MediLab Technical Service Provider Group - MLTS
Your Trusted Partner for Lab Diagnostics, Medical Equipment and Engineering
17/08/2026
Autoclave လည်နေရုံနဲ့တင် တကယ်ရော ပိုးစင်ရဲ့လား... ⚠️⚙️
စက်တော့ လည်နေတာပဲ၊ ဒါပေမဲ့ Process က တစ်ခုခု လွဲနေသလိုပဲ..." ဆိုပြီး customer ဘက်က အကြောင်းကြားလာတာနဲ့ သွားရောက်စစ်ဆေးပေးခဲ့ပါတယ်။
စစ်ဆေးကြည့်တဲ့အခါ Autoclave ရဲ့ Running process မမှန်တာကို တွေ့ရပါတယ်။ အပူချိန်၊ ဖိအားနဲ့ အချိန် (Temperature, Pressure, Time) ထိန်းညှိမှုမှာ လွဲချော်နေရင် စက် ဘယ်လောက်ပဲလည်လည် တကယ့် ပိုးသတ်ခြင်း (Sterilization) အပြည့်အဝ မရနိုင်ပါဘူး။
🛠️ ဒီတစ်ခေါက် သွားရောက်ပြုပြင်ပေးခဲ့တဲ့ အဓိကအချက်များ -
Root Cause ရှာဖွေခြင်း: Process error တကယ်ဖြစ်နေတဲ့ နေရာကို တိတိကျကျ စစ်ဆေးဖော်ထုတ်ခဲ့ပါတယ်။
System Calibration & Repair: Process တစ်ခုလုံး ပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်အောင် စနစ်တကျ ပြုပြင်ပေးခဲ့ပါတယ်။
Knowledge Sharing (အရေးကြီးဆုံးအချက်): စက်ကို ပြင်ပေးရုံတင် မဟုတ်ဘဲ Customer ဘက်က အမြဲသတိထားနိုင်အောင် -
Normal Process (မှန်ကန်သော အလုပ်လုပ်ပုံ): ဘယ်လို Parameter တွေပြနေရင် စက်ပုံမှန်အလုပ်လုပ်နေလဲ။
Abnormal Process (မမှန်ကန်သော အလုပ်လုပ်ပုံ): ဘယ်လို လက္ခဏာပြရင်/Error တက်ရင် သတိထားရမလဲ ဆိုတာကို သေသေချာချာ ရှင်းပြမျှဝေခဲ့ပါတယ်။
💡 Autoclave သုံးစွဲသူများအတွက် နည်းပညာအကြံပြုချက်:
Autoclave ဆိုတာ ပစ္စည်းတွေကို သန့်စင်ဖို့ သုံးတာဖြစ်လို့ Process မမှန်ရင် ပိုးမစင်ဘဲ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်ပါတယ်။ စက်အသံကြားရုံ၊ Timer ပတ်နေရုံနဲ့ မပြီးဘဲ Pressure gauge နဲ့ Temp display တွေရဲ့ Correlation (ဆက်စပ်မှု) ပုံမှန် ဟုတ်/မဟုတ် ပုံမှန်စစ်ပေးဖို့ လိုပါတယ်။
ကျနော်တို့ဘက်ကတော့ စက်ပြင်ပေးရုံတင်မကဘဲ သုံးစွဲသူတွေ စိတ်အေးချမ်းစွာနဲ့ စက်ကို စနစ်တကျ သုံးစွဲနိုင်အောင်ပါ အမြဲ အလေးထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မိတ်ဆွေတို့ အသုံးပြုနေတဲ့ စက်တွေနဲ့ ပတ်သတ်ပြီး Maintenance ပြုလုပ်ချင်တာပဲ ဖြစ်ဖြစ်၊ Servicing ပြုလုပ်ချင်တာပဲ ဖြစ်ဖြစ် ကျတော်တို့ MLTS ကို ဆက်သွယ်လိုက်ပါခင်ဗျ။
09957812598
27/07/2026
👉 လူနာအတွက် အသက်တမျှ အရေးကြီးတဲ့ Oxygen Concentrator တစ်လုံး အလုပ်လုပ်နေရင်း ရုတ်တရက် ဘာကြောင့် ထိုးရပ်သွားတာလဲ?❓⁉️❓
ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ၊ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အကူအညီပေးတဲ့ Oxygen Concentrator လို Critical Care စက်ပစ္စည်းတွေဆိုတာ အရေးပေါ်အချိန်မှာ အလွန်တရာ အရေးကြီးပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ကျွန်တော်တို့ ပြုပြင်ပေးခဲ့ရတဲ့ Oxygen Concentrator တစ်လုံးကတော့ အသုံးပြုနေရင်း ရုတ်တရက် ထိုးရပ်သွားတဲ့ ပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
စက်ကို အသေးစိတ် စစ်ဆေး (Troubleshooting) ကြည့်လိုက်တဲ့အခါ အဓိက ချို့ယွင်းချက် ၃ ချက်ကို တွေ့ရှိခဲ့ရပါတယ်—
၁။Filters များ ပိတ်ဆို့နေခြင်း: လေဝင်လေထွက် စစ်ထုတ်စနစ် (Filters) တွေ အလွန်အမင်း ပိတ်ဆို့နေတာကြောင့် စက်ကို ဝန်ပိုဖြစ်စေပါတယ်။
၂။Oxygen Purity ကျဆင်းခြင်း: စက်လည်နေပေမဲ့ လူနာအတွက် လိုအပ်တဲ့ အောက်ဆီဂျင် သန့်စင်မှု ရာခိုင်နှုန်း (Purity) မပြည့်ဝတော့ပါ။
၃။Power Supply ပျက်စီးခြင်း: Overload (ဝန်ပိုအားများလွန်းခြင်း) ဖြစ်တဲ့ဒဏ်ကြောင့် Power Supply ထဲမှာပါတဲ့ Capacitor တစ်လုံး လောင်ကျွမ်းပျက်စီးသွားတာကို တွေ့ရှိရပါတယ်။
🛠️ ဘယ်လို ဖြေရှင်းပေးခဲ့လဲ?
ဒီပြဿနာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ အောက်ပါအတိုင်း အဆင့်လိုက် ဖြေရှင်းပေးခဲ့ပါတယ်—
Modular Sieve Bed လဲလှယ်ခြင်း: အောက်ဆီဂျင် သန့်စင်မှုကို ပုံမှန်အတိုင်း ပြန်လည်ရရှိစေရန် Modular Sieve Bed အသစ်ကို အစားထိုး တပ်ဆင်ပေးခဲ့ပါတယ်။
Filters ပြဿနာ ဖြေရှင်းခြင်း: Filters တွေ အမြန်ပိတ်ရတဲ့ အကြောင်းရင်းကို အမြစ်ပြတ် ရှာဖွေပြီး နောင်ထပ် မဖြစ်အောင် ရှင်းလင်းပြင်ဆင်ပေးခဲ့ပါတယ်။
Power Supply ပြုပြင်ခြင်း: Overload ကြောင့် လောင်သွားတဲ့ Capacitor နေရာမှာ သတ်မှတ်စံချိန်မီ ပစ္စည်းအသစ်ကို ရှာဖွေတပ်ဆင်ပေးကာ လျှပ်စစ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ပေးခဲ့ပါတယ်။
ယခုအခါမှာတော့ စက်က Oxygen Purity မှန်ကန်ပြည့်ဝစွာနဲ့ လူနာအတွက် အသင့်အနေအထားအတိုင်း အကောင်းဆုံး ပြန်လည်လည်ပတ်နေပြီ ဖြစ်ပါတယ်။
💡 BME ကျွမ်းကျင်သူ၏ အကြံပြုချက်
ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေဟာ ပုံမှန် Preventive Maintenance (PM) လုပ်ဖို့ အလွန်အမင်း အရေးကြီးပါတယ်။ အချိန်မီ မစစ်ဆေးရင် အရေးကြီးတဲ့ အရေးပေါ်အချိန်တွေမှာ ရုတ်တရက် ထိခိုက်ပျက်စီးတတ်ပါတယ်။
သင်တို့ရဲ့ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်သုံး ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ကျွမ်းကျင်ပညာရှင်ဖြင့် စစ်ဆေးပြုပြင်လိုပါက ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။
#အောက်စီဂျင်
Load Heater Coil ဖြုတ်ထားလျက်နဲ့ ဘာလို့ Chassis Body မှာ Shock ကျနေတာလဲ?
⚡⚡စက်ပြင်တဲ့သူတိုင်း တစ်ခါမဟုတ်တစ်ခါတော့ ကြုံဖူးကြမှာပါ။
စက်တစ်ခုက ဓာတ်လိုက်နေလို့ စစ်ဆေးကြည့်တယ်။ သံသယဖြစ်ဖွယ် Heater Coil ကို ဖြုတ်လိုက်တယ်။ ဒါပေမဲ့... Power ပြန်ပေးလိုက်တဲ့အခါ စက်ကိုယ်ထည် (Chassis) က Shock ကျနေဆဲပဲ။
ဘာဖြစ်လို့လဲ?
"Heater လည်း မရှိတော့ဘူးလေ၊ ပြီးတော့ Resistance တိုင်းကြည့်တော့လည်း ၁၈၅ Ohm နဲ့ ပုံမှန်ပဲ" ဆိုပြီး ခေါင်းခြောက်နေတတ်ကြပါတယ်။ ဒီအခြေအနေဟာ BME (Biomedical Engineer) တစ်ယောက်အတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ "Electrical Mystery" တစ်ခုပါပဲ။
🔴🔴🔴
၁။ Resistance ကောင်းတိုင်း Insulation ကောင်းတာ မဟုတ်ဘူး
ကျွန်တော်တို့ Multimeter နဲ့ တိုင်းတဲ့အခါ (Low Voltage 3V-9V) နဲ့ တိုင်းကြတာပါ။ ဒါပေမဲ့ တကယ့်အလုပ်လုပ်ချိန်မှာ 220V AC ဝင်လာပါတယ်။ Heater Element ရဲ့အတွင်းပိုင်း Insulation (Magnesium Oxide) တွေ အသက်အရွယ်ရလာတဲ့အခါ၊ ဒါမှမဟုတ် အစိုဓာတ်ဝင်တဲ့အခါ Multimeter က မဖမ်းမိနိုင်တဲ့ "Insulation Weakness" တွေ ရှိလာတတ်ပါတယ်။
ဒါကို နည်းပညာအရ "Dielectric Breakdown under Load" လို့ ခေါ်ပါတယ်။ Power မပေးခင်မှာတော့ အေးဆေးပါပဲ၊ Power ပေးလိုက်တာနဲ့ High Voltage ကြောင့် Insulation ကို ဖောက်ထွက်ပြီး Chassis ဆီကို လျှပ်စစ် ခုန်ကူးသွားတာပါ။
✍️✍️✍️
2.Relay တွေ၊ ဝါယာတွေ စုပြုံနေတဲ့ ဒီလို Layout မျိုးမှာ Leakage ဖြစ်နိုင်တဲ့နေရာ (၃) ခု ရှိပါတယ်။
EMI/RFI Filter: Input နားက Y-class Capacitor တွေ ပေါက်နေရင် Power ပေးတာနဲ့ Chassis ပေါ် လျှပ်စစ် တန်းရောက်ပါတယ်။
Wiring Harness: Relay တွေရဲ့ အောက်မှာ ဝါယာတွေက Chassis ထောင့်ချွန်းတွေနဲ့ ပွတ်တိုက်နေသလား?
The Missing Ground: အရေးကြီးဆုံးအချက်ပါ။ စက်မှာ Leakage အနည်းငယ် ရှိနေတာကို Ground ဝါယာက မြေကြီးထဲ မပို့ပေးနိုင်ရင်၊ အဲဒီ Leakage Current တွေဟာ Chassis ပေါ်မှာပဲ ပိတ်မိနေပြီး ကိုင်လိုက်တဲ့သူက "Ground Path" ဖြစ်သွားပြီး ဓာတ်လိုက်တော့တာပါ။
🤔🤔🤔
၃။ BME တို့ရဲ့ Detective Work
ဒီလိုအခြေအနေမျိုးမှာ "Heater ကို ဖြုတ်ပြီး စမ်းသပ်ခြင်း" ဟာ အကောင်းဆုံးခြေလှမ်းပါ။
Heater ကို ဖြုတ်လိုက်ပြီးမှ Shock ပျောက်သွားရင် -> Heater Element ရဲ့ Insulation ပျက်နေတာ သေချာပါပြီ။ (Megger Test သို့မဟုတ် High Voltage Test လုပ်ကြည့်ရင် ပိုသေချာပါတယ်)။
Heater ကို ဖြုတ်လျက်နဲ့တောင် Shock ကျနေသေးရင် -> စက်ရဲ့ Power Distribution Path (Relay Base, Wiring, EMI Filter) တစ်ခုခုမှာ Leak ဖြစ်နေပါပြီ။
Conclusion: ဘာသင်ခန်းစာ ရသလဲ?
"Load ကို ဖြုတ်လိုက်တာတောင် ဓာတ်လိုက်နေတယ်" ဆိုတဲ့အချက်က ကျွန်တော်တို့ကို စက်ရဲ့ Power Path တစ်လျှောက်ကို သေချာစစ်ဆေးဖို့ သတိပေးနေတာပါ။ စက်ပြင်တယ်ဆိုတာ အစိတ်အပိုင်းလဲရုံသက်သက် မဟုတ်ပါဘူး။ ပျက်စီးနေတဲ့ အစိတ်အပိုင်း နောက်ကွယ်က "ဘာကြောင့် ဖြစ်ရတာလဲ" ဆိုတဲ့ Root Cause ကို ရှာဖွေခြင်းဟာ အစစ်မှန်ဆုံး ကျွမ်းကျင်မှုပါပဲ။
Safety First: အလုပ်လုပ်တဲ့အခါ အမြဲတမ်း RCD/ELCB သုံးပါ၊ အရေးကြီးဆုံးကတော့ Earth (Grounding) စနစ်ကို အမြဲစစ်ဆေးဖို့ မမေ့ပါနဲ့။
သင်ရော... ဒီလို "အဖြေရှာရခက်တဲ့ Shock ပြဿနာ" မျိုး ကြုံဖူးပါသလား? ဘယ်လို ဖြေရှင်းခဲ့ရလဲ ဆိုတာ Comment မှာ ဆွေးနွေးပေးသွားပါဦး။
စက်ပစ္စည်းပိုင်းဆိုင်ရာ Error တစ်ခုခုကြောင့် စိတ်ညစ်နေရပြီလား?
တိကျမှန်ကန်တဲ့ Repair ဝန်ဆောင်မှုကို လိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ဆီကို အချိန်မရွေး တိုင်ပင်နိုင်ပါတယ်။
MediLab Technical Service Provider Group - MLTS
📞 [09-957812598/09798957795]
💬 Messenger မှာလည်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
#သွေးစစ်စက် #စက်ပြင်
#စက်ပြင်
28/06/2026
တိရစ္ဆာန်လေးတွေရဲ့ အသက်အန္တရာယ်က "တိကျမှန်ကန်တဲ့ ရောဂါရှာဖွေမှု" ပေါ်မှာ မူတည်နေပါတယ်။ 🩺🐾
Vet Clinic တစ်ခုမှာ ဆရာဝန်တွေအတွက် အသက်သွေးကြောလို အရေးပါတဲ့ စက်က အလုပ်မလုပ်တော့တဲ့အခါ ဘာတွေဖြစ်လာမလဲ?
ဒီနေ့တော့ Clinic တစ်ခုမှာ နေ့စဉ်အသုံးပြုနေတဲ့ Haematology Analyzer စက်တစ်လုံးရဲ့ Error ကို သွားရောက်ဖြေရှင်းပေးဖြစ်ခဲ့ပါတယ်။
အခြေအနေမှာ...
စက်က WBC, RBC နဲ့ Platelet တန်ဖိုးတွေကို အမြဲတမ်း Background တက်ပြီး ပြနေတာပါ။ ပြောရမယ်ဆိုရင် "မှားယွင်းနေတဲ့ အချက်အလက်တွေ" ကို စက်က ထုတ်ပေးနေတာပါ။ ဒီအတိုင်းဆိုရင် ရောဂါရှာဖွေမှုမှာ အမှားအယွင်းတွေ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အနေအထားပါ။
ကျွန်တော် ဘာတွေလုပ်ပေးခဲ့လဲ?
ဒီလိုပြဿနာမျိုးမှာ "တူထုရိုက်" ပြင်လို့ မရပါဘူး။
အသေးစိတ် စနစ်တကျ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
✅ Chamber Deep Cleaning: အတွင်းပိုင်းမှာ ပိတ်ဆို့နေတာတွေကို စနစ်တကျ သန့်စင်ပေးခဲ့ပါတယ်။
✅ Ground Testing: စက်ရဲ့ လျှပ်စစ်စီးဆင်းမှုနဲ့ Noise တွေကို တိုင်းတာပြီး အနှောင့်အယှက်ကင်းတဲ့ စနစ်ဖြစ်အောင် ပြန်လည်ချိန်ညှိပေးခဲ့ပါတယ်။
✅ Calibration Check: နောက်ဆုံးမှာတော့ တန်ဖိုးတွေ အကုန်လုံး မှန်ကန်စေဖို့ စက်ကို စမ်းသပ်မှုတွေ ပြန်လုပ်ပေးခဲ့ပါတယ်။
အခုဆိုရင်တော့ စက်လေးက အရင်ကထက်ပိုပြီး တိကျသေချာစွာ အလုပ်ပြန်လုပ်နေပါပြီ။ 🙏
Lab စက်ပစ္စည်းတွေက အမြဲတမ်း အသင့်ရှိနေဖို့ လိုပါတယ်။
စက်ပစ္စည်းပိုင်းဆိုင်ရာ Error တစ်ခုခုကြောင့် စိတ်ညစ်နေရပြီလား?
တိကျမှန်ကန်တဲ့ Repair ဝန်ဆောင်မှုကို လိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ဆီကို အချိန်မရွေး တိုင်ပင်နိုင်ပါတယ်။
MediLab Technical Service Provider Group - MLTS
📞 [09-957812598/09798957795]
💬 Messenger မှာလည်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
#သွေးစစ်စက် #စက်ပြင်
25/06/2026
Dental Autoclave (ပိုးသတ်စက်) ရဲ့ Pressure မတက်ရခြင်း တရားခံကို ရှာဖွေပြုပြင်ခြင်း
Dental Clinic တွေမှာ အရေးအကြီးဆုံးဖြစ်တဲ့ ပိုးသတ်စက် (Autoclave) ရုတ်တရက် အလုပ်မလုပ်တော့ရင် ဆေးခန်းလုပ်ငန်းစဉ်တွေ နှောင့်နှေးကုန်တတ်ပါတယ်။
မကြာသေးခင်က ဆေးခန်းတစ်ခုက Autoclave စက် "Pressure လုံးဝမတက်ဘဲ ဖြစ်နေလို့" ကျွန်တော်တို့အဖွဲ့ သွားရောက်စစ်ဆေး ပြုပြင်ပေးခဲ့ပါတယ်။
🔍 ဘာတွေ စစ်ဆေးတွေ့ရှိခဲ့လဲ?
စက်ကို အသေးစိတ် Check လုပ်ကြည့်တဲ့အခါမှာတော့ -
Temperature Sensor ချို့ယွင်းနေခြင်း: အပူချိန်ပြ sensor မကောင်းတော့တဲ့အတွက် Control System ကနေ Solenoid Valve ကို ပိတ်/ဖွင့်ဖို့ Signal မပေးနိုင်တော့ဘဲ Valve အလုပ်မလုပ်တော့တာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ စက်ထဲမှာ Pressure တက်မလာရခြင်း ဖြစ်ပါတယ်။
Relay ပျက်စီးနေခြင်း: ဒါ့အပြင် Circuit Board ပေါ်က လျှပ်စီးပတ်လမ်းကို ထိန်းချုပ်ပေးတဲ့ Relay တစ်လုံးလည်း လောင်ပြီး ပျက်စီးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
🛠️ ဘယ်လို ပြုပြင်ပေးခဲ့လဲ?
အလုပ်မလုပ်တော့တဲ့ ချို့ယွင်းနေတဲ့ Temperature Sensor ကို အသစ်လဲလှယ်ပေးခဲ့ပါတယ်။
Circuit Board ပေါ်က ပျက်စီးနေတဲ့ Relay ကို အစားထိုး လဲလှယ် တပ်ဆင်ပေးခဲ့ပါတယ်။
ပြင်ဆင်ပြီးနောက် Solenoid Valve ပုံမှန် ပြန်လည်အလုပ်လုပ်စေပြီး Pressure လည်း သတ်မှတ်ချက်အတိုင်း ကောင်းမွန်စွာ တက်လာအောင် စမ်းသပ်မောင်းနှင် (Test Run) ပေးခဲ့ပါတယ်။
အခုဆိုရင်တော့ အဆိုပါ Dental Clinic က Autoclave စက်ကြီး ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားပြီး လူနာတွေအတွက် ဆေးခန်းသုံးပစ္စည်းတွေကို စိတ်ချလက်ချ ပိုးသတ်နိုင်ပြီ ဖြစ်ပါတယ်။
ဆေးခန်းသုံး စက်ပစ္စည်းများ ချို့ယွင်းမှုကြောင့် အခက်တွေ့နေရရင်ပဲဖြစ်ဖြစ်၊ ပုံမှန် Maintenance စစ်ဆေးချင်ရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့
MediLab Technical Service Provider Group - MLTS ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ်။
☎️ 09-957812598
09-798957795
Category
Contact the practice
Telephone
Address
No. 531(B). Kyaung Street, 19 Ward, South Dagon
Yangon