JFT Basic

JFT Basic

Share

ဂျပန်အလုပ်အကိုင် သင်တန်းများ

25/12/2025

ဂျပန်နိုင်ငံအနေနဲ့ ၂၀၂၈ ခုနှစ်အထိ နိုင်ငံခြားသားအလုပ်သမား ၁.၂၃ သန်းကို ခေါ်ယူဖို့ အစိုးရကို အကြံပေးအဖွဲ့က အခုသီတင်းပတ်အတွင်း တင်သွင်းထားပါတယ်။​

𝐑𝐞𝐟 ; 𝐙𝐚𝐰 𝐖𝐢𝐧 𝐇𝐥𝐚𝐢𝐧𝐠
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬

21/12/2025

ဂျပန်နိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ်ဆိုပြီး အလုပ်ပွဲစား ကုမ္ပဏီတွေကို ငွေကြေး သိန်းပေါင်းများစွာ ပေးထားရပြီး ထိုင်းနိုင်ငံထဲမှာ သွားစောင့်နေကြတဲ့ ရာနဲ့ချီတဲ့ လူငယ်တွေဟာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာပဲ သောင်တင်နေကြပါတယ်။ အလားတူ မြန်မာနိုင်ငံဘက်မှာလည်း ဂျပန်ကိုသွားဖို့ရာ၊ တစ်ယောက်ကို ငွေကြေး သိန်းရာချီ အကုန်ခံထားရပေမဲ့ နစ်နာဆုံးရှုံးမှုတွေရှိနေပါတယ်။ ငွေကြေးဆုံးရှုံးမှုတွေ အပြင် သင်တန်းဆင်း အောင် လက်မှတ်တွေနဲ့တကွ ပတ်စ်ပို့တွေကိုပါ သိမ်းယူသွားတာကြောင့် အလိမ်ခံရသူတွေမှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလိမ်ခံရသူတွေဟာ မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း MOEAA ကို လာရောက် တိုင်ကြားခဲ့ကြပြီး ပြည်ပထွက်ခွာအလုပ်လုပ်ကြမယ့်သူတွေ အနေနဲ့ ဆောင်ရန်ရှောင်ရန် သတိပြုရန်တွေကို MOEAA က အလုပ်အမှုဆောင်နဲ့ ဘီဘီစီက မေးမြန်းခဲ့တဲ့အထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။

𝐑𝐞𝐟 ; 𝐁𝐁𝐂 𝐁𝐮𝐫𝐦𝐞𝐬𝐞
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬

21/12/2025

နိုင်ငံခြားသားယာဉ်မောင်းလိုင်စင်ကို ဂျပန်ယာဉ်မောင်းလိုင်စင်အဖြစ် ပြောင်းလဲနည်း

နိုင်ငံခြားတိုင်းပြည်က ယာဉ်မောင်းလိုင်စင်ကို ဂျပန်ယာဉ်မောင်းလိုင်စင်အဖြစ် ပြောင်းလဲဖို့နဲ့ ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ပြင်ဆင်ပြောင်းလဲခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ရှင်းပြပါမယ်။

ဂျပန်မှာ နိုင်ငံခြားသားတွေကို အသုံးပြုခွင့်ပေးထားတဲ့ ယာဉ်မောင်းလိုင်စင် အမျိုးအစားတွေနဲ့ ပတ်သက်ပြီး ပထမဆုံးလေ့လာပါမယ်။

➣ ပထမအမျိုးအစားက ဂျပန်နိုင်ငံသားတွေနည်းတူ ဂျပန်မှာ ယာဉ်မောင်းလိုင်စင် စာမေးပွဲ ဖြေပြီး အောင်ရင်ရတဲ့ ယာဉ်မောင်းလိုင်စင်ပါ။ အဲဒီလိုင်စင်ကို ရဖို့အတွက် ယာဉ်မောင်းသင်တန်းကျောင်း တက်ရပါတယ်။ ယာဉ်မောင်းတဲ့ လက်တွေ့ လေ့ကျင့်ခန်းပြီးတဲ့နောက် လက်တွေ့မောင်းတာကို စစ်တဲ့ စာမေးပွဲနဲ့ ရေးဖြေစာမေးပွဲကို အောင်မြင်အောင် ဖြေဆိုရပါတယ်။

➣ ဒုတိယအမျိုးအစားကတော့ ယာဉ်သွားလာမှုဆိုင်ရာ ဂျနီဗာကွန်ဗင်းရှင်း (Geneva Convention on Road Traffic) ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ နိုင်ငံနဲ့ ဒေသတွေက ထုတ်ပေးထားတဲ့ နိုင်ငံတကာယာဉ်မောင်းလိုင်စင်တွေနဲ့ ဆွစ်ဇာလန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ မိုနာကိုနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံနဲ့ဒေသတွေမှာ ပြည်တွင်းမှာ သုံးတဲ့လိုင်စင်တွေကို ဂျပန်မှာလည်းသုံးခွင့်ပေးတာ ဖြစ်ပါတယ်။ ဒီလိုင်စင်တွေ ဂျပန်နိုင်ငံတွင်းမှာ သုံးဖို့အတွက် လိုင်စင်ပုံစံနဲ့ အတူတွဲတင်ရမယ့် စာရွက်စာတမ်းတွေအတွက် သတ်မှတ်ချက်တွေ အသီးသီး ရှိပါတယ်။ အဲဒီလိုင်စင်နဲ့ ဂျပန်မှာ ယာဉ်မောင်းနိုင်တဲ့ ကာလလည်း အကန့်အသတ် ရှိပါတယ်။

➣ တတိယအမျိုးအစားကတော့ နိုင်ငံခြားက ထုတ်ပေးလိုက်တဲ့ ယာဉ်မောင်းလိုင်စင်ကို ဂျပန်လိုင်စင်အဖြစ် ပြောင်းလဲသုံးစွဲတာပဲ ဖြစ်ပါတယ်။ နိုင်ငံခြားလိုင်စင် ကိုင်ဆောင်ထားတဲ့သူဟာ ဂျပန်မှာ ယာဉ်မောင်းဖို့ လိုအပ်တဲ့ ဗဟုသုတနဲ့ အသိပညာတွေရှိပြီး အရည်အချင်းတွေ ပြည့်မီတယ်လို့ အသိအမှတ်ပြုခံရတယ်ဆိုရင် ဂျပန်လိုင်စင်ကို ရယူနိုင်ပါတယ်။ ဒီနည်းလမ်းနဲ့ ဂျပန်ယာဉ်မောင်းလိုင်စင်အဖြစ် ပြောင်းလဲရာမှာ သတ်မှတ်ချက်တွေကို အောက်တိုဘာလက စပြီး ပိုပြီး တင်းကျပ်ခဲ့တာ ဖြစ်ပါတယ်။

📌 ဤအချက်အလက်များသည် 2025 ခုနှစ် ဒီဇင်ဘာလ 3 ရက်နေ့က ဖြစ်ပါသည်။

✅ နောက်ခံအကြောင်းအရင်း

ဘယ်လို နောက်ခံအကြောင်းအရင်းတွေရှိလို့ အခုလို စည်းကမ်းတင်းကျပ်လိုက်တာလဲဆိုတာ ရှင်းပြပါမယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ နိုင်ငံခြားသား စုစုပေါင်း ၆၈,၆၀၀ ကျော်ဟာ သူတို့နိုင်ငံတွေ အသီးသီးက ထုတ်ပေးတဲ့ ယာဉ်မောင်းလိုင်စင်တွေကို ဂျပန်ယာဉ်မောင်းလိုင်စင်အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။ အဲဒီလို ပြောင်းလဲတာဟာ အရေအတွက်အမြင့်ဆုံး ဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ အရင်စနစ်မှာ ဂျပန်နိုင်ငံမှာ နေထိုင်ကြောင်း မြို့နယ်က ထုတ်ပေးတဲ့ အသိအမှတ်ပြုလက်မှတ်(住民票・Ju min hyo)မရှိတဲ့ နိုင်ငံခြားသား ခရီးသွားတွေလည်း သူတို့တည်းခိုတဲ့ ဟိုတယ်လိပ်စာတွေနဲ့ ဂျပန်နိုင်ငံရဲ့ ယာဉ်မောင်းလိုင်စင်ပြောင်းလဲဖို့ လျှောက်ထားခွင့်ပေးခဲ့ပါတယ်။

အဲဒီလို နိုင်ငံခြားသားတွေက ယာဉ်မောင်းလိုင်စင်ရပြီး မတော်တဆမှုတွေကို ဖြစ်စေခဲ့မယ်ဆိုရင် စုံစမ်းစစ်ဆေးမှုတွေ ခက်ခဲစေနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိသလို၊ ဂျပန်နိုင်ငံရဲ့ ယာဉ်စည်းကမ်းတွေကို လုံလုံလောက်လောက် နားလည်ရဲ့လားဆိုပြီး ထောက်ပြတာတွေလည်းရှိပါတယ်။

မော်တော်ယာဉ်မောင်းနှင်မှုဆိုင်ရာ အသိပညာနဲ့ ဗဟုသုတကို စစ်ဆေးတဲ့ မေးခွန်းတွေကလည်း အရမ်းလွယ်ကူလွန်းတယ်ဆိုတဲ့ အချက်လည်း ရှိတာကြောင့် ဂျပန်နိုင်ငံရဲတပ်ဖွဲ့ အေဂျင်စီက အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။

📌 ဤအချက်အလက်များသည် 2025 ခုနှစ် ဒီဇင်ဘာလ 4 ရက်နေ့က ဖြစ်ပါသည်။

✅ လိပ်စာအတည်ပြုစစ်ဆေးခြင်း

ယာဉ်မောင်းလိုင်စင်ပြောင်းဖို့အတွက် အဓိက တင်းကျပ်လိုက်တဲ့ အပြောင်းအလဲ တစ်ခုကို ရှင်းပြသွားပါမယ်။

အခုလို ပြင်ဆင်ပြောင်းလဲချက် မပြုလုပ်ခင်တုန်းက နိုင်ငံခြားယာဉ်မောင်းလိုင်စင်ကနေ ဂျပန်ယာဉ်မောင်းလိုင်စင်ကို ပြောင်းလဲဖို့ လျှောက်ထားတဲ့အခါ လျှောက်တဲ့သူရဲ့ နိုင်ငံကူးလက်မှတ်နဲ့ တည်းခိုနေတဲ့ ဟိုတယ် ဒါမှမဟုတ် တခြားတည်းနေတဲ့နေရာတွေက ထုတ်ပေးတဲ့ ယာယီနေထိုင်ကြောင်း အသိအမှတ်ပြုလက်မှတ် (一時滞在証明書 - Ichiji Taizai Shome Sho) ကိုပဲ ပြဖို့လိုခဲ့ပါတယ်။

အဲဒါကြောင့် ကာလတိုပဲနေထိုင်တဲ့သူတွေတောင် ဂျပန်ယာဉ်မောင်းလိုင်စင်ကို ပြောင်းလဲ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၅ အောက်တိုဘာလမှာ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်လိုက်ပါတယ်။

ဂျပန်ယာဉ်မောင်းလိုင်စင်ပြောင်းလဲချင်တဲ့ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် နေထိုင်တဲ့ လိပ်စာကို အတည်ပြုနိုင်ဖို့ မူအားဖြင့် ဂျပန်မှာနေထိုင်ကြောင်း အသိအမှတ်ပြုလက်မှတ်ဖြစ်တဲ့ ကိုယ်နေထိုင်ရာမြို့နယ်က ထုတ်ပေးတဲ့ (住民票 - Ju min hyo) ရဲ့ မိတ္တူကို တင်ရပါမယ်။

ဒီ ပြင်ဆင်ပြောင်းလဲမှုကြောင့် ခရီးသွားဧည့်သည်တွေနဲ့ တခြားဗီဇာနဲ့ ကာလတိုနေထိုင်တဲ့သူတွေဟာ ဂျပန်နိုင်ငံတွင်း ယာဉ်မောင်းလိုင်စင်ပြောင်းတဲ့စနစ်ကို အသုံးပြုဖို့ မဖြစ်နိုင်တော့ပါဘူး။

ဂျပန်မှာနေထိုင်နေတဲ့သူတွေပဲ လျှောက်ထားလို့ ရအောင် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

📌 ဤအချက်အလက်များသည် 2025 ခုနှစ် ဒီဇင်ဘာလ 5 ရက်နေ့က ဖြစ်ပါသည်။

𝐑𝐞𝐟 ; 𝐍𝐇𝐊 𝐖𝐨𝐫𝐥𝐝 - 𝐉𝐚𝐩𝐚𝐧
𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬

https://www.facebook.com/share/p/1Az1WqvRXb/

10/08/2025
30/07/2025

𝗡𝟱 ► 𝗭𝗢𝗢𝗠 𝗖𝗟𝗔𝗦𝗦
𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝟒 𝐒𝐤𝐢𝐥𝐥𝐬 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠

🟥 𝟭𝟲 , 𝐀𝐮𝐠𝐮𝐬𝐭 - [𝟳:𝟬𝟬~𝟵:𝟬𝟬 𝐏𝐌]
🟥 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 & 𝐒𝐮𝐧𝐝𝐚𝐲 [3½ 𝐌𝐨𝐧𝐭𝐡𝐬]
သင်တန်းကြေးသုံးသိန်း[ပြဌာန်းစာအုပ်အပါ]

① 𝐍𝟓 𝐓𝐞𝐱𝐭 𝐁𝐨𝐨𝐤 [𝟲𝟱𝟰 𝐩𝐚𝐠𝐞𝐬]
② 𝐕𝐞𝐫𝐛, 𝐀𝐝𝐣 - စုစည်းစာအုပ်
③ 𝐊𝐢𝐬𝐨 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞 𝐁𝐨𝐨𝐤
④ 𝐊𝐚𝐧𝐣𝐢 𝐖𝐨𝐫𝐤𝐛𝐨𝐨𝐤
⑤ အရည်အချင်းစစ်မှတ်တမ်း စသော ပြဌာန်းစာအုပ်များကို 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ဖြင့်ပို့ဆောင်ပေး၍ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 ကျသင့်ငွေကို လက်ခံသူက ပေးချေရပါမည်။

ဂျပန်အလုပ်အကိုင်များနှင့် ပြည်တွင်းပြည်ပရှိ ဂျပန်စာဂျပန်စကား သင်ယူလိုသူများအတွက် အင်တာနက်မှတဆင့် လွယ်ကူအထိရောက်ဆုံးနှင့် အပြည့်စုံဆုံး သင်ကြားပေးနိုင်ရန် [𝟒𝐢𝐧𝟏 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐢𝐧𝐠] စံနစ်ဖြင့် 𝐙𝐎𝐎𝐌 𝐌𝐞𝐞𝐭𝐢𝐧𝐠 ကိုအခြေခံပြီး သင်တန်းများကို သင်ကြားပို့ချပေးပါမည်။

① Zoom Meeting Class [Mutually]
② Video Teaching [Explain in detail]
③ Power Point Slides [Explanation]
④ Facebook Messenger Group Chat

ဂျပန်တက္ကသိုလ်တွေက အသိအမှတ်ပြုပေးပြီး အထက်တန်းကျောင်းဒီပလိုမာနဲ့ ညီမျှတဲ့ 𝐆𝐄𝐃 - 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 တက်ရောက်နေသူများနှင့် အောင်မြင်ထားသူများပါ သင်ကြားနိုင်သည့် 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐂𝐨𝐮𝐫𝐬𝐞 သင်ကြားရေးစနစ် ဖြစ်ပါသည်။

➣ 𝐑𝐨𝐦𝐚𝐣𝐢 𝟒𝟔 .. ဂျပန်စာတွင် သရ [5] လုံးကို အခြေခံ၍ အသံထွက်များ ဖြစ်ပေါ်လာပုံ ရှင်းပြချက်များနှင့် အင်္ဂလိပ်လိုရေးပြီး ဂျပန်အသံထွက်များဖြစ်ပေါ်လာပုံ အသေးစိတ်ကို ရှင်းလင်းပို့ချပေးခြင်း ဖြစ်ပါသည်။

➣ 𝐇𝐢𝐫𝐚𝐠𝐚𝐧𝐚 𝟒𝟔 .. ရေးပုံရေးနည်းအသေးစိတ်ကို သင်ကြားပေးမည့်အပြင် အလွယ်တကူ မှတ်သားနိုင်ရန်အတွက် မိမိဘာသာလေ့လာသည့်အခါတွင် ပိုမိုလွယ်ကူစေရန်အတွက် [Video Files] များဖြင့် ဆရာမရှင်းပြချက်, Slide, Card များကိုပါ ထပ်မံပို့ပေးထားပါမည်။

➣ 𝐊𝐚𝐭𝐚𝐤𝐚𝐧𝐚 𝟒𝟔 .. ရေးပုံရေးနည်းအသေးစိတ်ကို သင်ကြားပေးမည့်အပြင် အလွယ်တကူ မှတ်သားနိုင်ရန်အတွက် တခါတည်းအတူကျက်ပေးပါမည်။ မိမိဘာသာလေ့လာသည့်အခါတွင် ပိုမိုလွယ်ကူစေရန်အတွက် [Video Files] များဖြင့် ဆရာမရှင်းပြချက်, Slide, Card များကိုပါ ထပ်မံပို့ပေးထားပါမည်။

➣ 𝐆𝐫𝐚𝐦𝐦𝐚𝐫 .. ရှင်းလင်းချက်များကို အသေးစိတ်ရှင်းပြပေးပါမည်။ မိမိဘာသာ ပြန်လည်လေ့လာသည့်အခါတွင် ပိုမိုလွယ်ကူစေရန်အတွက် [Video Files များဖြင့်] တစ်ခန်းခြင်းစီ, အနှစ်ချုပ်များကိုပါ ထပ်မံပို့ပေးထားပါမည်။

➣ 𝐊𝐚𝐧𝐣𝐢 .. ရေးပုံရေးနည်းအသေးစိတ်ကို သင်ကြားပေးမည့်အပြင် အလွယ်တကူ မှတ်သားနိုင်ရန်အတွက် တခါတည်း အတူကျက်ပေးပါမည်။ မိမိဘာသာ ပြန်လည်လေ့လာသည့်အခါတွင် ပိုမိုလွယ်ကူစေရန်အတွက် Video File [ဆရာမရှင်းပြချက်, Kanji Slide မြန်မာအသံထွက်] များကိုပါ ထပ်မံပို့ပေးထားပါမည်။

➣ 𝐌𝐞𝐚𝐧𝐢𝐧𝐠 .. အသံထွက် လေယူလေသိမ်း မှန်ကန်စေရန်အတွက် တခါတည်း အတူကျက်ပေးပါမည်။ မိမိဘာသာ ပြန်လည်လေ့လာသည့်အခါတွင် ပိုမိုလွယ်ကူစေရန် Video File [ဆရာမရှင်းပြချက်, Meaning Slide ဂျပန်အသံထွက်] များကိုပါ ထပ်မံပို့ပေးထားပါမည်။

➣ 𝐑𝐞𝐚𝐝𝐢𝐧𝐠 .. ဖတ်ကြားခြင်းစွမ်းရည်အတွက် ဆရာမချပေးသော ခေါင်းစဥ်ကို စနစ်တကျ ဖတ်ပြရပါမည်။ လိုအပ်ချက်များရှိပါက ဆရာမကိုယ်တိုင် ပြင်ဆင်ပေးသွားပါမည်။

➣ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 .. နားထောင်ခြင်းစွမ်းရည်အတွက် သင်တန်းသားဆီပေးပို့ထားသော ပြဌာန်းစာအုပ်ကို အခြေခံပြီး သင်တန်းကျောင်း၏ 𝐍𝟓 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွင် သင်တန်းသားကိုယ်တိုင် လေ့ကျင့်ရမည်ဖြစ်ပြီး လိုအပ်ပါက ဆရာမနဲ့အတူ ပြန်လေ့ကျင့်ရပါမည်။

➣ 𝐖𝐫𝐢𝐭𝐢𝐧𝐠 .. သင်ခန်းစာ တစ်ခန်းစီတိုင်းအတွက် သင်တန်းသားကိုယ်တိုင် မိမိစိတ်ကူးဖြင့် စာကြောင်းရေ [10 ကြောင်းကို] Messenger Group Chat ထံသို့ ပေးပို့ရပါမည်။ လိုအပ်ချက်များရှိပါက ဆရာမကိုယ်တိုင် ပြင်ဆင်ပေးသွားပါမည်။

➣ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 .. စကားပြောများ သွက်လက်စေရန်နှင့် အလေ့အကျင့်များရလာစေရန်အတွက် စာသင်ချိန်များတွင် ဂျပန်စကားပြောများဖြင့်သာ သင်ကြားသင်ယူကြရပါမည်။ လိုအပ်ချက်များရှိပါက ဆရာမကိုယ်တိုင် ပြင်ဆင်ပေးသွားပါမည်။

➣ 𝐊𝐢𝐬𝐨 .. Joshi စကားစပ်များနှင့် Grammar များကို ပိုမို၍ အသုံးပြုနိုင်စေရန်အတွက် Kiso လေ့ကျင့်ခန်းများကို သင်တန်းသားများကိုယ်တိုင် လေ့ကျင့်ရမည်ဖြစ်ပြီး လိုအပ်ပါက ဆရာမနှင့်အတူ ပြန်လည်လေ့ကျင့်ကြရပါမည်။

➣ တစ်ရက်လျှင် [သင်ခန်းစာ တစ်ခန်း] နှင့် [Kanji 5 လုံး] သင်ကြားပို့ချမည် ဖြစ်ပြီး ၊ စာသင်ကြားခြင်းမစတင်ခင် သင်ကြားပြီးစီးထားသော Meaning များနှင့် Kanji များကို ပြန်လည်မေးမြန်းခြင်းများ ပြုလုပ်သွားပါမည်။

➣ သင်ယူပြီးစီးသော သင်ခန်းစာများတွင် မရှင်းလင်းသည်များ, နားမလည်ခြင်းများ ဖြစ်ပေါ်ခဲ့ပါက Messenger Group Chat ထဲတွင် မေးမြန်းထားရမည်ဖြစ်ပြီး [နေ့စဥ် နံနက် 9 နာရီမှ ညနေ 5 နာရီအတွင်း] ပြန်လည်ရှင်းပြ ဖြေကြားပေးထားပါမည်။

➣ သင်ခန်းစာ [5 ခန်း သင်ကြားပြီးစီးတိုင်း] အဆိုပါ [5] ခန်းစာအတွက် Revision ပြုလုပ်ပေးမည် ဖြစ်ပါသည်။ Zoom Meeting ဖြင့် စာမေးပွဲဖြေဆိုရပါမည်။ Speaking စကားပြောများ ပြောကြားရပါမည်။ Listening များ စစ်ဆေးသွားပါမည်။ Writing စာကြောင်းများ ရေးသားရပါမည်။

➣ သင်ခန်းစာ အစအဆုံး [Level တခုလုံး] သင်ကြားပြီးစီးပါက Reading, Listening, Writing, Speaking နှင့် Kanji များကို ပြန်လည်စစ်ဆေးပါမည်။

📌 စာသင်ချိန်များတွင် 𝐙𝐨𝐨𝐦 𝐂𝐚𝐦𝐞𝐫𝐚 ပိတ်ထားခြင်း မပြုလုပ်ကြပါရန် ..

🙏 .. မက်ဆင်ဂျာ, ကောမန့်များတွင် ပြန်လည်ဖြေကြားပေးရန် အချိန်အခက်အခဲနှင့် အင်တာနက်ကော်နရှင် အခက်အခဲများ ဖြစ်ပေါ်နေပါသောကြောင့် သင်တန်းကျောင်း၏ ဖုန်းအမှတ်များသို့ 10am~4pm အတွင်း ဆက်သွယ်စုံစမ်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ တနင်္လာနေ့တိုင်းသင်တန်းပိတ်ပါသည်။

𝗪𝗲 𝗔𝗿𝗲 𝗙𝗼𝗿𝗲𝘃𝗲𝗿 ..
𝗷𝐚𝐩𝐚𝐧𝐞𝐬𝐞 𝗹𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐜𝐥𝐚𝐬𝐬 & 𝐨𝐜𝐜𝐮𝐩𝐚𝐭𝐢𝐨𝐧 𝐠𝐮𝐢𝐝𝐞

𝟐𝟒𝟓 တတိယထပ် မြင်တော်သာလမ်းမပေါ် ရုပ်ရှင်ရုံမှတ်တိုင် မီးသတ်စခန်းဘေး ဇင်္ဂမလမ်းဆုံအနီး သာကေတမြို့နယ် ရန်ကုန်မြို့
𝗶𝗻𝗾𝘂𝗶𝗿𝗶𝗲𝘀 ; 450015978-250491660 [10~4pm]

07/12/2024

ဂျပန်နိုင်ငံမှာ လုပ်စားပြီး ဂျပန်မဝင်ရကန့်သတ်တဲ့ ဗီယက်နမ်နိုက်ကလပ်..
မကျေနပ်သူ ဂျပန်တွေရဲ့တိုင်တန်းမှုကြောင့် ဗီယက်နမ်လူမျိုးပဲလက်ခံတယ်ဆိုတဲ့ နိုက်ကလပ်ကို ဂျပန်ရဲအယောက် ၁၀၀ ကျော်နဲ့ဝင်စီးပြီး ဖမ်း

ဖြစ်စဉ်က နာဂိုယာ - နာဂခု ရှိ ဗီယက်နမ်လူမျိုးတစ်ယောက်ပိုင်ဆိုင်တဲ့ နိုက်ကလပ်မှာ ဂျပန်နိုင်ငံရောက် သက်တမ်းကျေ်ာလွန်တရားမဝင်နေထိုင်နေတဲ့ဗီယက်နမ်တွေကိုဝန်ထမ်းအဖြစ်ပါခန့်အပ်ပြီး စီးပွားရေးလုပ်ကိုင်နေတဲ့အတွက် ၂၈နှစ်အရွယ် ဗီယက်နမ်ပိုင်ရှင်နဲ့တကွ တရားမဝင်ဝန်ထမ်းတွေပါ ဖမ်းဆီးလိုက်ပါတယ်.

သူတို့ရဲ့ ဗီယက်နမ်ပဲလာလို့ရတဲ့ နိုက်ကလပ်ကို FB မှာ ဗီဒီယိုများနှင့်တင်ထားတာတွေ့ရှိရပြီး အဖမ်းမခံရချိန် ဂျပန်သတင်းထောက်တစ်ယောက်က နိုက်ကလပ်ထဲ ထောက်လှမ်းသတင်းရယူရာမှာ ဗီယက်နမ်ပဲဝင်လို့ရမယ် ဂျပန်မရဘူးလို့ ဆက်ဆံခံရပြီး အခြေအတင်စကားများကြပါသေးတယ်..

ဒီနောက်မှာတော့ ပြသနာက ပြီးသွားပြီလို့ ဗလက်ချိုက်ဘက်ကထင်ပေမဲ့ တကယ်ကမပြီးပဲ တကယ့်ပြသနာကြီးအနေနဲ့ ရဲအယောက် ၁၀၀ လာစစ်ချိန်မှာတော့ အကုန်ဖမ်းဆီးခံရပါတော့တယ်.(သတင်းထောက်က ရဲဘက်လက်တို့လိုက်တာလည်းပါပါမယ် သတင်းကုန်ကြမ်းရဖို့ :D)

တိုကျို -အစခုစ မှာလည်း ဗီယက်နမ်တစ်ယောက်ပိုင်တဲ့ နိုက်ကလပ်ကို ဝင်စီးရာ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့တာမို့ ဗီယက်နမ်တွေရဲ့ လှုပ်ရှားမှုတွေကို ရဲအနေနဲ့သေချာစေ့စပ်ကြည့်လာတာတွေ့ရပါတယ်.

Youtube Channel 👉 Yukimi Channel
TikTok 👉 Yukimi Channel

ZweMan Hiro

#ဂျပန်သတင်း #ဂျပန်ဗဟုသုတ #ဂျပန်ဘာသာပြန်

26/04/2024

► 𝐋𝐞𝐯𝐞𝐥 𝐍𝟓 ဂျပန်စာသင်တန်း
သင်တန်းကြေး - 𝟐𝟓𝟎,𝟎𝟎𝟎 သတ်မှတ်

♦ 𝟑𝟎 , 𝐀𝐩𝐫𝐢𝐥 - [𝟗:𝟎𝟎-𝟏𝟐:𝟎𝟎]
♦ 𝐓𝐮𝐞 𝐖𝐞𝐝 𝐓𝐡𝐮 𝐅𝐫𝐢 [𝟒 𝐌𝐨𝐧𝐭𝐡𝐬]

⁃ 𝐑𝐨𝐦𝐚𝐣𝐢 𝟒𝟔 [ရှင်းလင်းချက်အစုံ]
⁃ 𝐇𝐢𝐫𝐚𝐠𝐚𝐧𝐚 𝟒𝟔 [ရေး ဖတ် လေ့ကျင့်]
⁃ 𝐊𝐚𝐭𝐚𝐤𝐚𝐧𝐚 𝟒𝟔 [ရေး ဖတ် လေ့ကျင့်]
⁃ 𝐌𝐞𝐚𝐧𝐢𝐧𝐠 [တိုင်ပေး ကျက်ပေး]
⁃ 𝐆𝐫𝐚𝐦𝐦𝐚𝐫 [ရှင်းလင်းချက်အစုံ]
⁃ 𝐊𝐚𝐧𝐣𝐢 𝟏𝟏𝟎 𝐎𝐧𝐲 𝐊𝐮𝐧 [တိုင်ပေး ကျက်ပေး]
⁃ 𝐏𝐚𝐫𝐭𝐢𝐜𝐥𝐞 𝐄𝐱𝐩𝐥𝐚𝐢𝐧 [ရှင်းလင်းချက်အစုံ]
⁃ 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐄𝐱𝐩𝐥𝐚𝐢𝐧 [ရှင်းလင်းချက်အစုံ]
⁃ 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐄𝐱𝐚𝐦 [ရှင်းလင်းချက်အစုံ]
⁃ 𝐏𝐥𝐚𝐢𝐧 𝐅𝐨𝐫𝐦 [ နေ့စဥ်ရွတ်ဆို]
⁃ 𝐑𝐞𝐚𝐝𝐢𝐧𝐠 [ကိုယ်တိုင်ဖတ်ကြား]
⁃ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 [ကိုယ်တိုင်ပြော]
⁃ 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 [ကိုယ်တိုင်နားထောင်/ပြန်]
⁃ 𝐖𝐫𝐢𝐭𝐢𝐧𝐠 [ကိုယ်တိုင်ရေး]
⁃ 𝐊𝐈𝐒𝐎 𝟐𝟓 [ကိုယ်တိုင်လေ့ကျင့်]
⁃ 𝐊𝐚𝐧𝐣𝐢 𝐖𝐨𝐫𝐤𝐛𝐨𝐨𝐤 [ကိုယ်တိုင်လေ့ကျင့်]
⁃ 𝐌𝐞𝐚𝐧𝐢𝐧𝐠 [နေ့စဉ်အလွတ်ဖြေဆို]
⁃ 𝐊𝐚𝐧𝐣𝐢 𝟏𝟏𝟎 [နေ့စဥ်အလွတ်ဖြေဆို]
⁃ 𝐄𝐱𝐚𝐦 [𝟕 ကြိမ် ဖြေဆို]
⁃ 𝐎𝐥𝐝 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 [𝐉𝐋𝐏𝐓 𝟑 စုံလေ့ကျင့်]
⁃ 𝐃𝐚𝐢𝐥𝐲 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 သင်ကြားမှု - 𝟔𝟑 ရက်
⁃ 𝟓 ခန်းတစ်ခေါက် 𝐑𝐞𝐯𝐢𝐬𝐢𝐨𝐧 - 𝟓 ရက်
⁃ စုစုပေါင်းသင်ကြား - 𝟔𝟖 ရက်

𝐍𝟓 𝐌𝐢𝐧𝐧𝐚 ဖတ်စာအုပ်ကိုအခြေခံပြီး လိုအပ်သောသင်ခန်းစာများနှင့် လေ့ကျင့်ခန်းများကို ထပ်မံဖြည့်စွက်ထားသော စာမျက်နှာ 𝟔𝟓𝟒 ပါရှိသည့် ကိုယ်ပိုင်သင်ရိုးဖတ်စာအုပ်၊ 𝐊𝐢𝐬𝐨 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞 ကိုယ်ပိုင်ပြဌာန်းစာအုပ်၊ 𝐊𝐚𝐧𝐣𝐢 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝟏𝟏𝟎 𝐖𝐨𝐫𝐤𝐛𝐨𝐨𝐤 လေ့ကျင့်ရေးစာအုပ်၊ နေ့စဥ်အရည်အချင်းစစ်မှတ်တမ်းစာအုပ်၊ [ဗလာစာအုပ် 𝟏] [𝟐𝐁 ခဲတံ 𝟐] [ခဲဖျက် 𝟏] [ပေတံ 𝟏] [ချွန်စက် 𝟏] နှင့် လိုအပ်သောစာရွက်စာတမ်းများအားလုံးကို သင်တန်းကျောင်းမှ ထုတ်ပေးပါမည်။

𝐌𝐞𝐚𝐧𝐢𝐧𝐠 - မီးနင်းတစ်လုံးခြင်းစီကို အသံထွက် လေယူလေသိမ်း မြန်မာအဓိပ္ပါယ် တခေါက်ရွတ်ဆိုတိုင်ပေး၍ သင်တန်းသားက ငါးခေါက်ရွတ်ဆို ကျက်မှတ်ရသောပုံစံဖြင့် သင်ကြားပေးပါသည်။

𝐑𝐞𝐚𝐝𝐢𝐧𝐠 - သင်တန်းသားကိုယ်တိုင် ဖတ်ကြားစေ၍ ကိုယ်တိုင်ဘာသာပြန်ရသည့်စနစ်ဖြင့် ရှင်းလင်းသင်ကြားပေးပါသည်။

𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 - သင်တန်းသားကိုယ်တိုင် နားထောင်စေပြီး ကိုယ်တိုင်ဘာသာပြန်၍ လေ့ကျင့်ရသောစနစ်ဖြင့် ရှင်းလင်းသင်ကြားပေးပါသည်။

𝐊𝐚𝐧𝐣𝐢 𝐎𝐧𝐲𝐨𝐦𝐢 𝐊𝐮𝐧𝐲𝐨𝐦𝐢 - ခန်းဂျိတစ်လုံးစီ၏ စုတ်ချက်အတိုင်းရေးပြပြီး အသံထွက်နှင့် အဓိပ္ပါယ်ကို ရှင်းလင်းပြ၍ လိုက်ပါရွတ်ဆို ကျက်မှတ်ရသောပုံစံဖြင့် သင်ကြားပေးပါသည်။

𝐖𝐫𝐢𝐭𝐢𝐧𝐠 - 𝐂𝐡𝐚𝐩𝐭𝐞𝐫 တခုပြီးလျှင် 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝟏𝟎 ကြောင်း ရေးစေ၍ ၎င်းစာကြောင်းများကို မြန်မာလိုပြော-ဂျပန်လိုဖြေ ၊ ဂျပန်လိုပြော-မြန်မာလိုဖြေရသည့် ပုံစံမျိုးဖြင့် လေ့ကျင့်ပေးပါသည်။

𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 - စကားပြောများအားကောင်းစေရန်နှင့် လေယူလေသိမ်းများ မှန်ကန်လာစေရန် 𝐕𝐞𝐫𝐛 များကို နေ့စဥ် ဖောင်ပြောင်းရွတ်ဆိုကြရပါမည်။
➡ じしょ - けい [Dic Form]
➡ ない - けい [ない Form]
➡ た - けい [た Form]
➡ なかった - けい [なかった Form]
➡ て - けい [ て - Form ]

𝐇𝐨𝐦𝐞 𝐖𝐨𝐫𝐤 - မီးနင်းများကို တခန်းစာ အစအဆုံး ဂျပန်လိုရောမြန်မာလိုပါ 𝟐 ခေါက် နှင့် ခန်းဂျိ 𝟓 လုံးစီကို တလုံးလျှင် 𝟓 ခေါက် ချရေးကျက်မှတ်စနစ် တည်ဆောက်ပေးထားပါသည်။

𝐇𝐨𝐦𝐞 𝐖𝐨𝐫𝐤𝐨𝐮𝐭 - မိမိနေအိမ်တွင် ဟိရဂန ခါတခါန ခန်းဂျိ များကို လေ့ကျင့်နိုင်ရန်အတွက် လေ့ကျင့်ရေးဇယားကွက်စာရွက်များကို စီစဥ်ပေးထားပါသည်။

𝐑𝐞𝐯𝐢𝐬𝐢𝐨𝐧 - 𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟓 ခု သင်ကြားပြီးစီးလျှင် ရေးသားပြီးစီးသော writing များကို မြန်မာလိုပြော-ဂျပန်လိုဖြေ၊ ဂျပန်လိုပြော-မြန်မာလိုဖြေရသော 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 လေ့ကျင့်ခြင်းများကို ပြုလုပ်ပါမည်။ 𝐌𝐞𝐚𝐧𝐢𝐧𝐠 များ ပြန်လည်မေးမြန်းခြင်းနှင့် သင်ခန်းစာများကို အနှစ်ချုပ် ပြန်လည်ရှင်းပြပေးပါမည်။

𝐍𝟓 𝐂𝐡𝐚𝐩𝐭𝐞𝐫 𝟏~𝟐𝟓 သင်ကြားပြီးစီးလျှင် အစမှအဆုံးကို 𝐑𝐞𝐯𝐢𝐬𝐢𝐨𝐧 ပြန်လုပ်​ပေးခြင်းနှင့် 𝐉𝐋𝐏𝐓 𝐎𝐥𝐝 𝐐𝐮𝐞𝐬𝐭𝐢𝐨𝐧𝐬 𝟑 စုံ ဖြေဆိုရပါမည်။

► Listening လေ့ကျင့်ရန်အတွက်
𝐍𝟓 - 𝐊𝐚𝐢𝐰𝐚 𝐌𝐨𝐧𝐝𝐚𝐢 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/+KgF5fBBD-Io0MGJl

#ဂျပန်အလုပ်အကိုင်များကို သင်တန်းကျောင်း၏ ကိုယ်ပိုင် 𝐃𝐞𝐦𝐚𝐧𝐝 များဖြင့်၎င်း ၊ ဂျပန်ဘက်က တိုက်ရိုက်ခေါ်ယူစနစ်များဖြင့်၎င်း ၊ မြန်မာဘက်က 𝐃𝐞𝐦𝐚𝐧𝐝 ရရှိထားသော ကုမ္ပဏီများဖြင့်၎င်း အလုပ်ချိတ်ဆက်ဆောင်ရွက်ပေးပါသည်။

#အဆောင်နေလိုသူများအတွက် သင်တန်းကျောင်းမှ ဖွင့်ပေးထားသော မိန်းကလေးအဆောင်တွင် နေထိုင်နိုင်ပြီး ၊ နှစ်ထပ်ကုတင် ရေ မီး စုံလင်စွာဖြင့် ချက်ပြုတ်စားသောက်နိုင်သော အဆောင်ဖြစ်ပါသည်။

⁃ အိပ်ရာ အသုံးအဆောင်များကို ကိုယ်တိုင်ယူလာရပါမည်ဖြစ်၍ ကိုယ်ရေးပစ္စည်း အများကြီးယူလာခြင်းကို ခွင့်မပြုပေးပါ ၊ အလှည့်ကျ သန့်ရှင်းရေးနှင့် အမှိုက်ပစ်စနစ်ကို ကျင့်သုံးပါသည်။

⁃ မိန်းကလေးအဆောင်လခ တစ်လလျှင် 𝟓𝟎,𝟎𝟎𝟎 နှုန်းဖြင့် တစ်လကြိုတင်၍ ပေးသွင်းကြပါရန် သတ်မှတ်ပါသည်။

⁃ ယောင်္ကျားလေးများအတွက် သင်တန်းကျောင်းအနီးတွင် ရေ မီး စုံလင်ပြီး ချက်ပြုတ်စားသောက်နိုင်သော ယောင်္ကျားလေးအဆောင်များရှိပါသည်။ အဆောင်လခ တစ်လလျှင် 𝟓𝟎,𝟎𝟎𝟎 ဝန်းကျင်မှ အစပြု၍ စျေးနှုန်းအစားစားဖြင့် ရွေးချယ်၍ နေထိုင်နိုင်ပါသည်။

𝐂𝐨𝐦𝐦𝐞𝐧𝐭, 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 များတွင် စုံစမ်းသူဦးရေများသောကြောင့် 𝟎𝟗𝟒𝟓𝟎𝟎𝟏𝟓𝟗𝟕𝟖 - 𝟎𝟗𝟐𝟓𝟎𝟒𝟗𝟏𝟔𝟔𝟎 သို့ [𝟏𝟎~𝟒 ] အတွင်း ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 [ဂျပန်ဘာသာစကား လေ့ကျင့်ရေးသင်တန်းကျောင်း]
အမှတ် 𝟐𝟒𝟓 တတိယထပ်၊ မြင်တော်သာလမ်း၊ ရုပ်ရှင်ရုံမှတ်တိုင်၊ သာကေတမြို့နယ်၊ ထူပါရုံအရှေ့ 𝟏𝟕 လမ်းထိပ်၊ 𝟔 အနောက်ရပ်ကွက်၊ 𝐆𝐎𝐎𝐃 𝐃𝐀𝐘 𝐭𝐞𝐚 & 𝐟𝐨𝐨𝐝 စားသောက်ဆိုင်အရှေ့ [မီးသတ်စခန်းဘေး / ဇင်္ဂမလမ်းဆုံအနီး] ရန်ကုန်မြို့

#တနင်္လာနေ့တိုင်းပိတ်ပါသည်

► 𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 - ဂျပန်စာသင်တန်းကျောင်း
https://www.facebook.com/profile.php?id=61555501344253&mibextid=ZbWKwL

► 𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐢𝐧𝐨𝐮 𝐆𝐫𝐨𝐮𝐩
https://www.facebook.com/groups/431344576096657/?mibextid=xfxF2i

► 𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐆𝐫𝐨𝐮𝐩
https://www.facebook.com/groups/763029709085225/?mibextid=xfxF2i

► 𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/+i6w0kvgsEcpkYzI1

► 𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬
https://t.me/+II74W1iNx1wzYmNl

25/12/2023

#သက်ကြီးစောင့်ရှောက်ရေး
တိုကုတဲ သက်ကြီးပြုစုစောက်ရှောက်ရေး လမ်းညွှန်သင်တန်း [𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐢𝐧𝐨𝐮 𝐊𝐚𝐢𝐠𝐨 𝐆𝐮𝐢𝐝𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬]

♦ သင်တန်းကြေး - 𝟏𝟎𝟎,𝟎𝟎𝟎
♦ 𝟐𝟕 , 𝐉𝐚𝐧𝐮𝐚𝐫𝐲 - [𝟗:𝟎𝟎-𝟏𝟐:𝟎𝟎]
♦ 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 𝐒𝐮𝐧𝐝𝐚𝐲 - [𝟔 𝐖𝐞𝐞𝐤𝐬]

⁃ 𝟒𝟓 𝐌𝐢𝐧 - မီးနင်းတိုင် ကျက် မေး
⁃ 𝟗𝟎 𝐌𝐢𝐧 - ရှင်းလင်းခြင်း သင်ကြားခြင်း
⁃ 𝟒𝟓 𝐌𝐢𝐧 - အပြန်အလှန် လေ့ကျင့်ခြင်း
⁃ 𝐃𝐚𝐢𝐥𝐲 𝐆𝐮𝐢𝐝𝐢𝐧𝐠 - [𝟑 𝐇𝐨𝐮𝐫𝐬]

⁃ ဂျပန်-မြန်မာဖောင်ဒေးရှင်းက လမ်းညွှန်ပေးထားသော ပြုစုစောင့်ရှောက်ရေး လုပ်ငန်းကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲ သင်ယူလေလာရေး စာမျက်နှာ 𝟐𝟔𝟒 ပါရှိသည့် မြန်မာဘာသာနှင့် ဂျပန်ဘာသာ ပြဌာန်းဖတ်စာအုပ်ကို အခြေခံ၍ ပို့ချပေးသွားပါမည်။

⁃ 𝐏𝐫𝐞𝐬𝐞𝐧𝐭 ; နိုင်ငံခြားသား သက်ကြီးရွယ်အိုပြုစုစောက်ရှောက်မှုအသင်းအဖွဲ့မှ ပြုစုပေးထားသော မြန်မာလိုအသံထွက်များနှင့် ရုပ်ပြများပါဝင်၍ စာမျက်နှာ 𝟖𝟒 ပါရှိသည့် 𝐊𝐎𝐑𝐄 𝐊𝐎𝐑𝐄 ပြဌာန်းဖတ်စာအုပ်ကို သင်တန်းသားများလေ့ကျင့်ကျက်မှတ်နိုင်ရန်အတွက် သင်တန်းကျောင်းမှ လက်ဆောင်အဖြစ် ပေးအပ်သွားပါမည်။

⁃ ဗလာစာအုပ် ခဲတံ ခဲဖျက် ပေတံ ချွန်စက် နှင့် လိုအပ်သောစာရွက်စာတမ်းများကို သင်တန်းကျောင်းမှ ထုတ်ပေးပါမည်။

⁃ စာမေးပွဲဖြေဆိုကြေး - 𝐔𝐒𝐃. [𝟕+𝟕] ပေးသွင်းရပါမည်။ စာမေးပွဲများကို လစဥ်ပြုလုပ်ပေးပြီး ဖောင်များကို 2 Months ကြိုတင်၍ တင်ကြရပါသည်။ ဖောင်တင်ရာတွင် မြန်မာအပိုင်းနှင့် ဂျပန်အပိုင်းဟူ၍ 2 ပိုင်း ခွဲခြားထားပြီး ဖောင်တင်သည့်အခါ 2 ကြိမ် ခွဲ၍ တင်ရပါမည်။ မိမိနှစ်သက်ရာအပိုင်းကို အရင်တင်၍ရသလို နှစ်ပိုင်းစလုံးအား အချိန်အနည်းငယ်ခြားပြီး တင်လိုပါက တင်နိုင်ပါသည်။ နှစ်သက်ရာအပိုင်းကို အရင်ဖြေဆို၍ ကျန်သည့်အပိုင်းကို နောက်လများတွင် ဆက်လက်ဖြေဆိုနိုင်ပါသည်။

⁃ မြန်မာပိုင်း 𝟒𝟓 ပုဒ် - [𝟏𝟎𝟎] မှတ်
⁃ အောင်မှတ် - [𝟖𝟎] မှတ်
⁃ ဖြေဆိုချိန် - [𝟔𝟎] 𝐌𝐢𝐧𝐮𝐭𝐞𝐬

⁃ ဂျပန်ပိုင်း 𝟏𝟓 ပုဒ် - [𝟏𝟎𝟎] မှတ်
⁃ အောင်မှတ် - [𝟖𝟎] မှတ်
⁃ ဖြေဆိုချိန် - [𝟑𝟎] 𝐌𝐢𝐧𝐮𝐭𝐞𝐬

⁃ သင်တန်းပြီးစီး၍ စာမေးပွဲဖြေဆိုအောင်မြင်သူများကို တိုကုတဲအလုပ်အကိုင်များအတွက် သင်တန်းကျောင်း၏ ကိုယ်ပိုင် 𝐃𝐞𝐦𝐚𝐧𝐝 များ ၊ မြန်မာဘက်က 𝐃𝐞𝐦𝐚𝐧𝐝 ရရှိထားသော ကုမ္ပဏီများ ၊ ဂျပန်ဘက်က တိုက်ရိုက်ခေါ်ယူစနစ်များဖြင့် အလုပ်ချိတ်ဆက်ဆောင်ရွက်ပေးပါမည်။

⁃ အေဂျင်စီ ဝန်ဆောင်ခသည် အစိုးရသတ်မှတ်ပေးထားသော 𝐔𝐒𝐃. 𝟏𝟓𝟎𝟎 + [အခွန် 𝐔𝐒𝐃. 𝟕𝟓] တရားဝင် သတ်မှတ်ထားပါသည်။

𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 [ဂျပန်ဘာသာစကား လေ့ကျင့်ရေးသင်တန်းကျောင်း]
𝟎𝟗𝟒𝟓𝟎𝟎𝟏𝟓𝟗𝟕𝟖 - 𝟎𝟗𝟐𝟓𝟎𝟒𝟗𝟏𝟔𝟔𝟎 [𝟏𝟎~𝟒 ]

အမှတ် 𝟐𝟒𝟓 တတိယထပ်၊ မြင်တော်သာလမ်း၊ ရုပ်ရှင်ရုံမှတ်တိုင်၊ သာကေတမြို့နယ်၊ ထူပါရုံအရှေ့ 𝟏𝟕 လမ်းထိပ်၊ 𝟔 အနောက်ရပ်ကွက်၊ 𝐆𝐎𝐎𝐃 𝐃𝐀𝐘 𝐭𝐞𝐚 & 𝐟𝐨𝐨𝐝 စားသောက်ဆိုင် အရှေ့တည့်တည့်၊ ကြက်ဆီထမင်းဆိုင် အပေါ်ထပ်၊ [မီးသတ်စခန်းဘေး / ဇင်္ဂမလမ်းဆုံအနီး] ရန်ကုန်မြို့

📶 ဖောင်တင်ရမည့်လင့်ခ်
https://ac.prometric-jp.com/testlist/ssw/index.html

📶 𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐢𝐧𝐨𝐮 - ကြိုတင်ပြင်ဆင်ရန်
https://m.facebook.com/story.php?story_fbid=739314714888923&id=100064312020253&mibextid=Nif5oz

25/12/2023

#စိုက်ပျိုးရေး
တိုကုတဲ စိုက်ပျိုးရေးလမ်းညွှန်သင်တန်း
[𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐢𝐧𝐨𝐮 𝐀𝐠𝐫𝐢𝐜𝐮𝐥𝐭𝐮𝐫𝐞 𝐆𝐮𝐢𝐝𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬]

♦ သင်တန်းကြေး - 𝟏𝟎𝟎,𝟎𝟎𝟎
♦ 𝟔 , 𝐉𝐚𝐧𝐮𝐚𝐫𝐲 - [𝟏𝟐:𝟎𝟎-𝟑:𝟎𝟎]
♦ 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 𝐒𝐮𝐧𝐝𝐚𝐲 - [𝟔 𝐖𝐞𝐞𝐤𝐬]

⁃ 𝟒𝟓 𝐌𝐢𝐧 - မီးနင်းတိုင် ကျက် မေး
⁃ 𝟗𝟎 𝐌𝐢𝐧 - ရှင်းလင်းခြင်း သင်ကြားခြင်း
⁃ 𝟒𝟓 𝐌𝐢𝐧 - အပြန်အလှန် လေ့ကျင့်ခြင်း
⁃ 𝐃𝐚𝐢𝐥𝐲 𝐆𝐮𝐢𝐝𝐢𝐧𝐠 - [𝟑 𝐇𝐨𝐮𝐫𝐬]

⁃ ဂျပန်-မြန်မာဖောင်ဒေးရှင်းက လမ်းညွှန်ပေးထားသော လယ်ယာစိုက်ပျိုးရေးကျွမ်းကျင်မှု တိုင်းတာခြင်းစာမေးပွဲနှင့် ကောက်ပဲသီးနှံ ထွန်ယက်စိုက်ပျိုးရေးအထွေထွေပညာ လေ့လာသင်ကြားရေးစာအုပ်များဖြစ်သော စာမျက်နှာ 𝟗𝟔 ပါရှိသည့် ဂျပန်ဘာသာပြဌာန်းဖတ်စာအုပ်နှင့် စာမျက်နှာ 𝟗𝟔 ပါရှိသည့် မြန်မာဘာသာပြဌာန်းဖတ်စာအုပ်ကို အခြေခံ၍ ပို့ချပေးသွားပါမည်။

⁃ ဗလာစာအုပ် ခဲတံ ခဲဖျက် ပေတံ ချွန်စက် နှင့် လိုအပ်သောစာရွက်စာတမ်းများကို သင်တန်းကျောင်းမှ ထုတ်ပေးပါမည်။

⁃ စာမေးပွဲဖြေဆိုကြေး - 𝐔𝐒𝐃. [𝟑𝟑] ပေးသွင်းရပါမည်။ ဖြေဆိုရာတွင် မြန်မာပိုင်းနှင့် ဂျပန်ပိုင်း ဟူ၍ နှစ်ပိုင်းဖြေဆိုကြရမည် ဖြစ်ပြီး ဂျပန်ပိုင်းတွင် 𝐍𝟓 𝐋𝐞𝐯𝐞𝐥 ကို အခြေခံသော 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 ကိုသာ ဖြေကြရပါမည်။

⁃ မြန်မာပိုင်း - [𝟖𝟎] မှတ်
⁃ Listening ပိုင်း - [𝟐𝟎] မှတ်
⁃ ဖြေဆိုချိန် 𝟐 ပိုင်း - [𝟔𝟎] 𝐌𝐢𝐧𝐮𝐭𝐞𝐬
⁃ ရလဒ် - [𝟔𝟎%] ကျော်လျှင်အောင်မြင်သည်

𝐀𝐠𝐫𝐢𝐜𝐮𝐥𝐭𝐮𝐫𝐞 𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 ► Telegram Channel
https://t.me/+jWrakD6QDcM4Zjk1

⁃ သင်တန်းပြီးစီး၍ စာမေးပွဲဖြေဆိုအောင်မြင်သူများကို တိုကုတဲအလုပ်အကိုင်များအတွက် သင်တန်းကျောင်း၏ ကိုယ်ပိုင် 𝐃𝐞𝐦𝐚𝐧𝐝 များ ၊ မြန်မာဘက်က 𝐃𝐞𝐦𝐚𝐧𝐝 ရရှိထားသော ကုမ္ပဏီများ ၊ ဂျပန်ဘက်က တိုက်ရိုက်ခေါ်ယူစနစ်များဖြင့် အလုပ်ချိတ်ဆက်ဆောင်ရွက်ပေးပါမည်။

⁃ အေဂျင်စီ ဝန်ဆောင်ခသည် အစိုးရသတ်မှတ်ပေးထားသော 𝐔𝐒𝐃. 𝟏𝟓𝟎𝟎 + [အခွန် 𝐔𝐒𝐃. 𝟕𝟓] တရားဝင် သတ်မှတ်ထားပါသည်။

𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 [ဂျပန်ဘာသာစကား လေ့ကျင့်ရေးသင်တန်းကျောင်း]
𝟎𝟗𝟒𝟓𝟎𝟎𝟏𝟓𝟗𝟕𝟖 - 𝟎𝟗𝟐𝟓𝟎𝟒𝟗𝟏𝟔𝟔𝟎 [𝟏𝟎~𝟒 ]

အမှတ် 𝟐𝟒𝟓 တတိယထပ်၊ မြင်တော်သာလမ်း၊ ရုပ်ရှင်ရုံမှတ်တိုင်၊ သာကေတမြို့နယ်၊ ထူပါရုံအရှေ့ 𝟏𝟕 လမ်းထိပ်၊ 𝟔 အနောက်ရပ်ကွက်၊ 𝐆𝐎𝐎𝐃 𝐃𝐀𝐘 𝐭𝐞𝐚 & 𝐟𝐨𝐨𝐝 စားသောက်ဆိုင် အရှေ့တည့်တည့်၊ ကြက်ဆီထမင်းဆိုင် အပေါ်ထပ်၊ [မီးသတ်စခန်းဘေး / ဇင်္ဂမလမ်းဆုံအနီး] ရန်ကုန်မြို့

📶 ဖောင်တင်ရမည့်လင့်ခ်
https://ac.prometric-jp.com/testlist/ssw/index.html

📶 𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐢𝐧𝐨𝐮 - ကြိုတင်ပြင်ဆင်ရန်
https://m.facebook.com/story.php?story_fbid=739314714888923&id=100064312020253&mibextid=Nif5oz

25/12/2023

#စားသောက်ကုန်ထုတ်
တိုကုတဲ စားသောက်ကုန်ထုတ်လမ်းညွှန်သင်တန်း [𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐢𝐧𝐨𝐮 𝐅𝐨𝐨𝐝 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 𝐆𝐮𝐢𝐝𝐢𝐧𝐠 𝐂𝐥𝐚𝐬𝐬]

♦ သင်တန်းကြေး - 𝟏𝟎𝟎,𝟎𝟎𝟎
♦ 𝟐𝟕 , 𝐉𝐚𝐧𝐮𝐚𝐫𝐲 - [𝟏𝟐:𝟎𝟎-𝟑:𝟎𝟎]
♦ 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 𝐒𝐮𝐧𝐝𝐚𝐲 - [𝟔 𝐖𝐞𝐞𝐤𝐬]

⁃ 𝟒𝟓 𝐌𝐢𝐧 - မီးနင်းတိုင် ကျက် မေး
⁃ 𝟗𝟎 𝐌𝐢𝐧 - ရှင်းလင်းခြင်း သင်ကြားခြင်း
⁃ 𝟒𝟓 𝐌𝐢𝐧 - အပြန်အလှန် လေ့ကျင့်ခြင်း
⁃ 𝐃𝐚𝐢𝐥𝐲 𝐆𝐮𝐢𝐝𝐢𝐧𝐠 - [𝟑 𝐇𝐨𝐮𝐫𝐬]

⁃ ဂျပန်-မြန်မာဖောင်ဒေးရှင်းက လမ်းညွှန်ပေးထားသော စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း ကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲ လေ့လာသင်ကြားရေးစာအုပ်များဖြစ်သော စာမျက်နှာ 𝟏𝟑𝟖 ပါရှိသည့် ဂျပန်ဘာသာပြဌာန်းဖတ်စာအုပ်နှင့် စာမျက်နှာ 𝟏𝟑𝟖 ပါရှိသည့် မြန်မာဘာသာပြဌာန်းဖတ်စာအုပ်ကို အခြေခံ၍ ပို့ချပေးသွားပါမည်။

⁃ ဗလာစာအုပ် ခဲတံ ခဲဖျက် ပေတံ ချွန်စက် နှင့် လိုအပ်သောစာရွက်စာတမ်းများကို သင်တန်းကျောင်းမှ ထုတ်ပေးပါမည်။

⁃ စာမေးပွဲဖြေဆိုကြေး - 𝐔𝐒𝐃. [𝟑𝟑] ပေးသွင်းရပါမည်။ စားသောက်ကုန်ထုတ် ကျွမ်းကျင်စာမေးပွဲများကို မြန်မာပြည်တွင်းတွင် စစ်ဆေးပေးခြင်းမရှိသေးပါ။ ထို့ကြောင့် ဖြေဆိုလိုသူများသည် 𝐏𝐕 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 ကိုင်ဆောင်၍ စာမေးပွဲစစ်ဆေးပေးနေသော ပြည်ပနိုင်ငံများသို့ သွားရောက်ဖြေဆိုကြရပါမည်။

⁃ ပြည်ပတွင် ဖြေဆိုပြီး၍ မြန်မာပြည်ပြန်ရောက်သည့်အခါ 𝐏𝐕 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 မှ 𝐏𝐉 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 သို့ ပြန်လည်ပြောင်းလဲပြီးမှသာ အလုပ်အကိုင်ဆိုင်ရာ အင်တာဗျူးများကို အဆင်ပြေမည်ဖြစ်ပါသည်။

⁃ ပြည်ပတွင် သွားရောက်ဖြေဆိုလိုသူများအတွက် လေယာဥ်အသွားအပြန် ၊ ဟော်တယ် တည်းခိုခြင်း ၊ နေ့စဥ်စားသောက်မှုများ ၊ လည်ပတ်ခြင်း စျေးဝယ်ခြင်းများ အပါအဝင်ကို အသက်သာဆုံးနှုန်းထားများဖြင့် ဝန်ဆောင်မှု ပေးသွားပါမည်။

⁃ သင်တန်းပြီးစီး၍ စာမေးပွဲဖြေဆိုအောင်မြင်သူများကို တိုကုတဲအလုပ်အကိုင်များအတွက် သင်တန်းကျောင်း၏ ကိုယ်ပိုင် 𝐃𝐞𝐦𝐚𝐧𝐝 များ ၊ မြန်မာဘက်က 𝐃𝐞𝐦𝐚𝐧𝐝 ရရှိထားသော ကုမ္ပဏီများ ၊ ဂျပန်ဘက်က တိုက်ရိုက်ခေါ်ယူစနစ်များဖြင့် အလုပ်ချိတ်ဆက်ဆောင်ရွက်ပေးပါမည်။

⁃ အေဂျင်စီ ဝန်ဆောင်ခသည် အစိုးရသတ်မှတ်ပေးထားသော 𝐔𝐒𝐃. 𝟏𝟓𝟎𝟎 + [အခွန် 𝐔𝐒𝐃. 𝟕𝟓] တရားဝင် သတ်မှတ်ထားပါသည်။

𝐖𝐞 𝐀𝐫𝐞 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 [ဂျပန်ဘာသာစကား လေ့ကျင့်ရေးသင်တန်းကျောင်း]
𝟎𝟗𝟒𝟓𝟎𝟎𝟏𝟓𝟗𝟕𝟖 - 𝟎𝟗𝟐𝟓𝟎𝟒𝟗𝟏𝟔𝟔𝟎 [𝟏𝟎~𝟒 ]

အမှတ် 𝟐𝟒𝟓 တတိယထပ်၊ မြင်တော်သာလမ်း၊ ရုပ်ရှင်ရုံမှတ်တိုင်၊ သာကေတမြို့နယ်၊ ထူပါရုံအရှေ့ 𝟏𝟕 လမ်းထိပ်၊ 𝟔 အနောက်ရပ်ကွက်၊ 𝐆𝐎𝐎𝐃 𝐃𝐀𝐘 𝐭𝐞𝐚 & 𝐟𝐨𝐨𝐝 စားသောက်ဆိုင် အရှေ့တည့်တည့်၊ ကြက်ဆီထမင်းဆိုင် အပေါ်ထပ်၊ [မီးသတ်စခန်းဘေး / ဇင်္ဂမလမ်းဆုံအနီး] ရန်ကုန်မြို့

📶 ဖောင်တင်ရမည့်လင့်ခ်
https://ac.prometric-jp.com/testlist/ssw/index.html

📶 𝐓𝐨𝐤𝐮𝐭𝐞𝐢 𝐆𝐢𝐧𝐨𝐮 - ကြိုတင်ပြင်ဆင်ရန်
https://m.facebook.com/story.php?story_fbid=739314714888923&id=100064312020253&mibextid=Nif5oz

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon