A Date
Since 2019. Your trusted "blind date" service. Welcoming everyone aged 18 to 29 in Myanmar.
22/03/2024
အာဘွားရနေပေမယ့် ရည်းစားတော့မဟုတ်ဘူးတဲ့လား 🫣
ဒါဆို ကိုယ့်ကိုဘယ်လိုသဘောထားနေတာပါလိမ့်🤔
ဒီလို အခြေအနေမျိုးရောက်နေတာကို situationship ဆက်ဆံရေးလို့ပြောကြပါတယ်။ Situationship ဆိုတာ relationship လို့ခေါင်းစဉ်မတပ်ဘဲ commitment တွေပေးစရာမလိုတဲ့ ဆက်ဆံရေးတစ်ခုကိုခေါ်တာဖြစ်ပါတယ်။ တချို့ကလည်း ချစ်သူရည်းစားလို့ခေါင်းစဉ်တပ်ဖို့ အဆင်သင့်မဖြစ်သေးလို့ situationship ထဲမှာနေပြီးမှ အဆင့်တက်ကြတာမျိုးလည်း ရှိကြပါတယ်။ relationship ထဲရောက်နေတာမဟုတ်ပေမယ့် ချစ်သူလို ရည်းစားလို ဂရုစိုက်တာ ကြင်နာတာတွေတော့ ခံရမှာပါ။ 🤪
တကယ်တော့ situationship ထဲမှာအကြာကြီးရောက်နေတာက ကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ကိုယ့်အပေါ် commitment သေချာမပေးနိုင်ဘဲနဲ့ အချိန်ကြာလာရင် ကြိုးရှည်ရှည်နဲ့လှန်ထားသလိုဖြစ်နေမှာပါ။ တစ်ခါတစ်လေမှာ ရှေ့ဆက်တိုးဖို့ မသေချာမရေရာတာမျိုးလည်းဖြစ်တတ်တာကြောင့် စိတ်မလုံခြုံတာမျိုးတွေ၊ စိတ်ဖိစီးရတာမျိုးတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ပြီးတော့ တစ်ဖက်လူက ခံစားချက်မရှိပေမယ့် ကိုယ်က ခံစားချက်တွေရှိသွားပြီး ပွင့်ပွင့်လင်းလင်းမရှိကြရင် ပြဿနာရှိလာနိုင်ပါတယ်။ ဘာလဲဆိုရင်တော့ အသည်းကွဲပြီး move on ဖို့ကြိုးစားရတဲ့ပြဿနာပေါ့နော်🤧
ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံးက relationship ထဲတန်းဝင်ဖို့ အဆင်မပြေသေးလို့ အစပိုင်းမှာ situationship လုပ်ဖို့သဘောတူထားကြပေမယ့် အချိန်ကြာတဲ့အထိ အဆင့်မတက်သေးဘူးဆိုရင်တော့ နှစ်ဦးကြားက ဆက်ဆံရေးကိုပြန်ဆန်းစစ်ဖို့အတွက် အကြံပေးချင်ပါတယ်။ ကိုယ့်ကိုအပျင်းပြေအပျော်ကြံတာလား တကယ်ပဲ အဆင်သင့်မဖြစ်သေးတာလားဆိုတာကို သေချာစောင့်ကြည့်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်ကအဲ့လိုဆက်ဆံရေးထဲမှာ ရောက်နေတယ် ဒါမှမဟုတ် ရောက်တော့မယ်ဆိုရင် တစ်ဖက်လူနဲ့လည်း သေချာ communicate လုပ်ဖို့လိုပါလိမ့်မယ်။ တအားတွေအစွဲအလမ်းမကြီးဖို့လည်း သတိပေးလိုက်ပါတယ်နော် 🧏♀️
အဲ့လိုဆက်ဆံရေးတွေမဟုတ်ဘဲ တစ်ဆင့်ချင်းသွားပြီး ရည်းစားလိုချင်တဲ့သူတွေကတော့ A Date မှာ လာဒိတ်လို့ရနေပါပြီ။ A Date မှာဆိုရင် Virtual Blind Date, Coffee Date, Movie Date, Craft Date အဆင့်ဆင့်ရှိတာကြောင့် သေချာလေ့လာပြီး ဒိတ်လို့ရမှာနော်။ 😍
စိတ်ဝင်စားတယ်ဆို ခုပဲ register လာလုပ်လိုက်တော့ 🤩
https://forms.gle/6nhcKvPyEE5Zs96M7
ဒီနေ့မှာတော့ Chit Thu Bazzar by Urban Delight ပွဲလေးမှာ ပါဝင်ခဲ့တဲ့ A Date ရဲ့ လှုပ်ရှားမှု ပုံရိပ်များကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် 🥰🥰
ဒီပွဲလေးမှာဆိုရင် Gemini Flavored - Pony က host လုပ်ပေးခဲ့တာဖြစ်ပြီး ရင်ခုန်ကြည်နူးဖို့ကောင်းတဲ့ Speed Date နဲ့ Craft Date လေးတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 🎨👩🏻❤️👨🏻
A Date ရဲ့ အစီအစဉ်လေးမှာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ fan လေးတွေကိုလည်းကျေးဇူးတင်ကြောင်းပြောရင်း နောက်ပွဲလေးတွေမှာလည်း လာရောက်အားပေးပြီး ချစ်သူလာရှာကြဖို့ ကြိုတင်ဖိတ်ခေါ်လိုက်ပါတယ်နော်။ ❤️
14/02/2024
ဒီနှစ်မှာ တစ်ကိုယ်တော် Valentines လုပ်ရလည်း အားမငယ်ပါနဲ့ 🤭
နောက်နှစ် Valentine’s Day တွေမှာ အထီးမကျန်ရအောင် A Date ကအမြဲတမ်းရှိနေတယ်နော်။ 😽
ရည်းစားလိုချင်လာပြီဆိုတာနဲ့ A Date ကိုသာပြေးပြီးသတိရလိုက်ပါ။ A Date မှာ ရည်းစားရှာဖို့
✨️ အခမဲ့ Registration သွင်းပြီး
✨️Virtual Blind Date လုပ်ကြည့်ရင်း ကိုယ် Date ကြည့်တဲ့သူနဲ့ ok စိုပြေပြီဆို
✨️ Coffee Date, Craft Date တွေ ဆက် Date လို့ရတာမို့ နောက်နှစ်အတွက် ခုတည်းက ကြိုတင်ဘိုကင်ယူပြီး date ထားလိုက်တော့။ 🤪
Free Registration Link
https://forms.gle/6nhcKvPyEE5Zs96M7
ဒီနှစ် ချောကလက်မစားရလည်း နောက်နှစ်ကျ စားရအောင် A Date ကအစွမ်းကုန် ရည်းစားရှာပေးနေပါပြီ။ 🥳🥳
ကဲ အားလုံးပဲ Happy Valentine’s Day ပါနော်။ ❤️
11/02/2024
A Date က ၁၂ ရက်နေ့အထိ Chit Thu Bazzar မှာ ရှိနေပါမယ်နော် 🥰🥰
Gemini Flavored - Pony host လုပ်ပေးမယ့် Speed Date Activity ကိုတော့ ဒီနေ့ ညနေ ၅ နာရီခွဲကနေ ည ၇ နာရီခွဲထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ 🎉
မနက်ဖြန် ၁၂ ရက်နေ့မှာတော့ ညနေ ၃ နာရီခွဲကနေ ၅ နာရီခွဲအထိ Speed Date Activity က ရှိနေမှာမို့ Chit Thu Bazaar လေးကို ဆက်ဆက်လာခဲ့ကြဦးနော်။ ❤️
Speed Date Registeration Form
https://forms.gle/EPkrH5SzLbpm4hAA8
08/02/2024
Speed Date လား Craft Date လား လေဒီကြိုက်တာပြော 👀
Urban Delight ကပြုလုပ်ကျင်းပမယ့် Chit Thu Bazaar by Urban Delight မှာ အထီးကျန်နေတဲ့ Single လေးတွေ ချစ်သူရသွားအောင် A Date က ⏳️Speed Date နဲ့
🏺Crafted Blind Date တွေစီစဉ်ပေးပြီး အောင်သွယ်ပေးဖို့ ရှိနေမှာဖြစ်ပါတယ်။ 🫢
A Date က ထုံးစံအတိုင်း ရည်းစားမရှိသေးတဲ့ fan လေးတွေအတွက် ဒီနှစ် Valentines မှာအထီးမကျန်ရအောင် ကြံဖန်ပြီး အောင်သွယ်တော်လမင်းကြီးလုပ်ပေးချင်တဲ့အတွက် ဒီပွဲလေးမှာ ပါဝင်လိုက်ရခြင်းဖြစ်ပါတယ်။ ကိုယ်က V Day မှာ တူတူလျှောက်လည်စရာ ရည်းစားရှိနေရင်လည်း ရည်းစားမရှိသေးတဲ့ သူငယ်ချင်းတွေကိုလက်တို့ပြီး ဒီပွဲလေးကို ခေါ်လာခဲ့ဦးနော် 😛
⏳️ Speed Dating လေးကို host လုပ်မယ့်သူကလည်း Gemini Flavored - Pony ဖြစ်လို့ Pony ကိုတွေ့ချင်နေကြတဲ့ Date Date Show fan လေးတွေ ticket ဝယ်ထားလို့ရပြီနော်။ 🤭
Speed Date Activity Time
📆February 11th - 5:30 PM - 7:30 PM
📆February 12th - 3:30 PM - 5:30 PM
Location - The Secretariat Yangon (ဝန်ကြီးများရုံး)
💰Ticket Price - 10,000 MMK
Speed Date Ticket ဝယ်ယူဖို့ အောက်က form လေးကိုဖြည့်ဖို့လိုပါမယ်နော်။ 👇🏻
https://forms.gle/EPkrH5SzLbpm4hAA8
_________
🏺လူအများကြီးနဲ့ မဒိတ်ချင်လို့ တစ်ယောက်တည်းနဲ့ပဲ ရင်ခုန်စရာ Blind date ချင်တဲ့သူတွေ၊ handmade ပစ္စည်းလေးတွေလုပ်ရတာ ကြိုက်နှစ်သက်သူတွေ၊ အထူးသဖြင့် Introvert လေးတွေ အတွက်လည်း A Date x Sculpt Studio ကပူးပေါင်းပြီး Crafted Blind Date လေးကို စီစဉ်ပေးထားပါသေးတယ်။ 🎨❤️
Crafted Blind Date
📆February 10th
📆February 11th
📆February 12th
Location - The Secretariat Yangon (ဝန်ကြီးများရုံး)
Crafted Blind Date အတွက်ကတော့ ဒီ form လေးကိုဖြည့်ပေးနော်။ 💕👇🏻
https://forms.gle/jbkq6QW8uiKoFpwf9
ဒီပွဲလေးကို 📆 ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၁၂ ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်လို့ ချစ်သူများနေ့မရောက်ခင်မှာ ချစ်သူရှာဖို့ ကွက်တိပါပဲ။ 🥰🥰
A Date က booth လေးမှာ Activities တွေလုပ်ရင်း ကိုယ့်ဖူးစာရှင်နဲ့လည်း တွေ့သွားနိုင်တာကြောင့်လာသင့် မလာသင့်ကို တွေဝေမနေနဲ့တော့နော်။ 🥳
02/02/2024
မရွေး team ကသူ ၂၅၀၀ နဲ့ ကျူးတာနဲ့ လစ်သွားကြတဲ့ ကျူးလစ် team ကသူ ၂၅၀၀ ပါတဲ့ A Date က သင်္ဘောကြီးဆိုရင်ရော လိုက်ကြမှာလား 🤭🤭
A Date က team 2 ခုလုံးကို တစ်ခုတည်းဖြစ်သွားအောင် ဖန်တီးပေးမှာနော် 🤪
အရွေးလည်းခံရပြီး ကျူးလစ်လည်းမဖြစ်တော့အောင် A Date မှာ free registration သာ မြန်မြန်လာသွင်းထားလိုက်တော့ 🥳
https://forms.gle/6nhcKvPyEE5Zs96M7
01/02/2024
Confess Package နဲ့ crush ကို ပန်းစည်းပေးပြီး "Coffee Date မလား?"လို့ ရဲရဲကြီးမေးလိုက်ပါ 💐
ကိုယ့်ရဲ့ Crush ကိုဖွင့်မပြောရဲသေးလို့ တိုင်ပတ်နေတဲ့ ကိုကိုတွေမောင်လေးတွေအတွက် A Date က Confess Package စီစဉ်ပေးထားပြီနော် 🥳
Confess Package ဆိုတာ ကိုယ်သဘောကျနေတဲ့ crush လေးကို လက်ဆောင်လေးတွေနဲ့ ရည်းစားစာလေးတွေ ပေးပို့ပြီး ကိုယ့်အချစ်တွေကို ထုတ်ပြနိုင်မယ့် package လေးဖြစ်ပါတယ်။
Package A - 38000 ကျပ်
💐 Crochet Bouquet
💌 Postcard
Package B - 50000 ကျပ်
💐 Crochet Bouquet
💌 Postcard
🎟️ Coffee Date Ticket
Package B မှာဆို Coffee Date Ticket လည်း ပါတာဆိုတော့ ကိုယ်ကြိတ်ကြွေနေတဲ့ ကောင်မလေးကို ပန်းစည်းလည်းပေးရင်း Coffee Date ကြမလားဆိုပြီး အထာကျကျလေး မေးဖို့ အခွင့်အရေးရမှာဆိုတော့ အတွေးမမှားစေချင်ဘူးနော် 😜
ကိုယ်ကရည်းစားရှိတဲ့သူဆိုရင်လည်း ကိုယ့်ကောင်လေး၊ ကောင်မလေးကို surprise gift ပေးချင်တယ်ဆိုရင်လည်း ဒီ package လေးကို ဝယ်ယူလို့ရပါတယ်။ 👩🏻❤️👨🏻
ကဲ ဒါဆိုရင်တော့ Crush ရှိတဲ့သူတွေက Crush လေးနဲ့ အဆင်ပြေဖို့၊ ရည်းစားရှိတဲ့သူတွေက ရည်းစားဆီက ပိုအချစ်ခံရဖို့အတွက် Confess Package ကို A Date မှာမြန်မြန်သာလာဝယ်ထားလိုက်တော့နော် 🥰🥰
29/01/2024
စပျစ်သီး ၁၂ လုံးစားတာတောင် crush နဲ့ အဆင်မပြေသေးတဲ့သူတွေအတွက် A Date ရဲ့ Confess Package 🫢
New Year ညမှာ ရည်းစားရအောင် စားပွဲခုံအောက်ဝင်ပြီး စပျစ်သီး ၁၂ လုံးစားတာတောင် ခုထိ single ဘဝက မကျွတ်သေးတဲ့သူတွေအတွက် Confess Package ရှိနေပါပြီနော် 😱
Crush ကို ဖွင့်ပြောချင်တဲ့သူတွေ၊ friendzone ကနေ ထွက်ချင်တဲ့သူတွေ၊ ကိုယ့်ရည်းစားကို အများကြီးချစ်ကြောင်း ကြူးချင်တဲ့သူတွေနဲ့ ရည်းစားကိုအပြစ်လုပ်ထားလို့ လက်ဆောင်လေးတွေပေးပြီး ချော့ချင့်တဲ့သူတွေဆိုရင် ဒီ Confess Package ကို ဝယ်ယူသင့်ပါတယ်။ ✅
ဒီ Package လေးမှာဆိုရင် ရွေးချယ်နိုင်တဲ့ Package 2 ခုရှိမှာဖြစ်ပါတယ်။
Package A မှာတော့
💐 Crochet Bouquet
💌 Postcard တို့ပါဝင်မှာဖြစ်ပြီး 38000 ကျပ်ကျသင့်မှာဖြစ်ပါတယ်။
Package B မှာတော့
💐 Crochet Bouquet
💌 Postcard
🎟️ Coffee Date Ticket တို့ ပါဝင်ပြီး 50000 ကျပ်ကျသင့်မှာပါ။
⏳Package 2 ခုလုံးအတွက် Waiting time ကတော့ 1 week ဖြစ်ပါတယ်။
Package B မှာဆိုရင် Coffee Date Ticket လေးလည်း ပါမှာဆိုတော့ Crush ကိုဖွင့်ပြောမယ့်သူတွေနဲ့ သူငယ်ချင်းကနေ အဆင့်တက်ချင်တဲ့သူတွေအနေနဲ့ ပန်းစည်းလေးပေးပြီး Coffee Date ကြမလားဆိုပြီး မေးလိုက်ရင် ကြွေကျသွားကြမှာနော်။
မကြွေကျသွားရင်လည်း စိတ်မပူပါနဲ့ 😜 A Date မှာ singles တွေအတွက် အခြား package တွေလည်းရှိနေတာဆိုတော့ registration လာသွင်းပြီး နောက်တစ်ယောက်သာရှာပစ်လိုက်🥳
Confess Package ကိုဝယ်ယူချင်တယ်ဆိုရင်တော့ A Date ရဲ့ page messenger ကိုအခုပဲ လှမ်းခဲ့လိုက်တော့နော်။ 🥰
A Date ကအောင်သွယ်တော်လမင်းကြီးလုပ်ပေးဖို့အတွက် ready ပါပဲ 🤩
25/01/2024
မရွေး team လား coconut team လား 🤓
မရွေး team ဆိုရင်တော့ အရွေးခံရအောင် A Date မှာ registration လုပ်လို့ရနေပြီနော် 🤭
A Date မှာ အရွေးမခံရတဲ့ Singles တွေအတွက် စီစဉ်ထားတဲ့ packages တွေအများကြီးရှိလို့ အောက်က Link မှာ free registration ရတုန်း form ဖြည့်ထားလိုက်တော့ ‼️
https://forms.gle/6nhcKvPyEE5Zs96M7
24/01/2024
နိုင်ငံခြားရောက်ရင် ရည်းစားမရနိုင်ဘူးဆိုတဲ့ အတွေးတွေကို ဖျောက်ပစ်လိုက်ပါ 😎
နိုင်ငံခြားရောက်နေပြီးတဲ့သူတွေက နိုင်ငံခြားအခုမှလာမယ့်သူတွေကို အဲ့က အဆင်တွေက ပိုင်ရှင်တွေနဲ့မို့ မလာခင်ရည်းစားကြိုရှာခဲ့လို့ အကြံပေးကြတယ်မလား 🤭
မြန်မာမှာ ရည်းစားကြိုရှာခဲ့လည်း Ldrs ဖြစ်သွားရင် အဆင်ပြေပါ့မလားနော် 🤔
ကိုယ်ကနိုင်ငံခြားရောက်တုန်း ရည်းစားမထားလိုက်ရမှာကြောက်နေတဲ့သူတွေအတွက် A Date Thailand က ထိုင်းနိုင်ငံက မြန်မာသူငယ်ချင်းတို့အတွက် ရည်းစားရအောင် စီစဉ်ပေးနေပြီနော်။ 🥰🥰
A Date Thailand က ထိုင်းနိုင်ငံမှာ ရောက်နေပြီး ရည်းစားလိုချင်တဲ့သူတွေ၊ အထီးကျန်လို့ အဖော်ပြုပေးနိုင်မယ့်သူကို ရှာနေတဲ့သူတွေနဲ့ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ချင်တယ်ဆိုတဲ့သူတွေအတွက် အဆင်သင့်ရှိနေပါပြီ။ 😉
ဪ ပြီးတော့ Valentine’s Day ကလည်းနီးနေပြီဆိုတော့ ခုတည်းက V Day မှာ Date ဖို့ ကြိုရှာထားမယ်ဆို ကွက်တိပဲနော်။ 🤗
အခုဆိုရင် Pre-registration ဖွင့်ထားပြီဖြစ်လို့ Jan 21st ကနေ 28th အတွင်း register လာလုပ်တဲ့သူတွေကို discount တွေပေးသွားဦးမှာတဲ့နော်။ ကဲ ဘယ်လိုလဲ စိတ်ဝင်စားနေကြပြီမလား 🤭🤭
အသေးစိတ်ကိုတော့ အောက်မှာ A Date Thailand ရဲ့ Page Link လေးပေးထားလို့ ဝင်ကြည့်ပြီး Page Chat box မှာ registration form တောင်းလို့ရတာမို့လို့ခပ်သွက်သွက်လေး register လုပ်ထားလိုက်တော့နော်။ 🤩❤️
https://www.facebook.com/profile.php?id=61555656001787&mibextid=LQQJ4d
21/01/2024
ထိုင်းနိုင်ငံက မြန်မာသူငယ်ချင်းတွေ A Date Thailand မှာ Pre Registration သွင်းလို့ရနေပြီနော် 📣
20/01/2024
ထိုင်းနိုင်ငံရောက် မြန်မာတွေ ကိုယ့်ရဲ့ valentine ကိုရှာဖို့အတွက် A Date Thailand ရောက်ရှိလာပါပြီ 📣
A Date ကိုမြန်မာမှာတင်မကဘဲ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ လူငယ်တွေအတွက်ပါ ရည်ရွယ်ပြီး A Date Thailand ကိုစတင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ 💁🏻♀️
နိုင်ငံခြားရောက်ပြီး အိမ်နဲ့မိသားစုနဲ့ ခွဲခွါနေရလို့ အထီးကျန်နေတဲ့သူတွေ၊ အိမ်လွမ်းတဲ့ပြဿနာနဲ့ကြုံနေရလို့ အဖော်ပြုစရာ သူငယ်ချင်း၊ မိတ်ဆွေရှာနေတဲ့သူတွေ၊ နိုင်ငံခြားမှာ မိတ်ဆွေအသစ်တွေရှာပြီး network ချဲ့ချင်တဲ့သူတွေ၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ ကိုယ်နဲ့ကိုက်ညီတဲ့ ဖူးစာရှင်ကို ရှာဖွေနေတဲ့သူတွေအတွက် A Date Thailand က အကောင်းဆုံး services တွေပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ 🥰
ဒါ့အပြင် Valentine’s Day ကလည်း နီးလာပြီဆိုတော့ ထိုင်းနိုင်ငံမှာ တစ်ကိုယ်တည်း အဖော်မဲ့နေတာမျိုး ဖြစ်မနေစေဖို့ A Date Thailand ကို ဆက်သွယ်လို့ရနေပါပြီ။ နှစ်သစ်မှာ အချစ်သစ်လည်းရှာရင်း အထီးကျန်တာတွေဖြေဖျောက်ဖို့အတွက် A Date Thailand ရှိနေပြီဆိုတော့ ဘာမှပူစရာမလိုတော့ဘူးနော်။ 😉
A Date Thailand မှာ ဘယ်လို services တွေရမလဲဆိုတာကိုတော့ မကြာခင် A Date Thailand page မှာ ကြေငြာပေးသွားမှာဖြစ်လို့ Page လေးကို like & follow လုပ်ထားဖို့လည်း ပြောချင်ပါတယ်။ ကိုယ့်ရဲ့သူငယ်ချင်းတွေထဲထိုင်းနိုင်ငံမှာ ရောက်နေတဲ့သူတွေရှိရင်လည်း ဒီအကြောင်းလေးကို ပြောပြပြီး အချင်းချင်းလက်တို့လိုက်ဦးနော်။ ❤️
https://www.facebook.com/profile.php?id=61555656001787&mibextid=LQQJ4d
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 35, Phya Pon Street, Sanchaung Township
Yangon
11111