ACMV Technical Knowledge
" Collection of knowledge about technology "
21/10/2023
ကားတစ်စီးကို ကျွမ်းကျင်စွာမောင်းနှင်တတ်ဖို့ သိထားရမယ့်အခြေခံ
------- ------- --------
မြို့တွင်းမှာ မောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊ အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ အနေအထားတွေကိုင်ပြီး မောင်းနှင်ရင်လူသက်သာပါတယ် (၂ နာရီနဲ့ ၁၀ နာရီ အနေအထားတွေကတော့ လေအိတ်မပါတဲ့ကားဟောင်းတွေ၊ လက်ကိုင်ဂွေကြီးမားတဲ့ကားတွေနဲ့ ပါဝါစတီယာရင်စနစ်မပါဝင်တဲ့ ကားတွေအတွက်ပါ။)။ လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ။
🔸လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း
လူအများစု အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့ အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ။ ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင် လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက နံရိုးကျိုးတာတွေ၊ မီးလောင်သလို အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက် အကွာအဝေးရှိနေရပါမယ်။
🔸တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း
ယာဉ်မောင်းသမား အများစုဟာ လေချိန်ဖို့ အနည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့ လမ်းမကြုံရင် (သို့) ကားမောင်းနေရင်း ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။ တာယာဟာ သင့်ကားရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး ခရီးဝေးသွားမယ့်အခါမျိုးတွေမှာ နိုက်ထရိုဂျင်လေထိုးသွားကြဖို့ အကြံပေးလိုက်ပါရစေ
🔸ဘေးမှန်များ အချိန်အဆလွဲနေခြင်း
လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ ဘေးမှန်က အချိန်အဆလွဲနေရင် မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း လူတိုက်မိတာတို့ လမ်းပြောင်းတုန်း သူများကား သွားပွတ်မိတာ တို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို နောက်ကော ဘေးကော နှစ်ဘက်လုံး ထင်မြင်အောင် သေချာချိန်ထားပါ။
(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)
မူရင်းရေးသားသူအား 📝လေးစားစွာဖြင့် Credit ပေးပါသည်။
ကိုဇာနည်(Car Focus)
Car dealership & RTAD Service
ကားလိုင်စင် နှင့် လူလိုင်စင်-(ဝန်ဆောင်မှု)
📲- 0926274490
14/10/2023
Credit
original uploader
21/09/2023
Actor of Our Team 😁
https://www.facebook.com/story.php?story_fbid=1739324046491666&id=100012422626909&post_id=100012422626909_1739324046491666&mibextid=Nif5oz
18/09/2023
#သူတို့ရဲ့တပ်ဆင်မှု 👍👍👍
(So Proud) 💪💪💪
06/09/2023
Skills of Our Expert Technicians. 😘😘😘
06/09/2023
After Vacuum(48Hrs) & Additional Gas Filling(R410A)
System (45.0kW).
Error (E5)
System (Inverter)
Module (Cooling Capacity 28.0kW)
Capacity (73.0kW / 26.0Hp)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon