Argu

Argu

Share

လူငယ်လူကြီးအားလုံးအတွက် Computer နည်းပညာ

Photos from Argu's post 14/10/2020

ကိုယ့်ဖုန်းထဲမှာ ပုံတွေ ဗီဒီယိုတွေအရမ်းများနေပြီလား။ ဖုန်းပြောင်းကိုင်တာ ဖုန်းပျောက်တာတွေဆိုရင် ရိုက်ထားတဲ့အမှတ်တရတွေကို ပျောက်ပျက်ဆုံးရှုံးမှာစိုးရိမ်နေပါသလား။ မသိသေးသူတွေအတွက် အဲ့ဒါတွေကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

အဲ့ဒါကတော့ Google ရဲ့ ဝန်ဆောင်မှုတမျိုးဖြစ်တဲ့ Google photos ဖြစ်ပါတယ်။ ရိုက်ထားတဲ့ ပုံတွေ video တွေအားလုံးကို အကန့်အသတ်မရှိ ပိုက်ဆံတပြားမှပေးစရာမလိုပဲ သိမ်းထားနိုင်တဲ့ service တခုဖြစ်ပါတယ်။ Back up and sync ကို ဖွင့်ထားလိုက်ရင် photo သို့မဟုတ် video ရိုက်လိုက်တာနဲ့ ချက်ချင်း google photo မှာ save ပေးပါတယ်။ အင်တာနက်ဖွင့်ထားဖို့တော့လိုတာပေါ့နော်။ အင်တာနက် ကိုလဲ ဖုန်းdataနဲ့သိမ်းမလား wifi ချိတ်မိမှ သိမ်းမလားရွေးလို့ရပါတယ်။ သိမ်းပီးသွားတဲ့ ပုံတွေကို ဖုန်းထဲမှာရှင်းချင်ရင် setting ထဲက free up spaceနှိပ်တာနဲ့ ဖုန်းထဲကသိမ်းပြီးသားပုံတွေကို ရှင်းပေးပါတယ်။ Album တွေသပ်သပ်ခွဲပြီး သိမ်းချင်ရင်လဲရပါတယ်။

အောက်မှာပုံလေးတွေနဲ့ ပြပေးပါမယ်။ ဖုန်းအတွက်ပါ။ Android & iOS နှစ်ခုလုံးသုံးလို့ရပါတယ်။

Photos from Argu's post 27/09/2020

ကွန်ပျူတာနဲ့ပုံဆွဲဆေးရောင်ခြယ် သိမ်းပုံသိမ်းနည်းတွေလေ့ကျင့်ဖို့ ပုံလေးတွေဖြစ်ပါတယ်။ Print ထုတ်ပြီးလက်နဲ့ဆွဲ ဆေးရောင်ခြယ်လို့လဲရပါတယ်။ Online မှာ ဒေါင်းလို့ရပေမယ့် ရေစာ (Watermark) တွေပါနေလို့ ကိုယ်တိုင်သန့်ထားပြီးသားလေးတွေတင်ထားပေးပါတယ်။ ဒီပိုစ့်မှာပဲ ပြီးရင်ပြီးသလောက် Update လုပ်ပြီး ထပ်တင်ပေးသွားပါမယ်။ လိုရင် Save or Download ယူနိုင်ပါတယ်။ ကျန်းမာရေးဂရုစိုက်ကြပါ။🥰

04/09/2020

COVID နဲ့ပါတ်သက်လို့ လူနာတင်ယာဉ်ပေါ်ပါသွားသူများကို ဓါတ်ပုံမရိုက်ပဲ လက်မလေးထောင်ပြအားပေးပြီး ဆုတောင်းပေးကြရအောင်ပါ။ 👍

02/09/2020

သားသားမီးမီး လူငယ်လူကြီးအားလုံးအတွက် အိမ်ကနေလေ့လာနိုင်မယ့် Online Computer Course

သိသင့်သိထိုက်တဲ့ဗဟုသုတများ မသိမဖြစ်နည်းပညာသင်ခန်းစာများနှင့်လေ့ကျင့်ခန်းများအားလုံးကို Account တခုJoinထားရုံနဲ့ တအိမ်လုံးလေ့လာနိုင်ပါတယ်။

ရင်သွေးလေးတွေကို တပည့်လေးတွေကို ပြန်လည်လမ်းညွှန်ပြသပေးချင်တဲ့ ဖေဖေမေမေ ဆရာဆရာမများအတွက်လဲ အထူးသင့်လျော်ပါတယ်။

အထူးသဖြင့် ကလေးလေး‌တွေရဲ့လေ့လာသင်ယူချင်စိတ်ကိုလှုံ့ဆော်ပေးပြီး နည်းပညာလမ်းမပေါ်ခြေတလှမ်းစပြီးချပေးမယ့် သင်ခန်းစာများကို စေတနာထားပြီးထည့်သွင်းထားပါတယ်။

လူငယ်လူကြီးတွေအတွက်လဲ ကွန်ပျူတာနဲ့အင်တာနက်နည်းပညာတွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်စေပါလိမ့်မယ်။

ထိထိရောက်ရောက် အပြန်အလှန်ထိတွေ့နိုင်မယ့် Live session နဲ့သင်မှာဖြစ်ပြီး Facebook Group မှာ သင်ခန်းစာ Video တွေလဲတင်ထားပေးမှာဖြစ်ပါတယ်။ အချိန်မရွေးအားတဲ့အချိန်ကို Unit တခုချင်းစီပြန်လည်လေ့လာသွားလို့ရပါတယ်။

အဓိကသင်ခန်းစာတွေကတော့

1-ကွန်ပျူတာနည်းပညာသမိုင်းကြောင်း

2-ကွန်ပျူတာအစိတ်အပိုင်းများနှင့်အလုပ်လုပ်ပုံများ

3- Mouse & Keyboard အသုံးပြုပုံ/Tutorials and softwares

4-ဝင်းဒိုးရဲ့မသိမဖြစ်အခြေခံလုပ်ဆောင်ချက်များ Turning on/off (sleep, hibernate),Searching, Copying, Moving, File transfer, Desktop layout, shortcuts, ဖိုင် saving concepts, etc..,

5-Microsoft Office Applications (Word, Excel, Powerpoint) အသုံးအဝင်ဆုံးနည်းလမ်းတွေကို အလွယ်ကူဆုံးသုံးတတ်စေရန်သင်ပါမယ်။ (Installation tutorials and Exercise တွေပါပါမယ်)

6-Internet ရဲ့အစ/သမိုင်းကြောင်း/အခြေခံသဘောတရားများ

7-Google, Microsoft, Facebook, Youtube တို့ရဲ့အသုံးဝင်ပုံ/အသုံးပြုပုံ/လက်တွေ့လေ့ကျင့်ခန်းများ/Security မြှင့်တင်ခြင်းနည်းလမ်းများ

8-အသုံးဝင်တဲ့ Web Application များ/Extension နှင့် Add-onsများ

9-Cloud Storage များအကြောင်းနှင့်အသုံးပြုနည်း/မျှဝေနည်း

10- ⭐⭐⭐ ကလေးများအတွက် Programming အစခြေလှမ်းတခုဖြစ်ပြီး ဖန်တီးမှုအတွေးအခေါ်ပိုင်းအားကောင်းလာစေမဲ့ Scratch Coding (ကိုယ်ပိုင်ဂိမ်းလေးတွေ/ Animation video လေးတွေဖန်တီးနိုင်ရမယ်။)

11.⭐⭐⭐ Youtuber ဖြစ်ချင်သူလေးတွေအတွက် Youtube အကြောင်းစုံစုံလင်လင်၊ လိုအပ်မယ့် သင်ခန်းစာအားလုံး
(Concept, Terms &Conditions, Channel set up,Logo creation, Audio, Video & Screen Recording Techniques, Audio & Video Editing) လွယ်ကူပေါ့ပါးတဲ့နည်းလမ်း/software တွေနဲ့မတတ်မချင်းသင်ပေးပါမယ်။

ဒီထဲမှာမပါပေမယ့် အများတောင်းဆိုတဲ့ လိုအပ်တဲ့သင်ခန်းစာတွေကို ထပ်တင်ပေးသွားပါမယ်။

တသက်တာနည်းပညာနဲ့ Software တွေ ပံ့ပိုးမှုပေးပါမယ်။

စိတ်ဝင်စားတယ်ဆိုရင် အချိန်မရွေးဆက်သွယ်လိုက်ပါ။

Join ချင်တဲ့သူတွေအတွက် Payment Information လေးပေးထားပါမယ်။ လာလာမေးနေရတာအားနာလို့ပါ။ 🥰

KBZ PAY
095122534
Nay Win Ni

KBZ BANK ACCOUNT
23430123400413101
Nay Win Ni

CB BANK ACCOUNT
0086600100166626
Nay Win Ni

Wave Money
095122534
Passwordကို လွှဲပီးရင်ပြောပေးပါ။

ငွေလွှဲပြီးကြောင်းနဲ့ Join မယ့် Account name လေးပြောပေးပါ။

ကျေးဇူးတင်ပါတယ်

ချစ်ခြင်းအားဖြင့်
ARGU Fmaily

Telephone

Website

Address


27/A, U Maung Maung Soe Lane, A1 Street, Mayangone Tsp
Yangon

Alerts

Be the first to know and let us send you an email when Argu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.