gamers_not_here
Gameplay Walkthrough for Android and iOS
07/01/2023
ကျွန်တော်တို့ဒီနေ့ Flash Party Game လေးဆော့ကြမယ်ဗျာ။
Let's beat everyone with SIVI in Flash party #flashparty #androidgameplay #iosgameplay Let's beat everyone with SIVI in Flash party_______________________________________________________________________________Today I will beat everyone with SI...
06/01/2023
Driving Simulation Game ကို ကြိုက်တဲ့သူများအတွက် ကျွန်တော်အခုမိတ်ဆက်ပေးမဲ့ Game ကတော့ of Europe 3 ဆိုတဲ့ game ပဲဖြစ်ပါတယ်။
🔴 About the game
- ဒီ Game ကတော့ တကယ့် Truck ကားတစ်စီးကိုမောင်းနေရတဲ့ Feeling ကိုအပြည့်ရစေမှာပါ။
- Europe တစ်ခွင်ကိုမောင်းရမှာဖြစ်ပီး ပစ္စည်းတွေပို့ ပိုက်ဆံရှာရမှာပဲဖြစ်ပါတယ်။
- ရလာတဲ့ပိုက်ဆံတွေနဲ့ Truck ကားအသစ်တွေ ထပ်ဝယ်လို့ရမှာပါ။ Open world Game လဲဖြစ်ပါတယ်ဗျ။
🔴 About the gameplay
- Graphic ကတော့ ရှယ်ပါ။
- Driving ကျွမ်းတဲ့သူတွေအတွက်တော့ ဒီ Game က ပိုပျော်ဖို့ကောင်းမှာသေချာပါတယ်။
- ပစ္စည်းယူ ပစ္စည်းပို့ ကားညစ်ပတ်နေရင် ကားရေဆေး ကားပြင်တာတွေလုပ်လို့ရတဲ့အပြင် ပင်ပန်းရင်လမ်းမှာပါ တရေးအိပ်လို့ရမှာပါ။
- Weather condition တွေပါထည့်ထားတဲ့အတွက် Driving Vibe ကို အပြည့်ရစေမှာပါ။
🔴 Gameplay ကို အောက်က video လေးမှာကြည့်လို့ရပါတယ်ဗျ။
👁️🗨️ gameplay တွေကို နေ့တိုင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် ကျတော့်ရဲ့ gamers_not_here page လေးနဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးဗျ။
Truckers of Europe 3 Android Gameplay Walkthrough #androidgames #iosgames #truckersofeurope3 Truckers of Europe 3 Android Gameplay WalkthroughDescriptionBecome a real trucker with Truckers of Europe 3! Featuring intensive driving experience with the ...
06/01/2023
🔴 RPG Game ကြိုက်သောသူများအတွက်တော့ Eversoul က ဆော့ကိုဆော့သင့်တဲ့ Game တစ်ခုပါ။ မိုက်လားမမိုက်လားဆိုတာကတော့ ကျွန်တော့်ရဲ့ Thumbnail ကိုကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။ 😁
🔴 ဒီလမှ official ထွက်လာတဲ့ ပူပူနွေးနွေး Game လေးပဲဖြစ်ပါတယ်။
🔴 Storyline, Graphic, Game Character အကုန်လုံး ဘာမှ ပြောစရာမရှိလောက်အောင်ကို အရမ်းမိုက်တဲ့ Game ပါ။
🔴 Game က ဒီလမှထွက်တယ် Most Played Game ထဲမှာ နံပတ် ၂ နေရာရောက်သွားတယ်။
- Game Size က 3GB ကျော်ပါတယ်။ Game ကိုတွေ့တွေ့ချင်း 300MB လောက်ပဲထင်ပီးမဆွဲလိုက်ပါနဲ့ Game ထဲမှာ 3GB ထပ်ဒေါင်းရပါတယ်။
🔴 Gameplay ကို အောက်က video လေးမှာကြည့်လို့ရပါတယ်ဗျ။
👁️🗨️ gameplay တွေကို နေ့တိုင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် ကျတော့်ရဲ့ gamers_not_here page လေးနဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးဗျ။
Eversoul Gameplay Android & iOS (Official Launch) Eversoul Gameplay Android & iOS (Official Launch)Description Collect beautiful Souls and enjoy a stunning visual RPG!FEATURES SUMMON UNIQUE SOULS Summon myri...
05/01/2023
ဒီတစ်ခေါက်မှာတော့ MOBA Game အမျိုးအစားဆိုတာ ဘယ်လိုအမျိုးအစားလဲဆိုတာ ကျတော်သိသလောက်လေး ရှင်းပြထားတယ်ဗျ။
သိပီးသားသူများအတွက်တော့ ပျင်းစရာကောင်းတာပေါ့ဗျာ။ မသိသေးသူများအတွက်တော့ Knowledgeable လေးတစ်ခုအဖြစ်တော့ ရနိုင်တာပေါ့။
🔴 What is MOBA Game?
MOBA - Multiplayer Online Battle Arena ဆိုတာ Battlefield တစ်ခုအပေါ်မှာ Player 2 ဖွဲ့ ယှဉ်ပြိုင်ကျတဲ့ Strategy Game အမျိုးအစားဆိုပီး ကျတော်တို့အလွယ်သတ်မှတ်လို့ရပါတယ်။
🔴 Gameplay
ကျတော်တို့သိထားပီးဖြစ်တဲ့အတိုင်း တစ်ဖက်ကို Player 5 ယောက်စီနဲ့ မိမိတို့ကြိုက်နှစ်သက်ရာ Hero တစ်ကောင်ချင်းဆီကို ရွေးချယ်ပီး ဆော့ရတာပဲဖြစ်ပါတယ်။
🔴 Character Roles
MOBA Game အများစုမှာ Tank, Bruiser, Marksman, Mage, Fighter, Assassin, Support နဲ့ Healer ဆိုပီး မိမိတို့ကြိုက်နှစ်သက်ရာ role တစ်ခုဆီကို ရွေးချယ်ပီးဆော့လို့ရပါတယ်။
🔴 MOBA History
MOBA Game မှာ ပထမဆုံး လူကြိုက်အများဆုံးဖြစ်လာတဲ့ Game ကတော့ Aeon of Strife (AoS)ပဲဖြစ်ပါတယ်။ Defense of the Ancients (DOTA) ကို Warcraft III : Region of Chaos အတွက် Warcraft III မှ 2003 တွင် AoS ကိုအခြေခံပီး ထုတ်လုပ်ခဲ့ပါတယ်။ DOTA က MOBA Game အမျိုးအစားတွေထဲမှာ ပထမဆုံး Sponsor ပေးပြိုင်ပွဲတွေကို ကျင်းပပေးခဲ့တာလဲဖြစ်ပါတယ်။ သူ့နောက်မှာတော့ League of Legends (2009) နဲ့ Heroes of Newerth (2010) တို့အပြင် DOTA (2) နဲ့ Heroes of the Storm တို့ကလဲ MOBA Genre ထဲမှာ ပါဝင်ခဲ့ကြပါတယ်။
2010 နောက်ပိုင်းမှာတော့ MOBA Genre ဟာ Esports လောကမှာ နာမည်အကြီးဆုံး Genre တစ်ခုဖြစ်လာခဲ့ပါတယ်။ 2018 မှာ US$60 Million နဲ့ Esports Prize Pool မှာ 40% အထိရှိလာခဲ့ပါတယ်။
ဒါကတော့ ကျတော်လေ့လာထားသလောက် MOBA အကြောင်းလေးပါဗျ။ ညီကိုတို့ သိထားတာလေးတွေ ရှိရင်လဲ comment မှာ ပြောခဲ့ကြပါဦးဗျ။
🎦 ကျတော် YouTube Channel လေးတစ်ခုလဲ RUN နေပါတယ်ဗျ။ ကျတော့် Channel မှာတော့ အသစ်ထွက်လာတဲ့ Mobile Game လေးတွေအတွက် Gameplay Walkthrough လေးတွေလုပ်ပေးထားပါတယ်။ Channel လေးကို subscribe လေးလုပ်ဖို့အတွက် အောက်က Link လေးကို နှိပ်ပေးပါဦး။
https://youtube.com/
04/01/2023
🔴 Action Game ကြိုက်တဲ့ bro တို့အတွက် ကျွန်တော်အခုတစ်ခေါက်မိတ်ဆက်ပေးမဲ့ Game ကတော့ ဆိုတဲ့ Game လေးပဲဖြစ်ပါတယ်။ (ဆော့ကြည့်ပါ တကယ်မိုက်တဲ့ game ဖြစ်တဲ့အတွက် နောင်တမရစေရပါဘူး - Thanks me later 😉)
🔴 About game
- Action Game ဖြစ်တဲ့အတွက် တိုက်ခိုက်တာတွေ၊ ရှောင်တိမ်းတာတွေ၊ ပိတ်ဆို့တာတွေ၊ ကာကွယ်တာတွေပြုလုပ်ပီး မိမိရဲ့ပြိုင်ဘက်ကို စင်ပေါ်ကနေ ပြုတ်ကျအောင်လုပ်ရမှာပါ။
- ရွေးချယ်စရာ Character 20 ရှိတဲ့အပြင် Character တစ်ခုချင်းဆီမှာလဲ ကိုယ်ပိုင် ability တွေရှိတဲ့အတွက် ဆော့ရတာ ပိုစိတ်ဝင်စားဖို့ ကောင်းမှာပါ။
- 1 VS 1, 2 VS 2, 4 Players Brawl နဲ့ Soccer Mode ဆိုပီး Mode 4 မျိုးရှိတဲ့အတွက်လဲ ဒီ game က ပိုပီးဆော့လို့ကောင်းနေတာပါ။
🔴 About gameplay
- Bro တို့ ကိုဆော့ဖူးတယ်ဆိုရင်တော့ ဒီ gameplay style ကို ကောင်းကောင်းရင်းနှီးနေမှာပါ။
- Game control ပိုင်းမှာလဲ ကို မရှုပ်တဲ့အတွက် ဆော့ရတာမှာပဲ easy ပိုဖြစ်ပါတယ်။
- 1 VS 1 Mode ကတော့ ဆော့ရတာလွယ်ပေမဲ့ 2 VS 2 ဆိုရင်တော့ တော်တော်လေး မျက်စိနောက်ပါတယ်။
- ကျတော်ဆို 2 VS 2 ဆော့နေရင်း တခါတလေ ကျွန်တော့် character က ဘယ်ရောက်နေမှန်းမသိ ဖြစ်ဖြစ်သွားတတ်လို့ပါ 🥲။
🔴 Playstore မှာတော့ Pre-register ဖြစ်နေပေမဲ့ iOS မှာတော့ဆော့လို့ရနေပါပီ။
🔴 Gameplay ကို အောက်က video လေးမှာကြည့်လို့ရပါတယ်ဗျ။
👁️🗨️ gameplay တွေကို နေ့တိုင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် ကျတော့်ရဲ့ gamers_not_here page လေးနဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးဗျ။
Hope you enjoy the game. ✌️
Flash Party Gameplay Android & iOS |2023 Update| Best game | #flashparty #androidgame #iosgames Flash Party Gameplay | 2023 Update | Best rating game in 2023_______________________________________________________________________________DescriptionGet Pr...
03/01/2023
🔴 ပြိုင်ကားလောကထဲဝင်ဖို့ အဆင့်သင့်ဖြစ်ပီလား?
- ကားထဲဝင်ထိုင်လိုက်ပါ စူးစမ်းစရာတွေ မကုန်နိုင်တဲ့ ကြီးမားတဲ့ ကမ္ဘာကြီးထဲကိုမောင်းဖို့ အသင့်ပြင်ထားလိုက်ပါ (ဘေးခုံမှာ ကောင်မလေးတော့မပါဘူးပေါ့လေ 🥲)
🔴 ကျတော်ဒီနေ့မိတ်ဆက်ပေးမဲ့ game ကတော့ racing game ကိုလဲကြိုက်တယ် open world လဲ ဖြစ်ရမယ်ဆိုတဲ့ သူများအတွက် ဆော့ကိုဆော့သင့်တဲ့ CarX Street ဆိုတဲ့ game လေးပါ။
🔴 About Gameplay
- game စစချင်းမှာ ကျတော်တို့ ကားတစ်စီးဝယ်ရမယ်။ ဝယ်ထားတဲ့ကားကိုလဲ နောက်ပိုင်းမှာ စိတ်ကြိုက် customise လုပ်လို့ရတယ်။ ပိုမိုက်တဲ့ကားအလန်းတွေလိုချင်တယ်ဆိုရင်တော့ top up လုပ်ပီးပါ ဝယ်လို့ရတယ်ဗျ။ Open world ဖြစ်တဲ့အတွက် မြေပုံထဲမှာပါတဲ့ Driving Club တွေ Drift ပြိုင်ပွဲတွေမှာ စိတ်ကြိုက်ဝင်ပြိုင်လို့ရပါတယ်။ Map ကလဲ တော်တော်ကျယ်တယ် Graphic ကလဲ ပြောစရာမရှိလောက်အောင်ကို မိုက်ပါတယ်။
🔴 အစပိုင်းမှာတော့ iOS အတွက်ပဲထွက်လာပေမဲ့ အခုတော့ android မှာပါဆော့လို့ရနေပါပီ။ Rating ကတော့ 4.7 ပါ။
🔴 Warning
- ဒီ game က အချိန်ကုန်လို့ကုန်မှန်းမသိအောင်ကို ဆော့မိနေမဲ့ game လေးပါ။ ကောင်မလေးနဲ့ စကားမများချင်ရင်တော့ alarm လေးပေးပီး ဆော့ပေါ့ဗျာ။
🔴 Gameplay ကို အောက်က video လေးမှာကြည့်လို့ရပါတယ်ဗျ။
👁️🗨️ gameplay တွေကို နေ့တိုင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် ကျတော့်ရဲ့ gamers_not_here page လေးနဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးဗျ။
Hope you enjoy the game. ✌️
CarX Street Gameplay Walkthrough | Open World | Android & iOS #carxstreet #androidgames #iosgames CarX Street Gameplay Walkthrough | Best open world driving game for 2023 _______________________________________________________________________________ Desc...
02/01/2023
Hello Gamers
- ကျွန်တော်ဒီနေ့ မိတ်ဆက်ပေးမဲ့ Game လေးကတော့ :Prison ဆိုတဲ့ game လေးပဲဖြစ်ပါတယ်။
- Endless Nightmare ဆိုတဲ့အတိုင်း အသဲတယားယားနဲ့ ဆော့ရမဲ့ Horror Game လေးပါ။
🔴 About the game
- ဇာတ်လမ်းတည်ထားတဲ့နေရာကတော့ အကျဉ်းထောင်တစ်ခုအတွင်းမှာပါ။
- ကျွန်တော်တို့က Scott Boyd (အမေရိကန် မရိန်းတပ်ဖွဲ့မှ တပ်ကြပ်) နေရာကနေ ဝင်ကစားရမှာပဲ ဖြစ်ပါတယ်။
- Scott က Colonel Jason နဲ့ ပြဿနာတက်ပီး အမေရိကန်သို့ပြန်လာခဲ့ပါတယ်။
- သူပြန်ရောက်ပီးနောက် အရင်ကအဖြစ်အပျက်တွေက သူ့ကို တဖြည်းဖြည်းနဲ့ နှိပ်စက်လာပီး လက်တွေ့ဘဝရဲ့ ရက်စက်မှုတွေကလဲ သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်လာစေခဲ့ပါတယ်။
- ဒါနဲ့ပဲ သူက အဆုံးမဲ့သံသရာထဲမှာ လည်လာခဲ့တာပါ။
🔴 About Gameplay
- Gameplay ပိုင်းကတော့ တော်တော်လေးကောင်းပါတယ်။ ဇာတ်လမ်းအစမှာ သူသေဒဏ်အပေးခံရပီး သူကိုယ်တိုင်တောင် သေလား၊ မသေဘူးလား မသိတဲ့နေရာကနေ စထားပီး အခန်းတစ်ခုချင်းဆီမှာ weapon တွေယူပီး Zombie ထောင်သားတွေကို သတ်ရမှာပဲဖြစ်ပါတယ်။
- High graphic and great storyline ဖြစ်တဲ့အတွက် ဆော့မိလို့ နောင်တမရတဲ့ game ထဲမှာပါပါတယ်။
🔴 Android ရော iOS မှာပါဆော့လို့ရပီး rating က 4.5 ရှိပါတယ်။
🔴 Gameplay ကို အောက်က video လေးမှာကြည့်လို့ရပါတယ်ဗျ။
👁️🗨️ gameplay တွေကို နေ့တိုင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် ကျတော့်ရဲ့ gamers_not_here page လေးနဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးဗျ။
Hope you enjoy the game. ✌️
Endless Nightmare 4:Prison Android Gameplay|Best Horror game 2023 #endlessnightmare4 #androidgames Endless Nightmare 4:Prison Android Gameplay|Best Horror game 2023 ______________________________________________________________________Hi, I am new here and...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon
06/01/2023