IDIOPATHlC

IDIOPATHlC

Share

Something for you!

21/01/2023

Hello everyone 👋
ဒီနေ့‌တော့ Gratitude အကြောင်းလေးကို sharing လုပ်ပေးချင်ပါတယ်။🌟

Positive mindset ကိုတည်ဆောက်နေတဲ့သူတွေအတွက် Gratitude (ကျေးဇူးတရား) ကအရေးကြီးပါတယ်။ အပေါ်ယံ ကျေးဇူးတင်ပါတယ် လို့ပြောရတာ လွယ်တယ်ထင်ရပေမယ့် လက်တွေ့မှာတော့ ထင်သလောက်မလွယ်ကူပါဘူး။ ကိုယ်စိတ်ပျော်ရွှင်ဖို့ ကိုယ့်ဘာသာဖန်တီးယူရမှာဖြစ်ပါတယ်။ အဲ့တာကြောင့် ကျေးဇူးတင်စရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်နေ့တာမှာ ပတ်ဝန်းကျင်ရဲ့ ကိုယ့်အပေါ်ကောင်းတယ့် အချက်တွေကိုရှာပြီး ကျေးဇူးတင်နေလိုက်ပါ။ Gratitude practice အတွက် ညအိပ်ရာမဝင်ခင်မှာ တစ်နေ့တာ အဖြစ်အပျက်လေးတွေကို တွေးတောပြီး ကျေးဇူးတင်လိုက်ပါ။ မိဘ၊‌‌ဆွေမျိုးတွေရှိတာ၊ သူငယ်ချင်းကောင်းတွေရှိတာ၊ ကိုယ်လက်အင်္ဂါပြည့်စုံတာ၊သဘာဝတရားကြီးနဲ့ ထိတွေ့ခွင့်ရတာ၊ အာဟာရရှိတဲ့အစားအစာတွေစားခွင့်ရတာ၊ အချစ်မေတ္တာတွေရရှိတာ အစရှိတဲ့ အရာတွေကို‌ကျေးဇူးတင်လိုက်ပါ။ Gratitude habit ကိုသာပုံမှန်လုပ်နိုင်ရင် ပင်ပင်နွမ်းနွယ်မှု ကိုလည်းလျော့ချပေးနိုင်ပါတယ်။ Energy level ကိုလည်းမြှင့်တင်ပေးပါတယ်။ Gratitude meditation or Gratitude letter ကိုအိပ်ရာဝင်မှာလုပ်ရင် အိပ်ပျော်ဖို့ အထောက်အကူပြုပေးပါတယ်။ ပိုပြီးအကောင်းမြင်စိတ်လည်းရှိလာမယ်။ လက်ရှိကိုပဲပိုပြီး အာရုံစူးစိုက်နိုင်လာပါမယ်။ အဲ့တာကြောင့် Positive energy များများရမို့ Gratitude ကို try ကြည့်မို့တိုက်တွန်းပါတယ်။

03/01/2023

“Energy, frequency and vibration ”🌟

“If you want to find the secrets of the universe, think in terms of energy, frequency & vibration.”လို့ ဖန်တီးရှင် နီကိုလာတယ်(စ)လာ ကဆိုထားပါတယ်။

အိုင်းစတိုင်းရဲ့အဆိုအရလည်း ‘အရာခပ်သိမ်းဟာ စွမ်းအင်ဖြစ်တယ်’လို့သိရပါတယ်။ ဟုတ်ပါတယ်။ စကြာဝဠာကြီးထဲမှာရှိတဲ့ အရာရာတိုင်းဟာ frequency အမျိုးမျိုးနဲ့တုန်ခါနေတဲ့ molecule တွေနဲ့ဖွဲ့စည်းထားပါတယ်။ အဲ့တာကြောင့် လောကကြီးတစ်ခွင်မှာ frequency တွေပျံ့လွှင့်နေပါတယ်။ သစ်ပင်၊ ကျောက်စိုင်ကျောက်ခဲ၊ ခန္ဓာကိုယ်၊ တိရစ္ဆာန်၊ အတွေး အစရှိတဲ့ အရာတွေရဲ့ frequency အသီးသီးဟာ ပျံ့လွှင့်နေတာပါ။ လူတွေဟာလည်း စဉ်ဆက်မပြက် frequency တွေထုတ်လွှတ်နေပါတယ်။ ကိုယ်ထုတ်လွှတ်သလောက် တန်ပြန်သက်ရောက်ခံစားရမှု (vibration) ကိုပြန်လာရရှိပါတယ်။

ကိုယ်လောကကြီးကို မြင်တဲ့အတိုင်း ကိုယ့်ကိုပြန်တုံ့ပြန်ပါလိမ့်မယ်။ ဥပမာပေးရရင် ကိုယ့်မိတ်ဆွေတစ်ယောက်က ကိုယ့်ထက်သာသွားတဲ့အခါ သူ့အပေါ်မနာလိုစိတ်ထားမယ်ဆိုရင် ကိုယ်ပြန်ရရှိလိုက်မှာက ဒေါသ၊ ယှဉ်ပြိုင်လိုစိတ် တွေပဲဖြစ်တယ်။ ဒါမှမဟုတ် သူ့အပေါ် ဂုဏ်ယူပြီး မုဒိတာပွားများပေးနိုင်ရင် အေးချမ်းမှု၊ ပျော်ရွှင်မှုတွေကို ပြန်လည်ခံစားရမယ်။ ဒါဟာ vibration ကနေ တစ်ဆင့် ကိုယ်လက်ခံရရှိလိုတယ့် frequency ကို ရရှိလိုက်တာပဲဖြစ်တယ်။ တူရာတူရာစုခြင်း လို့လည်း ပြောလို့ရပါတယ်။ စိတ်ကနေ ဘယ်လို frequency မျိုးကိုလက်ခံရရှိတယ်ဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ ကိုက်ညီမှုရှိရင် အကျိုးပေးမယ်။ မကိုက်ညီခဲ့ရင်လည်း positive vibes ရှိတဲ့ frequency ကိုပဲ ထုတ်လွှတ်နေမို့အရေးကြီးပါတယ်။

ကျွန်တော်တို့က ဘာနဲ့တူလည်းဆိုရင် ရေဒီယိုစက်တစ်ခုနဲ့ တူပါတယ်။ ကျွန်တော်တို့နားထောင်လိုတဲ့ လိုင်းကို ချိန်ထားလိုက်တာနဲ့ အဲ့ကနေ ထုတ်လွှတ်လိုက်တဲ့ အသံတွေကို နားထောင်ရမှာပဲဖြစ်တယ်။ အဲ့ကနေ action တွေအပေါ်လည်း သက်ရောက်မှုရှိပါတယ်။ အဲ့တာ‌ကြောင့် ကိုယ်ရုတ်တရက်မြင်လိုက်တဲ့ အရာတစ်ခုကနေ ဖြစ်ပေါ်လာတဲ့ အတွေးက ကိုယ့်ရဲ့ energy level ကိုလည်း သက်ရောက်မှုအများကြီး ရှိပါတယ်။ အောက်ကပုံကို Map of Consciousness လို့ခေါ်ပါတယ်။ အောက်ဆုံးမှာရှိတယ့် Shame (အရှက်တရား) ရဲ့ Energetic frequency က ၂၀ ပဲရှိပြီး ဒါဟာ အနည်းဆုံးလို့ပြောလို့ရပါတယ်။ အများဆုံးကတော့ Enlightenment (ဉာဏ်အလင်းပွင့်ခြင်း) ဖြစ်တယ်။ သူ့ရဲ့ frequency က ၇၀၀-၁၀၀၀ ထိရှိတယ်။ ဥပမာအနေနဲ့ စာကျက်ပေမဲ့ စာမေးပွဲကျတဲ့အခါ ပထမဆုံးအနေနဲ့ အရှက်တရားတွေပေါ်လာမယ်။ အဲ့ကနေ အလှောင်ခံရမှာကြောက်လာမယ်၊ ခုထိပိုပြီး စာကျက်သင့်တယ် ဆိုပြီး အပြစ်ရှိသလိုခံစားရမယ်၊ ဒေါသတွေဖြစ်လာမယ်။ ဒါတွေအကုန်လုံးက energetic frequency အနည်းဆုံးဖြစ်ပြီး Negative vibes ကိုပဲရစေတယ်။ Frequency များလေလေ positive vibes ရလေလေပါပဲ။ Enlightenment အဆင့်ကိုရောက်ပြီဆိုရင် အရာရာကို ‘ဖြစ်သည်’ဟူ၍ ပဲလက်ခံလာလိမ့်မယ်။ ဖြစ်သမျှ အ‌ကောင်းစိတ်၊ မေတ္တာစိတ်နဲ့ပဲ ကြည့်တတ်လာလိမ့်မယ်။

နောက်ထပ်တစ်ခုကတော့ ကျွန်တော်တို့ တွေးလေလေ vibration များလေလေ၊ အဲ့ကနေတစ်ဆင့် attraction လည်းများလာမှာပဲ ဖြစ်တယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ကိုယ်ကပေးဆပ်သလောက် ပြန်လည်ရရှိတာကို ဆိုတာဖြစ်တယ်။ ကိုယ့်ဘဝကို ကိုယ်တိုင်ရေးဆွဲဖန်တီးရမှာပါ။ အဲ့တာကြောင့်ကိုယ့်ရဲ့ mindset အပေါ်မူတည်ပြီး ကိုယ် manifest လုပ်နိုင်စွမ်းလည်း ကွာခြားသွားမယ်။ ဒါကတော့ Law of attraction သဘောတရားအောက်ကနေ စဉ်းစားတာပေ့ါ။

ကိုယ်က frequency များများထုတ်လွှတ်နေရင် ပိုပြီး ပေါ့ပါး၊လန်းဆန်းနေတယ်လို့ ပြောလို့ရပါတယ်။ အဲ့တာဆို frequency ထုတ်လွှတ်မှုနည်းရင် လူရော၊ စိတ်ရော လေးလံ၊ထိုင်းမှိုင်းနေမှာပေါ့။ အဲ့အချိန်မှာ energy level ကလည်း နည်း‌နေပါတယ်။ ဥပမာ ကိုယ်က ဘယ်အရာကိုမှ စိတ်ဝင်စားမှုမရှိဘူး၊ apathy တွေများနေမယ်ဆိုရင် frequency နည်းနည်းပဲထုတ်လွှတ်ပါလိမ့်မယ်။
🌟 အဲ့တာကြောင့် vibration များအောင် ၊ Energy level မြင့်တက်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို နောက်နေ့တွေမှာ ပြောပြပေးပါမယ်ခင်ဗျ။
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။🙆

Photos from IDIOPATHlC's post 02/01/2023

Hello again!!
📌ဒီနေ့ပြောပြပေးသွားမဲ့အကြောင်းလေးကတော့ To Do List အကြောင်းပဲဖြစ်ပါတယ်။

📌တစ်နေ့တစ်နေ့ကိုယ်လုပ်ရမဲ့အလုပ်တွေမပြီးတာတွေ ၊ လုပ်ရမှာသိရဲ့သားနဲ့ပျင်းပြီးမလုပ်ဖြစ်တာတွေ ရှိကြတယ်မလား ?? 🤔

📌ဒီနေ့မှာတော့ အဲ့လိုမျိုးတွေမဖြစ်တော့အောင် ကိုယ့်ကိုယ်ကို တစ်နေ့တာမှာ ဘာပြီးအောင်လုပ်ရမယ် ဆိုတဲ့ goal လေးတွေနဲ့ To Do List ရေးပြီး daily challenge လုပ်ကြည့်ကြရအောင်ပါနော်။

📌To Do List ရေးရတာဟာ အင်မတန်လွယ်ကူပါတယ်။
(List ထဲကအတိုင်းပြီးအောင်လုပ်ဖို့ကသာ ခက်တာပါ။🫢)
To Do List အတွက် notebook သီးသန့်နဲ့ရေးလို့ရသလို note pads လေးတွေလည်း stationary shops တွေမှာရှာဝယ်လို့ရပါတယ်။

📌To Do List ရေးရာမှာ မနက်ဖြန်ကိုယ်လုပ်ရမဲ့အရာလေးတွေကို ညထဲကကြိုတင်ရေးထားတာပိုကောင်းပါတယ်။ ဒါမှမဟုတ်ရင်လည်း မနက်ခင်းမှ ကိုယ်ဒီနေ့ဘာလုပ်မယ် ဘာလုပ်မယ် ဆိုတာတွေကိုသေချာစဉ်းစားပြီးရေးလို့လည်းရပါတယ်။

📌To Do List မှာရေးပြီးသွားတဲ့အရာလေးတွေကိုတော့ တစ်နေ့တာအတွင်း အပြီးလုပ်စေချင်ပါတယ်နော်။
ဒီနေ့လည်းမပြီး နောက်နေ့အကြွေးယူသွားရင်း တဖြည်းဖြည်းနဲ့ မပြီးတာတွေများလာရင် goal ပျောက်သွားတတ်ပါတယ်။

📌နောက်ထပ် သတိထားရမယ့်အချက်ကတော့ ခုမှ To do list စလုပ်မယ့်beginners လေးတွေဆိုရင် ကိုယ်နိုင်သလောက်သာ စလုပ်စေချင်ပါတယ်။ အစကတည်းက ပျက်ကွက်တာတွေများနေမယ်ဆိုရင် ကိုယ်မှန်းသလောက်မဖြစ်ဘူး ဆိုပြီး စိတ်ဓာတ်ကျသွားတတ်ပါတယ်။ အဲ့တာကြောင့် အသေးအဖွဲလေးတွေကနေစပြီး ကိုယ်ရည်မှန်းထားတဲ့ target ကိုရောက်အောင် စတင်ဖို့ အကြံပေးချင်ပါတယ်။

📌ကိုယ်ပြီးသွားတဲ့အရာလေးတွေဘေးမှာ အမှန်ခြစ်လေးခြစ်ပြီး တစ်နေ့တာကုန်သွားတဲ့အခါ ကိုယ်ပြီးသွားတဲ့အရာတွေကိုပြန်ကြည့်ရတာက
တကယ်ပီတိဖြစ်ဖို့ကောင်းတဲ့အရာပါနော်။ နောက်နေ့အတွက်လည်း လုပ်ရမဲ့အရာတွေအတွက် moti ရလာစေပါတယ်နော် 💪 ။

📌အဲ့တာကြောင့် To Do List လေးတွေရေးပြီး ကိုယ့်ရဲ့တစ်နေ့တာကို Challenge လုပ်ကြည့်ကြပါလို့ အကြံပြုလိုက်ပါတယ်။🥳

01/01/2023

Hello everyone 👋,

2023 ရဲ့ ပထမဆုံး post အနေနဲ့ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ။ အားလုံးပဲ ပျော်ရွှင်ဖွယ် နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ကြ‌ပါစေ။🌟

လူငယ်ပီပီ 2022 မှာ အကျိုးရှိတာတွေကော၊ မရှိတာတွေကော လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မယ်။ တချို့ကလည်း 2022 ကို ဝေဖန်သုံးသပ်ကြည့်ရင် အားရကျေနပ်ချင်မှ ကျေနပ်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုအခက်အခဲတွေရှိနေပါစေ ပြန်ထနိုင်ဖို့ဆိုရင် self-motivated လုပ်နိုင်ရပါမယ်။

ကဲ...2023 ကို productive အဖြစ်ဆုံးနှစ်တစ်နှစ်အဖြစ်ကုန်ဆုံးချင်ရင် ဒီနေ့ကစပီး plan တွေချပြီး ပြောင်းလဲလိုက်ပါ။

- Vision-board✌️

2023 အတွက် ကိုယ်ပိုင် Vision board တစ်ခုတည်ဆောက်လိုက်ပါ။ ဟုတ်ပါတယ်။
Vision board တစ်ခုပြုလုပ်ထားတာက ကိုယ်တစ်နှစ်စာ ရည်မှန်းထားတဲ့ကိစ္စတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ MOTi ပေးမှာ အသေအချာပါပဲ။ Manifestation လုပ်နေတဲ့သူတွေဆို မဖြေမနေလုပ်ထားသင့်ပါတယ်။

ကဲ တစ်နှစ်စာ plan ချထားတာကို ပိုပီး effective ဖြစ်ချင်ရင် To do list ပြုလုပ်နိုင်ပါတယ်။ တစ်နေ့တာ plan တွေကို တစ်ခုပြီးတစ်ခုပြီးမြောက်တာက Vision board မှာရှိတယ့် Goal တွေကို ပိုင်ဆိုင်ဖို့ များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ To do list အကြောင်းကိုတော့ နောက်နေ့မှာ ရှင်းပြပေးပါမယ်။
အောက်ကlink မှာတော့ Vision board အကြောင်း ရှင်းထားတာလေး ဖတ်ရှုနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=118203461142125&id=100088574156649

🌟2023 ကိုအနိုင်ပိုင်းနိုင်ဖို့အတွက် admin တို့က LOA, Personal development, Health, General knowledge နှင့် အခြားသော Self- esteem နဲ့ပတ်သတ်တဲ့‌ အကြောင်းအရာတွေကို စဉ်ဆက်မပြတ်တင်ပေးမှာ ဖြစ်တဲ့အတွက် page လေးကိုလည်း အမြဲတမ်းစောင့်ကြည့်ပေးမို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ။🥰

31/12/2022

အားလုံးပဲ မင်္ဂလာပါ 🖐 ကျွန်တော်ဒီနေ့မှာတော့
mobile gameတစ်ခုဖြစ်တဲ့ MLBB အပြင်အခြား MOBA games တွေမှာပါအသုံးပြုကြတဲ့ play style အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။

အဲ့တာကတော့ ML playersတိုင်း ရင်းနှီးမယ့်စကားဖြစ်တဲ့ Macro Play နဲ့ Micro Play အကြောင်းပဲ
ဖြစ်ပါတယ်။

So......
-What's Macro Play??? 🤔

Macro playကတော့ team work/ map control/ game strategy and drafting ပဲဖြစ်ပါတယ်

Team တစ်ခုမှာနိုင်ပွဲရဖို့အတွက် player အချင်းချင်း
connect မိမိ ကစားနိုင်ဖို့လိုပါတယ်။ map control
ကလည်း team work ရဲ့တစ်စိတ် တစ်ပိုင်းပါပဲ...
enemy တွေ ကိုယ့်lane ကို ဘယ်နှစ်ယောက်
ဆင်းလာသလဲ....enemy map ပေါ်မာပျောက်
နေသလား....စတဲ့ vision တေကို ပြောပြရမှာ
ဖြစ်ပါတယ်။နောက်တစ်ခုကတော့ drafting.... မိမိ တို့ teamရဲ့draft အတိုင်းသွားမလား enemy draft ကို counter တဲ့ hero တွေသုံးမလား စတဲ့ strategy တွေကတော့ macro play style တွေပဲဖြစ်ပါတယ်။ 😎

Macro play က team work နဲ့ ပိုသက်ဆိုင်တဲ့အတွက်ကြောင့် team fight တွေ battle တွေမှာ ပိုပီး အသုံးဝင်
ပါတယ်။ Blacklist International အသင်းဆိုရင်လည်း M3 မှာ team fight ကိုအထိကထား ကစားခဲ့ပါတယ်။သူတို့ အသုံးပြုခဲ့တဲ့ strategy ကတော့ UBE
(Ultimate bonding experience) လို့ခေါ်တဲ့ strategy ပါ။ အနောက်မှာ healing hero ဖစ်တဲ့ Estes ကိုထားကာအရှေ့ကနေ player လေးယောက် နဲ့ player အချင်းချင်း stick ဖြစ်အောင် နေပီး ကစားခဲ့ကြပါတယ်။ ဒီ play styleကြောင့်ပဲ Blacklist ဟာ M3 champion ဆုကိုရရှိခဲ့ပါတယ်။

-What's Micro Play? 🤥

macro play ထက်ပိုအဆင့်မြင့်ပီး အသေးစိတ်ဆန်သော ကစားပုံလို့ပြောလို့ရပါတယ်။Micro ကတော့ player တစ်ဦးချင်းရဲ့ individual skills တွေပဲ
ဖြစ်ပါတယ်။

-heroes များရဲ့ nature / ability / spells အကြောင်းကိုကောင်းစွာနားလည်တာဟာ micro play ရဲ့ အခြေခံတွေပဲဖြစ်ပါတယ်။ ဥပမာ tank ဆိုရင် initiator လား cover tank လားဆိုတာ သဘောပေါက်ရမှာဖြစ်တယ်။
-ဒါ့အပြင်enemy hero ရဲ့spell cooldown ဖစ်နေချိန်
spell casting လုပ်ကာ battleဆိုင်တာကလဲ micro play ပဲဖြစ်ပါတယ်။

Micro play style တွေကတော့ team fight နဲ့ individual skills အားသာစေပေမဲ့ detail အရမ်းကျသော ကစားဟန် ဖြစ်တာကြောင့် perfect ဖြစ်ဖို့
ခက်ခဲပါတယ်။

အခုပြောပြခဲ့တာတွေကတော့ MOBA games တွေမှာအသုံးပြုကြတဲ့ game style နှစ်မျိုးပဲဖြစ်ပါတယ်.....

မနက်ဖြန် ကျင်းပမည့် M4 မှာလဲ ဘယ်လို stretagy တွေ draft တွေ ထုတ်သုံးကြမလဲဆိုတာကိုလဲ ​စောင့်မျှော်ရှုစားရင်း မြန်မာနိုင်ငံကိုယ်စား​​ပြုအသင်းဖြစ်တဲ့ Falcon Esport ကိုလဲဝိုင်းဝန်းအားပေးလိုက်ကြရအောင်.......🤗

Photos from IDIOPATHlC's post 29/12/2022

Hello 👋

ဒီနေ့မှာတော့ စာအုပ်လေး ၂ အုပ်နဲ့ မိတ်ဆက်ပေးပါမယ်။ စာဖတ်တဲ့အကျင့်လည်းမရှိဘူး၊ အရမ်းခက်တဲ့ အရေးအသားတွေလည်း မဖတ်ချင်ဘူး၊ ထူတာလေးလည်း ဖတ်ချင်တယ်ဆိုရင် အောက်မှာ review ပေးထားတဲ့ စာအုပ်လေး ၂ အုပ်က ဖတ်မို့သင့်တော်ပါတယ်။
‌နောက်လည်း Book review လေးတွေ တင်ပေးမှာမို့လို့ ဘယ်လို category ထဲက စာအုပ်တွေဖတ်ချင်လဲဆိုတာ comment မှာ‌ ဖြေ‌ပေးခဲ့လို့ရပါတယ်။📙📗

[No spoiler]

Photos from IDIOPATHlC's post 28/12/2022

Hello! အားလုံးပဲမင်္ဂလာပါ။
•ဒီနေ့မှာတော့ IDIOPATHIC page လေးရဲ့ ပထမဆုံး post အနေနဲ့ Dream Board (Vision Board) လေးအကြောင်းကို မျှဝေပေးသွားပါ့မယ်။

•2022 လည်းကုန်တော့မယ်ဆိုတော့ နှစ်သစ်မှာ ကိုယ်လိုချင်တဲ့အရာလေးတွေ ဖြစ်လာဖို့အတွက် Dream Board လေးနဲ့စတင်လိုက်ကြမယ်နော်။

•Dream Board ဆိုတာကိုအကုန်လုံးလည်းသိနေပြီးသား ကြားဖူးနေပြီးသားဖြစ်ကြမှာပါ။

•ကိုယ်ဖြစ်ချင်တဲ့ဆန္ဒလေးတွေ Example -Abroad သွားချင်တာတို့ Phone အသစ်လဲချင်တာတို့ desire body/desire work တို့ လိုချင်တာလေးတွေဝယ်နိုင်အောင်တို့ စတာစတာတွေအတွက်
ပုံလေးတွေနဲ့ board တစ်ခုပြုလုပ်ရမှာဖြစ်ပါတယ်။Affirmations လေးတွေထည့်ရေးလို့လည်းရပါတယ်။

•ကိုယ်ဖြစ်ချင်တဲ့ဆန္ဒလေးတွေနဲ့ကိုက်ညီမဲ့ပုံလေးတွေကို Google or Pinterest ကနေရှာပြီး app နဲ့ edit လုပ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ်နေ့တိုင်းမြင်နိုင်မဲ့ နေရာမျိုးတွေ wallpaper တွေမှာထားပေးရင်ရပါပြီ ။ (App တွေကတော့ Zinnia, Canva တွေကိုသုံးလို့ရပါတယ်)

•အပြင်မှာ print ထုတ်ပြီးနံရံမှာကပ်တာတို့ board ဝယ်ပြီး ကပ်တာတို့လည်းလုပ်လို့ရပါတယ်။
(Board တွေကတော့ Journaling supplies page တော်”များ”မှာရပါတယ် SLM-Notebook Store မှာလည်းသွားမေးကြည့်လို့ရပါတယ်)

•အားလုံးပဲနှစ်သစ်မှာလိုချင်တာလေးတွေ manifest နိုင်ကြပါစေ။

•အောက်မှာတော့ Pinterest ကနေ Dream Board
နမူနာလေးတွေတင်ပေးထားပါတယ်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon