို့ကြိုးစားပေမယ့် မအောင်မြင်တဲ့အပြင် ခွဲထွက်အဖွဲ့တွေက စစ်တပ်တစ်ခုကိုပါ တည်ဆောက်လာတဲ့အခါမှာ ခေါင်းဆောင်ကြီးကို အရေးပေါ်အာဏာ အပ်နှင်းပြီး စစ်တပ်ဖွဲ့စည်းခွင့်ပြုလိုက်ရတဲ့အတွက် ကြယ်တာရာစစ်ပွဲကြီး စတင်လာပါတော့တယ်။ ဒီအပိုင်းမှာတော့ အနာကင်နဲ့
ပါ့ဒ်မီတို့ရဲ့ သံယောဇဉ်ဟောင်းတွေ ပြန်ဆက်တာကိုတွေ့ရမှာဖြစ်ပြီး အကြိုက်ဆုံးအခန်းတွေ အနေနဲ့
ကတော့ အကြီးဆုံး Jedi တိုက်ပွဲကြီးနဲ့ မာစတာ Yoda ရဲ့ အလင်းဓားတိုက်ပွဲကို တွေ့ရမှာဖြစ်ပါတယ်။

Telegram Movie Link
https://t.me/dic_movies_channel/43

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 03/04/2023

Star Wars: Episode I - The Phantom Menace (1999) mm sub

ကမ္ဘာ့ပရိသတ်အင်အားအများဆုံးကားတွေထဲမှာ အပါအဝင်ဖြစ်တဲ့ စတားဝါးစ် ဇာတ်လမ်းတွေကို တင်ပေးပါတော့မယ်။ စုစုပေါင်း ဇာတ်ကား ၇ ကားထွက်ရှိထားပါတယ်။ စတားဝါးစ် ဇတ်လမ်းရဲ့ ထူးခြားတာတစ်ခုကတော့ ၁၉၇၇ ပထမဆုံး ထွက်ရှိခဲ့တဲ့ ကားဟာ နံပါတ် ၁ မဟုတ်ဘဲ နံပါတ် ၄ ဖြစ်နေတာပါပဲ။ အစဉ်အရဆိုရင် ၄ ၅ ၆ ၁ ၂ ၃ ၇ဆိုပြီး ထွက်ရှိခဲ့တာပါ။ ကျတေ်ာကတော့ ၁ ကနေ ၇ ထိ အစဉ်တိုင်းပဲ တင်ပေးသွားပါမယ်။ ဒီကားတွေကို ဘာသာပြန်ဖို့ တွေဝေနေရတာက ဒီဇာတ်ကားရဲ့ ဒိုင်ယာလော့ခ် တွေဟာ ကမ္ဘာကျော်ပြီးသားဖြစ်နေပြီး အခုချိန်ထိ တခြားရုပ်ရှင်တွေအများကြီးထဲမှာ
ကိုးကားပြီးပြောနေကြတုန်းဖြစ်တဲ့အတွက် မြန်မာမှုပြုလိုက်ရင် သဘောမတူစရာတွေ တွေ့လာမှာစိုးတာပါ။
ဒါပေမယ့် အတတ်နိုင်ဆုံး ဘာသာပြန်ပြီး တင်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းအားလုံးဟာ အနာဂါတ်မှာ ဖြစ်နေတာတွေ မဟုတ်ဘဲ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ တစ်နေရာရာက အဖြစ်တွေပဲဆိုတာသတိထားစရာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်တွေပေါင်းစည်းပြီး ဖွဲ့စည်းထားတဲ့
ရီပတ်ဘလစ်ကြီးမှာ နိုင်ငံရေးတွေ ရှုပ်ထွေးနေချိန် ကုန်သွယ်ရေးအဖွဲ့ကြီးက နဘူးဆိုတို့ ဂြိုလ်ငယ်လေးကို
ပိတ်ဆို့ပြီး သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအရေးကို ဖြေရှင်းဖို့ စကြာဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေ
Jedi သူရဲကောင်း ၂ ယောက်ကို စေလွှတ်ခံလိုက်ရပါတယ်။ Jedi ဆိုတာ စကြာဝဠာထဲမှာရှိတဲ့ Force လို့ ခေါ်တဲ့ စွမ်းအင်တစ်မျိုးကို အသုံးချနိုင်ပြီး အလင်းဓားတွေကိုင်ဆောင်တဲ့ သူရဲကောင်းအဖွဲ့ပါ။ ဒါပေမယ့် သူတို့ဖြေရှင်းရတဲ့ ပြသနာနောက်ကွယ်မှာ Force ကို မကောင်းတဲ့နည်း အမုန်းတရားကို အခြေပြုပြီးသုံးတဲ့
Anti-Jedi မျိုးတွေဖြစ်တဲ့ Sith တွေ ပါဝင်နေတာကို သိလိုက်တဲ့အခါ……..။

ဒီဇာတ်ကားမှာ အဓိကအချက်တွေကတော့ ကမ္ဘာ့နာမည်အကြီးဆုံး ဗီလိန်တွေထဲက
တစ်ယောက်ဖြစ်တဲ့ Darth Vader ရဲ့ မူလ အစကို တွေ့မြင်ရမှာ ဖြစ်ပြီး စတားဝါး Light Saber Fight
အလင်းဓားတိုက်ပွဲတွေထဲမှာ အကောင်းဆုံးပါလို့ ပြောကြတဲ့ အိုဘီဝန် နဲ့ ဒါ့သ်မောတို့ရဲ့ တိုက်ပွဲကိုလည်း
လက်လွှတ်မခံသင့်ပါဘူး။ ဟာသအနေနဲ့ပြောရရင် မင်းသားကြီး Liam Neeson ကို ရှားရှားပါးပါးသတ်နိုင်တဲ့ ဗီလိန် အဖြစ်လဲ တွေ့ရမှာပါ။ ကြည့်ပြီးသားလူတွေအတွက်တော့ ပိုနားလည်ပြီး
နောက်တစ်ခေါက်ခံစားမိရုံပဲဖြစ်ပြီး မကြည့်ဖူးသေးတဲ့သူတွေ ဒီဇာတ်လမ်းကို တွေ့ခဲ့ရင်တော့ ကံကောင်းစွာနဲ့ပဲ ဆက်တိုက်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွေထဲမှာ Jedi နဲ့ Sith တွေကို မူရင်းအတိုင်းသုံးပြီး Force ကို စွမ်းအင်လို့ပဲ ဘာသာပြန်ပေးလိုက်ပါတယ်။ May the force be with you ဆိုတဲ့ စကားစုကို တော့
မြန်မာမှုပြုပြီး highlight လေးနဲ့ မပျက်စီးအောင်ထိန်းသိမ်းပေးလိုက်ပါတယ်ဗျာ။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/42

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 01/04/2023

Star Wars: Episode VI - Return Of The Jedi (1983) mm sub

ဒီဇာတ်ကားဟာ မူလ စတားဝါးစ် ၃ ကားတွဲရဲ့ နောက်ဆုံးကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဆိုလို ကို တက်တူးအင်းမှာ ဂျားဗားသယ်ဟက်က ဖမ်းထားတာကို လုခ် စကိုင်းဝေါ်ကာက လိုက်ကယ်တင်ဖို့ကြိုးစားနေချိန်….အင်ပါယာနဲ့ ဒါ့သ်ဗိတ်ဒါတို့က မူလဖျက်စီးခံလိုက်ရတဲ့ သေမင်းကြယ်ထက် ပိုအစွမ်းထက်တဲ့ စစ်စခန်းအသစ်ကို တည်ဆောက်နေချိန်ပါပဲ…. လုခ် စကိုင်းဝေါ်ကာ ဟာ ဒါ့သ်ဗိတ်ဒါနဲ့ အင်ပါယာတို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာလည်း အင်ပါယာတပ်တွေနဲ့ သေမင်းကြယ်ကို အချိန်မှီဖျက်ဆီးဖို့ အင်အားကုန် တိုက်ခိုက်ကြတဲ့အခါ….။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/41

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 31/03/2023

Star Wars: Episode V - Empire Strikes Back (1980) mm sub

ဒုတိယမြောက် စတားဝါးစ် ဇာတ်ကားကို တင်ပေးထားပါတယ်။ ပထမကားမှာ သေမင်းကြယ်ကိုဖျက်ဆီးခဲ့ပြီးနောက်မှာ ဒါ့သ်ဗိတ်ဒါဟာ လုခ် စကိုင်းဝေါ်ကာရဲ့နောက်ကို လိုက်ဖမ်းနေပြီး။ အင်ပါယာတပ်တွေကလည်း တော်လှန်ရေးတပ်တွေရဲ့ စခန်းကို ပြန်ပြီးတိုက်ခိုက်တာကနေ စတင်ပါတယ်။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/40

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 31/03/2023

Star Wars: Episode IV - A New Hope (1977) mm sub

ဒီရုပ်ရှင်ဟာ StarWars ရုပ်ရှင်တွေရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ ကားပါ။ StarWars ပထမဆုံး ၃ ကားရဲ့ ပထမဆုံးအပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအရဆိုရင်တော့ StarWars I II III အပြီး Jedi တွေ ပျောက်ကွယ်သွားချိန် အင်ပါယာ အာဏာရလာချိန်ကာလပဲ ဖြစ်ပါတယ်။ Rogue One ရဲ့ နောက်ဆက်တွဲကာလကို ပြသထားပါတယ်။ Rogue One ရဲ့ နောက်ဆုံးမှာ DeathStar ရဲ့ ပုံစံတွေကို မင်းသမီးလိုင်ယာဆီ ပို့ခဲ့ပြီးနောက်မှာ မင်းသမီးထွက်မပြေးနိုင်ခင် ဖမ်းမိသွားခဲ့ရာက စပါတယ်။ StarWars နောက်ထွက်ကားတွေမှာ CGI တွေ ဘယ်လိုပဲ ကောင်းကောင်း၊ ဘယ်လိုပဲ ခေတ်မှီမှီ StarWars ဖန်တွေအတွက်တော့ ပထမဆုံး ၃ ကားဟာ Classic ပါပဲ။ ဒီဦးဆုံးရုပ်ရှင်တွေရဲ့ ဒိုင်ယာလော့ခ်တွေဟာလည်း ယခုချိန်ထိ ကျော်ကြားဆဲဖြစ်ပြီး နောက်ပိုင်း ရုပ်ရှင်ပေါင်းများစွာမှာ reference အဖြစ်ပြန်လည်အသုံးပြုခံနေရတာပါပဲ။ ဒါ့အပြင် မင်းသမီးလိုင်ယာ နဲ့ ဟန်ဆိုလို တို့ရဲ့တွဲဖက်ညီမှုဟာ အနာကင်စကိုင်းဝေါ်ကာ နဲ့ ပါ့ဒ်မီ တို့ထက် အများကြီးသာလွန်တယ်လို့ မြင်မိပါတယ်ဗျာ။ ခံစားနိုင်ပါပြီ။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/39

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 30/03/2023

Rogue One: A Star Wars Story (2016) mm sub

Sci-fi ကြိုက်သူပရိတ်သတ်တွေအတွက် epic sci-fi လေးတစ်ခု တင်ပေးထားပါတယ်။ Star Wars တွေဟာသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သမိုင်းရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ပထမဆုံး Star Wars ရုပ်ရှင်ကိုတော့ ၁၉၇၇ မှာ ပြသခဲ့ပြီး သူ့နောက်မှာ ၂ ကားဆက်တိုက်ထွက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် 1999 ကနေစလို့ နောက်ထပ် ၃ ကားထပ်ပြသခဲ့ပြီး လက်ရှိ ၂၀၁၅ မှာ တစ်ကား ၂၀၁၆ မှာ တစ်ကား ထပ်မံထွက်ရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းတစ်နေရာမှာ ဂြိုလ်ပေါင်းများစွာ စုစည်းနေထိုင်ကြပြီး လွှတ်တော်နဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်ကြပါတယ်။ လွှတ်တော်အောက်မှာတော့ စကြဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်တဲ့ Jedi သူရဲကောင်းတွေ ရှိနေပါတယ်။ Jedi တွေဟာ သက်ရှိတွေအားလုံးအတွင်းနဲ့ပတ်လည်မှာတည်ရှိနေတဲ့ Force ဆိုတဲ့ စွမ်းအင်ကို သုံးစွဲနိုင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အလင်းဓားတွေနဲ့အတူ ကျော်ကြားကြပါတယ်။ Force ကိုပဲ Dark Side အမှောင်ခြမ်းမှ စွမ်းအင်ကို ယူသုံးတဲ့ Sith တွေကတော့ Jedi နဲ့ လွှတ်တော်တွေရဲ့ ရန်သူတော်တွေပါ။ Rogue One ရဲ့ ကာလကတော့ Star Wars III : Revenge of the Sith နောက်ပိုင်းမှာ Jedi အားလုံးလုပ်ကြံခံရပြီး ဒီမိုကရေစီကနေ အင်ပါယာထူထောင်ခံချိန်၊ အင်ပါယာကို Sith Lord နဲ့ Darth Vader တို့ အုပ်စိုးချိန်မှာ Rebellion တော်လှန်ရေးတပ်ကို စတင်ဖွဲ့စည်းတဲ့ကာလဖြစ်ပါတယ်။ ဒီဇာတ်ကားကို Star Wars IV : A New Hope မတိုင်ခင်ကာလအဖြစ်ကြည့်ရှုရမှာပါ။ A New Hope အစမှာ မင်းသမီးလိုင်ယာ လက်ထဲကို Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်တွေ ရောက်လာတာက စခဲ့တာဖြစ်တဲ့အတွက် ဒီကားမှာတော့ အဲဒီ Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်ကို အသက်စွန့်ယူဆောင်ပေးကြတဲ့ Rebellion သူရဲကောင်းတွေရဲ့ တိုက်ပွဲတွေကို တွေ့ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။(ဒီကားထဲမှာ ဘုရင်ခံတာကင်နဲ့ မင်းသမီးလိုင်ယာတို့ရဲ့ ၁၉၇၇ က ဇာတ်ကောင်ပုံစံတွေအတိုင်း တူအောင် digital ပုံရိပ်ဖော်ပြီး ထည့်သွင်းပေးထားတာပါ)

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/38

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 29/03/2023

Avatar : The Way of Water (2022) mm sub

2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar
ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက်
ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။

ဇာတ်လမ်းအကျဉ်း
……………………….
ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ
တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင်
လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ
သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး
လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ
တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ
အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း
ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း
ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ
အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့
ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/37

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 28/03/2023

Gintama (2017) Live-action mm sub

၂၀၁၇ ခုနှစ်မှာထွက်ရှိထားတဲ့Live action လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်ကားလေးက ဂျပန်မှာ အောင်မြင်မှုရရှိထားတဲ့Gintama ဆိုတဲ့ manga ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ဒီဇာတ်ကားဟာလဲ ဝင်ငွေစံချိန်တင်ရရှိထား ပြီး ဂျပန်မှာ အောင်မြင်ခဲ့ တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ တိုကျိုမြို့ပေါ်ကိုဂြိုဟ်သားတွေကျူးကျော်လာပြီးတော့ကမ္ဘာမြေပေါ်ကို နယ်ချဲ့ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်အဲ့ဒီဂြိုဟ်သားတွေကို ဆာမူရိုင်းတွေက ပြန်လည်ခုခံပြီးတိုကျိုမြို့ကိုကာကွယ်ဖို့ ကြိုးစားတဲ့အခါမှာဂြိုဟ်သားတွေကိုခုခံနိုင်မှာလားဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/35

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 27/03/2023

Puss in Boots: The Last Wish (2022) mm sub

2011 တုန်းက လူတိုင်းကြိုက်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Puss in Boots ရဲ့အဆက် လာပါပြီ။ ဒါရိုက်တာကတော့ အရင်ဒါရိုက်တာ မဟုတ်တော့ဘဲ Joel Crawford ဖြစ်သွားပေမဲ့ အသံသရုပ်ဆောင်ကတော့ Antonio Banderas ပါပဲ။ Black Widow အသစ်လေးဖြစ်တဲ့ Florence Pugh ကတော့ ဂိုဒီ့နေရာမှာ အသံသရုပ်ဆောင်ထားပြီး၊ ဝက်ဝံအမေကြီးနေရမှာလည်း Olivia Colman ပါဝင်ထားပါသေးတယ်။ rating 7.8 အထိ ရနေပြီး တကယ်လည်း ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ ပုံဆွဲစတိုင်ကတော့ အရင်ရုပ်ရှင်နဲ့အတူတော့ဘဲ Spiderman into the spider-verse လိုလို bad guys လိုလိုဒီဇိုင်းတစ်မျိုးလေး ပြောင်းဆွဲထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လူဆိုးပေါင်းစုံဟာ မှော်ဝင်တောအုပ်ကြီးတစ်ခုထဲက ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့ ကြယ်တစ်လုံးကို လိုက်ရှာဖို့ ကြိုးစားနေကြပါတယ်။ဘွတ်ဖိနပ်ကြောင်ကြီးဟာ ကြောင်ပီပီအသက် ၉ ချောင်းရှိပေမဲ့ စောင်တလွဲတွေလုပ်ရင်း သေတာများတော့ အသက်နောက်ဆုံးတစ်ချောင်းပဲကျန်ပါတော့တယ်။ အဲဒီတော့ အရင်လို အသက် ၉ ချောင်းပြန်ပြည့်ဖို့ ဆုတောင်းဖို့ သူလည်း ကြယ်ကြီးကို ရှာဖို့ကြိုးစားရပါတော့တယ်။ အဲဒီစွန့်စားခန်းတစ်လျှောက် ရန်သူတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ ဘယ်လိုကြုံပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီးကြည့်ရမှာပါပဲ။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/34

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 26/03/2023

Puss In Boots (2011) mm sub

old but gold ကာတွန်းကားလေးတွေထဲမှာ အတော်နှစ်သက်မိတဲ့ movie တစ်ခုပြောပြမယ် ဒီထဲမှာ voice actor တွေအနေနဲ့ Antonio Banderas က Puss အဖစ် Salma Hayek က Kitty Softpaws အဖစ် Zach Galifianakis က Humpty Alexander Dumpty အဖစ် Billy Bob Thornton က Jack အဖစ် Amy Sedaris က Jill အဖစ်နဲ့ Sanricardo ဆိုတဲ့ မြို့တစ်ခုပေါ်မှာ ပုံဖော်ထားတာပါ type ကတော့ Action, Adventure ပေါ့ ဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆို လူတိုင်းသိကြမယ်ထင်တယ် Sherk ကားထဲမှာလဲပါတယ်လေ Sherk 4 မှာလားမသိဘူး ကာတွန်းကားဆိုပင်မဲ့ ဇာတ်အိမ်ခိုင်တယ် ဒိုင်ယာလော့တွေမိုက်တယ် ပီးတော့ mature ဖစ်တယ်လို့ဆိုရမယ် 2011 ထွက်ဆိုပင်မဲ့ animation ပိုင်းကိုသိပ်စိတ်မပူပါနဲ့ လန်းတယ် ဂျွတ်နေတုန်းပဲ
အညွှန်း
ပြောရမယ်ဆို Puss ကဝရမ်းပြေး အတိတ်ရဲ့အရိပ်မဲတစ်ခုကြောင့် လက်ရှိအနေအထားမှာ နာမည်မျိုးစုံနဲ့ wanted ထုတ်ခံထားရတဲ့ ဝရမ်းပြေးတစ်ယောက်ပေါ့ အတိတ်မှာ စွန်းထေးနေတဲ့ သူ့နာမည်ကို ပြန်လည်သန့်စင်အောင် မွန်းမံချင်နေတဲ့ လည်သာဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆိုလဲ မမှားပါဘူး အဲ့ဒိခေတ်ကာလမှာ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုနဲ့ လူပြောများနေတဲ့ rumor တစ်ခုက ​မှော်ပဲစေ့ပဲ (ခင်များတို့လဲကြားဖူးကြမယ်ထင်တယ် ​မှော်ပဲစေ့လေးတွေကနေ မြင့်မားတဲ့အပင်အကြီးတွေပေါက်လာပီး အဲ့အပေါ်မှာ ရဲတိုက်ကြီးတွေ ဘီလူးကြီးတွေ ရွှေငွေဘာညာ ရှိတဲ့အကြောင်းပေါ့ ရုပ်ရှင်လဲတော်တော်များများပြန်ရိုက်ထားကြတယ်) Puss ရဲ့နာကျင်စရာ အတိတ်ဆိုးဟာလည်း အဲ့ပဲစေ့လေးတွေနဲ့သက်ဆိုင်နေပြန်ရော သူ့ဘဝတစ်လျှောက်လုံးရှာဖွေခဲ့တဲ့ ပဲစေ့တွေက ဒဏ္ဍာရီတစ်ခုသာသာလို့ ထင်ခဲ့တာ တကယ်တမ်းကျ Jack နဲ့ Jill ဆိုတဲ့ လင်မယားနှစ်ယောက်မှာ သွားရှိနေတယ် Puss ကအဲ့ rumor ကို Bar တစ်ခုမှာရရှိခဲ့ပီး Jack နဲ့ Jill ဆီကခိုးဖို့ကြံရွယ်တယ်ပေါ့ သွားခိုးရာကနေသူ့လိုပဲ ကြောင်နက်လေးတစ်ကောင်ကလည်း ပဲစေ့တွေကိုလာခိုးတယ် အဲ့ကြောင်နက်လေးက Kitty Softpaws ပေါ့ အဲ့မှာ နှစ်ကောင်သားစုံမိပီး အချင်းချင်းရန်ဖစ်နေရင်းနဲ့ Jack နဲ့ Jill ကသိသွားတော့လိုက်ဆော်ပါလေရော လင်မယားနှစ်ယောက်ရဲ့လက်က ပြေးရာကနေ Puss က Kitty ကို သူ့အကြံဖျက်ဆီးတယ် ဘာညာဆိုပီး Kitty နောက်လိုက်တယ် (အဲ့မှာ Puss နဲ့ Kitty ရဲ့ Tuesday dance fight ကလည်း ကျနော့်တွက် နှစ်လိုဖွယ် sence တစ်ခု) တိုက်ကြခိုက်ကြအပီး Puss ရဲ့ အတိတ်ဆိုးအရိပ်မဲထဲက လူတစ်ယောက်ပြန်ပေါ်လာခဲ့တယ် လူလို့တော့ပြောမရဘူး ဘယ်လိုခေါ်မလဲ breakfast ပေါ့ နာမည်က Humpty Alexander Dumpty သူကရော Puss နဲ့ဘယ်လိုပတ်သတ်နေမလဲ အတိတ်ကအရိပ်မဲဟာ ဘယ်လိုတွေလာပြန်လည်ချည်နှောင်လာအုံးမလဲ အညစ်အကြေးတွေပေစွန်းနေတဲ့ သူ့နာမည်ကိုရော ပြန်သန့်စင်နိုင်သွားမလား မှော်ပဲစေ့တွေကရော တကယ်လား ပုံပြင်သက်သက်ပဲလားဆိုတာ ကို့လူတို့ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ
” what can i say,
i was a bad kitty ”

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/31

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Photos from Football For All's post 25/03/2023

The Lighthouse (2019) mm sub

ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ ရောဘတ်ပတ်တီဆန် (Twilight ထဲကမင်းသား) နဲ့ မင်းသားကြီး ဝီလီယံဒတ်ဖို (Spiderman 2002 ထဲဗီလိန်မင်းသားကြီး) နှစ်ယောက်တည်းသာလျှင် တစ်ကားလုံးမှာ သရုပ်ဆောင်ထားတာတွေ့ရမှာပါ မင်သားနှစ်ယောက်တည်းနဲ့တင် တစ်ကားလုံးကိုတဖြည်းဖြည်းနဲ့ဆွဲဆောင်ထားတာပါ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ခေါင်းထဲမှာအတွေးတွေတစ်သီချည်းကျန်ခဲ့စေမယ့်ဇာတ်ကားမျိုးပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉ရာစု New England ကမ်းရိုးတန်းကမီးပြတိုက်တစ်ခုမှာအခြေတည်ရိုက်ထားပါတယ် အီဖရန်ဝင်းစလို လူငယ်လေးတစ်ယောက်ဟာ
သောမတ်စ်ဝိတ်ဒ် ဆိုတဲ့ မီးပြတိုက်စောင့်ရှောက်သူအဖိုးကြီးရဲ့လက်အောက်မှာ လေးပတ်လောက်အလုပ်လုပ်ဖို့တာဝန်ကျလာပါတယ် စစရောက်ချင်းနေမှာပဲ သူ့အိပ်ရာထဲကနေ ရေသူမအရုပ်လေးတစ်ရုပ်ကိုတွေ့ခဲ့ပြီးသိမ်းထားခဲ့ပါတယ် အီဖရန် သူတို့နေထိုင်တဲ့နေရာအတွက် အလုံးစုံအကုန်လုံးကိုလုပ်ရပါတယ် သောမတ်စ်ဝိဒ်ကတော့ညဖက် မီးပြတိုက်ရဲ့ထိပ်ဆုံးအပေါ်ထပ်မှာပဲအလုပ်လုပ်ပါတယ် နေ့ဖက်တွေအလုပ်လုပ်ပြီး ညဖက်ဆိုအီဖရန်ရဲ့အတွေးတွေက ကယောက်ခြောက်ခြားဖြစ်တယ် တွေးမိတွေးရာတွေလျှောက်တွေး ဖြစ်တာများတယ် တစ်နေ့ညဖက် ညစာစားခဲ့တဲ့အခါ အီဖရန်ဟာ လမ်းညွှန်စာအုပ်မှာက အလုပ်ကိုအလှည့်ကျလုပ်ရမယ်လို့ရေးထားတယ်အဲ့ဒါကြောင့်သူလဲ မီးပြတိုက်အပေါ်ဆုံးမီးအိမ်ကြီးရှိတဲ့နေရာမှာအလုပ်လုပ်ချင်တယ်လို့ပြောပါတယ် ဒါပေမယ့် သောမတ်စ်ကလက်မခံပါဘူး သူတစ်ဦးတည်းသာလျှင်အဲ့အလုပ်လုပ်မယ်ဘယ်သူမှလုပ်လို့မရဘူးဆိုပြီးငြင်းခဲ့ပါတယ် အီဖရန်လည်း စီနီယာအထက်လူကြီးဖြစ်နေအတွက်ကြောင့် ပထမအကြိမ်လက်လျှော့ခဲ့ပါတယ် ညစာစားနေရင်းနဲ့သောမတ်စ်ကအီဖရန်ကို ဒီနေရာမှာရှိတဲ့အယူအဆတစ်ချို့ကိုပြောပြခဲ့ပါတယ် ပင်လယ်ဇင်ရော်ငှက်တွေကိုမသတ်ရဘူး သတ်ရင်ဒုက္ခရောက်မယ်ဆိုတာတွေအခြားအရာတွေရောပေါ့
ဒီလိုနဲ့ သောက်ရင်း စားရင်းနေလာလိုက်တာ တစ်နေ့တော့ အီဖရန်တို့သောက်နေတဲ့ရေကန်ထဲကိုဇင်ရော်ငှက်တစ်ကောင်ကျပြီးသေနေပါတယ်
အီဖရန်ဟာ ဒေါသထွက်ပြီး အနားမှာရှိတဲ့ ဇင်ရော်ငှက်တစ်ကောင်ကို စိတ်လိုက်မန်ပါသတ်လိုက်ပါတော့တယ်….အဲ့ဒီနောက်
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….အညွှန်းက ရှည်လို့ စပွိုင်လာလို့မထင်လိုက်ပါနဲ့
နောက်ပိုင်းဆက်ဖြစ်တဲ့ဟာတွေက တကယ့်ကိုအဆန်းကြီးတွေပဲမို့ပါ။

Crd - ChannelMyanmar

Telegram Movie Link
https://t.me/dic_movies_channel/30

ဇာတ်ကား အသစ်တင်တိုင်း ကြည့်လို့ရအောင် Page အား Like & Share ပြုလုပ်ပေးထားကြပါဦး ခင်ဗျ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon