Live & Learn
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Live & Learn, Education, Yangon.
16/06/2026
သားသားမီးမီးတို့ အင်္ဂလိပ်လို ပုံပြင်တွေ၊ စာစီစာကုံး (Essay) တွေ ရေးတဲ့အခါ... 'He said...', 'She said...' ဆိုပြီး 'Said' တစ်လုံးတည်းကိုပဲ ထပ်ခါတလဲလဲ သုံးနေမိပါသလား? ✍️🔄
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ကလေးတွေ အင်္ဂလိပ်စာ ရေးတဲ့အခါမှာ စကားလုံးအသုံးအနှုန်း ကြွယ်ဝဖို့ (Vocabulary Range) က အရမ်းအရေးကြီးပါတယ်။
စာကြောင်းတိုင်းမှာ "သူက ပြောတယ်" ၊ "သူမက ပြောတယ်" ဆိုပြီး "Said" ကိုပဲ ခဏခဏ သုံးနေရင် ရေးထားတဲ့စာက ပျင်းစရာကောင်းပြီး အမှတ်ရနည်းတတ်ပါတယ်ရှင်။
အဲဒါကြောင့် ကလေးတို့ရဲ့ အရေးအသား ပိုမိုဆန်းသစ်ပြီး Level Up ဖြစ်သွားစေဖို့ "Said" အစား အခြေအနေအလိုက် အစားထိုးသုံးနိုင်မယ့် စကားလုံးလှလှလေး (၅) လုံးကို Live & Learn က မျှဝေပေးလိုက်ပါတယ်နော်။ ✨
💬 ၁။ Whispered (တိုးတိုးလေးပြောသည်)
လျှို့ဝှက်ချက်တွေပြောတဲ့အခါ၊ ဒါမှမဟုတ် အသံတိုးတိုးလေးနဲ့ ပြောတဲ့အခြေအနေမှာ သုံးပါတယ်။
Example: "Don't wake the baby," she whispered. (သူမက တိုးတိုးလေး ပြောခဲ့သည်။)
🗣️ ၂။ Shouted (အော်ပြောသည်)
အဝေးကလှမ်းခေါ်တာမျိုး၊ ဒါမှမဟုတ် စိတ်လှုပ်ရှားလို့ အသံကျယ်ကျယ်နဲ့ အော်ပြောတဲ့အခါ သုံးပါတယ်။
Example: "Look out!" he shouted. ( "သတိထား!" ဟု သူက အော်ပြောခဲ့သည်။)
🤔 ၃။ Explained (ရှင်းပြသည်)
တစ်ခုခုကို နားလည်အောင် သေသေချာချာ အကြောင်းပြချက်နဲ့တကွ ရှင်းပြတဲ့အခါ 'Said' အစား သုံးရင် ပိုပြီး စမတ်ကျပါတယ်။
Example: "This is how the game works," the teacher explained. ( "ဒီဂိမ်းက ဒီလိုဆော့ရတာပါ" ဟု တီချယ်က ရှင်းပြခဲ့သည်။)
😢 ၄။ Whined (ဂျီကျ/ညည်းတွားပြောဆိုသည်)
ကလေးတွေ စိတ်မရှည်တဲ့အခါ၊ ဒါမှမဟုတ် တစ်ခုခုကို မလုပ်ချင်လို့ ညည်းပူပြီး ပြောတဲ့အခါ သုံးပါတယ်။
Example: "I'm too tired to walk," the little boy whined. ( "သား လမ်းမလျှောက်ချင်တော့ဘူး ပင်ပန်းလို့" ဟု ကောင်လေးက ဂျီကျပြောခဲ့သည်။)
🥰 ၅။ Cheered (ဝမ်းသာအားရ အော်ဟစ်ပြောဆိုသည်)
အရမ်းပျော်စရာကောင်းတဲ့အရာ ကြုံရလို့ ဝမ်းသာအားရ ထအော်တဲ့အခါမျိုးမှာ သုံးပါတယ်။
Example: "We won the game!" they cheered. ( "ငါတို့ နိုင်သွားပြီ!" ဟု သူတို့က ဝမ်းသာအားရ အော်ဟစ်ခဲ့ကြသည်။)
💡 မိဘများသို့ အကြံပြုချက်
အိမ်မှာ ကလေးတွေကို ပုံပြင်စာအုပ် ဖတ်ပြတဲ့အခါ ဇာတ်ကောင်တွေရဲ့ အမူအရာအတိုင်း အသံလေးတွေ ပြောင်းပြီး ဖတ်ပြပေးပါ။ ကလေးတွေဟာ စကားလုံးတွေရဲ့ ကွာခြားချက်ကို ပိုပြီး လွယ်လွယ်ကူကူ မှတ်မိသွားပါလိမ့်မယ်။
Live & Learn ရဲ့ စာသင်ခန်းတွေမှာလည်း အလွတ်ကျက်စနစ်ကို ရှောင်ရှားပြီး ကလေးတွေ စကားလုံးအသစ်တွေကို စာကြောင်းတွေထဲမှာ သဘာဝကျကျ ထည့်သွင်းအသုံးချတတ်အောင် နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်ပျိုးထောင်ပေးနေပါတယ်ရှင်။ ❤️
&learn
11/06/2026
ကလေးက အင်္ဂလိပ်လိုပြောရင် မှားမှာကြောက်လို့ လုံးဝ နှုတ်ပိတ်နေတာမျိုး ကြုံဖူးပါသလား?🤔
အမှားကို ကြောက်တဲ့စိတ်ဟာ ကလေးတွေရဲ့ ဘာသာစကား တိုးတက်မှုကို တားဆီးထားတဲ့ အကြီးမားဆုံးသော့ခတ်မှုတစ်ခုပါပဲ။
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ကလေးတော်တော်များများဟာ အင်္ဂလိပ်စာ လေ့လာတဲ့အခါ အထူးသဖြင့် စကားပြော (Speaking) နဲ့ စာရေး (Writing) တဲ့နေရာမှာ အမှားလုပ်မိမှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။
🤦🏼♀️ငါပြောလိုက်တာ Grammar မှားသွားရင် သူငယ်ချင်းတွေ လှောင်မလား?
🤦🏼♀️အသံထွက် (Accent) လွဲသွားရင် တီချယ်က ဆူမလား?ဆိုတဲ့ အတွေးမျိုးတွေက ကလေးတွေရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ ဖိအားတစ်ခု ဖြစ်နေတတ်ပါတယ်။
ဒီလို ကြောက်ရွံ့စိတ်တွေ များလာတဲ့အခါ ကလေးက အင်္ဂလိပ်လို လုံးဝမပြောဘဲ passive ဖြစ်သွားပြီး ဘာသာစကားကို ငြီးငွေ့စရာ၊ ကြောက်စရာကြီးလို့ သတ်မှတ်သွားတတ်ကြပါတယ်။
💡 Live & Learn မှာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းပေးလဲ?
Safe-to-Fail Environment (အမှားလုပ်ခွင့်ရှိသော ဘေးကင်းသည့် ပတ်ဝန်းကျင်) တစ်ခုကို ဖန်တီးပေးထားပါတယ်။
✅ No Direct Corrections (ချက်ချင်းအပြစ်မရှာခြင်း) ကလေးက စကားပြောနေတုန်းမှာ အမှားတစ်ခုခုပါသွားရင် တီချယ်က "မှားသွားပြီ၊ အဲ့လိုမပြောရဘူး" လို့ ချက်ချင်း ကြားဖြတ်မပိတ်ပင်ပါဘူး။ ကလေးရဲ့ ယုံကြည်မှုကို မပျက်စီးစေဘဲ သူပြောချင်တဲ့အဓိပ္ပာယ်ကို အရင်ဆုံး နားထောင်ပေးပါတယ်။
✅ Positive Reinforcement (အပြုသဘောဆောင် လမ်းညွှန်ခြင်း) ကလေးပြောပြီးမှ တီချယ်က အမှန်ကို သဘာဝကျကျနဲ့ ထပ်ခါတလဲလဲ ပြောပြပြီး အတုယူစေပါတယ်။ အမှားလုပ်ခြင်းဟာ သင်ယူမှုရဲ့ လမ်းစဖြစ်ကြောင်း ကလေးကို နားလည်အောင် ရှင်းပြပါတယ်။
✅ Gamified Learning (ဂိမ်းများဖြင့် လေ့ကျင့်ခြင်း) Interactive ဂိမ်းတွေ၊ ဇာတ်ကောင်လေးတွေနဲ့ Role-play (သရုပ်ဆောင်ခြင်း) အသုံးပြုပြီး ကစားရင်းနဲ့ လေ့ကျင့်ပေးတဲ့အတွက် ကလေးတွေဟာ စာသင်နေရတယ်လို့ မခံစားရဘဲ ကြောက်စိတ်တွေ လျော့ပါးသွားစေပါတယ်။
အမှားလုပ်ရမှာကို မကြောက်တော့တဲ့ ကလေးတစ်ယောက်ဟာ အင်္ဂလိပ်စာတင်မကဘဲ ဘဝရဲ့ ဘယ်နေရာမှာမဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲလာမှာပါရှင်။ ❤️🚀
&learn
07/06/2026
ကိုယ့်ကလေးကို တစ်နေ့တည်းနဲ့ အင်္ဂလိပ်စာ တောက်လျှောက်ကြီး တတ်သွားစေချင်တာထက်... နေ့တိုင်း ခြေလှမ်းသေးသေးလေးတွေ လှမ်းခိုင်းဖို့က ပိုအရေးကြီးပါတယ်👣✨
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
တစ်ခါတလေကျရင် မိဘတွေက ကလေးကို စာအုပ်ကြီးတွေ အကြာကြီး ဖတ်ခိုင်းတာ၊ တစ်ထိုင်တည်းနဲ့ စကားလုံးအများကြီး အလွတ်ကျက်ခိုင်းတာမျိုး လုပ်မိတတ်ကြပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ ဦးနှောက်က အတင်းအကျပ် ဖိအားပေးတာထက် နေ့စဉ်နည်းနည်းချင်းစီ မှန်မှန်လေ့လာသွားတာကို ပိုပြီး မှတ်မိလွယ်ပါတယ်ရှင်။
ဒါကို ပညာရေးမှာ "The Compound Effect" (စုဆောင်းခြင်းရဲ့ အစွမ်း) လို့ ခေါ်ပါတယ်။
💡 တစ်နေ့ကို ၁၅ မိနစ်ပဲ ပုံမှန်လေ့လာရင် ဘာဖြစ်လာမလဲ။
• တစ်နေ့ကို အင်္ဂလိပ်စကားလုံးအသစ် (၃) လုံးပဲ သိမယ်ဆိုရင်...
• တစ်ပတ်မှာ စကားလုံး (၂၁) လုံး သိလာမယ်။
• တစ်လမှာ စကားလုံး (၉၀) ကျော် သိလာမယ်။
• တစ်နှစ်ဆိုရင်တော့ စကားလုံးပေါင်း (၁,၀၀၀) ကျော်ကို ကလေးက သဘာဝကျကျ အလိုလို တတ်မြောက်သွားမှာပါ။
အဲဒါကြောင့် ကြီးမားတောက်ပတဲ့ အိပ်မက်တွေ Big Dreams ဆီကို ရောက်ဖို့ဆိုတာ နေ့တိုင်း လှမ်းနေတဲ့ ခြေလှမ်းသေးသေးလေးတွေ Small Steps ကနေပဲ စတင်ရတာ ဖြစ်ပါတယ်။
Live & Learn ရဲ့ စာသင်ခန်းတွေမှာလည်း ကလေးတွေကို ပင်ပန်းမသွားစေဘဲ နေ့စဉ်တိုးတက်မှုကို အလေးထားတဲ့ သင်ကြားရေးစနစ်ကို ကျင့်သုံးပါတယ်။
ကလေးကို အဝုန်းအသိုင်း အလွတ်ကျက်ခိုင်းတာမျိုး မလုပ်ဘဲ၊
✅ နေ့စဉ် interactive games လေးတွေ၊ ပုံပြင်တိုလေးတွေနဲ့ တစ်ဆင့်ချင်းစီ Step-by-Step ယုံကြည်မှု တည်ဆောက်ပေးသွားတာ ဖြစ်ပါတယ်။
ကိုယ့်ကလေးရဲ့ နေ့စဉ်ခြေလှမ်းတိုင်းကို စိတ်ရှည်လက်ရှည်နဲ့ အားပေးစကား ပြောပေးလိုက်ရအောင်နော်။ ကလေးရဲ့ အနာဂတ်က တဖြည်းဖြည်းနဲ့ အံ့ဩစရာကောင်းလောက်အောင် လင်းလက်လာပါလိမ့်မယ်။ ❤️🌟
ကဲ... ဖေဖေ၊ မေမေတို့ရေ... 😊
ဒီနေ့ သားသားမီးမီးတို့ အင်္ဂလိပ်စာ လေ့လာတဲ့အခါမှာ လုပ်ဆောင်နိုင်ခဲ့တဲ့ "ခြေလှမ်းသေးသေးလေး" က ဘာဖြစ်မလဲရှင့်✨
&learn
05/06/2026
'A' ကို 'အက်ပဲ' လို့ပဲ သင်ပေးနေတုန်းပဲလား? 🍎
သားသားမီးမီးတို့ အင်္ဂလိပ်စာ အသံထွက် ပီပြင်ဖို့က Phonics အသံထွက်စနစ် ကနေ စတင်ရပါမယ်✨🚀
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ကျွန်မတို့ငယ်ငယ်က အင်္ဂလိပ်စာလုံးတွေကို အလွတ်ကျက်တဲ့အခါ "A-P-P-L-E Apple... အက်ပဲ" ဆိုပြီး စာလုံးတွေကို တစ်လုံးချင်းစီ စုပြီး ကျက်ခဲ့ကြဖူးပါတယ်ဟုတ်?
ဒါပေမဲ့ ဒီဘက်ခေတ် ကလေးတွေအတွက်တော့ စကားလုံးတွေကို အတင်းအကျပ် အလွတ်ကျက်ခိုင်းမယ့်အစား... အသံထွက်ရဲ့ အခြေခံ သဘောတရားဖြစ်တဲ့ Phonics ကို အရင်ဆုံး သင်ပေးဖို့ လိုအပ်ပါတယ်ရှင်။
💡 Phonics ဆိုတာ ဘာလဲ?
Phonics ဆိုတာ အင်္ဂလိပ်စာလုံး (Letters) တွေနဲ့ သူတို့ရဲ့ ထွက်ပေါ်လာတဲ့ အသံ (Sounds) တွေကြားက ဆက်နွှယ်မှုကို လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ 'A' ရဲ့ နာမည်က "အေ" ဖြစ်ပေမဲ့၊ သူ့ရဲ့ တကယ်ထွက်တဲ့ အသံ (Sound) က "အာ့ (Ah/Æ)" ဖြစ်ပါတယ်။
🌈 အိမ်မှာ ကလေးတွေကို Phonics အခြေခံလေးတွေ ဒီလို စတင်လေ့ကျင့်ပေးလို့ရပါတယ်:
📌 Letter A: Name က "အေ"... ဒါပေမဲ့ Sound က "Ah" (ဥပမာ - A-a-apple 🍎)
📌 Letter B: Name က "ဘီ"... ဒါပေမဲ့ Sound က "Buh" (ဥပမာ - B-b-ball ⚽)
📌 Letter C: Name က "စီ"... ဒါပေမဲ့ Sound က "Cuh" (ဥပမာ - C-c-cat 🐱)
📌 Letter D: Name က "ဒီ"... ဒါပေမဲ့ Sound က "Duh" (ဥပမာ - D-d-dog 🐶)
✨ Phonics သိထားတဲ့ကလေးတွေက ဘာတွေ ပိုထူးချွန်လာမလဲ?
✅ Reading Skill စကားလုံးအသစ်တွေကို အလွတ်ကျက်စရာမလိုဘဲ အသံတွေကို ပေါင်းစပ်ပြီး (Blending) ကိုယ်တိုင် ဖတ်တတ်လာပါတယ်။
✅ Pronunciation နိုင်ငံခြားသားတွေလို သဘာဝကျကျနဲ့ အသံထွက် ပိုမိုမှန်ကန် ပီပြင်လာပါတယ်။
✅ Listening Skill အသံထွက်တွေကို နားလည်သွားတဲ့အတွက် တပါးသူ အင်္ဂလိပ်လို စကားပြောတဲ့အခါ ပိုမို လွယ်ကူစွာ နားလည်သဘောပေါက်လာပါတယ်။
Live & Learn ရဲ့ စာသင်ခန်းတွေမှာလည်း သားသားမီးမီးတို့ ဘာသာစကားကို ပျော်ပျော်ရွှင်ရွှင်နဲ့ အခြေခံခိုင်မာအောင် Phonics အသံထွက်စနစ်ကို သီချင်းလေးတွေ၊ ဂိမ်းလေးတွေနဲ့ စနစ်တကျ ထည့်သွင်းသင်ကြားပေးနေပါတယ်ရှင်။❤️
ကဲ... ဖေဖေ၊ မေမေတို့ရေ... 😊
သားသားမီးမီးတို့ အိမ်မှာ အင်္ဂလိပ်စာ ဖတ်တဲ့အခါ အသံထွက် လွဲချော်တတ်တဲ့ စကားလုံးလေးတွေ ရှိလားဟင်? ရှိရင် Comment မှာ ရေးခဲ့ပေးပါဦးနော်။ တီချယ်တို့က Phonics နည်းလမ်းနဲ့ ဘယ်လိုပြင်ရမလဲဆိုတာ ပြန်လည်ဖြေကြားပေးသွားပါမယ်ရှင်။
ကလေးတို့ရဲ့ အင်္ဂလိပ်စာ အခြေခံကို အသံထွက်အမှန်ကနေ စတင်ပြီး 4-Skills လုံး စနစ်တကျ တိုးတက်စေချင်တယ်ဆိုရင်တော့ Live & Learn ရဲ့ အွန်လိုင်းအတန်းသစ်လေးတွေအတွက် အခုပဲ အသေးစိတ် လာရောက်စုံစမ်းနိုင်ပါပြီရှင် 📩✨
&learn
29/05/2026
ကမ္ဘာကြီးက ပိုကျဉ်းမြောင်းလာပေမဲ့... သင့်ကလေးရဲ့ အခွင့်အလမ်းတွေကတော့ ပိုပြီး ကျယ်ပြန့်လာနေပါတယ်🌍✨
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋 Live & Learn ကနေ သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် ခွန်အားဖြစ်စေမယ့် စကားလေးတစ်ခွန်း မျှဝေပေးချင်ပါတယ်ရှင်
အင်္ဂလိပ်စာ သင်ယူခြင်းဆိုတာ စာမေးပွဲတစ်ခု အောင်ဖို့တင် မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းအသစ်တွေ၊ အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းတွေနဲ့ ဗဟုသုတကမ္ဘာကြီးဆီကို သွားမယ့် "ရွှေသော့ချက်" တစ်ခုကို ကလေးတို့လက်ထဲ ထည့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ 🔑💡
Live & Learn ဆီမှာ သင်ယူမယ့် ကလေးတိုင်းဟာ အင်္ဂလိပ်စာတင် တော်လာမှာမဟုတ်ဘဲ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့၊ စဉ်းစားတွေးခေါ်မှု မြင့်မားတဲ့ "Global Citizens" လေးတွေ ဖြစ်လာဖို့အကောင်းဆုံး ပျိုးထောင်ပေးသွားမှာပါ။
တောက်ပတဲ့ ဇွန်လသစ်မှာ သားသားမီးမီးတို့ရဲ့ အောင်မြင်မှုခရီးစဉ်ကို Live & Learn နဲ့အတူ အတူတူ လျှောက်လှမ်းကြရအောင်နော်။ ❤️
&learn
27/05/2026
သားသားမီးမီးတို့က အင်္ဂလိပ်လို စာတစ်ကြောင်းချရေးဖို့အတွက်... ခဲတံလေးကိုင်ပြီး ဘာဆက်ရေးရမှန်းမသိဘဲ အကြာကြီး စဉ်းစားငေးငိုင်နေတတ်ပါသလား?✍🏼🧠
📍ကြောက်စိတ်က ကလေးတို့ရဲ့ ဖန်တီးနိုင်စွမ်းကို ပိတ်ပင်ထားတာ ဖြစ်နိုင်ပါတယ်။
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ကလေးတော်တော်များများမှာ အင်္ဂလိပ်စာ 4-Skills ထဲကမှ Writing ကိုလေ့ကျင့်တဲ့အခါ အကြီးမားဆုံး အဟန့်အတားတစ်ခု ရှိတတ်ပါတယ်။ အဲ့ဒါကတော့ "အမှားကို ကြောက်တဲ့စိတ်" (Fear of Making Mistakes) ပါပဲ။
စာမရေးခင်ကတည်းက ကလေးတွေရဲ့ စိတ်ထဲမှာ...
✍🏼ငါရေးလိုက်တဲ့ Grammar က မှားနေမလား?
✍🏼ဒီစကားလုံးရဲ့ Spelling က မှန်ရဲ့လား?
✍🏼မှားသွားရင် တီချယ်က ဆူမလား၊ အမှတ်တွေ အနှုတ်ခံရမလား?…ဆိုပြီး ကြိုတင်ပူပန်တတ်ကြပါတယ်။
ဒီလိုကြောက်စိတ်တွေကြောင့်ပဲ ကလေးတွေဟာ သူတို့စိတ်ထဲမှာရှိတဲ့ ကောင်းမွန်ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို စာအဖြစ် ထုတ်မရေးရဲတော့ဘဲ Writing ကို ပျင်းစရာ၊ ကြောက်စရာကြီးလို့ သတ်မှတ်သွားတတ်ကြပါတယ်။
ဒီအခက်အခဲကို Live & Learn ရဲ့ Online အတန်းတွေကနေ ဘယ်လို ကျော်လွှားပေးမလဲ? ✨
✅ Fluency Before Accuracy
အစပိုင်းမှာ စာလုံးပေါင်းနဲ့ Grammar အမှားတွေကို လိုက်အပြစ်ရှာပြီး စာအုပ်ပေါ်မှာ ဖောင်တိန်နီနဲ့ လိုက်ခြစ်တာမျိုး လုံးဝ မလုပ်ပါဘူး။ ကလေးတွေ သူတို့စိတ်ထဲရှိတာကို အရင်ဆုံး လွတ်လပ်စွာ ရဲရဲဝံ့ဝံ့ ချရေးရဲအောင် အားပေးပါတယ်။
✅ Creative Prompts & Story Starters
စာစီစာကုံးရေးပါ ဆိုပြီး ခေါင်းစဉ်တစ်ခုတည်း ပစ်ပေးလိုက်မယ့်အစား ပျော်စရာ ကာတွန်းပုံရိပ်လေးတွေပြပြီး "ဒီသူရဲကောင်းလေး နောက်ထပ် ဘာဆက်လုပ်မလဲ စာတစ်ကြောင်းလောက် ရေးကြည့်ရအောင်" ဆိုပြီး ကလေးတွေ စိတ်ဝင်စားမယ့်နည်းလမ်းနဲ့ စာရေးချင်စိတ်ကို နှိုးဆွပေးပါတယ်။
✅ Interactive Digital Whiteboards
Online ကနေ သင်ယူရတာမို့ Interactive Whiteboard ပေါ်မှာ တီချယ်နဲ့အတူတူ စကားလုံးလေးတွေ၊ Graphic လေးတွေ ရွှေ့ရင်း၊ ဆွဲရင်းနဲ့ စာကြောင်းလေးတွေ တည်ဆောက်တတ်အောင် ပျော်ပျော်ပါးပါး လေ့ကျင့်ပေးပါတယ်။
အမှားလုပ်ရမှာကို မကြောက်တော့တဲ့အခါ ကလေးတွေရဲ့ Writing Skill ဟာ အံ့ဩစရာကောင်းလောက်အောင် ဒုန်းစိုင်းတိုးတက်လာမှာပါရှင်။ 🚀❤️
ဇွန်လမှာ စတင်မယ့် Live & Learn ရဲ့ Online Class လေးတွေမှာ ကလေးတို့ရဲ့ 4-Skills လုံးကို အခြေခံကစပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမှာမို့လို့ အခုပဲ Messenger ကနေ အသေးစိတ် စုံစမ်းနိုင်ပါပြီရှင်📩✨
&learn
25/05/2026
မိဘတိုင်းရဲ့ အကြီးမားဆုံး အိပ်မက်ဟာ... သားသားမီးမီးတို့ရဲ့ တောက်ပတဲ့ အနာဂတ်ကို မြင်တွေ့ရဖို့ပဲ မဟုတ်လား🌟✨
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ကလေးတစ်ယောက်ရဲ့ အနာဂတ်ဆိုတာ သူတို့အခုလက်ရှိ လေ့လာသင်ယူနေတဲ့ အလေ့အကျင့်တွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ကမ္ဘာကြီးက တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ သားသားမီးမီးတို့အတွက် အခွင့်အလမ်းသစ်တွေကလည်း စောင့်ကြိုနေမှာ အသေအချာပါပဲနော်။
အဲ့ဒီ တောက်ပတဲ့ အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ သူတို့အတွက် အကောင်းဆုံး 'သော့ချက်' တစ်ခုကတော့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု ပါပဲ။ 🔑🌍
Live & Learn မှာယုံကြည်ထားတာတစ်ခု ရှိပါတယ်။ ကလေးတိုင်းဟာ မွေးရာပါ ထက်မြက်ပြီးသားဖြစ်လို့ သူတို့ရဲ့ အနာဂတ်ဟာ အရမ်းကို လင်းလက်တောက်ပနေပါတယ်။ ကျွန်မတို့ရဲ့ တာဝန်ကတော့...
📌စာတွေကို အတင်းအကျပ် အလွတ်ကျက်ခိုင်းပြီး သင်ယူမှုကို ငြီးငွေ့သွားစေတာမျိုး မဟုတ်ဘဲ၊
✅ သူတို့မှာရှိတဲ့ အရည်အချင်းတွေကို အကောင်းဆုံး ဆွဲထုတ်ပေးပြီး ယုံကြည်မှုအပြည့်နဲ့ ကမ္ဘာကြီးကို ရင်ဆိုင်ရဲလာအောင် ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။
Live & Learn ရဲ့ Interactive Online Class တွေကနေတဆင့် ကလေးတွေဟာ ကမ္ဘာ့အဆင့်မီ နည်းပညာတွေ၊ ပျော်စရာ Activities တွေနဲ့ အင်္ဂလိပ်စာ 4-Skills လုံးကို အိမ်ကနေတင် အထိရောက်ဆုံး လေ့ကျင့်သွားနိုင်မှာပါ။ 💻🚀
ဖေဖေ၊မေမေတို့ကလေးရဲ့ အနာဂတ်ကို အင်္ဂလိပ်စာစွမ်းရည်နဲ့အတူ ပိုမိုတောက်ပ၊ ပိုမိုအစွမ်းထက်လာအောင် Live & Learn နဲ့အတူ အခုပဲ အစပျိုးလိုက်ရအောင်နော်။ ❤️
&learn
22/05/2026
စာအုပ်ထဲကစာတင်မကဘဲ... ကမ္ဘာကြီးနဲ့ရင်ပေါင်တန်းနိုင်မယ့် မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးဖို့ Live & Learn မှာ ကြီးမားတဲ့ မျှော်မှန်းချက်တစ်ခု ရှိပါတယ်။ 🌍✨
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ကျွန်မတို့ Live & Learn Online အင်္ဂလိပ်စာသင်တန်းကျောင်းကို စတင်တည်ထောင်ကတည်းက စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတဲ့ "Vision" တစ်ခု ရှိပါတယ်။
အဲ့ဒါကတော့ ကလေးတွေကို အင်္ဂလိပ်စာ စာမေးပွဲအောင်ဖို့၊ အမှတ်ကောင်းဖို့တင် သက်သက်မဟုတ်ဘဲ... ဘာသာစကားကို "လက်တွေ့ဘဝ" (Live) မှာ ကောင်းကောင်းအသုံးချပြီး "စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သူ" (Learn) တွေ ဖြစ်လာစေဖို့ပဲ ဖြစ်ပါတယ်။
🚀 Live & Learn ရဲ့ အဓိက Vision (၃) ချက်ကတော့ -
📌 To Build Global Citizens
အင်္ဂလိပ်စာဆိုတာ သားသားမီးမီးတို့အတွက် ကမ္ဘာကြီးနဲ့ ဆက်သွယ်မယ့် တံခါးပေါက်တစ်ခုပါ။ နိုင်ငံတကာက ဗဟုသုတတွေကို ကိုယ်တိုင်ရှာဖွေနိုင်ပြီး ရဲရဲဝံ့ဝံ့ ရင်ပေါင်တန်းနိုင်တဲ့အထိ စွမ်းရည်မြင့်မားလာစေရပါမယ်။
📌To Drive Confidence Over Fear 🗣️✨
ကလေးတွေက အင်္ဂလိပ်လိုပြောဖို့၊ အမှားလုပ်မိမှာကို မကြောက်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုရဲတဲ့ Confident Learners တွေ ဖြစ်လာစေရပါမယ်။
📌To Make Learning an Adventure
Online ကနေ သင်ယူပေမဲ့ ပျင်းစရာကောင်းတဲ့ အလွတ်ကျက်စနစ်ကို ရိုက်ချိုးပြီး Interactive နည်းပညာတွေနဲ့ ကလေးတွေ နေ့တိုင်း တက်ကြွစွာ တက်ချင်နေမယ့် စာသင်ခန်းမျိုး ဖြစ်စေရပါမယ်။
"Live today, Learn for tomorrow" ဒီနေ့မှာ လက်တွေ့ရှင်သန်ပြီး မနက်ဖြန်အတွက် အကောင်းဆုံး လေ့လာပြင်ဆင်ကြမယ်။
Live & Learn နဲ့အတူ ဖေဖေမေမေတို့ကလေးရဲ့ တောက်ပတဲ့ အနာဂတ်ခရီးလမ်းကို အတူတူ ပုံဖော်ထုဆစ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ❤️
&learn
20/05/2026
သားသားမီးမီးတို့က အင်္ဂလိပ်လို နားထောင်တဲ့အခါ... စကားလုံးတစ်လုံးချင်းစီကို လိုက်တွေးနေရင်းနဲ့ပဲ ကျန်တဲ့စာတွေကို နားမလည်တော့ဘဲ မျက်စိပျက်မျက်နှာပျက် ဖြစ်သွားဖူးလား🎧😥
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ကလေးတော်တော်များများမှာ အင်္ဂလိပ်လို တစ်ယောက်ယောက်က လာပြောရင် ဖြစ်ဖြစ်၊ Audio ဖိုင်တွေ နားထောင်ရရင်ဖြစ်ဖြစ် ဖြစ်လာတတ်တဲ့ "Listening Anxiety" ဆိုတဲ့ စိုးရိမ်စိတ်တစ်ခု ရှိတတ်ကြပါတယ်။
ကလေးတွေက တစ်ခါတလေ စကားပြော မြန်မြန်ဆန်ဆန် ကြားလိုက်ရတဲ့အခါ...
📍မသိတဲ့ စကားလုံးတစ်လုံး ပါလာတာနဲ့ အဲ့ဒီတစ်လုံးထဲကိုပဲ အာရုံရောက်ပြီး အဓိပ္ပာယ် လိုက်ကောက်နေတတ်ကြတယ်။
📍အဲ့ဒီလို လိုက်တွေးနေရင်း နောက်က ပြောသွားတဲ့ စကားတွေကိုပါ လုံးဝ လွတ်သွားပြီး ငါတော့ နားမလည်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျ စိုးရိမ်သွားတတ်ကြပါတယ်။
ဒါကို "Word-by-Word Listening Trap" လို့ ခေါ်ပါတယ်။
ဒီလို နားထောင်မှုဆိုင်ရာ စိုးရိမ်စိတ်တွေကို Live & Learn က ဘယ်လို ကျော်လွှားပေးမလဲ❓✨
Live & Learn မှာတော့ ကလေးတွေကို အတင်းအကျပ် နားထောင်ခိုင်းပြီး မေးခွန်းတွေ မေးတာမျိုး မလုပ်ဘဲ…
✅ Context-Based Listening
စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ထက် တစ်ကြောင်းလုံးက ဘာကို ဆိုလိုတာလဲဆိုတဲ့ ပတ်ဝန်းကျင်အခြေအနေကို ပုံပြင်တွေ၊ ရုပ်ရှင်တိုလေးတွေကတဆင့် ခန့်မှန်းတတ်အောင် သင်ပေးပါတယ်။
✅ Visual Support
အစပိုင်းမှာ နားထောင်ရုံသက်သက်မဟုတ်ဘဲ ရောင်စုံရုပ်ပုံလှလှလေးတွေ၊ ကာတွန်းလေးတွေနဲ့ တွဲဖက်ပြသပေးတဲ့အတွက် ကလေးတွေဟာ စိုးရိမ်စိတ်မရှိဘဲ သဘာဝအတိုင်း မှတ်မိနားလည်လာစေမှာဖြစ်ပါတယ်။
✅ Fun Listening Games
"Simon Says" လိုမျိုး၊ ဒါမှမဟုတ် ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရတဲ့ ပျော်စရာဂိမ်းလေးတွေ ကစားရင်းနဲ့ ကလေးတွေဟာ သူတို့ကိုယ်သူတို့ စာသင်နေတယ်လို့ မထင်မှတ်ဘဲ Listening Skill တက်လာမှာပါရှင်။
အင်္ဂလိပ်လို ကြားလိုက်တာနဲ့ ထိတ်လန့်မသွားဘဲ စိတ်အေးအေးထားပြီး နားလည်သဘောပေါက်နိုင်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ Live & Learn က အကောင်းဆုံး ပျိုးထောင်ပေးပါရစေနော်။❤️
ဇွန်လမှာ စတင်မယ့် Live & Learn ရဲ့ Online Class လေးတွေမှာ ကလေးတို့ရဲ့ 4-Skills လုံးကို အခြေခံကစပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးသွားမှာမို့လို့ အခုပဲ Messenger ကနေ အသေးစိတ် စုံစမ်းနိုင်ပါပြီရှင်📩✨
&learn
18/05/2026
မိဘကိုယ်တိုင်က ကလေးရဲ့ ပထမဆုံးနဲ့ အကောင်းဆုံး အင်္ဂလိပ်စာ ဆရာမ ဖြစ်လာနိုင်မယ့် အခွင့်အရေး🧠✨
မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ... 👋
ကိုယ့်ကလေးကို အင်္ဂလိပ်စာ တော်စေချင်တယ်... အိမ်မှာလည်း အင်္ဂလိပ်လို အပြန်အလှန် ပြောပေးချင်တယ်... ဒါပေမဲ့ ကိုယ်တိုင်က အသံထွက် မှန်ပါ့မလား၊ ဘယ်လိုစပြောရမလဲ မသိဘူးဖြစ်နေလား🤔❔
ကလေးတွေရဲ့ ဘာသာစကားသင်ယူမှုမှာ မိဘတွေရဲ့ Role က ၅၀% မက အရေးကြီးပါတယ်။ ကျောင်းမှာ ဘယ်လောက်ပဲ သင်သင်၊ အိမ်မှာ အပြန်အလှန် ပြောပေးမယ့်သူရှိမှ ကလေးရဲ့ အင်္ဂလိပ်စာကသိသိသာသာတိုးတက်လာမှာပါရှင်။
Live & Learn ကနေ မေမေ၊ ဖေဖေတို့ရဲ့ စိုးရိမ်စိတ်တွေကို ဖြေရှင်းပေးဖို့... "English for Parents" အွန်လိုင်းအတန်းလေးကို သီးသန့်ဖွင့်လှစ်ပေးလိုက်ပါပြီ🎉🚀
🌟 ဒီ Class မှာ မေမေတို့ ဘာတွေ ရရှိမလဲ?
✅ Daily Conversations
အိမ်မှာ ကလေးနဲ့ မနက်မိုးလင်းကနေ ညအိပ်ရာဝင်အထိ သဘာဝကျကျ အသုံးချနိုင်မယ့် စကားပြောပုံစံများ
✅ Phonics & Pronunciation
ကလေးကို အသံထွက်အမှန် ပြန်ပြင်ပေးနိုင်ဖို့ မိဘကိုယ်တိုင် အသံထွက် (Accent) မှန်ကန်အောင် လေ့ကျင့်ပေးခြင်း
✅ Home Teaching Tips
ကလေး စာသင်ရမှာ ပျင်းတဲ့အခါ ပျော်စရာဂိမ်းလေးတွေပြောင်းပြီး အိမ်မှာ ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ နည်းလမ်းကောင်းများ
ကိုယ့်ကလေး ရှေ့မှာ ယုံကြည်မှုရှိရှိနဲ့ အင်္ဂလိပ်လို Guide ပေးနိုင်တဲ့ Super Mom တွေ Super Dad တွေဖြစ်ဖို့ အခုပဲ ပြင်ဆင်လိုက်ရအောင်။ Online ကနေ သက်တောင့်သက်သာ တက်ရောက်ရမှာမို့ အိမ်လုပ်ငန်းခွင်တွေကြားထဲ အချိန်ညှိရတာလည်း လုံးဝ အဆင်ပြေစေရမယ်လို့ အာမခံပါတယ်ရှင်။ ✨🏠
လူဦးရေ ကန့်သတ်ချက်ရှိလို့ ဇွန်လ batch မှာ အမှီတက်ချင်တဲ့ မေမေ၊ ဖေဖေတို့ အခုပဲ Messenger ကနေ လာရောက်စာရင်းပေးသွင်းနိုင်ပါပြီရှင်📩🎁
&learn
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11421