Y C

Y C

Share

Media

Photos from Y C's post 21/07/2021

ကိုယ်ခံအားကောင်းဖို့💪

Vitamin C အများဆုံးပါတဲ့🍊🥭🍍 အသီးအနှံ လေးတွေ🥦🥔🌶️ စားကြရအောင်

ဆေးတကူးတကဝယ်သောက်စရာ မလိုဘဲ
အစားအစာကို မျှတစွာစားပေးရင် လုံလောက်ပါတယ်။

Credit

21/07/2021

လူနာတွေရဲ့ မဆုံးနိုင်သော complaint က အဖျားမကျဘူးဆိုတာပါပဲ

အဖျားတက်ရတယ်ဆိုတာကလေ ခန္ဓာကိုယ်ထဲ ဝင်နေတဲ့ပိုးနဲ့ ကိုယ်ခံအားတို့ တိုက်ကရြာကနေ ထွက်လာတဲ့ ပဋိပစ္စည်းတွေကြောင့် ဖြစ်ရတဲ့ လက္ခဏာပါ
အဖျားပဲ မဟုတ်ဘူး ချောင်းဆိုးတာ လည်ချောင်းနာတာ ကိုယ်လက်ကိုက်တာ စတဲ့ လက္ခဏာတွေ အားလုံးက အဲ့ဒါကြောင့်ပဲ ဖြစ်တာ

ကျနော်တို့သောက်ခိုင်းနေတဲ့ဆေးတွေက အဲ့လက္ခဏာတွေ သက်သာအောင်ပေးတာပါ
ဥပမာ Paracetamol သည် အဖျားကျဆေးပါ အဖျားပျောက်ဆေး မဟုတ်ပါ ဖျားတဲ့အချိန်သောက်ရင် အဖျားကျပါမယ် ပြီးရင်တော့ ပြန်တက်ပါမယ်
အချို့တွေက ဆေးထိုးလို့ရလား မေးပါတယ်
ဟုတ်ကဲ့ ထိုးလိုက်တဲ့အချိန် အဖျားကျပါမယ် ပြီးရင်.ပြန်တက်ပါမယ် ထိုးတာများလွန်းရင် အစာအိမ်နာတာပါ အဆစ်ရပါမယ်
ထမင်းစားလို့ အဖျားတက်တယ်ဆိုတာလဲ မဟုတ်ပါဘူး
မယုံရင် ဘာမှမစားပဲနေကြည့်ပါ အဖျားတက်ရမယ့်အချိန်ရောက်ရင် တက်လာပါလိမ့်မယ်
သူများတွေ ဟိုဆေးဒီဆေးသောက်တာ ပျောက်သွားတယ်ဆိုတာ ဆေးကြောင့် ပျောက်တာမဟုတ်ပဲ သူ့ကိုယ်ခံအားက ကောင်းလို့ ပျောက်တာပါ

ဆိုတော့ကာ အဲ့လက္ခဏာတွေအားလုံး ဘယ်အချိန်သက်သာမလဲဆိုတော့ ပိုးကို သတ်နိုင်တဲ့ အချိန်မှာ သက်သာပါမယ်
ကိုဗစ်က ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါဖြစ်တဲ့ အတွက် အရပ်ထဲမှာပေးနေတဲ့ ပိုးသတ်ဆေးတွေနဲ့ ပျောက်မှာမဟုတ်ပါဘူး
( ပိုးသတ်ဆေးသုံးသင့်တဲ့အချိန်တော့ရှိပါတယ် အဲ့ဒါကိုတော့ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ် ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ မသောက်ပါနဲ့)
ပိုးသတ်ဆေးတွေ လျှောက်သောက်ရင် ပါးစပ်ပျက်ပြီး အစားမဝင်ပါ ဖြစ်တတ်ပါတယ် အဲ့ဒီအခါကျရင် ပိုအားနည်းပြီး အန္တရာယ်ရှိပါတယ်
ဗိုင်းရပ်စ်ကိုက ကိုယ်ခံအားကပဲ သတ်နိုင်မှာဖြစ်တဲ့အတွက် ကိုယ်ခံအားကောင်းအောင် အာဟာရရှိတဲ့ အစားအစာတွေစားပါ
အရည်များများသောက်ပါ
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
သွေးပူလေ့ကျင့်ခန်းလေးတွေ လုပ်ပါ
စိတ်ဖိစီးမှုကိုလျှော့ချပါ
ခံစားနေရတဲ့ လက္ခဏာတွေသက်သာဖို့ ဆရာဝန်ညွှန်းတာကိုသာ သောက်ပါ လူတိုင်းညွှန်းသမျှလိုက်မသောက်ပါနဲ့ ဘာလို့ဆို အချို့တွေက နှာစေးပျောက်ဆေးကိုပဲ သုံးမျိုးလောက် သောက်နေတာမျိုးတွေ တွေ့ရလို့ပါ

နောက်ဆုံးပြောချင်တာကတော့ ကိုဗစ်မှာ ဘာလက္ခဏာပဲ ခံစားရ ခံစားရ အစိုးရိမ်မလွန်ကပြါနဲ့
ကြောက်ရမှာ တစ်ခုတည်းပါ အဲ့ဒါက အောက်ဆီဂျင် ကျမှာကိုပါပဲ
ကျန်တာတွေက ကိုယ်ခံအားသေချာပြန်တက်လာရင် သက်သာသွားမှာပါ

14/07/2018

ယနေ့ နှစ်သက်မိသော ပုံ

၁။ စာလည်း မဖတ်ဘူး
ပညာလည်း မတတ်ဘူး
စီးပွားရေးလည်း မရှိရင်
သာယာတဲ့လောကကြီးကို မြင်ရမှာလဲ မဟုတ်ဘူး
ကြည့်ခွင့်လည်း မရဘူး

၂။ စာတွေဖတ် ပညာတတ်ပါသော်လည်း
စီးပွားရေးလည်း မရှိရင်
လောကကြီးရဲ့ အောက်ခြေအလွှာ တစ်စွန်းတစ်စပဲ သင်မြင်ရလိမ့်မယ်

၃။ စာမတတ် ပေမတတ်နဲ့
စီးပွားရေးပဲ ချမ်းသာကြတဲ့အခါ
သာယာလှတဲ့ လောကကြီးကို အပေါ်စီးက ဘောင်ကျော်သွားပြီး မမြင်နိုင်တော့ဘူး

၎။ စာတတ် ပေတတ် ပညာတတ်သည့်အပြင်
စီးပွားရေးလည်း မျှတသင့်တော်စွာ ရှာနိုင်ပါမှ လောကအလယ် လှပတင့်တယ်စွာ မြင်နိုင် ရှု့နိုင်ပါလိမ့်မည်

#ဓမ္မအလင်းရောင်
credit:orginal writer.

13/07/2018

တန်ဖိုး..........

🍚🍗🍗🍔🍲
မကုန်လို့သွန်ပစ်လိုက်တဲ့ ထမင်းတွေရဲ့တန်ဖိုးကို
ဆာလောင်နေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး

👖👚
မဝတ်ချင်တော့လို့ချောင်ထိုးလိုက်တဲ့ အကျီ င်္တွေရဲ့တန်ဖိုးကို
အဝတ်ထည်ရှားပါးနေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး

👞
မပြတ်သေးပဲစွန့်ပစ်လိုက်တဲ့ ဖိနပ်တွေရဲ့တန်ဖိုးကို
ဖိနပ်မပါပဲသွားလာနေရသူတွေကလွဲလို့ ကျွန်တော့်တို့မသိနိုင်ဘူး

💸
ဒါလေးနဲ့ဖုန်းဘေလ်တစ်လစာ မလောက်ဘူးဆိုတဲ့ ပိုက်ဆံတွေရဲ့တန်ဖိုးကို
ဒါလေးနဲ့တစ်လလုံးလောက်အောင် စားနေရသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး

🕖📆
မိုးရွာလို့ကျောင်းမသွားချင်ဘူးဆိုတဲ့ အချိန်တွေရဲ့တန်ဖိုးကို
မိုးရွာထဲမှာငွေရှာနေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး

👪🙈👪🙉👪🙊
အဖေကတအားချုပ်ချယ်တယ် အမေကတအားဆူတယ်ဆိုတဲ့ မိဘတွေရဲ့တန်ဖိုးကို
မိဘမဲ့နေသူတွေကလွဲလို့ ကျွန်တော်တို့မသိနိုင်ဘူး
Credit: Original Uploader

Photos from Y C's post 20/06/2018

စက်ဝိုင်းတစ်ခုလိုပါဘဲ
—————————-

Credit:မူရင်းရေးသူ

13/06/2018

သင့်အမေကို လျှော့မတွက်ပါနဲ့။
( ၁ မိနစ်လောက်ပဲအချိန်ပေးပြီး ဖတ်ပေးပါ။ အရမ်းကောင်းလို့ မျှဝေပါတယ်)
--------------------------------

သင့်မေမေဟာ သင့်ကို သူ့ဗိုက်ထဲမှာ ကိုးလလွယ်ခဲ့တယ်။
သူမဟာ လေးလကြာအောင် ပျို့အန်ခဲ့ရတယ်။
သူမ ခြေထောက်တွေ ဖောရောင်ခဲ့တယ်။
သူမ အရေပြားတွေ ဆွဲဆန့်ခံခဲ့ရတယ်.။
သူမ လှေကားတွေကို အားစိုက်ပြီး တက်ခဲ့ရတယ်။
သူမ နည်းနည်းလှုပ်တိုင်း အသက်ရှူမ၀ ဖြစ်ခဲ့ရတယ်။
သူမ အိပ်မပျော်တဲ့ ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတယ်။
သူမ သင့်ကို လူ့လောကထဲရောက်အောင် ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ ရုန်းကန်ခဲ့ရတယ်။

အဲဒီနောက်မှာ သူမဟာ သင့်ရဲ့..

သူနာပြုဆရာမ
စားဖိုမှူး
အိမ်ဖော်
ယာဉ်မောင်း
ပရိသတ်
ဆရာမ
သူငယ်ချင်း ဖြစ်ခဲ့တယ်။

သူမဟာ သင့်အတွက်…

ရုန်းကန်ခဲ့ရတယ်။
ငိုခဲ့ရတယ်။
မျှော်လင့်ခဲ့ရတယ်။
ဆုတောင်းခဲ့ရတယ်။

ကျွန်တော်တို့ အများစုဟာ ကျွန်တော်တို့ရဲ့ မိခင်တွေကို မြင်ခွင့်ရခဲ့တယ်။
မိခင်တွေကို ဆုံးရှုံးခဲ့ရသူတွေ၊ မိခင်တွေကို လုံးဝမြင်တွေ့ခွင့်မရခဲ့တဲ့သူတွေလည်း ရှိကြတယ်။

တကယ်လို့ သင့်မှာ မိခင်တစ်ယောက်ရှိသေးတယ်ဆိုရင်
သင်ဟာ အရမ်း ကံကောင်းတဲ့သူ တစ်ယောက်ဖြစ်တယ်။

သူမကို ဘယ်တော့မှ တန်ဖိုးလျှော့မတွက်ပါနဲ့။

တစ်နေ့မှာ သင်ဟာ သင့်မှာ မရှိတော့တဲ့ သူမကို တမ်းတနေရမှာ မို့လို့ပါ။

အမေတိုင်းအတွက်နဲ့ အမေဖြစ်မယ့်သူတိုင်းအတွက်…
Credit : Original Uploader

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 57, Ground Floor, Bogalayzay Street, Botahtaung Township
Yangon

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 09:00 - 18:30