Dream Corner
At Dream Corner, we're passionate about gaming and believe that the right accessories can take your gaming setup to the next level.
Whether you're a casual gamer or a hardcore enthusiast, we've got something for you!.
02/12/2025
ဒီလတွေထဲမှာ Cargo လမ်းကြောင်းလေးတွေမှာ အဆင်မပြေမှုလေးတွေ ရှိနေတာကြောင့် မှာယူထားတဲ့ ပစ္စည်းလေးတွေ နည်းနည်းလေး ကြာ နေတာကို အားလုံးပဲ သတိထားမိကြမှာပါ။
အဲ့ဒီအတွက် Dream Corner ဘက်ကနေ အနူးအညွတ်ကို တောင်းပန်ပါတယ် နော်။ 🙏🙏🙏
ဒါပေမယ့်... Customer တွေက ဒီလို အခက်အခဲကြားထဲက နားလည်ပြီး စောင့်ပေးနေတဲ့အတွက် ဘယ်လိုကျေးဇူးတင်ရမလဲ မသိတော့ဘူး!
ဒါကြောင့်မို့လို့... စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးနေတဲ့ Customer တစ်ဦးစီတိုင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့...
✨ Gift A Special Goojodoq Fan ✨ တစ်လုံးစီကို ပစ္စည်းမှာယူသူတိုင်းရဲ့ Shipment ထဲမှာ လက်ဆောင်ထည့်ပေးသွားမှာပါ! 🎁😍
ပစ္စည်းလေးတွေ အမြန်ဆုံး ရောက်အောင် စီစဉ်ပေးနေပါတယ်! ခဏလေးပဲ သည်းခံပေးပါဦးနော်!
#လက်ဆောင်
14/10/2025
🔥 Gaming Room ကို Legend-Level ဖြစ်အောင် ပြောင်းလိုက်ပါ! 🔥
ကိုယ့်အခန်းကို စိတ်ကြိုက် ပုံတွေ၊ ဂိမ်းဇာတ်ကောင်တွေ၊ အမှတ်တရ moments တွေနဲ့
Canvas Poster လေးတွေနဲ့ ပြောင်းလိုက်ရင် တကယ် ကြမ်းတဲ့ vibe ထွက်မယ်။ ⚡
– ကိုယ်ပိုင် style ထုတ်ချင်တဲ့ Gamer အတွက်
—Dota, PUBG, Valorant, GTA, Cyberpunk, Mobile legend အစရှိတဲ့ ဂိမ်းထဲမှ ရုပ်ပုံများကို Canvas အပေါ်မှာ အရည်အသွေးမြင့်နဲ့ ပုံနှိပ်ပေးပါတယ်။
🖼️ Bro တို့ဖက်က ကိုယ်ထုတ်ချင်တဲ့ Design ကို ပေးပါ, Design မရှာတတ်ဖူးဆိုရင်လည်း ကူညီပြီးရှာပေးပါတယ် ။
Premium Canvas | HD Quality | Ready to Hang
💥 အသေးစိတ်သိရှိလိုပါက Dream Corner Messenger or 09452227538 ကိုဆက်သွယ်ပြီး မေးမြန်လို့ရပါတယ်။
13/10/2025
Wukong Canvas ❤️
03/10/2025
Too late for Ame??
17/09/2025
ကြိုးတွေ ရှုပ်ပွနေတဲ့ စားပွဲကြောင့် စိတ်ဖိစီးနေရပြီလား။ 😫
ဒီနေ့ခေတ် ဂိမ်းဆော့တဲ့အခါပဲဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့အခါပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ စားပွဲပေါ်မှာ မရှိမဖြစ်လိုအပ်တဲ့ ကြိုးတွေ၊ ဝါယာတွေက အများကြီးပါပဲ။ အဲဒီကြိုးတွေ ရှုပ်ပွနေတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရုံသာမက စိတ်ဖိစီးမှုတွေပါ ဖြစ်လာတတ်ပါတယ်။
ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။
နည်းလမ်းကတော့ "Cable Management" လို့ခေါ်တဲ့ ကြိုးစီမံခန့်ခွဲမှုပဲ ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ သင့်ရဲ့ စားပွဲကို သန့်ရှင်းသပ်ရပ်ပြီး စိတ်ချမ်းသာစရာနေရာလေးအဖြစ် ပြောင်းလဲလိုက်ပါ။
၁။ ပတ်ကြိုး (Cable Ties)
* ပထမဆုံးအနေနဲ့ မလိုအပ်တဲ့ ကြိုးတွေကို စုစည်းဖို့အတွက် Cable Ties လေးတွေကို အသုံးပြုနိုင်ပါတယ်။ သူတို့က စျေးနှုန်းချိုသာပြီး အလွယ်တကူ ရှာဝယ်လို့ရပါတယ်။
၂။ ကြိုးထည့်ပုံး (Cable Management Box)
* Monitor, PC, Extension Box တွေကနေ ထွက်တဲ့ကြိုးတွေကို သေသေသပ်သပ် ဖုံးအုပ်ထားဖို့အတွက် Cable Management Box တွေကို သုံးနိုင်ပါတယ်။ ဒီပုံးလေးတွေက ကြိုးတွေရှုပ်ပွခြင်းကို လုံးဝကာကွယ်ပေးပြီး သင့်စားပွဲကို ပိုပြီးသပ်ရပ်လှပစေပါတယ်။
၃။ ကြိုးညှပ်ကလစ် (Cable Clips)
* ကြိုးတွေကို စားပွဲအောက်မှာဖြစ်ဖြစ်၊ ဘေးမှာဖြစ်ဖြစ် ကပ်ထားချင်ရင်တော့ Cable Clips လေးတွေကို အသုံးပြုနိုင်ပါတယ်။ ဒါမှ စားပွဲပေါ်မှာ ကြိုးတွေ ရောထွေးရှုပ်ပွတာမျိုး မဖြစ်တော့ဘူးပေါ့။
နည်းနည်းလေး အချိန်ပေးပြီး စနစ်တကျစီမံလိုက်ရုံနဲ့ သင့်ရဲ့ Room က ပိုပြီး သန့်ရှင်းသပ်ရပ်သွားပါလိမ့်မယ်။ သန့်ရှင်းတဲ့ပတ်ဝန်းကျင်က သင့်ရဲ့ဂိမ်းစွမ်းဆောင်ရည်ကိုပါ တိုးတက်စေတယ်ဆိုတာ မမေ့နဲ့နော်။
သင့်ရဲ့ Room မှာ ဘယ်လို Cable Management နည်းလမ်းတွေကို သုံးဖူးလဲ။ Comment မှာ မျှဝေပေးခဲ့ပါဦး။
---
Gamer တွေ အတွက် Game Room Setup ကို တစ်ဆင့်တိုးစေမယ့် “must-have accessory” တွေကို DreamCorner မှာ Gaming Room ကို အမိုက်စားဖြစ်အောင် ဖန်တီးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။
---
15/09/2025
Agies အတွက် ၁၀ နှစ်ကြာ စောင့်ခဲ့ရတဲ့ Cr1t
နဲ့ ရွာလေးတို့အကြောင်း
နှစ်စဉ်ကျင်းပနေကျ Dota 2 ကမ္ဘာ့ဖလား The International (TI) ရဲ့ အခမ်းနားဆုံးပြိုင်ပွဲကြီး TI14 မှာတော့ Team Falcons ဆိုတဲ့ နာမည်တစ်ခုဟာ မှတ်ကျောက်တင်ခံလိုက်ရပါပြီ။ ဒီအသင်းရဲ့ အောင်ပွဲဟာ ကစားသမားငါးဦးရဲ့ စွမ်းရည်အပြင်၊နည်းပြ၊ သူတို့တစ်ဦးစီရဲ့ ကစားသမားဘဝပုံပြင်တွေ စုစည်းမိပြီး အမြင့်ဆုံးကို ရောက်ရှိခဲ့တဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ သာမန်အားဖြင့် တွေ့ရခဲတဲ့ သမိုင်းတစ်ခုကိုလည်း ရေးထိုးခဲ့တာပါ။
1. အိပ်မက်ကို နှစ်ကြိမ်တိုင်တိုင် အကောင်အထည်ဖော်သူ - Oliver "skiter" Lepko
အချို့ကစားသမားတွေဟာ တစ်သက်မှာ TI ဆုတစ်ခါရဖို့တောင် မလွယ်ကူကြပေမယ့် စလိုဗေးနီးယားနိုင်ငံသား skiter ဟာတော့ သူ့ရဲ့ ဒုတိယမြောက် TI ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Tundra Esports နဲ့အတူ TI11 မှာ Agies ကို ကိုင်မြှောက်ခဲ့ပြီးနောက်၊ သူဟာ Falcons အသင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အသင်းအသစ်မှာလည်း သူ့ရဲ့ ထူးခြားတဲ့ Flexible Carry စွမ်းရည်ကို အပြည့်အဝ ဖော်ထုတ်ပြသခဲ့ပါတယ်။ Item တွေအပြည့်နဲ့မှ တိုက်ခိုက်မယ့် အချိန်ကို မစောင့်တော့ဘဲ Team Fight ကို အစောပိုင်းကတည်းက စတင်နိုင်တဲ့ "Strength" Hero တွေကို ကျွမ်းကျင်စွာ အသုံးပြုပြီး သူ့ရဲ့ ချန်ပီယံသွေးကို ထပ်မံပြသနိုင်ခဲ့တာကတော့ စိတ်လှုပ်ရှားစရာပါပဲ။
2. Stanislav "Malr1ne" Potorak
TI14 ချန်ပီယံဆုဟာ ယူကရိန်းနိုင်ငံသား Malr1ne အတွက်တော့ ဘဝတစ်လျှောက်လုံး အကြီးမားဆုံး အောင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူဟာ Mid Lane ကို ရောက်တာနဲ့ တဖက်က Mid Player ကို အပြင်းအထန် ဖိအားပေးလေ့ရှိပြီး aggressive play style တွေနဲ့ Kill တွေဖန်တီးရာမှာ ထိပ်တန်း ပါရမီရှင်တစ်ဦးပါ။ သူ့ရဲ့ TI အိမ်မက်ကို ဖန်တီးပေးခဲ့တဲ့ Falcons နဲ့အတူ ပွဲအများစုမှာ MVP အဖြစ် ရွေးချယ်ခံခဲ့ရပြီး စွမ်းရည်တွေကို ပြသနိုင်ခဲ့ပါတယ်။
3. Humbe or Aggressive - Ammar "ATF" Assaf
ဂျော်ဒန်နိုင်ငံသား ATF ဟာ Offlane ကစားသမားတွေထဲမှာ aggressive အကျဆုံး လို့ သတ်မှတ်ခံထားရတဲ့ သူဟာ ရန်သူ့ Jungle တွေ Red Zone တွေ ထဲထိ စွန့်စွန့်စားစား ဝင်ရောက်ပြီး Farming Speed ကို ဖျက်ဆီးလေ့ရှိပါတယ်။ ဒီလို Aggressive Playstyle က တဖက်က Team အတွက် အကြီးအကျယ် အနှောက်အယှက်ဖြစ်စေပြီး Team Falcons အတွက် ကြီးမားတဲ့ အသာစီးတစ်ခုကို အစကတည်းက ရယူနိုင်ခဲ့ပါတယ်။ OG အသင်းနဲ့အတူ နာမည်ကျော်ကြားလာတဲ့ ATF ဟာ Falcons မှာ သူ့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ဖော်ထုတ်ပြီး ဘဝရဲ့ အကြီးမားဆုံး ဆုဖလားကို Agies ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
4. ဆယ်စုနှစ်တစ်ခုကြာတဲ့ Agies စောင့်ဆိုင်းမှု - Andreas "Cr1t-" Nielsen
ဒိန်းမတ်နိုင်ငံသား Cr1t- ရဲ့ ဇာတ်လမ်းကတော့ ဂိမ်းလောကသားတွေကြားမှာ အထိရှဆုံး ပုံပြင်တစ်ခု ဖြစ်ပါတယ်။ သူဟာ Evil Geniuses (EG) အသင်းနဲ့အတူ Major ဆုဖလားပေါင်းများစွာ ရရှိခဲ့ပေမယ့် ၁၀ နှစ်နီးပါး ကြိုးစားခဲ့ရပြီးမှ TI ဆုနဲ့ ဝေးကွာနေခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး။ Playmaking Support တွေကို အကောင်းဆုံး ကိုင်တွယ်နိုင်တဲ့ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ အသင်းကို ခေါင်းဆောင်နိုင်စွမ်းတွေက Falcons ရဲ့ အားအင်တစ်ခု ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးတော့ TI14 မှာတော့ သူရဲ့ ကြိုးစားမှုတွေအတွက် ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး၊ TI ဆုကို ကိုင်မြှောက်ရင်း အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
5. Position 5 - Jing "Sneyking" Wu
အမေရိကန်နိုင်ငံသား Sneyking ဟာ Falcons အသင်းရဲ့ ဦးနှောက် လို့ တင်စားလို့ရပါတယ်။ သူဟာ TI11 မှာ Tundra Esports နဲ့အတူ skiter နဲ့ ပူးပေါင်းပြီး ချန်ပီယံဖြစ်ခဲ့ပြီးသားဖြစ်လို့ သူ့ရဲ့ အတွေ့အကြုံတွေဟာ Falcons အတွက် အဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူရဲ့ Map ပေါ်က Vision ယူပုံတွေ၊ Strategy ဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ ပြိုင်ပွဲတွေကို အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ သူဟာ shout call တွေကို စတင်လေ့မရှိပေမယ့် shout call တွေရဲ့ အောင်မြင်မှုနောက်ကွယ်က အဓိက လက်သည် တရားခံတစ်ဦး ဖြစ်ပါတယ်။
6. IQ 2000 Coach - Kurtis "Aui_2000" Ling
ကနေဒါ (Canada) နိုင်ငံသား Aui_2000 ဟာ Dota 2 လောကမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူဟာ ကစားသမားဘဝကနေ Coach ဘဝကို အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့တဲ့ ရှားရှားပါးပါး လူတစ်ဦးဖြစ်ပြီး TI ချန်ပီယံဆုကို ကစားသမားတစ်ဦးအနေနဲ့ရော၊ Coach တစ်ဦးအနေနဲ့ပါ နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူပါ။ Aui_2000 ရဲ့ Dota 2 အားကစားသမားဘဝ အထွတ်အထိပ်ကတော့ ၂၀၁၅ ခုနှစ်မှာ Evil Geniuses (EG) အသင်းနဲ့အတူ The International 5 (TI5) ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာပါပဲ။ သူ့ရဲ့ နာမည်ကြီး Techies နဲ့ Winter Wyvern Hero တွေကို အသုံးပြုပုံဟာ ပြိုင်ပွဲတွေမှာ ပြောင်းလဲမှုတွေ များစွာဖြစ်ပေါ်စေခဲ့ပါတယ်။ ကစားသမားဘဝကနေ အနားယူပြီးနောက် Aui_2000 ဟာ Coach ဘဝကို ကူးပြောင်းခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဘဝ အတွေ့အကြုံ၊ နည်းဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ Draft ဆွဲရာမှာပါ အသေးစိတ်ကျနေမှုတွေဟာ Team Falcons အတွက် အကြီးမားဆုံး အားသာချက် ဖြစ်လာခဲ့ပါတယ်။
ဒီလို ကစားသမားငါးဦးနှင့်နည်းပြရဲ့ ကံကြမ္မာနဲ့ ဘဝဖြတ်သန်းမှုတွေဟာ TI14 ဗိုလ်လုပွဲမှာ Falcons vs. Xtreme Gaming ဆိုတဲ့ ဒဏ္ဍာရီဆန်တဲ့ ပွဲစဉ်တစ်ခုအဖြစ် Game 5 အထိ အပြည့်အဝဆော့ခဲ့ပြီး နောက်ဆုံးမှာတော့ Team Falcons ဟာ ကမ္ဘာ့ချန်ပီယံဆုကို ကိုင်မြှောက်ပြီး သူတို့ရဲ့ ပုံပြင်ကို အလှပဆုံး အဆုံးသတ်နိုင်ခဲ့ပါတော့တယ်ဗျာ။
---
Gamer တွေ အတွက် Game Room Setup ကို တစ်ဆင့်တိုးစေမယ့် “must-have accessory” တွေကို DreamCorner မှာ Gaming Room ကို အမိုက်စားဖြစ်အောင် ဖန်တီးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။
---
14/09/2025
🏆 TI 2025 Grand Final ကို ပထမဆုံး ရောက်လာတဲ့ Team Falcons
Western Europe မှာ ကစားအင်အားအပြည့်နဲ့ ထိုးဖောက်လာတဲ့ Team Falcons ဟာ Eastern Europe ရဲ့ PARIVISION ကို 9class ရဲ့ Hero တွေကို Ban လိုက်ပြီးနောက် 2-1 နဲ့ အနိုင်ရပြီး The International 2025 Grand Final ကို ပထမဆုံး ရောက်လာတဲ့ အသင်း ဖြစ်သွားပါတယ်။
Game 1 မှာ PARIVISION အနိုင်ရခဲ့သော်လည်း Game 2 မှာ Falcons ရဲ့ Respect Ban တွေကြောင့် 1-1 ရလဒ်ရသွားခဲ့ပါတယ်။ Game 3 ကတော့ 65 မိနစ်ကြာပြီး အလွန်စိတ်လှုပ်ရှားစရာအဖြစ်ဆုံး ပွဲအဖြစ် အဆုံးသတ်ခဲ့ပြီး Falcons က Grand Final ကိုတက်လှမ်းသွားခဲ့ပါပြီ။
Skiter (Gyrocopter), Malr1ne (Sand King), ATF (Pangolier) တို့ရဲ့ hero အစွမ်းကြောင့် PARIVISION ရဲ့ Satanic (Juggernaut) နဲ့ No[o]ne (Storm Spirit) တို့ရဲ့ ကောင်းမွန်တဲ့ Defense ကို တဖြည်းဖြည်း ချိုးဖောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
Skiter နဲ့ Sneyking တို့အတွက် ဒုတိယအကြိမ် TI ချန်ပီယံ ဖြစ်နိုင်မယ့် အခွင့်အလမ်းဖြစ်သလို Malr1ne, ATF, Cr1t တို့အတွက်ကတော့ ပထမဆုံး TI ချန်ပီယံ အလွန် နီးစပ်နေပြီ ဖြစ်ပါတယ်။
Coach Aui_2000 အတွက်လည်း အလွန်ထူးခြားစရာကောင်းတဲ့အခွင့်အလမ်းပါ – TI ချန်ပီယံ သုံးကြိမ်မြောက် ဆွတ်ခူးမယ့် ပထမဆုံးလူ ဖြစ်နိုင်တာပါ။
🔥 PARIVISION အတွက်လည်း အခွင့်အလမ်းမဆုံးသေးပါဘူး။ Lower Bracket Final မှာ Xtreme Gaming ကို အနိုင်ရနိုင်ရင် Falcons နဲ့ Grand Final မှာ ပြန်လည်တွေ့ဆုံနိုင်မယ့် အခွင့်အလမ်း ရှိနေဆဲပဲဖြစ်ပါတယ်။
👉 TI 2025 Grand Final ကို ပထမဆုံး ချီတက်လာခဲ့သူက Team Falcons ဖြစ်ပြီး ပရိသတ်အားလုံးရဲ့ စိတ်စွဲစေမယ့် Championship Round ကို အားလုံး စောင့်စားနေကြပါပြီ။
---
Gamer တွေ အတွက် Game Room Setup ကို တစ်ဆင့်တိုးစေမယ့် “must-have accessory” တွေကို DreamCorner မှာ Gaming Room ကို အမိုက်စားဖြစ်အောင် ဖန်တီးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။
---
📌 Reference – GosuGamers
14/09/2025
ချစ်ရသူနဲ့အတူ Ti Dota 2 ပြိုင်ပွဲ ကြည့်ခြင်းရဲ့ ထူးခြားတဲ့အရသာ
ကမ္ဘာ့အကြီးဆုံး Esports ပွဲကြီးဖြစ်တဲ့ Ti (The International) Dota 2 ကို ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူကြည့်ရတဲ့ အရသာဟာ ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။ ရိုးရိုးရှင်းရှင်း ဂိမ်းပွဲတစ်ပွဲ ကြည့်တာထက် ပိုမိုနက်ရှိုင်းတဲ့ ခံစားမှုတွေနဲ့ ချိတ်ဆက်နေပါတယ်။
၁။ အတူတူရင်ခုန်ခြင်း
ပွဲစကတည်းက စိတ်လှုပ်ရှားမှုတွေ အတူတူခံစားရတာ၊ Kill တစ်ခုရသွားရင် အတူတူအော်ဟစ်အားပေးတာ၊ Hero တစ်ကောင် ပြန်သေသွားရင် စိတ်မကောင်းဖြစ်တာ စတဲ့ ခံစားချက်တွေကို ချစ်ရသူနဲ့အတူ မျှဝေခံစားရပါတယ်။ ဒါဟာ နှစ်ယောက်ရဲ့ စိတ်တွေကို ပိုပြီးနီးစပ်စေပါတယ်။
၂။ ချစ်စရာကောင်းတဲ့ အငြင်းပွားမှုလေးတွေ
'ဒီ Hero က ဘာလို့ ဒီ Item တွေထွက်နေတာလဲ'၊ 'ဒီ Team က strategy မှားသွားပြီ' စတဲ့ Dota အကြောင်းအရာလေးတွေကို ချစ်ရသူနဲ့ အငြင်းပွားရတာဟာ ပျော်စရာကောင်းတဲ့ အချိန်တွေပါပဲ။ အတူတူထိုင်ပြီး ပွဲအကြောင်းဆွေးနွေးနေရင်းကနေ နှစ်ယောက်သားရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကိုလည်း ပိုသိလာနိုင်ပါတယ်။
၃။ ပိုမိုနွေးထွေးတဲ့ အမှတ်တရတွေ ဖန်တီးခြင်း
Ti ပြိုင်ပွဲဟာ တစ်နှစ်မှာ တစ်ခါသာ လာတာဖြစ်လို့ ဒီလိုအထူးအခါသမယမှာ ချစ်ရသူနဲ့ အတူတူရှိနေပြီး အားပေးရတာဟာ နောင်နှစ်ပေါင်းများစွာအထိ သတိရနေမယ့် ချစ်စရာကောင်းတဲ့ အမှတ်တရတစ်ခု ဖြစ်လာစေမှာပါ။ အနိုင်ရတဲ့ Team ကို အတူတူအားပေးနေရင်း လက်တွေတွဲပြီး ရင်ခုန်နေကြတဲ့အချိန်တွေဟာ ချစ်ခြင်းမေတ္တာကို ပိုခိုင်မြဲစေပါတယ်။
၄။ ပုံမှန်မဟုတ်တဲ့ ညလေးတစ်ည
နေ့စဉ်ဘဝရဲ့ ပုံမှန် Routine တွေကနေ ခွဲထွက်ပြီး ပုံမှန်မဟုတ်တဲ့ ဂိမ်းပွဲတစ်ပွဲကို အတူတူကြည့်ရတာဟာ ချစ်သူနှစ်ဦးရဲ့ Relationship အတွက် စိတ်ဝင်စားစရာ အတွေ့အကြုံတစ်ခုဖြစ်စေပါတယ်။ ပွဲပြီးသွားရင်တောင် တစ်ယောက်နဲ့တစ်ယောက် ပွဲအကြောင်း ပြန်ပြောနေကြရင်း ရယ်မောပျော်ရွှင်နိုင်ပါသေးတယ်။
ဒါကြောင့်မို့လို့ ချစ်ရတဲ့သူနဲ့အတူ Ti Dota 2 ကို အတူတူကြည့်ရတာဟာ ရိုးရိုးရှင်းရှင်း အားပေးခြင်းထက်ပိုပြီး ချစ်ခြင်းမေတ္တာ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်လေးတွေ ဖြစ်ပါတယ်လို့ ပြောပြရင်း ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူကြည့် ဖို့တိုက်တွန်းလိုက်ပါတယ်နော်။
11/09/2025
ဂျာမနီနိုင်ငံ၊ ဟမ်ဘာ့ဂ်မြို့ရှိ Barclays Arena အကြောင်း သိကောင်းစရာများ
Barclays Arena ဟာ ဂျာမနီနိုင်ငံရဲ့ မြောက်ပိုင်းမြို့ကြီးဖြစ်တဲ့ ဟမ်ဘာ့ဂ် (Hamburg) မှာ တည်ရှိတဲ့ ဘက်စုံသုံး မိုးလုံလေလုံ အားကစားကွင်းနဲ့ ဖျော်ဖြေရေးနေရာတစ်ခု ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဂျာမနီမြောက်ပိုင်းရဲ့ အကြီးဆုံး ဖျော်ဖြေရေးနေရာအဖြစ် ရပ်တည်နေပါတယ်။
တည်နေရာနှင့် သမိုင်းကြောင်း- Barclays Arena ဟာ ဟမ်ဘာ့ဂ်မြို့ရဲ့ Bahrenfeld ရပ်ကွက်မှာရှိတဲ့ Altona Volkspark မှာ တည်ရှိပြီး ဘောလုံးကွင်းဖြစ်တဲ့ Volksparkstadion ရဲ့ ဘေးမှာပဲ ကပ်လျက်တည်ရှိပါတယ်။ ၂၀၀၂ ခုနှစ်မှာ "Color Line Arena" နာမည်နဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ "O2 World Hamburg" နဲ့ "Barclaycard Arena" စတဲ့ နာမည်တွေအဖြစ် အကြိမ်ကြိမ်ပြောင်းလဲခဲ့ပြီး ၂၀၂၁ ခုနှစ်ကစလို့ Barclays Arena အဖြစ် တရားဝင်အမည်ခံခဲ့ပါတယ်။
Arena- ဒီ Arena ဟာ ပွဲအမျိုးအစားအပေါ်မူတည်ပြီး လူဦးရေ ၁၆,၀၀၀ အထိ လက်ခံနိုင်ပါတယ်။ နှစ်စဉ် ပွဲပေါင်း ၁၃၀ ကျော်ကို လက်ခံကျင်းပပေးနိုင်ပြီး တစ်နှစ်ကို လာရောက်သူပေါင်း ၁ သန်းကျော် ရှိပါတယ်။
ကျင်းပလေ့ရှိသော ပွဲများ- Barclays Arena ဟာ ဖျော်ဖြေရေးပွဲကြီးတွေ၊ အားကစားပွဲတွေနဲ့ ပြပွဲတွေအတွက် နာမည်ကြီးပါတယ်။
ဖျော်ဖြေပွဲများ- Elton John, Ed Sheeran, Metallica, Adele, Taylor Swift, Olivia Rodrigo, Jay-Z စတဲ့ နာမည်ကြီး အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေကို ကျင်းပခဲ့ပါတယ်။
အားကစားပွဲများ- အမျိုးသား လက်ပစ်ဘောလုံး ကမ္ဘာ့ဖလား၊ ဥရောပဖလားပြိုင်ပွဲများ၊ ဟော်ကီ၊ ဘတ်စကက်ဘော စတဲ့ အားကစားပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။
အဆောက်အဦး၏ အင်္ဂါရပ်များ- Barclays Arena ရဲ့ အသံထွက်စနစ် (Acoustics) ဟာ အလွန်ကောင်းမွန်ပြီး ပွဲကြည့်ပရိသတ်တွေအတွက် အကောင်းဆုံးခံစားမှုကို ပေးနိုင်ပါတယ်။ နေရာကျယ်ဝန်းတဲ့အပြင် သန့်ရှင်းပြီး သက်သောင့်သက်သာဖြစ်အောင် ဖန်တီးထားပါတယ်။ အစားအသောက်နဲ့ အချိုရည်ဆိုင်တွေလည်း အများအပြားရှိတာကြောင့် ပွဲလာရောက်သူတွေအတွက် အဆင်ပြေစေပါတယ်။
သွားလာရေး- Hamburg Central Station ကနေ S-Bahn (S3 or S21) ကို စီးပြီး Stellingen - Arenen ဘူတာမှာ ဆင်းရင်ပဲ လမ်းလျှောက်သွားနိုင်ပါတယ်။ တချို့ပွဲတွေမှာတော့ ဘူတာကနေ Arena ကို Shuttle Bus တွေနဲ့လည်း လွယ်လွယ်ကူကူ သွားရောက်နိုင်ပါတယ်။
Dota 2 နဲ့ Barclays Arena
Barclays Arena ဟာ Dota 2 လိုမျိုး နာမည်ကြီး Esports ပြိုင်ပွဲတွေကို လက်ခံကျင်းပပေးတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ TI14 ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပွဲစဉ်တွေကို Barclays Arena မှာ လက်ရှိကျင်းပနေတာဖြစ်ပြီး ကမ္ဘာအနှံ့အပြားက Dota 2 ပရိသတ်တွေ လာရောက်အားပေးကြပါတယ်။ TI လိုမျိုး ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲကြီးတွေအတွက် လိုအပ်တဲ့ ပရိသတ်လက်ခံနိုင်စွမ်း၊ နည်းပညာနဲ့ ကောင်းမွန်တဲ့ အသံစနစ်တွေက ဒီကွင်းနဲ့ ကိုက်ညီနေပါတယ်။
ပထမဆုံးအကြိမ် (TI1) ကိုလည်း ၂၀၁၁ ခုနှစ်တုန်းက ဂျာမနီနိုင်ငံ၊ Cologne မြို့မှာ ကျင်းပခဲ့ဖူးတာကြောင့် TI ဟာ ဂျာမနီနဲ့ အလှမ်းမဝေးတဲ့ သမိုင်းကြောင်းရှိပါတယ်။ ဒါတွေကတော့ The International 2025 (Ti14) လက်ရှိကျင်းပနေတဲ့ဂျာမနီနိုင်ငံ၊ ဟမ်ဘာ့ဂ်မြို့ရှိ Barclays Arena အကြောင်းပဲဖြစ်ပါတယ်။
Gamer တွေအတွက် Game Room Setup ကို တစ်ဆင့်တိုးစေမယ့် “must-have accessory” တွေကို DreamCorner မှာ Gaming Room ကို အမိုက်စားဖြစ်အောင် ဖန်တီးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
North Dagon
Yangon
11421