icon 7
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from icon 7, Media/News Company, Yangon.
03/06/2026
■ ဖိလစ်ပိုင် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း
02/06/2026
■ AYA Tri Nation Cup သုံးနိုင်ငံ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာအသင်း အပြီးသတ်လူစာရင်း
01/06/2026
■ မြန်မာ ယူ-၁၉ အသင်းရဲ့ ပွဲဦးထွက် ဂိုးပြတ်အရှုံး
01/06/2026
■ ဂျိုရှုအာဗန်-တက်ဆုရိုတိုင်ရာပွဲကို မေလအတွက် အကောင်းဆုံးပွဲအဖြစ် UFC ရွေးချယ်
UFC ဟာ မေလအတွင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေထဲက အကောင်းဆုံးပွဲအဖြစ် မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဂျပန်ဖိုက်တာ တက်ဆုရိုတိုင်ရာတို့ ထိုးသတ်တဲ့ပွဲကို အကောင်းဆုံးပွဲအဖြစ် ရွေးချယ်ခဲ့ပါတယ်။
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံလုပွဲအဖြစ် မြန်မာစံတော်ချိန် မေ ၁၀ ရက် နံနက်ပိုင်းမှာ ထိုးသတ်ခဲ့တာဖြစ်ပြီး ဂျိုရှုအာဗန်က နောက်ဆုံးအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့ဒီပွဲဟာ UFC 328 ရဲ့ အကောင်းဆုံးပွဲအဖြစ် ရွေးချယ်ခံရသလို အခုလည်း မေလအတွက် အကောင်းဆုံးပွဲအဖြစ် သတ်မှတ်ခံရတာပါ။
01/06/2026
■ ဒီနေ့ည မြန်မာ ယူ-၁၉ အသင်းရဲ့ အုပ်စုအဖွင့်ပွဲ
အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက ဇွန် ၁ ရက်ကနေ ၁၃ ရက်အထိ လက်ခံကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု (A) မှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမောအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် အိမ်ရှင်အင်ဒိုနီးရှားအသင်းနဲ့ စတင်ကစားရမှာပါ။
26/05/2026
■ ပွဲပယ်ပြစ်ဒဏ် ပယ်ဖျက်ပေးခံရလို့ မောင်မောင်လွင် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေ
မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မောင်မောင်လွင်ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီက ပွဲပယ်ပြစ်ဒဏ် ပယ်ဖျက်ပေးလိုက်လို့ ဖိလစ်ပိုင် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေပါတယ်။
မောင်မောင်လွင်ဟာ ကလပ်အသင်းပွဲဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်-ရတနာပုံပွဲမှာ အမျိုးသမီးပရိသတ်တစ်ဦးကို ပွဲကြည့်စင်ပေါ်တက်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့ ခြောက်လပွဲပယ်နဲ့ ဒဏ်ကြေးကျပ်သိန်း ၃၀ ချမှတ်ခံထားရတာပါ။ ပွဲပယ်ပြစ်ဒဏ်ခံရပြီး ရက်ပိုင်းအကြာမှာ အကာအကွယ်မရဟု ဆိုကာ သူ၏လူမှုကွန်ရက်မှတစ်ဆင့် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ထုတ်ပြန်ခဲ့သူပါ။
ဒါပေမဲ့ မေလဒုတိယပတ်မှာ ထိုင်းကလပ် လမ်ဖွန်ဝါရီယာအသင်းနဲ့ လမ်းခွဲပြီးနောက် လက်ရွေးစင်အသင်းမှာ ပြန်ကစားလိုကြောင်း MFF ထံ အသနားခံစာ တင်ပြခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်သွားတာဖြစ်ပါတယ်။
26/05/2026
■ ယူ-၁၇ အသင်းခေါင်းဆောင် အောင်သီဟ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေ
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင် အသင်းခေါင်းဆောင် အောင်သီဟဟာ ဖိလစ်ပိုင်ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေပါတယ်။
အောင်သီဟဟာ မြန်မာ ယူ-၁၇ အသင်းမှာ ခြေစွမ်းပြနေပြီး အသင်းအတွက် ဦးဆောင်နိုင်သူလည်းဖြစ်တာကြောင့် အနာဂတ်အတွက် ရည်ရွယ်ပြီး လက်ရွေးစင်အသင်းန့ ပူးပေါင်းခွင့်ရနေတာဖြစ်ပါတယ်။
မြန်မာ ယူ-၁၇ နောက်ခံလူတစ်ဦးဖြစ်တဲ့ မျိုးခန့်ကျော်ကတော့ အာဆီယံ ယူ-၁၉ ပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ ယူ-၁၉ အသင်းမှာ ရွေးချယ်ခံထားရပါတယ်။
25/05/2026
■ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၉ အသင်း အပြီးသတ်လူရွေးချယ်
25/05/2026
■ ဝါရင့်တိုက်စစ်မှူး ပြည်မိုးကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ
24/05/2026
■ တိုက်စစ်မှူး သန်းတိုးအောင် ရန်ကုန်စီးတီးအသင်း ခေါ်ယူ
MNL တန်းတက်ကလပ် ရန်ကုန်စီးတီးအသင်းဟာ လာမယ့်ရာသီအတွက် တိုက်စစ်ပိုင်းအားဖြည့်တဲ့အနေနဲ့ ဟံသာဝတီယူနိုက်တက်အသင်းရဲ့ ယူ-၂၃ လက်ရွေးစင်တိုက်စစ်မှူး သန်းတိုးအောင်ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
ရန်ကုန်စီးတီးအသင်းဟာ ရာသီသစ်အတွက် မြတ်ကောင်းခန့်ကို ခေါ်ယူပြီးနောက် ဒုတိယမြောက် ကစားသမားခေါ်ယူမှုအဖြစ် သန်းတိုးအောင်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ရန်ကုန်စီးတီးအသင်းဟာ သန်းတိုးအောင်ကို နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
သန်းတိုးအောင်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို GFA (အခု Chinland) အသင်းနဲ့အတူ စတင်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်စီးတီးအသင်းဟာ နောက်ထပ် လက်ရွေးစင်အဆင့် ကစားသမားတွေ ဆက်တိုက်ခေါ်ယူဦးမှာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon