PSM
အိမ်မှာတရားထိုင်နေသူများအတွက် အထောက်အကူဖြစ်စေမည့်အရာနဲ့ ဗဟုသုတဖြစ်ဖွယ်များ
12/08/2025
. စစ်မှန်တဲ့ မိတ်ဆွေ
အပေါင်းအသင်းတွေဆိုတာ ..
၁။ အနာရောဂါ စွဲကပ်ကျရောက်ချိန်
၂။ စီးပွားပျက်တဲ့အချိန်
၃။ အစာရေစာ ငတ်မွတ်ခေါင်းပါးချိန်
၄။ မိမိ မိဘ ဆွေမျိုး စသည်တို့ နာရေးကိစ္စကြုံရချိန်
၅။ ဘေးရန် အန္တရာယ်နဲ့ တွေ့တဲ့အချိန်
၆။ အချုပ်အနှောင် တရားတဘောင်ရင်ဆိုင်ရချိန်တွေမှာ မိတ်ဆွေ အစစ်အမှန်တွေကို သိရတယ် တဲ့....
03/09/2024
ငါပြုစုခဲ့ရသမျှ
ငါ့ ခန္ဓာကိုယ် ...
ငါ့ အသိဉာဏ် ...
ငါ့ လုပ်ရပ်တို့အတွက် ...
ယနေ့
ငါဖြစ်နေရသည်။
Ashin Pannasami
3-9-2024
31/01/2024
ခြေထောက်က အတော်လေးသက်သာသွားပြီ
အသိမိတ်ဆွေတွေရဲ့ လမ်းညွှန်မှုနဲ့ ရန်ကုန်၊ လမ်းမတော်က မင်း ဆေးခန်းကို သွားပြတာ
တိုင်းရင်းဆေးစည်းပေးတယ်၊ အင်္ဂလိပ်သောက်ဆေးပေးတယ်၊ သွေးစစ်ပေးတယ်....
သွေးစစ်တာက Uric Acid များ/မများစစ်ပေးတာတဲ့....
အဓိက က သူ့ရဲ့လူးဆေးက အတော်ကောင်းတယ်ပြောရမယ်
လာပြတဲ့ လူနာတွေလည်း အများကြီးပဲ ....
ရဟန်းသံဃာနဲ့ သီလရှင်တွေကိုတော့ အခကြေးငွေ မယူပဲ ကုသိုလ်ဖြစ်ကုသပေးတယ်....
28/08/2023
ဓနုဖြူမြို့ ကျိုက္ကလွန်ပွန်းဘုရားသို့ရောက်
မှတ်တမ်းတင်
11/04/2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ သင်္ကြန်တရားစခန်းသို့ကြွရောက်......
ရန်ကုန်ကနေ နံနက် (၁၀:၃၅) လောက်လေယာဉ်နဲ့ထွက်ခွါပြီး ငပလီ သံတွဲကို နံနက် (၁၁:၂၀) မှာ ရောက်ပါတယ်....
ဆရာတော်ဒေါက်တာဦးဝိမလကလာရောက်ကြိုဆိုပြီး ငပလီမှာနေ့ဆွမ်းဘုဉ်း ပြီးတာနဲ့ သံတွဲမြို့က နေရာအချို့ကို လိုက်ပို့ပြသပေးပြီး
တောင်ကုတ်မြို့ကို ခရီးဆက်ပါတယ် သံတွဲကနေ တောင်ကုတ်ကို ကားနဲ့ (၁) နာရီကျော်ကျော်လောက်မောင်းရပါတယ်....ညနေ (၄) နာရီ တောင်ကုတ်မြို့ကိုရောက်ပါတယ်...
Ashin Pannasami
10-4-2023 (တနင်္လာနေ့)
10/01/2023
မြန်မာပြည် ပြန်ရောက်ပါပြီ.....
(၁၄) နာရီဝန်းကျင်လောက်လေယာဉ်စီးလိုက်ရတယ်....
06/01/2023
မကြာမှီရက်ပိုင်းအတွင်း မြန်မာပြည်သို့
ပြန်ကြွလာပါတော့မည်.....
ရန်ကုန်၊ ဗဟန်း ဝင်ဒါမီယာထဲက
ပဏ္ဍိတာရာမရွှေတောင်ကုန်းရိပ်သာမှာ သီတင်းသုံးပါမယ်.....
တွေ့ဆုံဆက်သွယ်လိုပါက
ဦးဇင်းဖုန်း 09799444832 သို့
(10) ရက်နေ့နောက်ပိုင်း ဆက်သွယ်နိုင်ပါတယ်......
04/01/2023
. အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့
ပဏ္ဍိတာရာမ သာရဏီယဓမ္မရိပ်သာ
ဒီဇင်ဘာတရားစခန်းပွဲ မှတ်တမ်း
------------------------------
နှစ်စဉ်ကျင်းပမြဲဖြစ်သော ဒီဇင်ဘာတရားစခန်းကို ကိုဗစ်ကာလအလွန်
ပြန်လည်ဖွင့်လှစ်.....
နေရာအခက်အခဲကြောင့် မြန်မာယောဂီ
(၁၀) ယောက်သာလက်ခံဖြစ်တယ်.....
အင်္ဂလန်မှာ ဒီဇင်ဘာလက ရက်ရှည်ရုံးပိတ်ရက်ဖြစ်တာရယ် အင်္ဂလိပ်နှစ်သစ်ကူးကာလရယ်ပေါင်းစုံပြီး ဒီအချိန်ကို တရားစခန်းဖွင့်လှစ်လာတာ
နှစ်အတော်ကြာလာခဲ့ပါပြီ....
ယောဂီများအေးအေးချမ်းချမ်း တရားအားထုတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးကြတဲ့ ကျောင်းအဖွဲ့ဝင်များ၊ စည်းကမ်းတကျအားထုတ်ကြတဲ့ ယောဂီများ၊ ဆွမ်းအလှူရှင်များ၊ ဝေယျာဝစ္စပြုလုပ်ဆောင်ရွက်ပေးတဲ့ Drတင်ထွန်းအောင်
အစစအရာရာ ကူညီဆောင်ရွက်ပေးကြတဲ့ ပုဂ္ဂိုလ်များအားလုံးကို
ကျေးဇူးအထူးတင်ရှိပါသည်။
ဆရာတော် ၂-၁-၂၀၂၃
16/12/2022
အင်္ဂလန်မှာတော့ ရာသီဥတုတွေဆိုးရွားနေတယ် ...
ရဟန်းတစ်ပါးရဲ့ အအေးဒဏ်ကို အံတုနိုင်ဖို့ဆိုတာ ကျောင်းတွင်းအောင်းနေမှရမဲ့သဘော ....
အပြင်ထွက်ရင်တော့ သိုးဆောင်းပဝါနဲ့
မာဖလာသေးသေး လက်အိတ်ခြေစွပ်နွေးနွေးလေးနဲ့မနှေးသွက်သွက် လျှောက်လှမ်းချက်တွေများနေမှ ခံနိုင်ရည်ရှိမယ်.....
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon