Boundless Breeze

Boundless Breeze

Share

Visual Artists

25/11/2023

❝ 𝐂𝐎𝐍𝐓𝐄𝐌𝐏𝐎𝐑𝐀𝐑𝐘 ❞
𝗔𝗿𝘁 𝗲𝘅𝗵𝗶𝗯𝗶𝘁𝗶𝗼𝗻

ခေတ်ပြိုင် အနုပညာရှင်နှင့် ဝါသနာရှင်စုစုပေါင်း
( ၅ ) ဦးတို့၏ ပူးပေါင်းပါဝင်ပြသကြမည့် Performance & Video Art အနုပညာပြပွဲကို ( ၂၅ ) ရက်နေ့မှ ( ၂၇ ) ရက်နေ့ထိ ( ၃ )ရက်
တိုင်တိုင် ကျင်းပသွားမည်ဖြစ်သောကြောင့်

အနုပညာချစ်မြတ်နိုးသူတိုင်း အားလုံးကိုလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်ရှင့်။🤗

Participating Artists :

HTUT MYAT LU
HENNIE
PHIPHI
PHYO NYI
BEAM

(မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု့ခံစားနိုင်ပါတယ်ရှင့်)

- 25.11.2023 to 27.11.2023
- 10:00 am to 5:00 pm
-No.29(B), 3rd floor, Khine Shwe War Street(enter from Insein Road, between Giordano and BeautyDiary), Hledan, Kamayut Township, Yangon

All art lovers are invited. (No entrance fees)

Photos from Boundless Breeze's post 25/11/2023

❝ 𝐂𝐎𝐍𝐓𝐄𝐌𝐏𝐎𝐑𝐀𝐑𝐘 ❞
𝗔𝗿𝘁 𝗲𝘅𝗵𝗶𝗯𝗶𝘁𝗶𝗼𝗻

"Boundless Breeze" အဖွဲ့ရဲ့
One Year Anniversary အမှတ်တရ
Contemporary Art Exhibition

Venue 1
Artistic Space Art Gallery
22th Nov-24th Nov
10Am to 5Pm

Venue 2
Neutral Art Gallery
25th Nov-27th Nov
10Am to 5Pm

လာရောက်ကြည့်ရှု့ခံစားဖို့ အားလုံးကိုဖိတ်ပါတယ်
🩵🩵🩵🩵🩵

Participating Artists :

HTUT MYAT LU
YU WAI
HENNIE
PHIPHI
PHYO NYI
BEAM

(မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု့ခံစားနိုင်ပါတယ်)

Neutral Art Gallery
☎️ 09767635733

- 25.11.2023 to 27.11.2023
- 10:00 am to 5:00 pm
-No.29(B), 3rd floor, Khine Shwe War Street(enter from Insein Road, between Giordano and BeautyDiary), Hledan, Kamayut Township, Yangon

All art lovers are invited. (No entrance fees)

Photos from Boundless Breeze's post 21/11/2023

"Boundless Breeze" အဖွဲ့ရဲ့ One Year Anniversary အမှတ်တရ
Contemporary Art Exhibition

Venue 1
Artistic Space Art Gallery
22th Nov-24th Nov
10Am to 5Pm

Venue 2
Neutral Art Gallery
25th Nov-27th Nov
10Am to 5Pm
----------------------------------------------------

Artistic Space Art Gallery

☎️ 09767588834

🏦 No. G-06, Ground floor , Bo Myat Tun Tower , Bo Myat Tun st, Bo Ta Htaung Tsp , Yangon.

Email: [email protected]

Photos from Boundless Breeze's post 16/05/2023

Artist - Khine Zar Thwe

Artwork Title - Define me?
Artwork Statement -

I'm Me.
I've made a bad decision.Does that mean I'm lacking in judgment?
I've done wrong ways.Does that mean I'm reckless?
I've made mistakes.Does that mean I'm not learning?
I've said stupid things.Does that mean I'm out of control?
I may not "be"who ought to be but I've come a long way from who I used to be.
I might not be proud of some of the things I've done in the past but I did them because I'm a human being.
And I still won't give up on becoming what I know I can be.
I do work to survive the life that I'm living.
I make art to show my soul what I'm feeling
Yep...That is Me...I'm Me.

ကျနော်က ကျနော်ပါ
ကျနော်ဆုံးဖြတ်ချက် အမှားတွေ ချဖူးတယ်။ ဒီတော့ကျနော် ဝေဖန်နိုင်စွမ်းမရှိဘူးလို့ အကျိုးသက်ရောက်သွားမလား။
ကျနော်လမ်းအမှားတွေ လိုက်ခဲ့ဖူးတယ်။ဒီတော့ ကျနော် မဆင်မခြေလုပ်တယ်လို့ အကျိုးသက်ရောက်သွားမလား။
ကျနော်အမှားတွေ လုပ်ခဲ့ဖူးတယ်။ဒီတော့ ကျနော်မသင်ယူဖူးလို့ အကျိုးသက်ရောက်သွားမလား။
ကျနော်အပြောအဆို အမှားတွေပြောခဲ့ဖူးတယ်။ အဲ့တာ ကျနော် အထိန်းချုပ်မဲ့သွားတယ်လို့ အကျိုးသက်ရောက်သွားမလား။
ကျနော့်ကို ကျနော် ဘယ်သူ ဘယ်ဝါရယ်လို့ ဖြစ်လာရမယ်ဆိုပြီး မတွေးထားဘူး ဒါပေမဲ့ ယခု ကျနော်ဖြစ်လာဖို့ကို အရှေ့မှာ အများကြီးကျော်ဖြတ်ခဲ့ရတယ်။
အတိတ်မှာ လုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေကိုတော့ ကျနော်အထူးတလည် ဂုဏ်မယူပါဘူး သို့ပေမဲ့ ကျနော် အမှားတွေလုပ်ခဲ့ဖူးတယ် ဘာဖြစ်လို့လဲဆို ကျနော်လည်း လူသားတယောက်ဖြစ်နေလို့ပဲလေ။
ဘယ်လိုပဲဆိုဆို အနာဂတ်မှာ ကျနော်ဘယ်လိုလူသားမျိုးဖြစ်လာရမလဲဆိုတာ သိတဲ့အတွက် ယခုထိတော့ ကျနော်လက်မလျော့မှာတော့မဟုတ်ဘူး။
ကျနော် နေထိုင်အသက်ရှင်ရေးအတွက် အလုပ်လုပ်မယ်။
ကျနော် စိတ်နှလုံးရှင်သန်ဖို့အတွက် အနုပညာလုပ်မယ်။
ဟုတ်ပါတယ်...ဒါကကျနော်ပါ...ကျနော်က ကျနော်ပါပဲ

Exhibition Date : 12 to 16, May, 2023
Time : 10:00 AM to 5:00 PM
Venue : Decora Art Gallery

🏢 တိုက်အမှတ် (၅၂၅/၅၂၇)၊ အခန်းအမှတ် (၁၀/၁၁)၊ ဒုတိယထပ်၊ ကုန်သည်လမ်းနှင့် (၃၈) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Photos from Boundless Breeze's post 16/05/2023

Artist NYM နရီ(မြိတ်)

Artwork statement

Material ဟောင်းနွမ်းဆွေးမြေ့နေသော တံခါးချပ်၊ အုန်းဆံကြိုး၊

ဝေါဟာရ Contemporary art

ကြိုး (နာမ်) = ချည်နှောင်ခြင်း၊ တုပ်နှောင်ရခြင်း (တဆက်တစပ်တည်း တည်ရှိနေသော ရှည်လျားသော ပစ္စည်း)

ကျိုး (ကြိယာ) ၊ ကျိုးပဲ့သည်၊ ပြတ်တောက်သည်၊ အဆက်အစပ်ခဲ့သည်၊ ထက်ပိုင်းပြတ်သည်။

အသံတူသော်လည်း အဓိပ္ပာယ် ဆက်စပ်မှု ကွဲပြားသော သံတူကြောင်းကွဲ ဝေါဟာရ နှစ်ခုကို
အနုပညာပစ္စည်းအဖြစ် တကယ့်ကြိုးကို အသုံးပြုထားသည်။ အိုဟောင်းသော တံခါးချပ်မှာ "ဝေါဟာရ တို့သည် ယဉ်ကျေးမှုဖြစ်စဉ်အရ အက္ခရာများ ပေါ်ပေါက်ခဲ့သော နှစ်ကာလများစွာကတည်းက အဖွင့်အပိတ်သဘော အသုံးပြုလာခဲ့ခြင်းသဘောကို ဆိုလိုသည်။

Artist NYM (နရီမြိတ်) ၏ လက်ရာဖြစ်သည်။

Exhibition Date : 12 to 16, May, 2023
Time : 10:00 AM to 5:00 PM
Venue : Decora Art Gallery

🏢 တိုက်အမှတ် (၅၂၅/၅၂၇)၊ အခန်းအမှတ် (၁၀/၁၁)၊ ဒုတိယထပ်၊ ကုန်သည်လမ်းနှင့် (၃၈) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Photos from Boundless Breeze's post 13/05/2023

Artist ; Citamin@

ကွယ်ဝှက် လှစ်ဟခြင်းများ

၁။ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ အပြစ်၊အရှုံး၊ကြေကွဲ​မှု ​နဲ့ အားနည်းခဲ့ခြင်းတွေကို လူတွေ မမြင်အောင် တတ်နိုင်သလောက် ကွယ်ဝှက်ဖုံးအုပ်ဖို့ ကြိုးစားတတ်ကြပါတယ်.....။

၂။ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ ပြည့်စုံမှု၊ အပြစ်ကင်းမှုနဲ့ အားသာချက်တွေကိုတော့ သိသာမြင်သာအောင် လှစ်ဟပြချင်ကြပါတယ်…..။

ဘယ်လိုပဲပြည့်စုံပါတယ်လို့ ပြောနေပါစေ။
ဘယ်လိုပဲ ပြည့်စုံပါတယ်လို့ ပြနေပါစေ။
ခင်ဗျားတို့ရော ကျွန်တော်ရော
တစ်ချိန်တုန်းက တစ်ခုခုကြောင့် ကြေမွ၊ ကွဲအက် ကျရှုံးခဲ့ဖူးတယ် မဟုတ်ပါလား.....။

(ဝါ)

ကြေမွ၊ ကွဲအက်နေတဲ့ အစိတ်အပိုင်း တချို့ကို မမြင်နိုင်တဲ့နေရာမှာ သိမ်းထားဆဲ မဟုတ်ပါလား…..။

(ဝါ)

တစ်ချိန်ချိန်မှာတော့ တစ်ခုခုကြောင့် ကြေမွ၊ ကွဲအက် ကျရှုံးကြရအုံးမှာပဲ မဟုတ်ပါလား.....။

Conceal & reveal

1. We try our best to conceal our sins, losses, brokenness and weaknesses from people.

2. But we're eager to reveal our perfectness, innocence and strengths to them.

No matter how much we say...
No mater how much we show.. that we're perfect,

Haven't we all been broken, shattered, crushed by something?

(or)

Aren't some of the broken parts still kept out of sight ?

(or)

Aren't we going to be crushed by something again at some point?

Exhibition Date : 12 to 16, May, 2023
Time : 10:00 AM to 5:00 PM
Venue : Decora Art Gallery

🏢 တိုက်အမှတ် (၅၂၅/၅၂၇)၊ အခန်းအမှတ် (၁၀/၁၁)၊ ဒုတိယထပ်၊ ကုန်သည်လမ်းနှင့် (၃၈) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

🧭 Decora Art Gallery လို့ Google Map မှာရှာလို့ရပါတယ်။
https://maps.app.goo.gl/SK6jDwctTAriEeYe9?g_st=ic

13/05/2023

Artist ; Hsu

Artwork Title : Scopophobia

Artwork Statement ; Scopophobia ဆိုတာ Social anxiety disorder တစ်ခုပါ။

Anxiety အ​ကြောင်း​လေးအရင်​ပြောပြချင်ပါတယ်။ Anxiety ဆိုတာ စိတ်မသက်မသာဖြစ်တဲ့ခံစားချက်တစ်မျိုးပါ။ အ​ခြေအ​နေတစ်ခု​ကြောင့် စိတ်လှုပ်ရှားတာ, စိတ်သက်​တောင့်သက်သာမရှိတာ, ​ကြောက်ရွံတာ, စိတ်ဖိစီး​နေတာမျိုး စသည်ဖြင့်​ကောင်းတဲ့ခံစားချက်မျိုးမဟုတ်ပါဘူး။ ဥပမာ စာ​မေးပွဲအချိန်ကပြည့်​​တော့မယ် ကိုယ်ကစာ​ရေးမပြီး​သေးတာမျိုး​ပေါ့။ သူကစိတ်ခံစားချက်ဆို​ပေမယ့် ခန္ဓါကိုယ်ပိုင်ဆိုင်ရာလက္ခဏာများဖြစ်တဲ့ ခန္ဓါပိုင်းဆိုင်ရာလက္ခဏာ​တွေဖြစ်တဲ့နှလုံးခုန်မြန်ခြင်း, ​ချွေး​စေးပြန်ခြင်း, ​တုန်ယင်ခြင်း, ​​သွေးခုန်နှုန်းမြင့်တက်လာခြင်း စတဲ့ လက္ခဏာ​တွေခံစားရနိုင်ပါတယ်။

လူတိုင်းမှာ Anxious ဖြစ်တဲ့အချိန်​လေး​တွေ​တော့ရှိပါတယ်။ ဒါပုံမှန်ပါပဲ။
.. ဒါ​ပေမဲ့ ... Anxiety ဖြစ်တာက ပုံမှန်အချိန်​တွေထက်ပိုလာပြီ၊ သာမာန်ထက်လွန်ကဲလာပြီဆိုရင် ရောဂါတစ်ခုအ​နေနဲ့ Anxiety Disorder ဆိုပြီးသတ်မှတ်ပါတယ်။

Anxiety Disorder:
Anxiety Disorder ​တွေထဲမှာ Panic Disorder, Phobia, Obsessive-Compulsive disorder, social anxiety disorder စသည်ဖြင့် အမျိုး​ပေါင်းများစွာရှိပါတယ်။ အဲ့အမျိုးထဲကမှ Social Anxiety Disorder (သို့မဟုတ်) Social Phobia လို့​​ခေါ်တဲ့ လူ​တွေထဲကိုသွားရမှာ​ကြောက်တဲ့​ရောဂါမှာဆိုရင် သူများ​​တွေကကိုယ့်ကိုကြည့်​နေမှာ​ကြောက်တာ၊ ကိုယ်တလွဲလုပ်မိမှာကို​ကြောက်တာ၊ ကိုယ့်ကိုလူအားလုံးကဝိုင်းကြည့်ပြီးအကဲဖြတ်​​နေမှာစိုးတာ စသည်ဖြင့်စိတ်ပိုင်းဆိုင်ရာ လက္ခဏာ​တွေအပြင် ​ခြေ​တွေလက်​တွေတုန်​နေတာ၊ မျက်နှာ​ပူတာ၊ အသက်ရှုရခက်တာ၊​ ​ဇော​ချွေးပြန်တာ၊ နှလုံးခုန်မြန်လာတာ စသည်ဖြင့် ခန္ဓါကိုယ်ပိုင်းဆိုင်ရာလက္ခဏာ​တွေပါပြတက်ပါတယ်။

ထိုကဲ့သို့ လက္ခဏာ​တွေပြင်းတက်တဲ့သူမျိုး​တွေအ​နေနဲ့ လူ​တွေကြားထဲသွားရမှာ အခက်အခဲရှိတက်ပါတယ်။ ထိုအခက်အခဲ​တွေ​ကြောင့်ပဲ လူ​​တွေကြားထဲသွားရမယ့်ကိစ္စ လူ​တွေနဲ့​ပြောဆိုဆက်ဆံရမယ့်ကိစ္စ​တွေကို​ရှောင်ကြည်လာကြပါတယ်။ ဒီလိုနဲ့ပဲ ကိုယ့်ရဲ့ Phobia က ကိုယ့်ရဲ့ ​နေ့စဥ်လုပ်ငန်း​ဆောင်ရွက်မှု​တွေ ကိုယ့်ရဲ့လူမှုဆက်ဆံမှုပုံစံ ကိုယ့်ရဲ့​နေ့စဥ်ဘဝကို စိုးမိုးသွားကြတာများပါတယ်။

Scopophobia:
ထို Social Anxiety Disorder (or) Social Phobia ထဲကတစ်ခုဖြစ်တဲ့ ​စောင့်ကြည့်ခံရမှာကိုအလွန်အမင်း​ကြောက်ခြင်းကို Scopophobia လို့​ခေါ်ပါတယ်။ Scopophobia ဟာပြင်းထန်တဲ့အ​ခြေအ​နေတစ်ခုမှာရှိပါတယ်။ လက္ခဏာ​တွေအ​နေနဲ့အထက်​ဖော်ပြပါလက္ခဏာ​​တွေကို ပြင်းထန်တဲ့အ​နေအထားတစ်ခုမှာခံစားရနိုင်ပါတယ်။ ဆုရဲ့သူငယ်ချင်းတစ်​ယောက်ဆိုရင် ​ခေါင်းမူးလာပြီးအန်ပါအန်ချင်လို့ခံစားတယ်ဆိုပြီးဆုကို​ပြောပြဖူးပါတယ်။

ဒီ Artwork အ​နေနဲ့ Scophophpbia ရှိတဲ့သူ​တွေအ​နေနဲ့ ဘယ်လိုမျိုးခံစားရနိုင်မလဲဆိုတာကို အနည်းနဲ့အများနားလည်နိုင်​စေဖို့အတွက် Create လုပ်ထားတာဖြစ်ပါတယ်ရှင်။

ဆု​ပြောပြခဲ့တဲ့အ​ကြောင်းအရာ​တွေကို
Healthline.com
Mayoclinic.org တို့မှာ
Anxiety, Anxiety Disorders, နဲ့ Scopophobiaဆိုပြီးရှာ​ဖွေ​လေ့လာကြည့်နိုင်ပါတယ်ရှင် ♡

Exhibition Date : 12 to 16, May, 2023
Time : 10:00 AM to 5:00 PM
Venue : Decora Art Gallery

🏢 တိုက်အမှတ် (၅၂၅/၅၂၇)၊ အခန်းအမှတ် (၁၀/၁၁)၊ ဒုတိယထပ်၊ ကုန်သည်လမ်းနှင့် (၃၈) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

🧭 Decora Art Gallery လို့ Google Map မှာရှာလို့ရပါတယ်။
https://maps.app.goo.gl/SK6jDwctTAriEeYe9?g_st=ic

Photos from Boundless Breeze's post 11/05/2023

🍂 The Breeze of MAY 🍂

မနက်ဖြန် 12ရက်နေ့မှာစတင်ပြသမယ့်
ပြပွဲအတွက် ပြင်ဆင်နေကြတဲ့အဖွဲ့သားများရဲ့ပုံရိပ်တွေကိုဖော်ပြလိုက်ပါတယ်။

ဘယ်လိုအကြောင်းရာတွေကို ပြသထားမလဲဆိုတာသိမြင်ခံစားဖို့
လာရောက်ကြည့်ရှု့ကြပါလို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။💙

နေ့ရက် : 12 to 16, May, 2023
အချိန် : 10:00 AM to 5:00 PM
နေရာ : Decora Art Gallery
တိုက်အမှတ် (၅၂၅/၅၂၇)၊ အခန်းအမှတ် (၁၀/၁၁)၊ ဒုတိယထပ်၊ ကုန်သည်လမ်းနှင့် (၃၈) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

🧭 Decora Art Gallery ကို Google Map မှရှာရန်
https://maps.app.goo.gl/SK6jDwctTAriEeYe9?g_st=ic

Photos from Boundless Breeze's post 11/05/2023

🍂 The Breeze of MAY 🍂

ဆိုတဲ့ခေါင်းစဉ်နဲ့ Boundless Breeze မှ အဖွဲ့သားတချို့ပါဝင်ပြသထားတဲ့ပွဲ​လေးပဲဖြစ်ပါတယ်။
မတူညီတဲ့ရသမျိုးစုံခံစားရမှာဖြစ်လို့ အားလုံးကိုလာရောက်ကြည့်ရှု့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

နေ့ရက် : 12 to 16, May, 2023
အချိန် : 10:00 AM to 5:00 PM
နေရာ : Decora Art Gallery
တိုက်အမှတ် (၅၂၅/၅၂၇)၊ အခန်းအမှတ် (၁၀/၁၁)၊ ဒုတိယထပ်၊ ကုန်သည်လမ်းနှင့် (၃၈) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

🧭 Decora Art Gallery ကို Google Map မှရှာရန်
https://maps.app.goo.gl/SK6jDwctTAriEeYe9?g_st=ic

Photos from Boundless Breeze's post 24/02/2023

Artist - May Tharaphi Kyaw

“ May I never be complete in life “

Even if the pain sometimes touches my bones
Let me not take meds to relieve but suffer
May I never be complete in life

Even if I sometimes can’t catch my bus at right timing
Let me not chase ‘the missed’
May I never be complete in life

Even if I sometimes get caught in a downpour
Let me not be under the shelter
May I never be complete in life

This artwork was exhibited from 14thFeb to 17thFeb at Goethe Institut.

"Art Exhibition by BOUNDLESS BREEZE "

Photos from Boundless Breeze's post 21/02/2023

Artist - Hsu

Hsuသည်ပန်းချီနှင့်ဖြစ်စေ Performanceပြုလုပ်၍ဖြစ်စေ မိမိတွေ့ကြုံခံစားရသမျှကို ဖော်ပြလေ့ရှိသူတစ်ဦးဖြစ်သည်။ ၁၄ရက်မှ ၁၇ရက်နေ့အထိ Goetheinstitutတွင်ပြသခဲ့သော BoundlessBreeze၏ပြပွဲတွင် သူမ၏ PerformanceVideoကိုခင်းကျင်းပြသခဲ့သည်။ ယခုပုံရိပ်များသည် အဆိုပါ Performanceပြုလုပ်နေချိန်တွင်ရိုက်ကူးထား​သောပုံရိပ်များဖြစ်သည်။

Artwork Title - သမီးမိန်းကလေးရဲ့လွတ်လပ်မှု

Artist Statement
__________________________________

သမီးမိန်းကလေးမို့စိတ်မချဘူး ။ သမီးမိန်းကလေးမို့စိုးရိမ်ရတယ်။ သမီးမိန်းကလေးမို့ပိုဂရုစိုက်ရတယ်။ သမီးမိန်းကလေးမို့ဆိုပြီးကျွန်မတို့ကို ချစ်တာတွေ၊ မေတ္တာတွေ၊ ဂရုစိုက်တာတွေ၊ ကြင်နာတာတွေရဲ့ဘောင်ထဲကိုသွတ်သွင်းလိုက်ကြတယ်။ ဒါပေမဲ့ကျွန်မတို့ကတော့ အဲဘောင်ထဲမှာပျော်မွေ့ကြတယ်။ အစပိုင်းတော့ဟုတ်တာပေါ့။ နောက်....အဖေတို့အမေတို့က အဲဘောင်ထဲကထွက်မယ်ဆ်ိုရင်လေ စိုးရိမ်လို့၊ စိတ်မချလို့ဆိုပြီး ဟိုနေရာမသွားရဘူး၊ ဒီနေရာမသွားရဘူးဆိုပြီးကြိုးတွေနဲ့ပြန်ဆွဲထားတယ်ရှင့်။ သူတို့ကတော့ပြောတယ်၊ လွတ်လပ်ခွင့်ပေးထားတာပဲလေတဲ့။
ကျွန်မအဲဒီဘောင်အပြင်ကိုထွက်ပြီးသွားလိုရာသွားချင်ပါတယ်။ ဘောင်အပြင်ဘက်ကိုလည်းတက်နိုင်သမျှရုန်းထွက်ပါတယ်။ ဒါပေမဲ့ရုန်းထွက်ဖို့အင်အားနည်းတာလား? ကြိုးတွေကိုင်ထားတဲ့လက်တွေနာကျင်သွားမှာစိုးရိမ်နေခဲ့သလား? ဒါမှမဟုတ်အဲ့ကြိုးတွေရဲ့အလွန်ဒီဘောင်ရဲ့အပြင်ကိုရုန်းထွက်ဖို့ ယုံကြည်ချက်ကင်းမဲ့နေခဲ့သလား? ကျွန်မဆီမှာ အဖြေရှိမနေပါဘူး။
ရှင်တို့ရော.... ဘောင်ထဲကရုန်းထွက်နိုင်ခဲ့သလား? ဒါမှမဟုတ် အဲဒီဘောင်ကလုံလောက်ခဲ့သလား? ဒါမှမဟုတ် ကျွန်မလိုမျိုးအဖြေမဲ့နေသလား? ဖြေခဲ့ကြပါဦးရှင်....

"Art Exhibition by BOUNDLESS BREEZE "

Event Venue: Goethe Institut Myanmar
Time: 10AM to 5PM
Dates: 14.2.2023 to 17.2.2023

Want your museum to be the top-listed Museum in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon