Tr.Tu's syllabus knowledge box

Tr.Tu's syllabus knowledge box

Share

Education

17/01/2022

ကျောင်းသားကျောင်းသူများ၏ လူမှုဘဝအတွက် ... 🤝

အောင်မြင်သော လူငယ်လေးများ ပျိုးထောင်ခြင်း
မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)

ပစ်တိုင်းထောင်များကဲ့သို့ အလဲအကျမှ အထမြန်သောစိတ်ဓာတ် ထူးထူးခြားခြားကြွယ်ဝပြီး အောင်မြင်သောလူငယ်များ၏မိဘများသည် အောက်ပါအချက်ခုနစ်ရပ်ကို အစဉ်အမြဲပြုလုပ်သည်ဟု စိတ်ပညာရှင်တစ်ဦးကဆိုသည်။

မည်သို့ပင် သာတူညီမျှဟုဆိုကြသော်လည်း လူတို့သည် နေရာတကာတွင် တစ်ပြေးညီသာတူညီမျှမှုမရှိချေ။ မိမိဘာသာရပ် ပညာရပ် နယ်ပယ်ပရိဝုဏ်အတွင်းတွင် ပြိင်ဘက်ကင်းအောင် ကျွမ်းကျင်တတ်မြောက်အောင်မြင်သော ပုဂ္ဂိုလ်အချို့ရှိသလို ထိုသူတို့ထက်ပင် ထူးထူးခြားခြားတော်သူများလည်း ရှိနေသည်ကိုတွေ့ရသည်။ တစ်နည်းဆိုရလျှင် ကမ္ဘာ့အအောင်မြင်ဆုံးလူ တစ်ရာခိုင်နှုန်းပေါ်တွင် ထပ်ဆင့်ထူးချွန်နေသောလူတစ်ရာခိုင်နှုန်းရှိသေးသည်။

ထိုထပ်ဆင့်ထူးချွန်သော တစ်ရာခိုင်နှုန်း၏သာဓကစာရင်းတွင် အီလွန်မတ်စ်၊ ဂျဖ်ဘီဇို၊ မိုက်ကယ်ဂျော်ဒန်၊ ဆီရီနာဝီလီယံ၊ မိုးဇက်၊ ဗီသိုဗင်ကဲ့သို့ ဆန်းသစ်တီထွင်သူများပါဝင်သည်။ သူတို့ကဲ့သို့ လူသိထင်ရှားမဟုတ်သော်လည်း သူတို့နှင့်တန်းတူတော်သော၊ အသက်ကယ်ဆေး တီထွင်ခဲ့သူများ၊ ကမ္ဘာကြီးပိုကောင်းရေး ရှေးရှုကြိုးပမ်းခဲ့သော နိုဘယ်ဆုရှင်များလည်း ပါဝင်သည်။

လူငယ်များကို လူတော်များဖြစ်စေရန် ပျိုးထောင်ပုံကို ငါးနှစ်ကျော်မျှ လေ့လာခဲ့ရာတွင် တွေ့ရှိခဲ့ရသောအချက်ကြီး တစ်ရပ်မှာ ထိုလူငယ်တို့သည် သူတို့၏စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာစွမ်းရည်တို့ကို ငယ်စဉ်ကတည်းကပင် အစွမ်းကုန်အသုံးချတတ်စွမ်း ရှိလာခဲ့ကြသည်ဆိုသောအချက်ပင်ဖြစ်သည်။ ဖြစ်စဉ်အများစုတွင် မိဘတို့၏ ပံ့ပိုးမြှင့်တင်အား ကောင်းသည်ကိုတွေ့ရသည်။

ထိုမိဘများ၏ လုပ်ထုံးလပ်နည်း နည်းနိသျှ ခုနစ်ရပ်ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

✅(၁) မိဘများက သူတို့၏ကလေးများကို အစွမ်းကုန်တွန်းအားပေးသည်။
နော်ဝေ စစ်တုရင်ပါရမီရှင်လေး မက်ခ်နပ်စ်ကာလ်ဆန်သည် ငယ်စဉ်ကပင် ပဟေဠိအဖြေညှိသည့် ကိစ္စမျိုး၊ လီဂိုကစားမှုမျိုးတို့တွင် ထူးထူးခြားခြားစွမ်းရည်ရှိခဲ့သည်။ ထိုစွမ်းရည်တို့သည် စစ်တုရင်ကစားနည်းတွင် အလွန်သုံးတည့်မည်ဟု သူ၏ဖခင်က တွက်ဆပြီး မက်ခ်နပ်စ်အား စစ်တုရင်ကစားရန် သိမ်းသွင်းခဲ့သည်။ စစ်တုရင်ကစားရာတွင် အထူးလက်ရည်တက်လာသောအခါ သူ၏ဖခင်သည် သူ့အား စစ်တုရင်ပြိုင်ပွဲများကို ဝင်ရောက်စေခဲ့သည်။ တစ်နည်းပြောရလျှင် မက်ခ်နပ်စ်၏မိဘများက သူတို့သားငယ်၏ဉာဏ်ရည်လမ်းကြောင်းကို တွက်ဆမိပြီး လိုက်လျောညီထွေ လမ်းကြောင်းပေးနိုင်ခဲ့သည်။ ထို့ကြောင့် မိဘသည် သားသမီး၏ဗီဇအရည်အသွေးကျွမ်းကျင်မှုများကိုတွေ့မြင်ပြီး ၎င်းအရည်အသွေးများကို လုပ်ဆောင်နိုင်ရန် တွန်းအားပေးရန် လိုအပ်သည်။

✅(၂) ကြိုးပမ်းအားထုတ်မှုနှင့် ထူးခြားသောရလဒ်များကြား ဆက်စပ်မှုကိုပြသည်။
ထူးခြားသောကလေးများ၏ မိဘများသည် သူတို့၏ဘဝကို ကလေးများအတွက် နှစ်ပေါင်းများစွာ မြှုပ်နှံထားခြင်းဖြင့် အတတ်ပညာ ကျွမ်းကျင်မှုတွင် ကလေးများ၏အရည်အသွေးများ ပိုမိုကောင်းမွန်လာစေရန် စံနမူနာထားဆောင်ရွက်ကြသည်။ ထိုသို့ပြုလုပ်ကြကြောင်း သားသမီးတို့ကိုလည်း ကောင်းစွာသဘောပေါက်စေသည်။
၂၀၂၀ ပြည့်နှစ်တွင် ဘီလ်ဂိတ်သည် သူ့ဖခင်၏ လုပ်ငန်းကျင့်ထုံးနှင့်ပတ်သက်၍ ပို့စ်တစ်ခုတွင် အောက်ပါအတိုင်းရေးသားခဲ့သည်။
သူဟာ ဆီအက်တလ်မြို့မှာ အလုပ်အကြိုးစားဆုံး၊ လူတွေအလေးစားဆုံး ရှေ့နေတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် ကျွန်တော်တို့ဒေသမှာ အဓိကလူထုခေါင်းဆောင်တစ်‌ယောက်ဖြစ်ခဲ့တယ်။ သမာသမတ်ကျသလို အသိပညာဆည်းပူးရေးကိစ္စကို အလွန်အလေးအနက်ထားခဲ့သည်။
"ချီးကျူးဂုဏ်ပြုခံလိုပါလျှင် ချီးကျူးဂုဏ်ပြုခံထိုက်အောင် အလုပ်လုပ်ရမည်" ဟု ဂိတ်၏ဖခင်က သားသမီးများကို သွန်သင်ပေးခဲ့သည်။ ထို့ကြောင့် သင်၏သားသမီးများကိုလည်း ကြိုးစားမှ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြသရန်လိုသည်။ မည်သည့်အရာမှ အလကားမရ၊ ဖြတ်လမ်းနည်းများဖြင့် ပန်းတိုင်ကို တက်လှမ်း၍မရနိုင်ကြောင်း သွန်သင်ပြသရန် လိုအပ်ပါသည်။

✅(၃) ကြိုးစားအားထုတ်မှုနှင့် ထူးချွန်မှုကို လေ့ကျင့်ပျိုးထောင်ရယူဖန်တီးသည်။
၂၀၁၇ ခုနှစ်တွင် ဗြိတိသျှသုတေသီတစ်စုသည် elite အားကစားသမားများနှင့် ultra elite အားကစားသမားများဟု အတန်းအစားနှစ်မျိုးကို ခွဲခြားဆန်းစစ်ခဲ့သည်။ ultra elite အားကစားသမားများသည် အပတ်တကုပ်ကြိုးပမ်းမှုကို အလေးထားသောပတ်ဝန်းကျင်တွင် ကြီးပြင်းကြသူများဖြစ်ကြောင်း တွေ့ရသည်။ အောင်မြင်စေလိုသော၊ အောင်မြင်မှုကို မလွဲမသွေလိုချင်သော မိသားစုပတ်ဝန်းကျင်တွင် ကြီးပြင်းသည်ကိုတွေ့ရသည်။ ပြိုင်ဘက်ကင်း တင်းနစ်မယ်များဖြစ်သော ဗီးနပ်စ်နှင့် ဆီရီနာဝီလီယံတို့သည် ထိုသို့သောပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသည်။ သူတို့၏ဖခင်ရစ်ချတ်သည် သူတို့တင်းနစ်လောကထိပ်တန်းရောက်ရှိရေးအတွက် blue print-စာမျက်နှာ ၇၈မျက်နှာရှိ လမ်းညွှန်စာတမ်းကို ရေးသားခဲ့သည်။ သူတို့အတွက် စတာထွက်ကာလကို အသက်ငါးနှစ်အရွယ်ကပင် သတ်မှတ်ခဲ့သည်။ ဤကဲ့သို့ လေ့ကျင့်ပျိုးထောင်ပေးမှုကြောင့် သူတို့ညီအစ်မ ultra elite ဖြစ်ခဲ့ကြရသည်ဟု ဆိုရမည်ဖြစ်သည်။

✅(၄) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် တွန်းအားပေးသည်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအားကောင်းစေခြင်းသည် ဘဝအနေအထားကို များစွာပြောင်းလဲစေနိုင်သည်။ လုပ်ရဲကိုင်ရဲစေသလို လဲကျလျှင်လည်း ပြန်ထ၍ ဆက်လက်တိုက်ပွဲဝင်ရဲစေသည်။ ဝေဖန်ရှုတ်ချမှုပြုသည်ထက် အားပေးနှစ်သိမ့်လိုက်ခြင်းက သားသမီးများအား နောင်တွင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သူဖြစ်အောင် ပျိုးထောင်ရာ ရောက်မည်ဖြစ်သည်။

✅(၅) သားသမီးများက မေးခွန်းများမေးသည့်အခါ စိတ်ရှည်ကြသည်။
သားသမီးများကို ဖြစ်ထွန်းစေလိုသူတို့သည် သားသမီးတို့အား စာဖတ်ရန်၊ မိမိပတ်ဝန်းကျင်ကိုလေ့လာရန် တွန်ူအားပေးတတ်သည်။ ထိုအကျိုးဆက်ကား ကလေးတို့မသိသည့်အရာများရှိပါက "စကားများတယ်ကွာ" ဟုမပြောဆိုဘဲ စိတ်ရှည်စွာပြန်ဖြေတတ်ကြသည်။ နိုဘယ်ဆုရပုဂ္ဂိုလ် အတော်များများကို ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာတွင် သူတို့မိဘများက သိသလောက်ဖြေတတ်ပြီး သူတို့မသိလျှင် မည်သည့်နေရာတွင် ထိုအဖြေတွေ့နိုင်သည်ဟု လမ်းညွှန်ပြသနိုင်ခဲ့ကြသည်ဟုဆိုသည်။
ထိုမျှသာမကသေး ထိုမိဘမျိုးများသည် သူတို့သားသမီးများအတွက် ဆရာသမားကောင်းများရှာဖွေရာတွင်လည်း ကျွမ်းကျင်ကြသည်။

✅(၆) ကျွမ်းကျင်မှုကို ငယ်စဉ်ကတည်းကပင် အထူးလေ့ကျင့်ပျိုးထောင် အားပေးသည်။
မိဘ၏ နံပါတ်တစ်အလုပ်မှာ သားသမီး မည်သည့်အရာကို အထူးဝါသနာပါသည်ဟု တွက်ဆနိုင်ရေးပင်ဖြစ်သည်။ ထိုဝါသနာပါရာကို အထူးဦးစားပေးကျွမ်းကျင်အောင်ပျိုးထောင်ပေးခြင်းသည် တစ်နည်းအားဖြင့် အောင်မြင်မှုကို အကွက်ချ၍ ရောက်အောင်သွားခြင်းပင်ဖြစ်သည်။ ထိုသို့ထူးချွန်ရန် ကြိုးပမ်းခြင်းကြောင့် အခြားစွမ်းရည်တို့ကို စွန့်လွှတ်ခြင်းဟု မဆိုလိုပါ။ ဥပမာပြရပါလျှင် ဘောလုံးဝါသနာပါရာတွင် ရှေ့တန်းလူအဖြစ် ပိုကောင်းမည်လား။ နောက်တန်း သို့မဟုတ် ဂိုးသမားအဖြစ်ပိုကောင်းမည်လား။ နည်းပြတစ်ယောက်ကဲ့သို့ အလားအလာကို တွက်ဆနိုင်မှု၊ ရွေးချယ်လျာထားပေးနိုင်မှုကို ဆိုလိုသည်။

✅(၇) ယှဉ်ပြိုင်မှုနှင့် တိုးတက်မှုကို တွန်းအားပေးသည်။
လေ့လာခဲ့သော ထူးချွန်သူများစွာသည် အဆက်မပြတ်ယှဉ်ပြိုင်မှုများနေသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ကြသည်။ အသက်ငယ်ငယ်ကတည်းက ကလေးကစားနည်းများမှာပင် ယှဉ်ပြိုင်စိတ်များခဲ့ကြသူများဖြစ်သည်ကို တွေ့ရသည်။ သို့သော် အနိုင်ရရေးထက် မှန်ကန်စွာယှဉ်ပြိုင်နိုင်ရေးနှင့် မှန်ကန်စွာအနိုင်ရရေး၊ မှန်ကန်စွာအနိုင်ရရေးအတွက် လိုအပ်သောပြုပြင်မွမ်းမံမှုပြုလုပ်ရန် မိဘများက တွန်းအားပေးသည်ကို တွေ့ရသည်။

Ref: Raising Successful Kids by Kumar Mehta

Photos from Tr.Tu's syllabus knowledge box's post 03/09/2021

"The 24 letters of the Greek alphabet"
🇬🇷 Flag of Greece ( National flag )
*For mathematics, science & others

Photos from Tr.Tu's syllabus knowledge box's post 31/08/2021

"Photosynthesis & Cellular respiration"
🌱🌿
*အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများလေ့လာရန်*

Photos from Tr.Tu's syllabus knowledge box's post 30/08/2021

"Units (စံနှုန်း) အကူးအပြောင်းများ" ↔️
-ယူနစ်ကြီးမှ ယူနစ်ငယ်သို့ ပြောင်းသောအခါ သက်ဆိုင်ရာတန်ဖိုးများဖြင့် ‌‌(×) ပေးပါ။
[ ကြီးမှငယ်ဆို မြှောက် ]
-ယူနစ်ငယ်မှ ယူနစ်ကြီးသို့ ပြောင်းသောအခါ သက်ဆိုင်ရာတန်ဖိုးများဖြင့် (÷)ပေးပါ။
[ ငယ်မှကြီးဆို စား ]

Note❗
-သက်ဆိုင်ရာစံနှုန်းတန်ဖိုးများကို အလွတ်ကျက်မှတ်သိရှိရန်။
-‌ပုံတွင် အသုံးများသောUnitများကို ဖော်ပြထား။

*အထက်တန်းနှင့် အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအတွက်ရည်ရွယ်ပါသည်။
Photo: Pinterest

29/08/2021

Use your dictionary 📚 (6.1)
အောက်ပါ ဦးနှောက်အစိတ်အပိုင်းများ၏ လုပ်ဆောင်နိုင်စွမ်းများကို မြန်မာအဓိပ္ပါယ်နှင့်ဖြစ်စေ အင်္ဂလိပ်အဓိပ္ပါယ်နှင့်ဖြစ်စေ ဘာသာပြန်ဆိုလေ့လာကြည့်ပါ။

*Education is important. ⭐
Photo: Pinterest

Photos from Tr.Tu's syllabus knowledge box's post 22/01/2021

Let's study together in Southeast Asia countries! 🌏

Now, the ASEAN members' Traditional costumes, National flowers & some Tourist attractions are described.

⭐ Google & self-knowledge

30/10/2020

Use your dictionary 📚 (5.2)
Take the time ⏰
🔍 positive word
⭐ "the chance to practice"

Photos from Tr.Tu's syllabus knowledge box's post 27/10/2020

Chemistry ⚗️
Chapter-4 (G-10)
📖 * Why was carbon-12 selected?
📖 * Greek prefixes
⭐ Take notes

26/10/2020

Use your dictionary 📚 (5.1)
Take the time ⏰
🔍 military vocabulary
⭐ "a chance to practice"

25/10/2020

Physics 🪐
📖 some Scalar & Vector quantities
⭐ Take notes

17/10/2020

Use your dictionary 📚 (4.2)
Take the time ⏰
🔍 skeleton vocabulary
⭐ "a chance to practice"

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Mingalar Street, Insein
Yangon