SOUL
Art is Everywhere.
17/06/2026
"" သီချင်းတစ်ပုဒ် .......
ကော်ဖီတစ်ခွက် .......
သတိရစိတ်အပြည့် ..... ""
mo's art
watercolor_on_paper
8" x 8"
🔥 35000 ks
#အရာရာတိုင်းမှာအနုပညာ
17/06/2026
🛑 sold out
ပန်းကလေးရေ ...
လမ်းထိပ် မုန့်ဟင်းခါးဆိုင်ကလေး ကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူသွားချင်တယ် ..။
[ Kဇော် ]
Moe Htet Myint's Art
Acrylic on canvas
Reference Pinterest
#အရာရာတိုင်းမှာအနုပညာ
15/06/2026
🛑 Customer Order
Moe Htet Myint''s Art
Acrylic painting on canvas
6" x 6"
#အရာရာတိုင်းမှာအနုပညာ
#ပန်းချီကားလေးလိုအပ်လို့ဝယ်ယူချင်တယ်ဆို cbမှာလာရောက်စုံစမ်းနိုင်ပါတယ် ခင်ဗျ
14/06/2026
ကျွန်မ မတတ်နိုင်ခဲ့သော လက်လွှတ်ခဲ့ရခြင်းများဆီစက္ကူပန်းများကို ပို့ပေးမည်။
ဘယ်တော့မှ မမုန်းခဲ့သည့် လူများဆီတော့ စက္ကူပန်း ပျိုးပင်ပေါက်လေးတွေ ပို့ပေးမည်။
ဒီကမ္ဘာတွင် စက္ကူပန်းများရှိခဲ့လို့ အနာတရများမှ သက်သာရာ ရခဲ့သည်။
- မြကျေး
Artist _ Chit Khoon Chway
5" x 7"
Watercolor on paper
#ပန်းချီကားလေးလိုအပ်လို့ဝယ်ယူချင်တယ်ဆို cb မှာ လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ
#အရာရာတိုင်းမှာအနုပညာ
13/06/2026
🛑 SOLD
တစိမ့်စိမ့် ရွာနေတဲ့ မိုးရယ်
ပန်းချီကားတစ်ချပ်ရယ်
အေးမြတဲ့ ခံစားမှုလေးရယ် .
ဒီအခိုက်အတန့်တွေဟာ
ကြည်မွေ့စရာပါပဲ .. ။
Hay's Art
Acrylic on Canvas
📷 SOUL
#အရာရာတိုင်းမှာအနုပညာ
12/06/2026
ကျွန်တော် မပျော်ရွှင်ပဲ ကြာပြီဆိုတာ
ဝရံတာပေါ်က ပန်းစိုက်အိုးကလေးတွေ သိတယ် ။
- မောင်ဖီလာ
#အရာရာတိုင်းမှာအနုပညာ
11/06/2026
ကိုယ်တကယ်ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ လူတစ်ယောက်ကို အပြီးအပိုင်မေ့ပစ်လိုက်ဖို့တော့
ဘယ်သူမှ မတတ်နိုင်ကြပါဘူး...
နှလုံးသားတွေရဲ့ အလုပ်လုပ်ပုံလုပ်နည်းက
အဲ့ဒီလိုမှမဟုတ်တာ...
အဲ့ဒီတစ်ယောက်ကို သတိရမိတဲ့အခါ
(ကိုယ့်မှာ) အထိအရှနည်းအောင်ပဲ
ကျနော်တို့ တတ်နိုင်ကြလိမ့်မယ်...
လူတွေပြောပြောနေတဲ့
Move-onလုပ်နိုင်တယ်ဆိုတာလည်း
အဲ့ဒါပါပဲ...
- မိုးနေ့
#အရာရာတိုင်းမှာအနုပညာ
08/06/2026
🛑 SOLD
မခံစားတတ်သူတွေရယ်
သစ္စာတရားနဲ့မတန်တဲ့သူတွေရယ်ကို
ကျောခိုင်းပစ်စေချင်တယ် နေကြာ
ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေအတွက်သာ
ရှင်သန်စေချင်တယ် ပွင့်လန်းစေချင်တယ်
အဝါရောင်ဟာ ချစ်ခြင်းမေတ္တာ မဟုတ်လား
🌻45000 ks
Moe Htet Myint's Art
Acrylic on canvas
8" x 6" with easel
#အရာရာတိုင်းမှာအနုပညာ
07/06/2026
"The Meaning of Daisy is 'Loyal Love' '
ဒေစီပန်းလေးရဲ့ အဓိပ္ပါယ်က သစ္စာရှိတဲ့ အချစ်ပါတဲ့ ...။ 🌼🔒
ကောင်းကင်ပြာကြီးအောက်မှာ ဒီပန်းလေး တစ်ပွင့်တည်း တည်ငြိမ်စွာ ပွင့်နေသလိုမျိုး... ငါ့ရဲ့ ကမ္ဘာငယ်လေးထဲမှာလည်း မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိရှိ ချစ်သွားမှာပါလို့ ပန်းချီကားလေးက ဆိုလိုပါတယ်တဲ့ ခင်ဗျာ။
Moe Htet Myint''s Art
Acrylic painting on canvas
6" x 8"
#အရာရာတိုင်းမှာအနုပညာ
#ပန်းချီကားလေးလိုအပ်လို့ဝယ်ယူချင်တယ်ဆို cbမှာလာရောက်စုံစမ်းနိုင်ပါတယ် ခင်ဗျ
04/06/2026
🛑 SOLD OUT
"" မပျယ်လွင့်တတ်သော
ရနံ့များလို
ယခုတိုင်
ချစ်မြတ်နိုးလျက် ...
ယခုတိုင်
မွှေးမြလျက်....... ""
#နွေအိမ်မောင်ဝင်း
#ခရေပန်းလေးရဲ့အဓိပ္ပာယ်ကမမေ့ပါနဲ့နော်တဲ့ ....
mzo's art
watercolor_on_paper
8" x 10" with frame
Photo reference Pinterest
#ပန်းချီကားလေးလိုအပ်လို့ဝယ်ယူချင်တယ်ဆို cb မှာ လာရောက် စုံစမ်း နိုင်ပါတယ် ခင်ဗျာ
#အပြင်ပုံလေးကိုcommentမှာကြည့်နိုင်ပါတယ်
#အရာရာတိုင်းမှာအနုပညာ
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 17:00 |