Intent Award Accounting Service
သင့်လုပ်ငန်းမှာယုံကြည်အားထားရတဲ့ Professional Accountant တစ်ယောက်အဖြစ် Intent Award က ပေးစွမ်းနိုင်ပါတယ်
24/05/2026
🏢 စနစ်ကျတဲ့လုပ်ငန်းက ပိုင်ရှင်ကို လွတ်လပ်မှုပေးတယ်
သင်မရှိရင် လုပ်ငန်းက မလည်ပတ်နိုင်ဘူးဆိုရင်
သင်ဟာ လုပ်ငန်းရှင်မဟုတ်ဘဲ 👨💼 အလုပ်သမားကြီး ဖြစ်နေပါသေးတယ်။
📊 Professional Accountant တွေနဲ့ ချိတ်ဆက်ပြီး
🔐 Internal Control System ခိုင်မာအောင် တည်ဆောက်ထားတဲ့ လုပ်ငန်းမှာတော့
ပိုင်ရှင်ဟာ အသေးအဖွဲကိစ္စတွေမှာ ⏰ အချိန်ကုန်မနေတော့ဘဲ
📈 လုပ်ငန်းချဲ့ထွင်ဖို့အတွက်ပဲ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
💡 စနစ်ကောင်းတစ်ခုဟာ လုပ်ငန်းအောင်မြင်မှုရဲ့ အခြေခံပါပဲ။
24/05/2026
🔍 ယုံကြည်မှုဆိုတာ စစ်ဆေးခြင်းဖြစ်သည်
"ဝန်ထမ်းကို ယုံကြည်တာဟာ ကောင်းပါတယ်၊ ဒါပေမဲ့ စနစ်နဲ့ စစ်ဆေးတာက ပိုကောင်းပါတယ်။ 📊
ယုံကြည်မှုတစ်ခုတည်းနဲ့ သွားနေတဲ့လုပ်ငန်းဟာ ⏳ အချိန်မရွေး ပြိုလဲသွားနိုင်ပါတယ်။"
23/05/2026
🔐 တာဝန်ခွဲဝေမှု (Segregation of Duties) ၏ အရေးပါပုံ
💰 ပိုက်ဆံသိမ်းတဲ့သူကပဲ စာရင်းသွင်းတယ်၊
🧾 အဲ့ဒီလူကပဲ ဘောက်ချာဖွင့်တယ်ဆိုရင်
အမှားပါဖို့နဲ့ ငွေကြေးယိုဖိတ်ဖို့ အခွင့်အလမ်း အရမ်းများပါတယ်။
📌 Internal Control ရဲ့ အခြေခံသဘောတရားအရ
ငွေကို ကိုင်တွယ်သူနဲ့ စာရင်းသွင်းသူဟာ
မတူညီတဲ့သူတွေ ဖြစ်ရပါမယ်။
🛡️ ဒီလို တာဝန်ခွဲဝေမှုရှိမှသာ
လုပ်ငန်းက ဘေးကင်းလုံခြုံပြီး
စနစ်တကျ လည်ပတ်နိုင်မှာပါ။
23/05/2026
🧭 ခေတ်မီလုပ်ငန်းရှင်ရဲ့ မြေပုံ
"အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းဟာ စာရင်းကို ချစ်ကြတယ်။ 📊
ဘာလို့လဲဆိုတော့ စာရင်းဟာ သူတို့ရဲ့ နောက်ထပ်ခြေလှမ်းအတွက် 🚀
အမှန်ကန်ဆုံးသော လမ်းပြမြေပုံ 🗺️ ဖြစ်လို့ပါပဲ။"
22/05/2026
📊 ဒေတာပေါ်မှာ အခြေခံတဲ့ ဆုံးဖြတ်ချက်ကသာ အမှန်ဆုံးပါ
“ဒီပစ္စည်းလေးတော့ ရောင်းရမှာပဲ” ဆိုတဲ့ ခံစားချက် 🤔
ထက်
“အရင်လက ဒီပစ္စည်း ဘယ်လောက်ရောင်းရလဲ” ဆိုတဲ့ ဒေတာ 📈 က ပိုစိတ်ချရပါတယ်။
Professional Accountant 👩💼👨💼 တွေ ထုတ်ပေးတဲ့ Financial Reports 📑 တွေကို ဖတ်တတ်ခြင်းက
လုပ်ငန်းရှင်တစ်ယောက်အတွက် အကောင်းဆုံးသော လက်နက် ⚔️ တစ်ခုပါပဲ။
💡 Data သိတဲ့လုပ်ငန်းက Direction မပျောက်ဘူး
22/05/2026
🎯 လောင်းကစားမဟုတ်တဲ့ စီးပွားရေး
“စာရင်းကြည့်ရတာကို မပျင်းပါနဲ့။ 📊
စာရင်းကို မြင်မှ၊ သိမှ၊ နားလည်မှသာ
သင့်လုပ်ငန်းကို လောင်းကစားမဟုတ်တဲ့ စီးပွားရေးစစ်စစ်အဖြစ် 💼✨
ယုံကြည်မှုရှိရှိ မောင်းနှင်နိုင်မှာပါ။”
21/05/2026
📦💰 Inventory Management ဆိုတာ ငွေကို စီမံတာပါပဲ
ပစ္စည်းတွေ ဝယ်စုထားတာဟာ ငွေတွေကို အိပ်ခိုင်းထားတာနဲ့ တူတူပါပဲ။ 😶🌫️
ဘယ်ပစ္စည်းက ရောင်းမထွက်ဘဲ ကြာနေလဲ (Slow-moving) ⏳
ဘယ်ပစ္စည်းကတော့ အမြန်ဆုံးထွက်လဲ (Fast-moving) 🚀
ဆိုတာကို စာရင်းနဲ့ မခွဲခြားနိုင်ရင် သင့်ရဲ့ လည်ပတ်ငွေတွေ ဂိုဒေါင်ထဲမှာတင် ပိတ်မိနေပါလိမ့်မယ်။ 📉🏬
Inventory Control System ကတော့ သင့်ငွေတွေကို အလုပ်ပြန်လုပ်ပေးနိုင်တဲ့ စနစ်ပါ။ ✨📊
21/05/2026
☕📊 Dashboard အေးချမ်းမှု
"မနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့အတူ သင့်လုပ်ငန်းရဲ့ Dashboard ကို စိတ်ချလက်ချ ကြည့်နိုင်နေပြီလား? 😊
စနစ်ကျတဲ့ Internal Control ရှိတဲ့လုပ်ငန်းဟာ ပိုင်ရှင်အတွက်တော့ အေးချမ်းတဲ့ မနက်ခင်းကို အမြဲဖန်တီးပေးပါတယ်။ ✨💼"
20/05/2026
အမောပြေဖို စနစ်ကိုသုံးပါ💼🛠️
"စာရင်းသိမှ အမောပြေမယ်📒💪။ လူမရှိလည်း လည်ပတ်နိုင်တဲ့ စနစ်ရှိမှ သင်လိုချင်တဲ့ လွတ်လပ်မှုစစ်စစ်ကို ရမှာပါ🕊️✨။
ဒီနေ့မနက်မှာ သင့်လုပ်ငန်းရဲ့ ယိုပေါက်တွေကို စနစ်နဲ့ ပြန်ပိတ်ဖို စဉ်းစားပါ🔧📈
19/05/2026
💰 Cash Flow နဲ့ Profit: ဘယ်ဟာက ပိုအရေးကြီးလဲ? 🤔
စာအုပ်ပေါ်မှာ အမြတ်ပြနေပေမယ့် 📊
လက်ထဲမှာ ပိုက်ဆံမရှိလို့ 💸
ဝန်ထမ်းလစာပေးဖို့ ခက်ခဲနေတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။
ဒါဟာ Cash Flow Management အားနည်းတာကြောင့်ပါ ⚠️
Professional Accountant တစ်ယောက်ဟာ
အမြတ်ရှိဖို့တင်မကဘဲ ✅
ငွေသားစီးဆင်းမှု မှန်ကန်အောင် 💵🔄
ဘယ်လိုစီမံရမလဲဆိုတာကို လုပ်ငန်းရှင်ကို အမြဲသတိပေးနေရပါမယ် 📌
19/05/2026
🔐 ယိုပေါက်ပိတ်မှ အမြတ်ကျန်မယ် 💰
“မမြင်ရတဲ့ သူခိုးကို ဖမ်းချင်ရင် Internal Control ကို အားကိုးပါ။
စနစ်မရှိတဲ့လုပ်ငန်းမှာ ယိုပေါက်တွေဟာ သင့်အမြတ်ကို နေ့တိုင်း ခိုးယူနေတဲ့သူတွေပါပဲ။” 📉
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
South Okkalapa
Yangon