TK Plants Collection

TK Plants Collection

Share

��������

17/04/2023

မြန်မာနှစ်သစ်ကူး အချိန်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 🙏🙏🙏

Photos from TK Plants Collection's post 30/03/2023

🌹နှင်းဆီပင်မှာ အဖြစ်များတဲ့ ကြေးပိုးကို နှိမ်နင်းကာကွယ်နည်း..

🌹ကြေးပိုး(ဒက်ပိုးလို့လည်း ခေါ်ကြတယ်)ဆိုတာ ကိုင်းမှာ ကပ်နေတတ်တဲ့ ခရုမျိုးနွယ်ဝင် အကောင်သေးသေးလေးတွေပါ..များသောအားဖြင့် ကြေးနီရောင်ရှိပြီး အဖြူရောင်၊အမည်းရောင်နဲ့ အကြည်ရောင်လေးတွေလည်း ရှိတတ်ကြပါတယ်..နှင်းဆီပင်မှာတော့ ကြေးနီရောင်က အဖြစ်များပါတယ်..ကြေးပိုးတက်တာကို အပင်အပွေးတတ်တယ်ထင်ပြီး ဘာမှမလုပ်ပဲထားမိရင် အပင်သေတဲ့အထိ ဖြစ်နိုင်ပါတယ်..

🌹နှင်းဆီပင်မှာ ကြေးပိုးကျနေပြီဆိုရင်

🌹ကြေးပိုးက တစ်ပင်နဲ့ တစ်ပင်ကူးနိုင်တဲ့အတွက် ပိုးကျနေတဲ့ အပင်ကို ပိုးမကျတဲ့ အပင်တွေနဲ့ ဝေးရာမှာ သပ်သပ်ဖယ်ထားပါ..

🌹 ပိုးကျတာ များတဲ့ ကိုင်းတွေကို ညှပ်ထုတ်ပစ်ပါ..

🌹သွားတိုက်သွားပွတ်တံ တစ်ချောင်းယူပြီး နည်းနည်းမာသွားအောင် ထိပ်ဖျားလေးတွေကို ညှပ်ပါ..ဆပ်ပြာရည် တစ်ခွက်ဖျော်ပြီး အပင်မှာ ကြေးပိုး တစ်ကောင်တစ်လေမှ မကျန်အောင် ပွတ်တိုက်ဆေးပေးပါ..ကကြိုကကြားနေရာတွေကို ဝါးသွားကြားထိုးတံလေးသုံးပြီး လိုက်ခွာပေးပါ..

🌹အပင်မှာ ကြေးပိုးတွေပြောင်စင်အောင် ခွာပြီးပြီဆိုရင်

👉Baking soda (Sodium bicarbonate)
လက်ဖက်စားဇွန်းနဲ့ ဇွန်းတစ်ဝက် ပါတယ်ဆိုရုံ..
(ပျောက်ချင်ဇောနဲ့ အများကြီးထည့်ရင် အပင်အရွက်တွေ လောင်တတ်ပါတယ်)

👉ဟင်းချက်ဆီ
ပဲဆီ၊နှမ်းဆီ၊နေကြာဆီ၊စားအုန်းဆီ တစ်မျိုးမျိုးကို ရေသန့်ဘူးအဖုံးနဲ့ တစ်ဖုံး..
(ပျောက်ချင်ဇောနဲ့ အများကြီးထည့်ရင် အပင်အရွက်တွေ လောင်တတ်ပါတယ်)

👉ပန်းကန်ဆေး ဆပ်ပြာအဆီ
ရေသန့်ဘူးအဖုံးနဲ့ တစ်ဖုံး..

👉ရေတစ်လီတာ ကို

ဘူးအလွတ်တစ်ခုထဲထည့် နာနာရှိတ်ပြီး သေချာပျော်ဝင်အောင် ဖျော်ပါ..

🌹သေချာပျော်ပြီဆိုမှ ဆေးဖြန်းဘူးထဲ ထည့်ပြီး ညနေနေရိပ်ချိန် တစ်ပတ်တစ်ကြိမ် တစ်ပင်လုံးနှံ့စပ်အောင် ဖြန်းပေးပါ..နေပူချိန်ဖြန်းရင် အရွက်လောင်နိုင်ပါတယ်..

🌹တစ်ပတ်တစ်ကြိမ် ၃ပတ်လောက်ဖြန်းပြီးရင်ကို ကြေးပိုးပြန်မတက်တော့တာ များပါတယ်..ပျောက်သွားပြီးလည်း ၁၅ရက် ၁လ တစ်ကြိမ်လောက် ဖြန်းထားပေးခြင်းဖြင့် ကြေးပိုးထပ်မဖြစ်အောင် ကာကွယ်ထားနိုင်ပါသည်..ကြေးပိုး ဖြစ်ဖူးတဲ့ အပင်က ပြန်ပြန်ဖြစ်တတ်တဲ့ အတွက် အပင်ကို အမြဲစစ်ဆေးကြည့်နေဖို့ လိုပါတယ်..

🌹ကြေးပိုးက မိုးတွင်းမှာ အဖြစ်များပါတယ်..ခရုမျိုးနွယ်ဝင်ဖြစ်တော့ အပင်ကိုင်းမှာ ဆီပေနေရင် မတက်နိုင်တော့ပါဘူး..မိုးတွင်း မိုးဆက်တိုက်ရွာလည်း ဖြန်းထားတဲ့ ဆီက အပင်ကိုင်းမှာ အချိန်ကြာရှည်စွာ စွဲနေပါတယ်..တော်ရုံပိုးသတ်ဆေးနဲ့ အကင်းမပျောက်ပဲ ပြန်ပြန်ဖြစ်တတ်တဲ့ ကြေးပိုးကို အခုနည်းလေးနဲ့ အကင်းပျောက်အောင်ကုနိုင်ပါတယ်..

🌹ဆီကို ရေထဲမှာ တစ်သားထဲပျော်ဝင်သွားအောင်နဲ့ ဆေးဖြန်းတဲ့အခါ ဖွာပြီးနှံ့စပ်အောင် ဆပ်ပြာပါ ထည့်ဖျော်ရခြင်း ဖြစ်ပါတယ်..Baking soda(Sodium bicarbonate)ကနေ ထွက်လာတဲ့ Carbon dioxide က ပိုးတို့ မှိုတို့ထဲ ဝင်ပြီး သေစေပါတယ်..အခုနည်းလေးကို မိုးတွင်းမှာ နှင်းဆီပင် မှိုမကျရန်အတွက်လည်း သုံးနိုင်ပါတယ်..တစ်ပတ်တစ်ကြိမ် ၁၅ရက်တစ်ကြိမ်ခန့် ဖြန်းပြီး မှိုကာကွယ် နိုင်ပါတယ်..

Photos from Vintage Dress By T&K's post 15/02/2023

👗Vintageထည်သန့်သန့်လေးတွေ brand ထည်လေးတွေ ကို ဈေးတန်တန်လေးတွေနဲ့ ရောင်းပေးနေတဲ့ pageလေးမို့ likeလေးလုပ်ထားပြီး ကြိုက်တာလေးတွေ့ အားပေးလို့ပါတယ်နော်😊

07/11/2022

🙏🏻🙏🏻🙏🏻

Photos from TK Plants Collection's post 10/10/2022

သီတင်းကျွတ်အခါသမယမှာ

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး

ကိုယ်စိတ်နှလုံး ငြိမ်းအေးချမ်းသာ ကြပါစေကြောင်း

ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်ရှင့် ။ 🙏🙏🙏

Photos from TK Plants Collection's post 05/09/2022

👩‍🦰ကျွန်မ ဆီက လွှစာမှုန့် ကို

👉ဘယ်သူတေ သုံးလဲ ???

🐱မြောင်(ပူစီ)လေး တွေ သုံးပါတယ်

👉ဘာအတွက်သုံးလဲ ???

🐱မြောင်လေးတွေ EE ပါတဲ့အခါ သဲဗန်း
(ကြောင်သဲ)အဖြစ် သုံးပါတယ်

👉ဘယ်သူတေ ဝယ်ကြလဲ ???

🐱မြောင်(ပူစီ)တွေရဲ့ပိုင်ရှင် လေးတွေ ဝယ်ကြပါတယ်

မြောင်ချစ်သူ များ

အိမ်ထဲမှာ မညစ်ပတ်စေရဘဲ အဆင်ပြေစေဖို့အတွက်
#လွှစာမှုန့်အခြောက်လေးတွေ ကို သုံးပေးမယ်ဆို

အိမ်လဲ သန့်ရှင်းပြီး အကုန်အကျလဲ သက်သာ
စေပါတယ်ရှင့်😊

🐱မြောင်ချစ်သူများ အဆင်ပြေစေဖို့
#လွှစာမှုန့်ကို ဝယ်ကြပါစို့😁😁

📲☎️09950821129

Photos from TK Plants Collection's post 27/07/2022

🧂ဆားခါး ၁ပိသာ ၂၇၀၀
🧂၁ပိသာ ၁၀ထုပ်ဝယ်ရင် ၁ပိသာ ၁ထုပ်လက်ဆောင်

☎️☎️09950821129

🍀ဆားခါး(Epsom Salt)ဆိုသည်မှာ

အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အနည်းလို အာဟာရဓာတ်တွေဖစ်တဲ့ မဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့်ဓာတ်တွေပါဝင်ပါတယ်။
ဆားခါးဟာ နင်းဆီပင်တွေကို အပွင့်ကြီးကြီးတွေ ပွင့်စေဖို့ ကူညီရုံမျှမက အပင်ခြေကနေပင်စည်အသစ်တွေကြီးထွားဖို့ကိုလည်းအထောက်အကူပေးပါတယ်။
နင်းဆီစိုက်ပျိုးရေးမှာ ဆားခါးအသုံးပြုခြင်းအားဖြင့်အပင်တွေကို ပိုမိုစိမ်းလန်းစေပြီး ပန်းပွင့်များများပွင့်စေတဲ့အပြင် ပန်းပွင့်အရောင်အသွေးတွေကိုလည်းပိုမိုတောက်ပစေပါတယ်။

နင်းဆီပင်အတွက်အကျိုးပြုပေးတဲ့ ဆားခါးအသုံးပြုပုံကို မျှဝေပေးလိုက်ပါတယ်။
စတင်စိုက်ပျိုးချိန် မြေခံမှာ ဆားခါးလက်တဆုပ်စာခန့်ကို စိုက်ပျိုးမယ့်အပင် စိုက်ပျိုးမယ့်မှာကြဲပြီးမြေဆွပေးပါ။ဒါမှမဟုတ် စိုက်ကျင်းထဲမှာ ဆားခါး စားပွဲတင်ဇွန်း ၁ဇွနိး နွားချေး မြေဆွေး ကို ကျင်းစာကျွေးထားပီး အပင်စိုက်ပျိုးလို့လည်းရပါတယ်။
စိုက်ပျိုးပီး နင်းဆီမှာ အတက်အသစ်လေးတွေ ထွက်လာတဲ့အချိန် ပြီးတော့ ပန်းစပွင့်တဲ့ အချိန် အပင်ရဲ့ တစ်ပေပတ်လည်မှာ စားပွဲတင်ဇွန်း ၁ဇွန်း ကို ၂ ပတ်တကြိမ် ကျွေးနိင်ပါတယ်။

ကျွေးပီးရင် ရေဝအောင်လောင်းပေးဖို့ လိုပါတယ်။
ဒါမှသာ အာဟာရဓာတ်တွေကောင်းကောင်းပျော်ဝင်းပီး အပင်လည်းကောင်းကောင်းစုပ်ယူနိင်မှာဖစ်ပါတယ်။
ရွှက်ဖြန်းအနေနဲ့ အသုံးပြုချင်ရင်တော့ ဆားခါး စားပွဲတင်ဇွန်း ၁ဇွန်းကို ရေ ၁ ဂါလံထဲဖျော်ပြီး အပင်ခြေမှ ၁ပေအမြင့်အတွင်းမှာ ပက်ဖျန်းပေးနိင်ပါတယ်။
ဒါ့အပြင် အရွက်တွေ ကြီးထွားဖွံဖြိုးချိန်နဲ့ပန်းစပွင့်တဲ့ အချိန်တွေမှာ ရွက်ဖြန်းအနေနဲ့ ပက်ဖြန်းအသုံးပြုနိင်ပါတယ်။

ဆားခါးကို အလွန်အကျွံသုံးစွဲမိတယ်ဆိုတာမျိုး မဖြစ်နိင်သလောက် ဆားခါးဟာ မျှတတဲ့ PH ရှိတာကြောင့် မြေဆီလွှာကို မထိခိုက်စေနိင်ပါ။

နင်းဆီပန်းပွင့်တဲ့အချိန်မှာ အရွက်မျက်နာပြင်တွေမှာ အဝါရောင်အစက်အပြောက်လေးတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတာကို တွေ့ဖူးမှာပါ။ဒါကအပင်မှာမဂးနမ်ချို့တဲ့တဲ့တာဖစ်ပါတယ်။
ဒီလိုပြဿနာတွေကိုလည်း ဆားခါး အသုံးပြုပြီး ဖြေရှင်းနိင်မှာဖြစ်ပါတယ်။

Photos from TK Plants Collection's post 14/07/2022

🐈 ကြောင်ချစ်သူလေးတွေ အတွက် 🐈

🐈ကြောင်လေးတွေကိုလဲချစ်တယ် အိမ်ထဲမှာလဲ 💩တွေနေရာအနှံ့ပေပွနေတာမကြိုက်ဘူး သူတို့အတွက်သီးသန့်လေး လုပ်ပေးထားချင်တဲ့ ကြောင်ချစ်သူလေးတို့အတွက် လွှစာမှုန့်လေး သုံးပေးလို့ရပါတယ်နော် လွှစာမှုန့်လေးသုံးရင်အနံလေးကလဲသစ်သားနံသင်းသင်းလေး အိမ်လဲ မညစ်ပတ်တော့ဘူးဆိုနော့ okပေါ့ လက်တွေ့သုံးနေကြသူများလဲ အဆင်ပြေကြလို့ အမြဲလာမှာနေကြတာနော်

🐈၁တင်းအိတ်ကြီး၁အိတ်ကိုမှ ၃,၀၀၀/-ပါနော်

💌 Messenger မှဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
📲 Ph -09950821129သို့လဲ ဆက်သွယ်မှာယူနိုင်ပါတယ်နော်

Photos from TK Plants Collection's post 14/07/2022

အပင်အတွက် လိုအပ်တာလေးတွေပါနော်

💌 Messenger မှဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
📲 Ph -09950821129သို့လဲ ဆက်သွယ်မှာယူနိုင်ပါတယ်နော်

13/07/2022

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

Photos from TK Plants Collection's post 05/07/2022

အပင် ချစ်သူ စိုက်သူများ အတွက် မရှိမဖြစ်လိုအပ်တဲ့

✅စပ်မြေ

မြေသြဇာအဖြစ် အသုံးပြုတဲ့

✅နောက်ချေး

အပင်ရဲ့ အသီးအပွင့်လေးတေ အတွက်

✅အသီး အပွင့်အားဆေး ၁ထုပ် ၁၀၀၀

❤️ပုံစံ အသစ် 💰စျေးအသစ်နဲ့

💯၁၀ပြည်ပါဝင်တဲ့ စပ်မြေ ၁အိတ် ၃၀၀၀
၁၀ အိတ် နှင့် အထက် ၂၈၀၀

💢နောက်ချေး သန့် ၆ပြည် ၁အိတ် ၃၀၀၀
၁၀ အိတ် နှင့် အထက် ၂၈၀၀

💢၇ပြည် ပါဝင်တဲ့ စပ်မြေ ၁အိတ် ၂၅၀၀
၁၀ အိတ် နှင့် အထက် ၂၃၀၀

💢စပါးခွံ ၁တင်းခွဲအိတ်နဲ့ ၁အိတ် ၂၅၀၀

💢လွှစာ ၁၂ပြည်ပါ ၁အိတ် ၂၅၀၀

💢ဖွဲပြာ ၁တင်းခွဲအိတ်နဲ့ ၁အိတ် ၂၀၀၀

ရန်ကုန် မြို့တွင်း အိမ်အရောက်ပို့ပေးပါတယ်ရှငိ့
ပို့ခလေးတော့ ပေးရပါမယ်နော်

👉မှာယူချင်တယ် ဆိုရင်တော့ ☎️09950821129

17/06/2022

စံပယ် စိုက်ပြီး အပွင့်မပွင့်ကြသူများ အတွက်
နည်းပေါင်းစုံ ယူလာပေးတာ 😊

1.မြေလဲပေးပါ ပြီးတော့ အရွက်ညှပ်ပေးပါပျိုးထုပ်မြေကအပွင့်အတွက်အာဟာရမရှိတော့ဘူး တစ်နှစ်ဆိုတော့
ဆန်ဆေးရေတော့တပတ်တခါလောင်းပါ

2.အရွက်ကြမ်းတွေခြွေပေးရင် အဲဒီခြွေပေးတဲ့နေရာကအညွန့်ထွက်ပြီးအဖူးပါပါတယ်

3.မြေကြပ်နေရင်…မြေဆွ..မြေဆွေး..နောက်ချီးထည့်…အရွက်ချွေ..ရေဝအောင်လောင်း..နေပူထဲမှာထား..ဆားခါးထည့်ပေးပါ

4.ကြက်ဥအခွံထောင်းထည့်ပေး.. သစ်ရွက်မီးရှို့ပြီးသားပြာလေးပုံပေးတယ်..အပွင့်သန်ဆေးလေး တစ်ပတ် ၂ ခါ ထည့်ပေးပါ

5.နေရောင် ခြည်ရဖို့ လိုပါတယ် ...
ရေကို အောက်ခြေရော
အရွက်လေးတွေပါ ဖြန်းပေးပါ
အရွက်လေးတွေ ပွင့်ပြီးသားကိုင်းထိပ်လေးတွေ မကြာခန ညှပ်ပေးပါ... အဖူးသစ်လေးတွေတက်ပါတယ်

6.ဆန်ဆေးရေကိုတညသိပ်ပြီးဟင်းချိုမှုန့်နဲနဲလောက်ထဲ့‌ပြီးလောင်းကြည့်ပါ

7.အရွက်အရင့်တွေချွေပေးရပါတယ် အညွန့်လိုဟာတွေလဲဖြတ်ပေးပါ
အတက်အသစ်မထွက်တဲ့ အညွန့်တုန်းတွေလဲဖြတ်ပေးပါ
မြေမကြပ်အောင် ဖွဲပြာ မြေဆွေးရောသုံးပါ

8.ဆန်ဆေးရေ အပုပ်ခံ ( ၃ရက်လောက်ထား) ပြီးလောင်း ၄နှစ်ကြာ အပင်တွေတောင် ပွင့်ပါတယ်

9.ပွင့်အောင် B1 ငှက်ပျေခွံချောက် ကြက်သွန်နီဖြူချောက်အပင်စိုက်ထဲကထည့်တယ်၂ပတ် ကြာမြေစွဲသွားတော့ ဘီယာလက်သန်းတစ်လုံးလောက်ကို ရေ နို့ဆီတစ်ဘူးနဲ့ရောပြီးလောင်းတယ် ၄လလောက်ရှိပြီ အဖူးအပွင့်မပြတ်ပါ သိသလောက်လေးစမ်းကြည့်တာ အပွင့်ပွင့်ရမဲ့ အပင်တိုင်းမပြတ်ပွင့်တယ်

10.ဆန်ဆေးရေလောင်း ငါးဆေးတဲ့အရေလောင်း ကြက်သွန်ခွံ တစ်ညသိပ်ရေလောင်း အရမ်းပွင့်

11.ဆန်ဆေးရေအပုတ်ခံ ကြက်သွန်ခွံ တစ်ညသိပ် အမိုင်နိုအားဆေး အချိုမှုန့် ဆားခါး အကုန်ထည့် နေပူတဲ့ နေရာထားရင် အရင်မပွင်တဲ့အပင်ပွင့်ပြီး အပွင့်တွေလှလာပါမယ်

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

South Okkalapa Township
Yangon