DLoLote
How-To Instructions and up-to-date Technology News
29/03/2025
Ubuntu OS ကိုဘာကြောင့် Windows အစားထိုးသုံးစွဲသင့်သလဲ
==========
Ubuntu OS ဆိုတာက Linux အခြေပြု လည်ပတ်မှုစနစ်တစ်ခုဖြစ်ပြီး အသုံးပြုရလွယ်ကူပြီး အခမဲ့ဖြစ်တဲ့အတွက် လူကြိုက်များပါတယ်။ ဒီမှာ Ubuntu ကိုအသုံးပြုသူတွေ သိထားသင့်တဲ့ အခြေခံအချက်တွေနဲ့ Windows အစား ဘာကြောင့်သုံးသင့်လဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးပါမယ်။
Ubuntu OS အသုံးပြုသူတွေ သိထားသင့်တဲ့ အခြေခံအချက်များ
အခမဲ့ဖြစ်ခြင်း
Ubuntu ကို ဒေါင်းလုဒ်လုပ်ပြီး သုံးလိုရပါတယ်။ ဘယ်လိုကွန်ပျူတာမျိုးမှာမဆို တရားဝင်ထည့်သွင်းလိုရပြီး ပိုက်ဆံပေးစရာမလိုပါဘူး။
အသုံးပြုရလွယ်ကူခြင်း
ပုံမှန်အားဖြင့် Desktop ပေါ်မှာ ဖိုင်တွေ၊ အပလီကေးရှင်းတွေ အလွယ်တကူဖွင့်လိုရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ မိုဘိုင်းလ်ဖုန်းလို ရိုးရှင်းတဲ့ ခလုတ်တွေနဲ့ လှုပ်ရှားလိုရတယ်။
အပြည့်အစုံဖတ်ရှုရန် - https://tinyurl.com/2ph8jpjb
ဝက်ဘ်ဆိုက် - https://myanmar-techarea.com
တယ်လီဂရမ် - https://t.me/myanmartecharea
Ubuntu OS ကိုဘာကြောင့် Windows အစားထိုးသုံးစွဲသင့်သလဲ
==========
Ubuntu OS ဆိုတာက Linux အခြေပြု လည်ပတ်မှုစနစ်တစ်ခုဖြစ်ပြီး အသုံးပြုရလွယ်ကူပြီး အခမဲ့ဖြစ်တဲ့အတွက် လူကြိုက်များပါတယ်။ ဒီမှာ Ubuntu ကိုအသုံးပြုသူတွေ သိထားသင့်တဲ့ အခြေခံအချက်တွေနဲ့ Windows အစား ဘာကြောင့်သုံးသင့်လဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးပါမယ်။
Ubuntu OS အသုံးပြုသူတွေ သိထားသင့်တဲ့ အခြေခံအချက်များ
အခမဲ့ဖြစ်ခြင်း
Ubuntu ကို ဒေါင်းလုဒ်လုပ်ပြီး သုံးလို့ရပါတယ်။ ဘယ်လိုကွန်ပျူတာမျိုးမှာမဆို တရားဝင်ထည့်သွင်းလို့ရပြီး ပိုက်ဆံပေးစရာမလိုပါဘူး။
အသုံးပြုရလွယ်ကူခြင်း
ပုံမှန်အားဖြင့် Desktop ပေါ်မှာ ဖိုင်တွေ၊ အပလီကေးရှင်းတွေ အလွယ်တကူဖွင့်လို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ မိုဘိုင်းလ်ဖုန်းလို ရိုးရှင်းတဲ့ ခလုတ်တွေနဲ့ လှုပ်ရှားလို့ရတယ်။
အပြည့်အစုံဖတ်ရှုရန် - https://tinyurl.com/2ph8jpjb
ဝက်ဘ်ဆိုက် - https://myanmar-techarea.com
တယ်လီဂရမ် - https://t.me/myanmartecharea
29/03/2025
ခေတ်မီစစ်တပ်အတွက် AI အသေခံဒရုန်းများ Kim Jong Un စမ်းသပ်
========
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ AI နည်းပညာတပ်ဆင်ထားတဲ့ အသေခံမောင်းသူမဲ့ ဒရုန်းများ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပါတယ်။
ခေတ်မီလက်နက်များ ဖွံ့ဖြိုးတိုးတက်မှုတွင် မောင်းသူမဲ့စနစ်နဲ့ AI တို့က အလွန်အရေးပါကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
နည်းပညာသတင်းနဲ့ အသုံးဝင်မယ့် နည်းပညာဆောင်းပါးတွေကို Myanmar Tech Area page နဲ့ ဝက်ဘ်ဆိုက်တွေမှာ ဝင်ရောက်ဖတ်ရှနိုင်ပါတယ်။
ခေတ်မီစစ်တပ်အတွက် AI အသေခံဒရုန်းများ Kim Jong Un စမ်းသပ်
========
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ AI နည်းပညာတပ်ဆင်ထားတဲ့ အသေခံမောင်းသူမဲ့ ဒရုန်းများ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပါတယ်။
ခေတ်မီလက်နက်များ ဖွံ့ဖြိုးတိုးတက်မှုတွင် မောင်းသူမဲ့စနစ်နဲ့ AI တို့က အလွန်အရေးပါကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
KCNA သတင်းဌာနရဲ့ အဆိုအရ Kim ဟာ အဆင့်မြှင့်တင်ထားတဲ့ ကင်းထောက်ဒရုန်းတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီ ဒရုန်းတွေဟာ နည်းဗျူဟာဆိုင်ရာ ပစ်မှတ်တွေကို ထောက်လှမ်းနိုင်သလို ကုန်းမြေနဲ့ ပင်လယ်ပြင်က ရန်သူ့ လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်နိုင်ပါတယ်။ မောင်းသူမဲ့ ကိရိယာတွေနဲ့ AI နည်းပညာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ ခေတ်မီဖို့အတွက် မရှိမဖြစ် လိုအပ်ကြောင်းကိုလည်း Kim က ပြောကြားခဲ့ပါတယ်။
Ref: TechInAsia
26/03/2025
လက်ရှိ ဒီမှာရှိနေတဲ့ follower အပေါင်းကို ကျွန်တော်တို့ DLoLote page မှ ဖန်တီးထားတဲ့ Myanmar Tech Area ဆိုတဲ့ ဝက်ဘ်ဆိုက်ကို ကြွရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နောက်ပိုင်းမှာ နည်းပညာနဲ့ပတ်သက်တဲ့ သတင်းတွေဖြစ်တဲ့ Tech News, AI, How To နဲ့ Security အကြောင်းအရာတွေ အပါအဝင် Tech Knowledge တွေကို Myanmar Tech Area ဝက်ဘ်ဆိုက်နဲ့ page တွေမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နည်းပညာကို စိတ်ဝင်စားတဲ့ Follower လာရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။
Website: https://myanmar-techarea.com
page: https://www.facebook.com/myanmartecharea/
Telegram Channel: https://t.me/myanmartecharea
Black Myth Wukong ဂိမ်းတဲ့
Game play ရော visual ရော ရှယ်ပဲ
Video Credit to original creator
CPU vs GPU
Video Credit to original creator
30/07/2024
EV တွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် အဖြစ်စေဆုံး အရာကို ပြုပြင်ပေးမယ့် Samsung ရဲ့ ဘက်ထရီအသစ်
30-7-2024
လျှပ်စစ်ကား (EV) တွေဟာ သိသိသာသာ အဆင့်မြင့်လာသလို လက်ရှိမှာဆိုရင် hatchback, truck, SUV နဲ့ sedan ဆိုပြီး အမျိုးအစား အမျိုးမျိုးနဲ့ ရရှိနိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အားသွင်းအဆောက်အအုံတွေဟာလည်း များစွာ တိုးတက်ကောင်းမွန်လာတာကြောင့် ခရီးဝေး သွားလာမှုတွေမှာလည်း ပိုမိုအဆင်ပြေလာပါတယ်။
လက်ရှိမှာ EV တွေဟာ အားတကြိမ်သွင်းရုံနဲ့ မိုင် ၄၀၀ ကျော် အကွာအဝေးအထိ ခရီးနှင်နိုင်နေပြီ ဖြစ်သလို ဘက်ထရီစွမ်းရည်ဟာလည်း အဆက်မပြတ် တိုးတက်နေပါတယ်။ ဒါပေမဲ့လည်း EV တွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်အပေးဆုံး အရာတခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ အားသွင်းချိန်ပါ။
အမြန် အားသွင်းစက်တွေဟာ EV ဘက်ထရီကို အားဖြည့်ပေးနိုင်ပေမယ့်လည်း ဒီစက်တွေဟာ အတော်လေး ရှားပါးသလို အားအပြည့်သွင်းရန်အတွက်လည်း ပုံမှန်အားဖြင့် နာရီဝက်လောက် ကြာပါတယ်။ ဒါကြောင့် ဆီဖြည့်ချိန် မိနစ်အနည်းငယ်သာကြာတဲ့ ဆီကားတွေနဲ့ ယှဥ်လိုက်ရင် ဘက်ထရီအားသွင်းချိန်က EV တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲဖို့အတွက် အတားအဆီးတခု ဖြစ်နေပါတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုကို Samsung လုပ်ငန်းစုကြီးရဲ့ ဘက်ထရီဌာနခွဲဖြစ်တဲ့ Samsung SDI က ဖန်တီးခဲ့ပါတယ်။ အဲ့ဒီဌာနက ဖန်တီးခဲ့တဲ့ solid-state ဘက်ထရီသစ်တမျိုးဟာ EV တွေကို မိုင် ၆၀၀ အကွာအဝေးအထိ ခရီးနှင်နိုင်စေသလို အားသွင်းချိန်ကလည်း ၉ မိနစ်ခန့်သာ ကြာမြင့်စေမှာ ဖြစ်ပါတယ်။
ဒီ ဘက်ထရီတွေကို ကားထုတ်လုပ်သူအချို့နဲ့ ၆ လကျော်ကြာ စမ်းသပ်နေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကားကုမ္ပဏီတွေရဲ့ နာမည်တွေကို Samung က ပြောကြားခဲ့တာမျိုး မရှိပေမယ့် Hyundai, General Motors တို့လို ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် solid-state ဘက်ထရီသစ်ဟာ သက်တမ်း နှစ် ၂၀ အထိ တာရှည်ခံတယ်လို့ Samsung SDI က ပြောကြားခဲ့တာကြောင့် EV တွေရဲ့ သက်တမ်းကို သိသိသာသာ တိုးမြှင့်လာစေမှာ ဖြစ်ပါတယ်။
Solid-state ဘက်ထရီသစ်တွေ ပါဝင်တဲ့ ပထမဆုံး EV တွေကို ၂၀၂၇ ခုနှစ်မှာ တွေ့မြင်နိုင်မယ်လို့ Samsung က ပြောပါတယ်။ ဒီဘက်ထရီတွေဟာ အလွန်စျေးကြီးတာကြောင့် "super premium EV" တွေမှာသာ အရင်ဆုံး တွေ့မြင်ရနိုင်ပါတယ်။
30/07/2024
Instagram သုံးစွဲသူများ မိမိ၏ AI ဗားရှင်းများကို ကိုယ်တိုင် ဖန်တီးပြုလုပ်နိုင်ပြီ
30-7-2024
အမေရိကန်ပြည်ထောင်စုရှိ Instagram သုံးစွဲသူ မည်သူမဆို မိမိရဲ့AI ဗားရှင်းတွေကို ကိုယ်တိုင် ဖန်တီးနိုင်ပြုလုပ်နိုင်စေမယ့် AI Studio လို့ခေါ်တဲ့ tool အသစ်တခုကို Meta က မိတ်ဆက်ပေးလိုက်ပါတယ်။
အဲ့ဒီ AI profile တွေကို creator တွေနဲ့ business owner တွေက သူတို့ရဲ့ ကိုယ်စား follower တွေနဲ့ စကားပြောဆိုရာမှာ အသုံးပြုနိုင်ပါတယ်။ သူတို့ဟာ chat thread တွေမှာ လူသားတွေနဲ့ တိုက်ရိုက် စကားပြောနိုင်ပြီး account ရဲ့ comment တွေမှာလည်း တုံ့ပြန်ဖြေကြားပေးမှာ ဖြစ်ပါတယ်။ အမေရိကန်မှာရှိတဲ့ Instagram သုံးစွဲသူတွေအနေနဲ့ AI Studio ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်သလို Instagram ထဲက "AI chat" အသစ်ကနေလည်း တိုက်ရိုက် စတင် အသုံးပြုနိုင်တယ်လို့ Meta က ပြောပါတယ်။
"creator တွေဟာ သူတို့ ရှောင်ရှားလိုတဲ့ Instagram content တွေ၊ topic တွေနဲ့ ဝေမျှလိုတဲ့ link တွေ စတဲ့ AI အခြေခံ အကြောင်းအရာတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်တယ်" လို့ တနင်္လာနေ့က blog post တခုမှာ ကုမ္ပဏီက ရေးသားခဲ့ပါတယ်။
ဒါ့အပြင် creator တွေဟာ သူတို့ရဲ့ AI မှာ auto-reply တွေလိုမျိုး အရာတွေကို ပြောင်းလဲနိုင်သလို အပြန်အလှန် တုံ့ပြန်ပြောကြားနိုင်မယ့် account တွေကိုလည်း သတ်မှတ်ထားနိုင်တယ်လို့ သိရပါတယ်။
30/07/2024
အင်တာနက် စည်းမျဥ်းစည်းကမ်းမူဘောင်အတွက် အာဆီယံနိုင်ငံများအကြား လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း မလေး ဆက်သွယ်ရေးဝန်ကြီး ပြော
29-07-2024
ဒေသအတွင်းမှာရှိတဲ့ ကလေးတွေနဲ့ မိသားစုတွေအတွက် ပိုမိုလုံခြုံတဲ့ အင်တာနက်ဂေဟစနစ်ကို သေချာစေမယ့် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း မူဘောင်တစ်ရပ် ရှာဖွေရာမှာ အာဆီယံအနေနဲ့ အတူတကွ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က ပြောပါတယ်။
မူဘောင်ဆိုင်ရာ ဆွေးနွေးမှုတွေကို ထိုင်းနိုင်ငံက ဦးဆောင်နေပြီး လာမယ့်နှစ်မှာ မလေးရှားက အာဆီယံ ဥက္ကဋ္ဌတာဝန် ယူတဲ့အခါ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။
Fahmi ရဲ့ အဆိုအရ ဒီအဆိုပြုချက်ဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ အစည်းအဝေးမှာ စင်ကာပူရဲ့ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်ကြားရေးဝန်ကြီး Josephine Teo ရဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဒီအစည်းအဝေးဟာ ကျနော်တို့ ဝန်ကြီးဌာနနှစ်ခုကို ပိုမို နီးကပ်စေရုံသာမက အထူးသဖြင့် မလေးရှားက နောက်နှစ် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ နှစ်ဦးနှစ်ဘက်ရဲ့ တူညီတဲ့ သဘောထားတွေကို အာဆီယံအဆင့်အထိ တင်ပြနိုင်စေမယ့် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရအ်ဖြစ်ပြီး မလေးရှား၊ စင်ကာပူနဲ့ အရှေ့တောင်အာရှဒေသက ကလေးတွေနဲ့ မိသားစုတွေအတွက် အင်တာနက်နဲ့ ဂေဟစနစ်ကို ပိုမို လုံခြုံစေမှာပါ" ဟု သူက ပြောပါတယ်။
သြဂုတ်လ ၁ ရက်မှာ စတင်မိတ်ဆက်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ စတင်အသက်ဝင်မယ့် ကလေးတွေနဲ့ မိသားစုတွေအတွက် လုံခြုံတဲ့ အင်တာနက်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းမူဘောင်အသစ်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံရဲ့ လှုပ်ရှားမှုကို Teo က ကြိုဆိုထောက်ခံကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။
အဆိုပါ မူဘောင်အသစ်မှတဆင့် မလေးရှားတွင် မှတ်ပုံတင်ထားတဲ့ ၈ သန်းထက် မနည်းတဲ့ သုံးစွဲသူတွေဟာ ဆိုရှယ်မီဒီယာဝန်ဆောင်မှုနဲ့ အင်တာနက်ဝန်ဆောင်မှုအားလုံးအတွက် ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာအက်ဥပဒေ ၁၉၉၈ (အက်ဥပဒေ ၅၈၈) အောက်ရှိ Application Service Provision Class Licence ကို လျှောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံဟာ ဆိုရှယ်မီဒီယာဝန်ဆောင်မှုတွေအတွက် စည်းမျဥ်း မူဘောင်တရပ်ကို ၂၀၂၂ ခုနှစ်ကတည်းက မိတ်ဆက်ထားပါတယ်။
EV ကား အားကုန်ရင် အားပြန်သွင်းတာထက် ဘက်ထရီ လဲတဲ့နည်းလမ်းက ပိုပြီး နည်းလမ်းကျတယ်
30/05/2024
1990 ခုနှစ်တွေမှာ စိုက်ပျိုးရေးဂိမ်းဆိုပြီး လူကြိုက်များခဲ့တဲ့ Harvest Moon ကို ၂၀၂၄ ဩဂုတ်လမှာ Android နဲ့ iOS အတွက် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။
အလိမ်အညာ ဖုန်းခေါ်ဆိုမှုတွေကို စောင့်ကြည့် သတိပေးမယ့် Android fraud call alert
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon