Ko Pyae Lifestyle

Ko Pyae Lifestyle

Share

Enjoy happy life �

26/11/2025

ကိုယ့်ရဲ့ဘဝ အဓိပ္ပါယ်ဖွင့်ဆိုချက်ကဘာလဲ?

တချို့တွေက ဘဝဆိုတာ တိုက်ပွဲတဲ့။တစ်ချို့ကျတော့ ဘဝဆိုတာ ဒုက္ခတဲ့။ တချို့ကျ ဘဝဆိုတာ ရထားလိုပဲတဲ့။ တစ်ချို့ကျတော့လဲ ဘဝဆိုတာ ရေပွတ်ပမာ။ လက်ရှိ ကျွန်သဘောကျတဲ့ ဘဝကိုမြင်တဲ့အမြင်က ဘဝဆိုတာ စမ်းသပ်မူ့တစ်ခုပဲ။ ဘဝက ကိုယ့်ကို ပြသနာ တစ်ခုပြီးတစ်ခုပေးမယ်။
ကိုယ်ဘယ် Level ရောက်နိူင်လဲ စမ်းသပ်မယ်။ ကိုယ်က ပြသနာဖြေရှင်းနိုင်လေ Level မြင့်လေပဲ



゚viralシfypシ゚viralシalシ

Photos from Ko Pyae Lifestyle's post 25/11/2025

#မွန်မြတ်လှတဲ့စိတ်ထားကိုပိုင်ဆိုင်ထားသူ(သို့) အိုစီယိုလာမက်ကာစီ

#သူမဟာ တစ်ခါမှ ဒေါ်လာများများစားစားမရရှိခဲ့ဖူးပါဘူး။ဒါပေမယ့် အဝတ်လျှော်ဇလုံထဲမှာ သူမစုထားတဲ့ပိုက်ဆံတွေနဲ့ပေးခဲ့ပါတယ်။

မစ္စစ္စပီပြည်နယ်Mussissippi ဟတ်တီးစ်ဘတ်မြို့ Hattiesburg မြို့မှာမွေးဖွားခဲ့တဲ့အိုစီယိုလာမက်ကာစီ Macarty ဟာ နေမကောင်းဖြစ်နေတဲ့ အဘွားဖြစ်သူကိုပြုစုဖို့အတွက် ၆ တန်းနှစ်မှာကျောင်းထွက်ခဲ့ရပါတယ်။

သူမက နောက်ပိုင်းမှာပြန်ပြောပြပါတယ်။

ကျမ ကျောင်းပြန်နေဖို့ စိတ်ကူးပါသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကျတော့ ကျမတို့အတန်းထဲက ကလေးတွေနဲ့ယှဉ်လိုက်ရင် ကျမက အသက်တွေအများကြီး ကြီးနေပါပြီ။

ဒီလိုနဲ့ပဲ သူမအလုပ်ဝင်လုပ်ခဲ့ပါတယ်။ အလုပ်ပြီးတော့ အလုပ်
အဲ့ဒီအချိန်ကစပြီး နောက်ထပ်နှစ်ပေါင်း ၇၀ လုံး သူမဟာ သူများရဲ့အဝတ်တွေကို လျှော်ဖွပ်ပြီး မီးပူတိုက်ပေးတဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းခဲ့ရပါတယ်။အဝတ်တွေကို ပြုတ်ထားတဲ့ ရေနွေးအပူဒဏ်တွေ လက်ချောင်းတွေ နာကျင်ကိုက်ခဲ့တဲ့အထိ အဝတ်တွေကို ဂျေးပြောင်အောင် ပွတ်တိုက်လျှော်ဖွပ်ရတာတွေ။ သူမကတော့ အဝတ်ခေါက်ရိုးကြောင်းတိုင်းကို သူမကိုယ်သူမ ဂုဏ်ယူမူ့အပြည့်နဲ့ ပိပိရိရိ ညီညီညာညာဖြစ်အောင် အမြဲတမ်းဂရုစိုက်ဖြစ်ခဲ့ပါတယ်။

သူမဟာ ကားလဲတစ်စီးမှ မပိုင်ခဲ့ဖူးပါဘူး။ ဘယ်ကိုသွားသွား ဘတ်စကားနဲ့သွားခဲ့ရပါတယ်။ သူမဟာ ဘဝကို အရိုးရှင်းဆုံးနေပြီးတော့ ရသမျှပိုက်ဆံလေးတွေကို သစ္စာရှိရှိစု‌ခဲ့ပါတယ်။

ဒီလိုနဲ့ အသက် ၈၇ နှစ် အရွယ်ရောက်လာတဲ့အခါ အိုစီယိုလာဟာ သူ့ဘဝတစ်လျောက်လုံး တက်ချင်နေခဲ့တဲ့ တောင်ပိုင်း မက္ကဆီကို တက္ကသိုလ်ပရဝုဏ်ထဲကို လမ်းလျှောက်ပြီး ဝင်လာခဲ့ပါတယ်။ ပြီးတော့ ဘယ်သူမှ မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။

အဲ့ဒါကတော့
သူ့ဘဝတစ်လျှောက်လုံး မစားရက်မသောက်ရက် စုထားခဲ့တဲ့ ဒေါ်လာတစ်သိန်းခွဲကို ကျောင်းလခမတတ်နိုင်တဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် ပညာသင်ဆုတစ်ခုထူထောင်ပေးဖို့ သက္ကသိုလ်ကို လှူလိုက်ပါတယ်။

သူမရဲ့ အလှူငွေဟာ အဈတ်တစ်ခါလေ‌ျှာ်မှ တစ်ခါရတဲ့ငွေလေးတွေပါ။အဝတ်တစ်ထည်ရေညစ်ပြီးမှ အင်္ကျီတစ်ထည်ပီးပူတိုက်ပြီးမှ မြင်ရတဲ့ငွေလေးတွေပါ။ အခုချိန်မှာတော့ တစ်ဘဝလုံးစုဆောင်းခဲ့တဲ့ ချွေးနည်းစာတွေဟာ သူမတစ်ခါမှ မမြင်ဖူးတဲ့ကျောင်းသားတွေအတွက် ဘဝ အခွင့်အလမ်းအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

သူမကပြောတယ်

ကျွန်မအလုပ် မကြောက်တတ်ပါဘူး။ဒါပေမယ့် သူတို့ကိုတော့ ကျမလို ပင်ပင်ပမ်းပမ်းလုပ်မစာရအောင် ကူညီနိုငုံယ်လို့ထင်ပါတယ်...

သူမဟာ ဘာအခွင့်အရေးမှ ပြန်မတောင်းခဲ့ပါဘူး။မီးရောင်အောက်ကိုလဲမရောက်ချင်ပါဘူး။ အားလုံးက ဝိုင်းပြီးချီးကျူးဂုဏ်ပြုကြတာကိုလဲ မလိုချင်ပါဘူး။

သူမရဲ့ဘဝကို မြင့်မားအောင် မြင့်တင်နိုင်ဖို့အတွက် သူမသိမ့်လိုချင်ခဲ့တဲ့ပညာရေးဟာ တစ်ခြားလူတစ်ယောက်ရဲ့ ဘဝကိုလည်း မြင့်တင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုတည်းပဲ သူမမှာရှိခဲ့တာပါ။

သူမရဲ့ တစ်ခုတည်းတေသာ နောင်တက

"ကျွန်မ ကျောင်းပြန်တက်ခဲ့သင့်တာတဲ့ "

ဒါပေမယ့် သူမပေးခဲ့တဲ့ ဘဝလက်ဆောင်ကြောင့် ကျောင်းသားလူငယ် ရာပေါင်းများစွာကို သူမလိုချင်ခဲ့တဲ့ ဘဝမျိုးရောက်အောင် ပို့ပေးနိုင်ခဲ့တယ်။

တကယ့်ချမ်းသာမူ့အစစ်ဆိုတာဟာ ကိုယ်သိမ်းထားတဲ့ ပိုင်ဆိုင်မူ့မဟုတ်ပဲ၊ ကိုယ်စွန့်ကြဲပေးကမ်းလိုက်တဲ့ ပိုင်ဆိုင်မူ့ကို ခေါ်တာဖြစ်တဲ့အကြောင်း သူမက သက်သေပြသွားခဲ့တာပါပဲ။

နောက်ဆက်တွဲမှတ်ချက်
အိုစီယိုလာရဲ့ အလှူကြောင့် နိုင်ငံတစ်ဝှမ်းလုံးကလည်း အလှူငွေတွေထဲ့ဝင်လာကြတဲ့အတွက် သုမရဲ့ ပညာသင်ဆုဟာ အဆပေါင်းများစွာ တိုးတက်များပြားလာပြီး အမေရိကန်သမိုင်းတစ်လျှောက်မှာ အခြေခံအလုပ်သမား လူတန်းစားတစ်ယောက် လှူခဲ့သမျှထဲမှာ ပမာဏအများဆုံး အလှူတစ်ခုဖြစ်လာခဲ့ပါတယ်။

တစ်ချို့အမွေအနှစ်တွေကို စာအုပ်ထဲမှာရေးထားပါတယ်။ သူမရဲ့ အမွေအနှစ်ကိုတော့ ကြင်နာမူ့အပြည့်နဲ့ အဝတ်တစ်ခါလျှော်တိုင်း တစ်ခါရေးသွားခဲ့တာပါ။

Translate by hankyi
Crd



゚viralシfypシ゚viralシalシ

24/11/2025

အသက် (၃၀) မှ စီးပွားရေးစလုပ်လဲ နောက်မကျပါဘူး။
အသက် (၂၈) မှကျောင်းပြီးတာ အားငယ်စရာမဟုတ်ပါဘူး။
အသက် (၃၅) မှ ချစ်သူ စထားတာလည်း ရှက်စရာမကောင်းပါဘူး။
အသက် (၄၀) မှာမှ အိမ်ဝယ်နိုင်တာလည်း မျက်နှာငယ်စရာမဟုတ်ပါဘူး။
အသက် (၄၅) နှစ်မှ ဖူးစာရှင်တွေ့ပြီး အိမ်ထောင်ပြုတာလည်း လူပြောစရာမဖြစ်ပါဘူး။

မင်းဟာ နောက်မကျသလို စောလည်းမစောပါဘူး။ ဘဝရဲ့ Timing က အမြဲတမ်းမှန်ကန်နေတယ်ဆိုတာ ယုံကြည်လိုက်စမ်းပါ။ လူတိုဂ်းက ကိုယ့်ဘဝလမ်းကြောင်းပေါ် ပြေးနေရတယ်။ လျှောက်နေရတယ်။

ဘဝမှာ ကျနော်တို့ဟာ တစ်ခါသာ ရှင်သန်ခွင့်ရတယ်။ နောက်ဘဝတွေ ရှေ့ဘဝတွေ အသာထား ၊ယခုလက်ရှိ ရှင်သန်နေရတဲ့ဘဝကိုပဲ အဓိပ္ပာယ်ရှိအောင် အရင်ကြိုးစားနေထိုင်ရမယ်။

ဝရင် GYM သွားပြီး ဝိတ်ချပါ။ ပိန်နေရင် များများစားပါ။
အားလပ်ချိန်မှာ စာများများဖတ်ပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ ခရီးသွားပါ။

Motivated မဖြစ်တဲ့နေ့တွေမှာ ငြိမ်ငြိမ်ကလေးနေပြီး အဲ့ဒီနေ့တွေကို ဖြတ်ကျော်ပါ။

လူတွေရဲ့အမြင်တွေ ဝေဖန်မူတွေကို အဲ့လောက်ထိဂရုစိုက်မနေပါနဲ့။
ဘဝကို ရိုးရိုးသားသားနဲ့ ပျော်ရွှင်စွာနေထိုင်ပါ။



်ပါချစ်ပါရှင်သန်ပါ


゚viralシfypシ゚viralシalシ

18/11/2025

တိုက်အမြင့်ကြီးတွေဆို အရမ်းသဘောကြတယ် 🏙️🏢

18/11/2025

Good morning 🌞
Tuesday Breakfast 🥞 လေးပါခင်ဗျာ ☕

17/11/2025

Ayar Chantha Executive Condominium သို့ 🚘🚘🚘





゚viralシfypシ゚viralシalシ

17/11/2025

Morning 🌄

Breakfast လေးစားကြပါအုံးခင်ဗျာ 🥪☕



゚viralシfypシ゚viralシalシ

16/11/2025

ဘယ်သူတွေ ရည်းစားဘယ်နှစ်ယောက် တွဲခဲ့သလဲဆိုတာ

ဒီကန်ဘောင်ကြီးက သက်သေပါကွာ 😜

📷 Me



゚viralシfypシ゚viralシalシ

14/11/2025

ကောင်းကင်ဘုံတော့ရောက်ချင်တယ်၊ သေတော့မသေချင်ဘူး။

ကျွန်တော်တို့ရဲ့အောင်မြင်မှုကို အကြီးမားဆုံး ပိတ်ဆို့တားစီးထားတဲ့အရာက ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်ပဲ ဖြစ်ပါတယ်။

လူအများစု အောင်မြင်မှုမရပဲ အခွင့်အလမ်းတွေနဲ့ လွဲချော်ရခြင်းရဲ့ အဓိကအားနည်းချက်ကလည်း သူတို့တွေဟာ အောင်မြင်မှုကြောင့်ရလာတဲ့ ပျော်ရွှင်ရမယ့်ခံစားချက်ထက် ရှုံးနိမ့်ပြီးကြုံတွေ့ရမယ့် နာကျင်ခြင်းခံစားချက်ကို ပိုပြီး ကြောက်နေကြလို့ပါပဲ။

ဆိုရိုးစကားတစ်ခွန်းရှိတယ်။ “လူတွေက ကောင်းကင်ဘုံတော့ ရောက်ချင်ကြတယ်။ ဒါပေမယ့်ဘယ်သူမှမသေချင်ကြဘူး” တဲ့။

အဲဒီလိုပါပဲ လူအများစုကချမ်းသာဖို့ စိတ်ကူးယဉ်ကြပေမယ့် ဆုံးရှုံးမှာကိုတော့ သေမလောက်ကြောက်ကြတယ်။ အဲဒီအတွက်ကြောင့်ပဲ သူတို့ဟာကောင်းကင်ဘုံကို ဘယ်တော့မှ မတွေ့ကြတာပေါ့။

ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာလည်း ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ အောင်မြင်ခြင်းတွေ ရောက်ရှိလာလေ့ရှိကြောင်းကို သတိထားမိတယ်။ ကျွန်တော်စက်ဘီးမစီးတတ်ခင် အချိန်ထိ အကြိမ်ကြိမ်လဲကျခဲ့ဖူးတယ်။

ဂေါက်သီးတလုံးမှ မပျောက်ဖူးပဲ ဂေါက်ရိုက်တတ်သွားတဲ့ သူမရှိသလို တစ်ခါမှ ငွေကြေးမဆုံးရှုံးဖူးပဲ ချမ်းသာသွားတဲ့ သူဌေးတွေလည်း ကျွန်တော်မတွေ့ဖူးသေးဘူး။

ကျွန်တော်တို့ဘဝမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကြောက်ရွံ့မှု (Fear) တွေ ကျွန်တော်တို့ရဲ့စိတ်ခံစားချက် (Emotion) တွေကို ထိန်းချုပ်ပြီး ဘယ်အရာကိုမဆို ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ပြီး ရဲရဲရင်ဆိုင်ဖို့ အရေးကြီးပါတယ်။

ရောဘတ်ကီယိုဆာကီ
(ဆင်းရဲဖေဖေချမ်းသာဖေဖေ)



゚viralシfypシ゚viralシalシ

12/11/2025

ချစ် ခင် စုံ မက် နှစ် သက် ဖွယ် မှန် သမျှနဲ့
နောက် ဆုံး မှာ ကွေ ကွင်း ရ မယ် ဆို တာ
ငါ ပြော ရတာလဲ များ လှ ပြီ အာနန္ဒာ
လော က မှာ မြဲ တယ် ဆို တာ ဘာ တစ် ခုမှ မရှိဘူး။

🪷

#ဗုဒ္ဒ

09/11/2025

တစ်ယောက်က စောင့်နေမယ်ဆိုရင်
တစ်ယောက်က လာကိုလာရမယ်ဆို...
ခုတော့ မိုးတွေပဲရွာ သူ မလာခဲ့ပါဘူး 😌

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon