APP SHOW
ရုပ်ရှင်နှင့်အနုပညာမြတ်နိုးသူများအတွက် APPSHOW! Your VIP pass for Movies & Stars!
26/05/2026
"ပင်လယ်ပြာပြာ... ချစ်သူများကျွန်းမှာ ဖန်တီးခဲ့တဲ့ အမှတ်တရများ 🌊✨
"၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကားကြီး" ရဲ့ အထူးခရီးစဉ်မှာ ဒီနေ့တော့ ကျွန်းလျားရှည် (ချစ်သူများကျွန်း) ကို ရောက်ရှိပြီး အမိုက်စား အမှတ်တရတွေ ဖန်တီးခဲ့ကြပါတယ်။ 🚤💨
Speed Boat လေးစီးပြီး ပင်လယ်လေကို ခံစားလိုက်၊ Snorkeling လုပ်ရင်း ရေအောက်က လှပတဲ့ သန္တာကျောက်တန်းတွေကို စူးစမ်းလိုက်နဲ့... ကိုယ့် Idol တွေနဲ့အတူ ဆိုတော့ ပျော်ရွှင်ရတဲ့ ခံစားချက်က အဆပေါင်းများစွာ ပိုနေတာပေါ့! 🤿💙
ဒီနေ့တစ်နေ့လုံးရဲ့ ပျော်ရွှင်စရာ ပုံရိပ်လေးတွေကို ကြည့်လိုက်ရအောင်ဗျာ။ 📸❤️
26/05/2026
မင်္ဂလာနေ့လည်ခင်းပါ... ငွေဆောင်ကမ်းခြေရဲ့ လေပြေအေးအေးလေးတွေနဲ့အတူ စိတ်လှုပ်ရှားစရာ နေ့သစ်တစ်ခုကို ကြိုဆိုလိုက်ပါတယ်။ ☀️🥂
ကျွန်တော်တို့ရဲ့ "၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကားကြီး" ကံထူးရှင် Fan လေးတွေနဲ့ အနုပညာရှင်တွေ ဒီနေ့တော့ ဘယ်လို ပျော်ရွှင်စရာ အတွေ့အကြုံသစ်တွေနဲ့ ထပ်မံဆုံတွေ့ကြမလဲ? ဘယ်လို ရင်ခုန်စရာ နေရာတွေကို အတူတူ သွားရောက်လည်ပတ်ကြမလဲဆိုတာ တကယ့်ကို စောင့်မျှော်စရာပါပဲ။ 🌊✨
ကျွန်တော်တို့နဲ့အတူ ဒီနေ့တစ်နေ့လုံးရဲ့ အလှပဆုံး အမှတ်တရတွေကို အတူတူခံစားကြည့်ရှုဖို့ အားလုံးပဲ အဆင်သင့် ဖြစ်ကြပြီလား? 📸❤️
"
25/05/2026
"စားပွဲဝိုင်းတစ်ခုတည်းမှာ... ရယ်မောသံတွေနဲ့ နွေးထွေးနေတဲ့ညလေး ✨🍽️
ငွေဆောင်ကမ်းခြေရဲ့ လှိုင်းသံတွေနဲ့အတူ ကျွန်တော်တို့ရဲ့ "၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကားကြီး" ကံထူးရှင် Fan လေးတွေနဲ့ အနုပညာရှင်တွေ Dinner စားရင်း ရင်းရင်းနှီးနှီး စကားတွေ ဖလှယ်နေကြပါပြီ။
ကိုယ့်ရဲ့ Idol တွေနဲ့ တစ်စားပွဲတည်းမှာထိုင်ပြီး တကယ့်ကို မိသားစုလို နွေးထွေးစွာ စကားပြောဆိုနေကြတဲ့ မြင်ကွင်းက တကယ့်ကို အမှတ်တရပါပဲ။ 🥂❤️
ဒီညလေးဟာ Fan လေးတွေအတွက်ရော၊ အနုပညာရှင်တွေအတွက်ပါ အဖိုးတန်ဆုံး အချိန်အခါလေးတစ်ခု ဖြစ်နေမှာပါ။
"
25/05/2026
Dinner is calling! 🦞✨ "၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကားကြီး" ရဲ့ ကံထူးရှင် Fan လေးတွေ၊ ကိုယ်ချစ်ရတဲ့ အနုပညာရှင်တွေနဲ့အတူ ငွေဆောင်မှာ ပျော်ရွှင်စရာ ခရီးစဉ်ကို အပြည့်အဝ ဖြတ်သန်းနေကြပါပြီ။
အခုဆိုရင်တော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ Dinner Party မစခင် အချိန်လေးကို ရောက်ရှိလို့လာပါပြီ။ စားပွဲဝိုင်းတစ်ခုတည်းမှာ အနီးကပ်ထိုင်ပြီး ရယ်မောပျော်ရွှင်ကြမယ့် ဒီညရဲ့ အမှတ်တရတွေကို ခဏနေရင် စတင်တော့မှာမို့ စောင့်မျှော်ပေးကြပါဦးနော်! 🤩🥂
20/05/2026
📣 “၂ ညအိပ် ၃ ရက်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ငွေဆောင် အခမဲ့ကမ်းခြေခရီးစဉ် ကံထူးရှင်များ ထွက်ပေါ်လာပြီ!!! 📣
ရင်တွေတုန် စိတ်တွေလှုပ်ရှားခဲ့ရတဲ့ App Show ရဲ့ Lucky Draw Live လည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ “၂ ညအိပ် ၃ ရက်” ရုပ်ရှင်ပရိသတ်တွေ အားရပါးရ စောင့်မျှော်နေကြတဲ့ ငွေဆောင်ကမ်းခြေ အခမဲ့ (ခရီးစရိတ်ငြိမ်း) သွားရောက်လည်ပတ်ခွင့်ရမယ့် ကံထူးရှင် (၁၀) ဦးရဲ့ စာရင်းကို အခုလိုပဲ ဂုဏ်ယူစွာ ကြေညာပေးလိုက်ပါတယ်နော်! 👇✨
ကံထူးရှင် (၁၀) ဦးစာရင်း ⬇️
1-Su Su Hlaing
(Ph-09 97****749)
2-Nu Nu Khin
(Ph-09 97****406)
3-Su Myat Win
(Ph-09 79****494)
4-Pwint Sandar
(Ph-09 75****975)
5-Phyo Lay
(Ph-09 78****139)
6-Kyaw Zaw Hein
(Ph-09 77****099)
7-Naing Nu
(Ph-09 98****632)
8-May Thae Phyu
(Ph-09 77****734)
9-Ei Thandar Htun
(Ph-09 42****992)
10-Nyein Chan Aung
(Ph-09 68****921)
🎉 ကံထူးသွားကြတဲ့သူတွေအားလုံးကို App Show မိသားစုမှ အထူးပင် ဂုဏ်ယူဝမ်းမြောက်အပ်ပါတယ်။
ခရီးစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို App Show Team ဘက်ကနေ ဖုန်းဖြင့် တိုက်ရိုက်ပြန်လည်ဆက်သွယ်ပြီး အကြောင်းကြားပေးသွားမှာဖြစ်လို့ ဖုန်းလေးတွေကို အဆင်သင့် စောင့်မျှော်ပေးကြပါဦးနော်။ 📱📞
Live မှာ အတူတူရင်ခုန်ပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ 💙
#၂ညအိပ်၃ရက်ရုပ်ရှင်ဇာတ်ကားကြီး
19/05/2026
📣 ရင်ခုန်စိတ်လှုပ်ရှားစရာ “၂ ညအိပ် ၃ ရက်” ရုပ်ရှင်ဇာတ်ကားကြီး၏ ကံထူးရှင်ရွေးချယ်ပွဲကြီး လာပါပြီ! 📣
🏖️ ငွေဆောင်ကမ်းခြေသို့ “၂ ညအိပ် ၃ ရက်” (ခရီးစရိတ်ငြိမ်း) ခရီးစဉ်ကို အနုပညာရှင်များဖြစ်ကြတဲ့ အကယ်ဒမီ အေးချမ်းမောင်၊ ဝေဖြိုး၊ ရဲထွဋ်မင်းခေါင်၊ နေ့သစ်အေးအောင် တို့နှင့်အတူ သွားခွင့်ရမည့် အထူးဆုကြီး (၁၀) ဆုအတွက် ကံထူးရှင်များကို ရွေးချယ်ပေးတော့မည်ဖြစ်ပါသည်။
📅 မေလ (၂၀) ရက်၊ မနက်ဖြန်ည (၇) နာရီတွင် App Show Page မှတစ်ဆင့် Live လွှင့်ကာ ရုပ်ရှင်လက်မှတ်ပေါ်၌ နာမည်နှင့် ဖုန်းနံပါတ်ရေး၍ မဲပုံးထဲထည့်ခဲ့ကြသည့် Customer များ၊ Chat Box သို့ ပေးပို့ထားသည့် Customer များ၏ လက်မှတ်အားလုံးကို တိုက်ရိုက် မဲနှိုက်ပေးသွားမည်ဖြစ်ပါသည်။
ဘယ်သူတွေ ကံထူးမလဲဆိုတာ မနက်ဖြန်ည ၇ နာရီ App Show Live တွင် အတူတူ ရင်ခုန်စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ခင်ဗျာ။ ✨
#၂ညအိပ်၃ရက်ရုပ်ရှင်ဇာတ်ကားကြီး
09/05/2026
"ဘဝရဲ့ အမောဆုံးနေ့ရက်တွေမှာ အားအင်အဖြစ်ဆုံးက... 'မေမေ' ရဲ့ နွေးထွေးတဲ့ အပြုံးတစ်ချက်ပါပဲ။ ❤️ ✨
ကျွန်တော်တို့ဘဝရဲ့ အလင်းပြကြယ်နဲ့ အနှိုင်းမဲ့မေတ္တာရှင် မိခင်များအားလုံးကို ဒီနေ့ကျရောက်တဲ့ အမေများနေ့ (Mother’s Day) မှာ အထူးပင် ဂုဏ်ပြုအပ်ပါတယ်။
အထူးသဖြင့် ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းမိခင်များနှင့် ချစ်ခင်ရပါသော Customer မိခင်များအားလုံး သက်ရှည်ကျန်းမာ ပျော်ရွှင်ကြပါစေကြောင်း ကျွန်တော်တို့ မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
အမေ့ရဲ့မေတ္တာရိပ်မှာ ခိုလှုံခွင့်ရနေတုန်း အမေ့ကို ပိုပြီးချစ်ပေးပါ၊ ပိုပြီး ဂရုစိုက်ပေးကြပါစို့။ 🌸🤍
"
30/04/2026
လုပ်အားရှင်တိုင်းရဲ့ ကြိုးစားမှုတိုင်းကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည် ✊✨
နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်တဲ့ လုပ်အားရှင်တစ်ဦးချင်းစီရဲ့ တန်ဖိုးက အတိုင်းအဆမရှိလှပါဘူး။
ဒီနေ့မှာတော့ အလုပ်ပင်ပန်းသမျှကို အနားယူရင်း မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ အားလပ်ရက်လေး ဖြစ်ပါစေကြောင်း App Show မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ❤️
#အလုပ်သမားနေ့ #ဂုဏ်ပြုအပ်ပါသည်
29/04/2026
ညောင်ရေသွန်းလ ကဆုန်လပြည့်နေ့မှာ စိတ်နှလုံးအေးချမ်းကြပါစေ... 🙏✨
နွေအပူတွေကို အေးမြစေတဲ့ ညောင်ရေသွန်းလောင်းသလိုပဲ၊ မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကုသိုလ်အရှိန်အဝါများနဲ့ အေးချမ်းသာယာသော ဘဝအေးရိပ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဒီကနေ့လို နေ့ထူးနေ့မြတ်မှာ မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း App Show မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ❤️
#ကဆုန်လပြည့်နေ့ #ညောင်ရေသွန်းပွဲ
အမှတ်တရတွေထက် ပိုလန်းမယ့် "အစီအစဉ်သစ်များ" မကြာခင် လာတော့မယ်နော်! 🔥✨
Blumoon Media ကစီစဥ်သည့်
The Central Boulevard မှာ ကျင်းပခဲ့သည့် "Summer Night Bazaar" ပွဲ့ရဲ့ App Show Booth မှာ ကျွန်တော်တို့နဲ့အတူ ပျော်ရွှင်ခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်! ❤️
ဒီထက်မက ပိုမိုက်တဲ့...
🔥 ပိုပြီး ထူးခြားဆန်းသစ်မယ့် Event အသစ်တွေကို ကျွန်တော်တို့ App Show အဖွဲ့သားတွေ အားတက်သရော ပြင်ဆင်နေပါပြီ။ 🚀
📌 နောက်ထပ် ဘယ်လို Surprise တွေ လာမလဲဆိုတာ သိရဖို့ Page ကို See First လုပ်ထားပြီး စောင့်မျှော်ပေးပါဦးနော်!
နောက်ပွဲမှာ ဘယ်သူတွေကို မြင်ချင်လဲ? Comment မှာ ပြောသွားခဲ့ပါဦး။ 👇
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
89/97, RoomF, Ground Floor, Diamond Crown Condo, Boyarnyunt Street, Dagon Township
Yangon