Director Agga Marn

Director Agga Marn

Share

From 2008, I entered the artistic life. I will end up succeeding in the end with the art I like.

13/10/2025

ဒီနေ့ည ၉နာရီ ဆုံမှတ် လာပါပီ

01/10/2025

မြန်မာဇာတ်လမ်းတွဲလောကမှာ ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူးတင်ဆက်လိုက်တဲ့ Myanmar - Tamil Cross-Culture TV Series!

ဒီဇာတ်လမ်းတွဲကတော့ Genius Creation နဲ့ Real Bros Film Production တို့ ပူးပေါင်းရိုက်ကူးထုတ်လုပ်ထားတဲ့ "ဆုံမှတ် - A Convergence Point" ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို အောက်တိုဘာလ (၁၃)ရက်နေ့၊ ည (၉:၀၀) နာရီ အချိန်ကစပြီး Hey Play နဲ့ Channel 7 ရုပ်သံလိုင်းတို့မှာ စတင်ထုတ်လွှင့်ပြသပေးသွားတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

#ဆုံမှတ်

29/09/2025

ကျေးဇူးတရားကို နားလည်ပြီး ဘဝကို မှန်မှန်ကန်ကန် ရှင်သန်နေထိုင်တတ်သူ၊ ယာဉ်လိုင်းပေါင်းများစွာရဲ့ ပိုင်ရှင်ဖြစ်တဲ့ "ဦးဗညား" အဖြစ် ဒေါင်းဝေ

"ဆုံမှတ်" ရဲ့ လှည့်ကွက်တွေကြားမှာ တည်ငြိမ်နေတဲ့ သူ့ဘဝကို ဘယ်လိုကံကြမ္မာမျိုးတွေက ဝင်ရောက်နှောင့်ယှက်မလဲ?

"ဆုံမှတ်" ဇာတ်လမ်းတွဲကို အောက်တိုဘာလမှာ Hey Play နဲ့ Channel 7 ရုပ်သံလိုင်းတို့ကနေ ပြသပေးသွားမှာဖြစ်ပါတယ်။

#ဆုံမှတ်

29/09/2025

အမှန်တရားကို အမြဲရှာဖွေတတ်ပြီး ခန့်ထင်ရဲ့ သူငယ်ချင်းဖြစ်သူ မင်းမောင်အဖြစ် “ခွန်သာချို”

မင်းမောင် ကကော "ဆုံမှတ်" ရဲ့ ပဟေဠိတွေကို ဖြေရှင်းနိုင်မလား?

"ဆုံမှတ်" ဇာတ်လမ်းတွဲကို အောက်တိုဘာလမှာ Hey Play နဲ့ Channel 7 ရုပ်သံလိုင်းတို့ကနေ ပြသပေးသွားမှာဖြစ်ပါတယ်။

#ဆုံမှတ်

29/09/2025
ဆုံမှတ် ရုပ်ရှင်ဇာတ်၀င်တေး - ‌လားဒင့်ထားရီ 23/09/2025

ဆုံမှတ် ရုပ်ရှင်ဇာတ်၀င်တေး - ‌လားဒင့်ထားရီ ကျွန်တော်တို့အားလုံးက မတူညီခြင်းတွေ ဆုံလာခဲ့ရတဲ့ ဆုံမှတ်တစ်ခုရဲ့အလယ်မှာ တွေ့ဆုံကြုံကွဲရမယ့် လူသားတွေပါပ....

19/09/2025

အမှန်တရားနဲ့ လျှို့ဝှက်ချက်ကြားက "ဆုံမှတ်" တစ်ခု
အဲ့ဒီ "ဆုံမှတ်" မှာ ဘာတွေရှိနေမလဲ?

"ဆုံမှတ်" ဇာတ်လမ်းတွဲကို အောက်တိုဘာလမှာ Hey Play နဲ့ Channel 7 ရုပ်သံလိုင်းတို့ကနေ ပြသပေးသွားမှာဖြစ်ပါတယ်။

#ဆုံမှတ်

17/09/2025

Coming Soon Oct 13..

အမိုက်စားဖန်တီးမှုတွေနဲ့ ပရိသတ်ရင်ကို လှုပ်ခတ်စေမယ့် "ဆုံမှတ်" ဇာတ်လမ်းတွဲ မကြာခင်လာတော့မှာ သိပြီးကြပြီလား?

ဒီပေ့ချ်လေးကတစ်ဆင့် "ဆုံမှတ်" ဇာတ်လမ်းတွဲရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ၊ မျက်လှည့်ဆန်တဲ့ ပြကွက်တွေနဲ့ ဘယ်သူမှမသိသေးတဲ့ နောက်ကွယ်ကအကြောင်းတွေ အားလုံးကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားမှာပါ။

နောက်ပြီး ပရိသတ်တွေအတွက် အထူးအစီအစဉ်တွေ၊ လက်ဆောင်တွေပေးမယ့် အစီအစဉ်လေးတွေလည်း အများကြီးရှိနေမှာဆိုတော့ Page ကို Like & Follow လုပ်ထားလိုက်တော့နော်။

"ဆုံမှတ်" ဇာတ်လမ်းတွဲကို အောက်တိုဘာလမှာ Hey Play နဲ့ Channel 7 ရုပ်သံလိုင်းတို့ကနေ ပြသပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

#ဆုံမှတ်

13/09/2025

သံသရာဆုံမှတ်လောကကြီးမှာ မတူညီချင်းတွေ တွေ့ဆုံလာကြတဲ့အခါ နာကျင်စရာတွေမေ့ပြီး အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ပါပဲ..... ကျွန်တော်တို့ လူသားတွေအားလုံးက မာယာတွေပြည့်နှက်နေတဲ့ လောကကြီးရဲ့ ဆုံမှတ်တစ်ခုအလယ်မှာ တွေ့ဆုံကြုံကွဲရမယ့် လူသားတွေပဲ မဟုတ်လား....

ဆုံမှတ် ( ဇာတ်လမ်းတွဲတေးသီချင်း )
တေးရေး : ခိုင်နိုး
တေးဆို : လားဒင့်ထားရီ
ထုတ်လုပ်သူ : Genius Creation

ဆုံမှတ်တေးသီချင်း အပြည့်အစုံကို 23 ရက် စက်တင်ဘာလ ၂၀၂၅ ခုနှစ်မှာ တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါအုံးခင်ဗျာ...

#ဆုံမှတ်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Naung Yoe Street, 3Yan Pyay Quarter, Tharkayta Township.Yangon.
Yangon