Life Of Balance

Life Of Balance

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Life Of Balance, Writer, Mayangone Tsp, Yangon.

22/03/2026

ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ပါစေ

▪️နေရာတိုင်း နယ်ပယ်တိုင်းမှာ မဟာမိတ်ရှိသူဖြစ်ပါစေ

▪️ပေါင်းသင်းဆက်ဆံရေးမကောင်းသူဟာ ကိုယ့်ဘယ်လောက်ပဲ ချော့ပေါင်းပါစေ အဖက်လုပ်မခံရပါဘူး
▪️တိုင်တစ်လုံးနဲ့ အိမ်တစ်အိမ် ဖြစ်မလာနိုင်ပါဘူး

▪️အကျဉ်မခံရပါစေနဲ့ အပယ်ခံဘဝထက်ဆိုးတာမရှိပါဘူး
▪️လူမုန်းမခံပါနဲ့ ၊ ငြိုငြင်ခံရအောင်မနေပါနဲ့
▪️လူတွေရဲ့အကြိုက်ကို လိုက်ပေါင်းတတ်ပါစေ သို့သော်
မဖားမိပါစေနဲ့
▪️မှန်းတိုင်းမပြောပါနဲ့
▪️ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အဆက်သွယ်မပြတ် ပေါင်းသင်းဆက်ဆံပါ
▪️တစ်ကိုယ်တည်းနေခြင်းဟာ သေရေးကိုတွေးကြောက်မိတတ်ပါတယ်
▪️လောကကြီးကို နန်းတော်လို သတ်မှတ်ထားပါ
▪️ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်မှသာ လူပေါ်ကလူဖြစ်မှာပါ
▪️ဆင်းရဲပါစေ ပေါင်းသင်းဆက်ဆံရေးကောင်းသူဟာ
အန္တရာယ်တွေကို အေးဆေးကျော်ဖြတ်နိုင်ပါတယ်
▪️အတွင်းသိုစိတ် အပြင်ဖြန့်ကျက်လိုစိတ်ဖြင့် ပြောင်းလဲမွေးမြူပါ

22/03/2026

ခန့်မှန်းရလွယ်တဲ့သူတွေဟာ တိရစ္ဆာန်အကျင့်တွေနဲ့လူတွေပါ

▪️လူတွေဟာ အစွဲလန်းကြီးတဲ့ သတ္တဝါတွေဖြစ်ကြတယ်
▪️သူတစ်ပါးအကြောင်းကိစ္စတွေကို စိတ်ဝင်စားကြပါတယ်
▪️ကိုယ်သိထားတဲ့ အရာတွေကို ထုတ်ပြချင်ကြပါတယ်
▪️ထုတ်ပြချင်တဲ့စိတ်တွေကြောင့်ပဲ ခန့်မှန်းရလွယ်တဲ့သူတွေဖြစ်လာကြပါတယ်
▪️တိရစ္ဆာန်တွေဟာ ဘာပဲလုပ်လုပ် ပုံစံတစ်မျိုးတည်းလုပ်တတ်လို့ မုဆိုးတွေက ခန့်မှန်းနိုင်ပြီး ဖမ်းရလွယ်သွားပါတယ်
▪️လောကသဘာဝမှာပြောင်းလဲနိုင်စွမ်းရှိတဲ့ သတ္တဝါဟာ
“လူ “ ပဲရှိပါတယ်
▪️အပြောင်းအလဲမရှိတဲ့သူတွေရဲ့ လုပ်ရပ်တွေဟာခန့်မှန်းရလွယ်ပါတယ်
▪️နားလည်ရခက်အောင် ပြုမူပြောဆိုနေထိုင်တတ်ခြင်းဟာတစ်ဖက်သားကို ကြောက်သွားအောင် ခြောက်လို့ရတဲ့နည်းပဲဖြစ်ပါတယ်
▪️အတူတူနဲ့ အနူနူအဖြစ်မခံပါနဲ့
▪️လူတွေ မျက်စိလည်အောင်နေပါ
▪️ကိုယ့်အတွေးတွေကို လူတွေမသိပါစေနဲ့
▪️အနေအထိုင် ပိရိပါစေ
▪️မြင်နေသော်လည်း မတွေ့နိုင်
▪️သိနေသော်လည်း သဘောမပေါက်နိုင်အောင်နေပါ
▪️လေယူရာကို ယိမ်းတတ်မှ လေပြင်းဒဏ်ကိုခံနိုင်သူလဲဖြစ်မှာပါ
▪️ခန့်မှန်းရခက်သောသူများဟာ ကြံစည်သမျှအောင်မြင်မှုရကြသူများဖြစ်ပါတယ် ။

02/09/2025

အမှား တစ်ခုခု လုပ်မိတိုင်း
" မှားနေပြီနော် " လို့ အမုန်းခံပြီး
သတိပေးတတ်တဲ့ မိတ်ဆွေတွေ
ရှိနေတာလည်း မင်္ဂလာ တစ်ပါးပါပဲ။

မှားနေတာ မြင်နေတာတောင်
မြှောက်ပေးတတ်တဲ့ မိတ်ဆွေ
ဆယ်ဦးထက်၊

မှားနေတာကို မှားနေတယ်လို့
အမုန်းခံ ပြောပြတတ်တဲ့ မိတ်ဆွေတစ်ဦးက
ဘဝ တိုးတက်ဖို့အတွက်ပိုပြီး
အထောက်အကူ ဖြစ်စေတတ်ပါတယ်။♥

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Mayangone Tsp
Yangon