Git-Go

Git-Go

Share

Stationery and lifestyle gadgets! You can get the reasonable price with quality products!

18/05/2024

ကလေး လူကြီး အားလုံးအတွက် ‘TEX’ Glitter Pen

Photos from Git-Go's post 08/11/2023

လူငယ်တိုင်းမှာ အနုပညာအိပ်မက်ကိုယ်စီရှိကြပါတယ် 💭

တစ်ချို့က ဆိုကရေးတီးဖြစ်တဲ့ ဂီတအနုပညာ၊
တစ်ချို့ကတော့ အဆွဲ၊ အရေးဖြစ်တဲ့ ပန်းချီအနုပညာ အိပ်မက်တွေရှိကြတာပေါ့။

ဒီလို အိပ်မက်တွေကို အစပြုဖို့အတွက် Git Go ရှိနေပါပြီ 🥰

ဒီအနုပညာကို သင်ယူလေ့လာမှတ်သားဆဲကာလတွေမှာ Git Go ရဲ့ Glitter Pen နဲ့ သိလိုသမျှအစိတ်အပိုင်းတွေကို ထင်ထင်ရှားရှားမှတ်သားလို့ရသလို

Shine ဖြစ်တဲ့ အရောင် (၆) မျိုးကကြောင့် ပန်းချီပဲဆွဲဆွဲ၊ Doodle art ပဲဆွဲဆွဲ Git Go ကြောင့် ပိုမိုပေါ်လွင်စေမှာပဲဖြစ်ပါတယ်။

အဖြူအမဲဖြစ်နေတဲ့ သင့်ရဲ့စိတ်ကူးစိတ်သန်းတွေကို ရောင်စုံတောက်ပလာအောင်ကွန့်မြူးဖို့ Git Go က သင်နဲ့အတူရှိနေပါပြီ 🤗

သင့်စိတ်ကူးစိတ်သန်းတွေ ကွန့်မြူးဖို့ Tex Company က ထုတ်လုပ်ထားတဲ့ Git Go ရဲ့ အရည်အသွေးမှီ Glitter Pen တွေလိုအပ်နေပြီဆိုရင်တော့ Page Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းလိုက်တော့နော်💬

ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုဝယ်ယူချင်ရင်လည်း မုဒိတာအိမ်ယာ (၂) မှာရှိတဲ့ Grand Mobile ကိုသာ လှမ်းလာခဲ့လို့ရပါတယ်🫶

20/10/2023

ဘာကြောင့် ပန်းချီပြခန်းတွေ သွားသင့်တာလဲ❓

🖼️ပန်းချီပြခန်းသွားတယ်ဆိုတာကို လူအများစုက ပျင်းစရာကိစ္စလို့ မြင်ကြပါတယ်။

ပန်းချီအနုပညာနဲ့ ပုံဆွဲရတာကို အလွန်အမင်း ရူးသွတ်ကြသူအနည်းစုလောက်ကသာ ပန်းချီပြခန်းသို့ သွားရောက်လည်ပတ်ဖို့ကို စဥ်းစားကြတယ်ပေါ့။

ဒီနေ့မှာတော့ ပန်းချီပြခန်းတွေကို သွားရောက်လည်ပတ်မယ်ဆိုရင် ဘာတွေပြန်ရနိုင်မလဲဆိုတာ မျှဝေပေးသွားချင်ပါတယ် 🥰

🔸Artist တွေကို အသိအမှတ်ပြုခြင်း
ကျွန်တော်တို့နိုင်ငံမှာ အရည်အချင်းရှိတဲ့ Artist တွေတော်တော်များများ ဘေးရောက်နေတတ်ကြပါတယ်။ လူကြိုက်များတဲ့ Artist တွေဖြစ်နေရင်တောင် Official Album တွေ အားပေးမခံရခြင်း၊ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်မရခြင်းတွေနဲ့ အသိအမှတ်ပြုမခံကြရပါဘူး။ ဒါ့ကြောင့် သင်တို့အနေနဲ့သာ အနုပညာကိုမြတ်နိုးတယ်ဆိုရင် အနုပညာရှင်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပန်းချီပြခန်းတွေသွားပြီး Support ပေးဖို့ တိုက်တွန်းချင်ပါတယ်။

🔸ယဥ်ကျေးမှု ကြွယ်ဝခြင်း
ပန်းချီပြခန်းတွေမှာ ယဥ်ကျေးမှုနဲ့ သမိုင်းအစဥ်အလာတွေကို မတူညီတဲ့ လက်ရာတွေနဲ့ ပြသလေ့ရှိပါတယ်။ ဒါ့ကြောင့် ပန်းချီပြခန်းတွေမှာ ယဥ်ကျေးမှုအမျိးမျိုးကို ဘယ်လိုအနုပညာလက်ရာတွေနဲ့ ဖော်ထုတ်ပြသမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ စူးစမ်းလေ့လာနိုင်ပါတယ်။ ဒီယဥ်ကျေးမှုနဲ့ သမိုင်းအစဥ်အလာတွေက သင့်ရဲ့ပညာရေးအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။

🔸စိတ်ကူးစိတ်သန်း
မိတ်ဆွေတို့ ကိုယ်တိုင်က သာမန်လူပဲဖြစ်စေ၊ အနုပညာသမားပဲဖြစ်စေ ပန်းချီပြခန်းမှာရှိတဲ့ အနုပညာလက်ရာတွေက မိတ်ဆွေတို့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေကို အသစ်အသစ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

🔸အပန်းဖြေခြင်း
ပန်းချီပြခန်းလိုနေရာတွေက စိတ်အေးအေးနဲ့ အပန်းဖြေနိုင်ဖို့အတွက် အလွန်ငြိမ်သက်တိတ်ဆိတ်ပါတယ်။ အနုပညာဗဟုသုတရှိသူတွေ ပေါများတဲ့အတွက်ကြောင့်လည်း အပန်းလည်းဖြေ၊ ဗဟုသုတလည်း အချင်းချင်းမျှဝေနိုင်ပါတယ်။

ကဲ…ဒါတွေကတော့ ပန်းချီပြခန်း၊ အနုပညာပြခန်းတွေသွားရောက်လည်ပတ်မယ်ဆိုရင် ရရှိလာနိုင်မဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်🤗

သူငယ်ချင်းမိတ်ဆွေတွေထဲ ပန်းချီကိုစိတ်ဝင်စားပေမဲ့ ပန်းချီပြခန်းကိုသွားဖို့ တွေဝေနေတဲ့ သူတွေရှိရင် ဒီစာလေးနဲ့ပဲ သေချာပေါက်သွားရောက်လည်ပတ်ဖို့ မျှဝေတိုက်တွန်းလိုက်ပါဦးနော်😍

28/09/2023

ရှင်သန်နေရတဲ့ အဓိပ္ပါယ်က ခံစားချက်တွေရှိလို့နေမယ်

ဘဝဆိုတာလည်း 🖼️ပန်းချီကားတစ်ချပ်လိုပါပဲ။ တစ်စုံတစ်ယောက်ကို ချစ်ရင်းနဲ့ ပိုပြီးပြည့်စုံလာမျိုး၊ ပိုပြီး အဓိပ္ပါယ်ရှိလာတာမျိုးပါ။

ချစ်တတ်မှ ဘဝဆိုတဲ့ ပုံ​လေးပေါ်လာတာပါ🥰

ကိုယ်ပိုင်ခံစားချက်တွေကို စာရွက်အလွတ်လေးမှာ မျှဝေတဲ့အခါမှာလည်း ​ခြစ်တတ်ဖို့လိုပါတယ်📝

ခြစ်တဲ့အခါမှာလည်း ကာလာစုံနဲ့ အရောင်တင်ဖို့လိုတာပေါ့🌈

အရောင်တင်ဖို့ ထင်းလင်းထိရှမယ့် အရောင်လေးတွေသုံးချင်ရင်တော့ Git-Go ရဲ့ Pen လေးတွေသုံးပါ။

Tex Company ကထုတ်တဲ့ Colour Pen တွေ ဖြစ်တာကြောင့် ​အရောင်တင်ရတဲ့အခါ ချောမွေ့မှုကို ခံစားရမှာဖြစ်သလို ခြစ်ရင် ခြစ်သလောက် ပေါ်လွင်တာမို့ စိတ်တိုင်းကျ ခြယ်လှယ် အရောင်ဖော်နိုင်မှာပါနော်။

Glitter Pen တစ်​ဗူးကို 12 ချောင်းနဲ့ အရောင် 6 မျိုးအထိ ပါဝင်ပါတယ်။
အမျိုးအစားကိုလိုက်ပြီး ဈေးနည်းနည်းလေးလည်းကွာပါတယ်နော်။

အသေးစိတ်ကိုတော့ Page Messenger ကနေတဆင့်မှာယူနိုင်ပါတယ်။

04/09/2023

ဘယ်လိုဖြစ်တာပါလိမ့် 🤔
စဆွဲတုန်းကတော့ ကမ္ဘာကျော်ပုံပဲ 🙄

04/08/2023

ပန်းချီဆရာရဲ့ အပြုံးတွေ၊ ခံစားချက်တွေကို သူဖန်တီးထားတဲ့ ကားချပ်ပေါ်မှာ တွေ့နိုင်တယ်🖼️🎨

အဲ့လိုပါပဲ။ မိတ်ဆွေဖန်တီးထားတဲ့ ပြောင်မြောက်တဲ့ဖန်တီးမှုတွေကနေ ပရိတ်သတ်တွေက မိတ်ဆွေရဲ့ ခံစားမှုတွေကို အဓိပ္ပါယ်ဖော်ပြီး ခံစားကြည့်နိုင်မှာပါ။

အဲ့လို ကိုယ့်ရဲ့ပရိတ်သတ်တွေ ခံစားနိုင်ဖို့အတွက် ကိုယ်ဖန်တီးတဲ့ လက်ရာတိုင်းမှာ Colour ကောင်းကောင်းလေးတွေနဲ့ ခြယ်သဖန်တီးထားဖို့လည်း လိုတာပေါ့ 🌈

ဒါကြောင့် Colour ကောင်းကောင်းလေးတွေ သုံးဖို့ဆိုရင်တော့ Git-Go မှာ အရောင်စုံတဲ့ Pen မျိုးစုံရှိပါတယ်။

👉Paper ပေါ်မှာ ဖန်တီးမလား၊
👉အဝတ်တွေပေါ်မှာ ဖန်တီးမလား။

Paper တွေပေါ်မှာ ဖန်တီးဖို့ဆိုရင်တော့ Glitter Pen သုံးနိုင်ပါတယ်။ Glitter Pen ကို Set လိုက်တယ်ယူနိုင်ပြီး တစ်ဗူးကို (၁၂)ချောင်းနဲ့ ဝါ၊ စိမ်း၊ ပြာ၊ လိမ္မော်၊ ခရမ်း၊ ရွှေရောင်ဆိုပြီး (၁၂,၅၀၀)ကျပ်ကနေ (၁၅,၆၀၀)ကျပ်အထိ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

အဝတ်တွေပေါ်မှာဆိုရင်တော့ Laundry & Textile Marker Pen ကို သုံးနိုင်ပါတယ်။ ဗူးတစ်ဗူးစီတိုင်းမှာ နက်၊ စိမ်း၊ ပြာ၊ နီ၊ ခရမ်း အရောင်တွေပါဝင်ပြီး (၁၉,၀၀၀)ကျပ်ကနေ ဝယ်ယူနိုင်ပါတယ်နော်။

နောက်ပြီး Highlight လုပ်ဖို့ အရောင်အားကောင်းတဲ့ Pen လေးလိုချင်တာဆိုရင်တော့ Highlighter Pen ရှိပါတယ်။ သူလည်း နီ၊ စိမ်း၊ ပန်း၊ ဝါ၊ ပြာ၊ လိမ္မော်နဲ့ အရောင်တွေနဲ့ အစုံရနိုင်တာပါ။

Git-Go ဆိုင်က Pen တွေက Tex Company ကထုတ်လုပ်ထားတာတွေ ရောင်းပေးတာမို့ စိတ်တိုင်းကျ Colour တွေ ခြယ်သဖို့ဆိုရင်တော့ လုံးဝစိတ်တိုင်းကျဖြစ်မှာ သေချာပါတယ် 🥰

အသေးစိတ်ကိုတော့ Page Messenger ကနေ မေးမြန်းနိုင်ပါတယ်။

ဆိုင်ကိုလာခဲ့မယ်ဆိုရင်တော့ မုဒိတာအိမ်ယာ(၂)မှာရှိတဲ့ Grand Mobile ကိုသာ လှမ်းလာခဲ့လိုက်ပါဗျာ။

01/08/2023

ယနေ့ ကျရောက်တဲ့ ဝါဆိုလပြည့်နေ့အခါသမယနေ့လေးမှာ (၇) ရက်သားသမီးများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ အလုပ်အကိုင်စီးပွားများတိုးပွားကြပါစေလို့ ကျွန်တ်ောတို့ “Git-Go” မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ 🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာနေ့

19/07/2023

(၇၆) ကြိမ်မြောက် “အာဇာနည်”နေ့အား သတိရလွမ်းဆွတ်ခြင်းများစွာဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်။

#အာဇာနည်နေ့

Photos from Git-Go's post 13/07/2023

ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖန်တီးဖို့ အရောင်(၆)မျိုးပါတဲ့ Glitter Pen တစ်ဗူးပဲလိုပါတယ် 🌈🎨

Black and White ဖြစ်နေတဲ့ ကိုယ့်ရဲ့ ဇာတ်လိုက်လေးကို Color လေးထည့်ပြီး အသက်သွင်းဖို့ဆိုရင် Git-Go ရဲ့ Glitter Pen က မရှိမဖြစ်လေး ဖြစ်နေမှာပါ 💖

စိုပြေပြီး Shining ဖြစ်နေမယ့် Color နဲ့မို့ ခြယ်လိုက်တဲ့နေရာတိုင်းမှာ အသက်ဝင်နေမှာတော့ အသေအချာပါပဲ။

TEX ကုမ္ပဏီကထုတ်လုပ်တာကို ပြန်လည်ရောင်းချပေးတာဖြစ်လို့ အရည်အသွေးစိတ်ချရပြီး ခြယ်လိုက်တိုင်းမှာ ချောမွေ့မှုကိုလည်း ခံစားမိမှာပါ။

Git-Go မှာ Glitter Pen ကို
👉820
👉920
👉1120
👉1020 ဆိုပြီး စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

တစ်ဗူးချင်းစီတိုင်းမှာ(၁၂)ချောင်းပါဝင်ပြီး ဝါ၊ စိမ်း၊ ပြာ၊ လိမ္မော်၊ ခရမ်း၊ ရွှေရောင်ဆိုပြီး အရောင်(၆)မျိုးနဲ့ တစ်ဗူးကို ၁၂,၅၀၀ ကျပ်ကနေ ၁၅,၆၀၀ ကျပ်ထိ အမျိုးအစားလိုက်ပြီး ဝယ်ယူနိုင်ပါတယ်နော်။

💬 Page Messenger (or)
🏠မုဒိတာအိမ်ယာ (၂) မှာရှိတဲ့ Grand Mobile မှာ၀ယ်ယူနိုင်ပါတယ်ဗျ။

05/07/2023

ရုံးမှာ တံဆိပ်တုံး ထုရတဲ့သူတွေရှိလား ❓

ဒါဆိုရင် တံဆိပ်တစ်ခါထုတိုင်း အကြာကြီးဖိရတဲ့အခိုက်အတန့်လေးတွေကို ကြုံဖူးကြမှာပေါ့ 🫢

မင်မရှိတော့တဲ့ Stamp Pad လေးကို အတင်းဖိ၊ အတင်းမင်ရအောင်လုပ်ပြီး Paper တွေပေါ်မှာ “ဒုံး”ခနဲမြည်အောင် ထု၊ ပြီးရင်လည်း အားကြီးနဲ့ ဖိထားသေးတယ် 😅

အဲ့လို့တွေ ခဏခဏ ကြုံနေရပြီဆိုရင်တော့ Git-Go က Stamp Pad လေးတွေ ဆောင်ထားဖို့ သင့်ပါပြီနော်။

👉အရောင်ထင်မှုအားကောင်းတယ်။
👉ကြာကြာလည်းခံတယ်။
👉အားကြီးနဲ့လည်း ထုစရာမလိုပါဘူး 😣

အဲ့လို Stamp Pad လေးကို ​လိုင်းပေါ်ကမှာလည်း ရသလို ဆိုင်မှာလည်း ကိုယ်တိုင်လမ်းကြုံဝင်ရင်း ဝယ်ယူအားပေးနိုင်ပါတယ်နော်။

💬 Page Messenger (or)
🏠မုဒိတာအိမ်ယာ (၂) မှာရှိတဲ့ Grand Mobile မှာ၀ယ်ယူနိုင်ပါတယ်ဗျ။

Category

Telephone

Address


Yangon
11111