A2A Creative

A2A Creative

Share

Digital Creative

24/11/2023

EMBA 3rd Batch

CLC College (Mandalay Campus) တွင် သင်ကြားမည်ဖြစ်ပါသည်။

📌 Flexible Learning System
စာသင်ခန်းတွင် သင်ကြားရေးဆရာနှင့်တိုက်ရိုက်သင်ကြားနိုင်ရန်စီစဉ်ထားပါတယ်။ အခန်းအတွင်း EMBA သင်တန်းသားအချင်းချင်းအပြန်အလှန်ဆွေးနွေးနိုင်ပါတယ်။ သင်ကြားသည့်ဆရာဆရာမကြီးများကိုလည်း မိမိလုပ်ငန်းနှင့်ပတ်သက်ပြီး တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

သင်တန်းခန်းမကိုမလာနိုင်ပါက တိုက်ရိုက်သင်ကြားနေချိန်တွင် Zoom ဖြင့်သင်ကြားနိုင်ပါတယ်။

သင်ခန်းစာများကိုပြန်လည်လေ့လာနိုင်ရန် CLC Website တွင် သင်ခန်းစာများအား Video ဖြင့်ပြန်လည်တင်ပေးထားပါသည်။

💵 Easy Payment
လစဉ် ငွေပေးချေတဲ့စနစ်ကြောင့်တစ်လလျှင် မြန်မာငွေ ၅ သိန်းကျပ်ပေးသွင်းပြီး အရစ်ကျ (၁၅) လ ပေးသွင်း သင်ကြားနိုင်ပါတယ်။

🎯 Industrial and Learning Experiences
သင်တန်းဘာသာရပ်များပြီးတိုင်း စက်ရုံအလုပ်ရုံများကိုလေ့လာရေးခရီးစဉ်များစီစဉ်ပေးပါသည်။

သင်ကြားသည့် Text book များကို ထပ်မံစာအုပ်ကြေးတောင်းယူခြင်းမပြုဘဲ အခမဲ့ပေးပါသည်။

🇺🇸 CLC College သည် အမေရိကန်နိုင်ငံ မှ ပညာရေးဆိုင်ရာ Accreditation အသိအမှတ်ပြုအဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတကာအရည်အသွေးအာမခံအဖွဲ့ (QAHE) ၏ Academic Accreditation, Diploma , Postgraduate Program Accreditation ရရှိထားသောကျောင်းဖြစ်ပါသည်။

🇺🇸 CLC College သည် အမေရိကန်နိုင်ငံ မှ International Accreditation Organization (IAO) ၏ Academic Accreditation ရရှိထားပါသည်။

🇺🇸 CLC College သည် အမေရိကန်နိုင်ငံ မှ American Council of Training and Development (ACTD) ၏ Academic Accreditation ရရှိထားပါသည်။

🇺🇸 CLC College သည် အမေရိကန်နိုင်ငံမှ ပညာရေးဆိုင်ရာအဖွဲ့အစည်းဖြစ်သော “The American Association for Higher Education and Accreditation (AAHEA)” ၏ အဖွဲ့ဝင်ဖြစ်ပါသည်။

👨‍🏫 CLC College ၏ဦးဆောင်သူ

Prof.Dr.Zeya Oo
Ph.D(Curtin,Australia),MACS (Australia)
MInstP(UK),M.Sc (Physics),B.Sc (Physics)

Dr.Zeya Oo သည် မလေးရှားနိုင်ငံ “(Offshore campus of Curtin University Australia)” တွင် ၁၉၉၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး “ Curtin University ”တွင် အကြီးတန်းကထိကနှင့် ပရော် ဖက်ဆာ ၊ လျှပ်စစ်နှင့် ကွန်ပျူတာအင်ဂျင်နီယာဌာန ၊ အင်ဂျင်နီယာနှင့် သိပ္ပံကျောင်း ၊ Ph. D အဖြစ်နှင့် 2013 ခုနှစ်တွင် “ Curtin University Australia” မှ “Advanced Ceramics” ၏ သုတေသန နယ်ပယ်တွင် ဒေါက်တာဇေယျာဦး အား ပညာတတ် ၊ သုတေသီအဖြစ် “Curtin Sarawak Research Fund (CSRF)”ကိုလည်း ၂၀၀၆ နှင့် ၂၀၀၉ ခုနှစ်တွင် ချီးမြှင့်ခဲ့ပါသည်။

🎯 CLC College တွင် EMBA သင်တန်းတွင် သင်ကြားသောဆရာ/ဆရာမများ

Dr.Aung Thura
B.Sc (Geology),Diploma in GIS,MBA,DBA (Victoria Univrsity,Switzerland)
Business Consultant& ILO Certified Trainer

Saya U Aung Thwin
Master of Education from the University of Wollongong, Australia

Dr.Sandi Win
Ph.D. in Management Science (Shinawatra International University, Thailand), MCSc( UCSM ), MBA ( MIE ), DBL ( MU ), PGDE ( MU ), FTBE ( LCCI), TKT ( Cambridge)

Dr.Htet Htet Hlaing
Ph.D (Commerce)(MUE), B. Com (Q), M.Com (MIE), PGDE (MUFL)

Dr. Mya Kay Khaing Win
Doctor of Philosophy in Management Science (SIU Thailand)

EMBA သင်တန်းပြီးပါက နိုင်ငံခြားတက္ကသိုလ်များတွင် PhD. DBA ဆက်လျှက်သင်ကြားနိုင်ပါသည်။

EMBA သင်တန်းတက်ရောက်လိုပါက Page Messenger တွင် “EMBA” ဟုရေးသားပြီး ဖုန်းနံပတ်ရေးပေးခဲ့ပါက ပြန်လည်ဆက်သွယ်ဖြေကြားပေးပါမည်။

Learning College (CLC)

12/06/2023

Branch Manager

ရုံးခွဲတာဝန်ခံတစ်ဦးအနေဖြင့် ဆောင်ရွက်ရမည့်ကိစ္စများကို သင်ကြားမည့်သင်တန်းဖြစ်ပါသည်။ ရုံးခွဲမန်နေဂျာတစ်ဦးဖြစ်ပါက တာဝန်ခံရမည့်ကိစ္စများ တာဝန်ယူရမည့်ကိစ္စများ နှင့် Report များအကြောင်းကို (၃) ရက်သင်ကြားမည်ဖြစ်ပါသည်။

သင်ကြားမည့်ခေါင်းစဉ်များ
1. Responsibilities of a branch manager
2. Reports to be submitted by the branch manager
3. The management scope of a branch manager
4. Essential Skills a branch manager
5. Data Record Keeping
ရုံးခွဲတာဝန်ခံတစ်ဦး၏တာဝန်ဝတ္တရားတွေကဘာတွေလဲ?
ရုံးခွဲတာဝန်ခံတစ်ဦးတင်ပြရမည့်ကိစ္စရပ်တွေကဘာတွေဖြစ်မလဲ? နေ့စဉ်/အပတ်စဉ်/လစဉ်/၃လပတ်တင်ပြရမည့် Report များအကြောင်း
ရုံးခွဲမန်နေဂျာတစ်ဦး၏လုပ်ဆောင်ရမည့်ကိစ္စရပ်များအကြောင်း
ရုံးခွဲတာဝန်ခံတစ်ဦးတွင်ရှိရမည့်အရည်အချင်းကျွမ်းကျင်မှုများ
အချက်အလက်များထိမ်းသိမ်းခြင်း စသည့်အကြောင်းအရာများကုသင်ကြားသွားမှာဖြစ်ပါသည်။

ဘယ်သူတွေတက်ရောက်သင့်လဲ?
လက်ရှိရုံးခွဲမန်နေဂျာများ
ရုံးခွဲမန်နေဂျာရာထားခြင်းခံရသူများ
ရုံးခွဲများကိုအုပ်ချုပ်သောမန်နေဂျာများ
လုပ်ငန်းရှင်များ တက်ရောက်သင့်ပါသည်။

ဘယ်သူသင်မှာလဲ?
အရောင်းနှင့်ဈေးကွက်တွင် နှစ်ပေါင်း (၂၇) နှစ်တိုင်လုပ်ကိုင်ခဲ့ပြီး ၊ ရုံးခွဲပေါင်းများစွာကိုယ်တိုင်ဖွင့်လှစ်အုပ်ချုပ်ခဲ့သော ဆရာဦးအောင်စည်လင်း (Founder - Continuous Learning College – CLC) မှ သင်ကြားမည်ဖြစ်ပါသည်။

ဘယ်လိုသင်မှာလဲ?
Zoom ဖြင့် တိုက်ရိုက်သင်ကြားမှာဖြစ်ပါတယ်။

ဘယ်နေ့/ဘယ်အချိန်သင်မှာလဲ?
ည (၈း၀၀) မှ စသင်ကြားမှာဖြစ်ပါတယ်။ ဇွန်လ ၂၆/၂၇/၂၈ ရက် နေ့တွေမှာ (၃) ရက်ဆက်တိုက်သင်ကြားမှာဖြစ်ပါတယ်။

သင်တန်းကြေးဘယ်လောက်လဲ?
သင်တန်းကြေး ၁သိန်း ကျပ်ဖြစ်ပါတယ်။ CLC ကျောင်းသားဟောင်းများ အတွက် ၂၀% Discount ရှိပါတယ်။ ကျောင်းသားသစ်များလည်း အစောဆုံးအပ်နှံသူ (၅) ဦး ကို ၂၀% Discount ပေးပါမယ်။

သင်တန်းကြေးပေးသွင်းရန် အကောင့်များ
သင်တန်းကြေးလွှဲလိုပါက

Daw Thwe Zin Myint

CB 0021 6001 0004 9678
KBZ 0981 0100 7015 31301
AYA 20003531536
Yoma 0067 4410 5000 908
Wave account 09974446237
K Pay>Quick Pay>Continuous Learning College

ငွေလွှဲပြီးပါကကျောင်းသို့ပြန်လည်အကြောင်းကြားပေးပါ။

သင်တန်းနှင့်ပတ်သက်ပြီးမေးမြန်းလိုပါက 09-767445667 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

_College (CLC)

27/04/2023

Executive Diploma in Sales and Marketing ဒီပလိုမာကို Online ကမဟုတ်ဘဲ Classroom ကနေဆရာနှင့်တိုက်ရိုက်သင်ကြားချင်တယ်ဆိုရင် ၁၁.၀၅.၂၀၂၃ နေ့မှာဖွင့်လှစ်မည့် သင်တန်းကိုတက်ရောက်ဖို့ဖိတ်ခေါ်အပ်ပါတယ်။

(Batch -1 Mandalay Campus)

#သင်ကြားမည့်ခေါင်းစဥ်များ
🎯 Marketing Management
🎯 Sales Management
🎯 Segmentation, Targeting , Positioning (STP)
🎯 Market research
🎯 Market Analysis
🎯 Sales Analysis
🎯 Mobile Phone Marketing
🎯 Type of Selling, Sales Channel
🎯 Introduction Digital Marketing

#သင်တန်းတက်ရောက်သင့်သူများ
🎯 Sales Supervisor
🎯 Assistance Sales Manager
🎯 Sales Manager
(စျေးကွက်နှင့်အရောင်းနယ်ပယ်တွင်ရာထူးကြီးကြီးတာဝန်ထမ်းဆောင်လိုသူများ)

သင်တန်းကာလ - (၃) လကြာမြင့်ပါမည်။

🕝 သင်တန်းတက်ရမည့်ပုံစံ
အပတ်စဥ် ကြာသပတေးနေ့တိုင်း ညနေ (၅း၃၀) နာရီ မှ စတင်မည်ဖြစ်ပါသည်။

👨‍🏫 သင်ကြားမည့်ဆရာ
Continuous Learning College (CLC) သင်တန်းကျောင်း၏ Founder CEO ဆရာဦးအောင်စည်လင်းမှသင်ကြားပေးပါမည်။

💰 သင်တန်းကြေး ၃၀၀,၀၀၀ ကျပ်သွင်းရပါမည်။ အစောဆုံးအပ်နှံသူ (၁၀) ဦးကို ၂၀% discount ပေးပါမည်။

📋 Diploma Certificate ကိုဘယ်ကပေးမှာလဲ?
မလေးရှားနိုင်ငံ Lincoln University နှင့် Euro-skills Technical and Vocational Academy မှ ချီးမြှင့်ပါမည်။

Executive Diploma in Sales and Marketing Management စာမေးပွဲဖြေဆိုလိုပါက USD 80 ပေးသွင်းပြီးဖြေဆိုနိုင်ပါသည်။

စာမေးပွဲမဖြေဆိုဘဲ Diploma သင်တန်းပြီးဆုံးကြောင်း Certificate ရယူလိုပါက Continuous Learning College (CLC) မှ ထုတ်ယူနိုင်ပါသည်။

သင်တန်းတက်ရောက်လိုပါက CLC Page Massager မှာ "EDSM" လို့ရေးခဲ့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

သင်တန်းနှင့်ပတ်သတ်ပြီးအသေးစိတ်သိလိုပါက 09-7778 222 10 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

01/11/2020

Facebook user in Myanmar (October 2020)

မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူပေါင်း ၂၇ သန်း​ကျော်ပြီဖြစ်ပါသည်။

Facebook သုံးစွဲသူများတွင် အသက် ၁၈နှစ်မှ ၃၄နှစ်ထိသုံးစွဲသူမှာ ၇၇.၆% ရှိပါသည်။

01/10/2020

ကိုဗစ်ကာလမှာ အရောင်းဆိုင်၊ ကုမ္ပဏီတွေကိုဒီဂျစ်တယ်ဘက်ကိုတွန်းပို့လိုက်သလိုဖြစ်ပါတယ်။

အချို့လုပ်ငန်းတွေဆိုရင်ယခင်က Facebook Account တောင်မရှိရာကနေ ၊ page တွေဖွင့် ၊ Phone Application တွေလုပ် ၊ Website တွေထောင်ပြီးရောင်းချနေတာတွေ့ရပါတယ်။

ဒီရက်ပိုင်းအတွင်း ၊ ညီငယ်တစ်ယောက်နဲ့တွဲ့ပြီး ၊ စီးပွားရေးလုပ်ငန်းတွေအတွက် Page ထောင် ၊ 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 (Like , Share , Comment) ရအောင်လုပ်တဲ့ ၊ Page ဝန်ဆောင်မှု့လုပ်ရင်း ၊ အခြားလုပ်ငန်းတွေပါသိအောင် (လုပ်နိုင်အောင်) မျှဝေလိုက်ပါတယ်။

Page ထောင်ပြီး ၊ မိမိထုတ်ကုန်ပစ္စည်းတွေကြေငြာတဲ့အခါ 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 ရချင်ကြပါတယ်။ Post တစ်ခုတင်ပြီးတိုင်း ၊ 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 ဘယ်လောက်ရပြီလည်း၊ကြည့်ရတာအမောပါ။

𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 များများရချင်တော့ ၊ Boost လုပ်တော့ပိုက်ဆံကုန်ပါတယ်။ နောက်ပြီး Boost လုပ်တိုင်း ၊ 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 တက်လားဆိုတော့ ၊ ထင်သလောက်မတက်တာတွေ့ရပါတယ်။

Boost မလုပ်ဘဲ 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 များအောင်ဘယ်လိုလုပ်မလဲ?
ကိုယ့် Page ကို 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 များများရပြီး (𝙇𝙞𝙠𝙚 𝙖𝙣𝙙 𝙎𝙝𝙖𝙧𝙚) လူပိုသိစေချင်ရင် ၊ ဒါတွေလုပ်သင့်ပါတယ်။

အများစုက Page မှာ မိမိထုတ်ကုန်ရောင်းချမည့် Post တွေဘဲတင်တော့ ၊ ဒီ Page ကို ၊ သက်ဆိုင်သူများကဘဲ ကြည့်ကြပါတော့တယ်။

ဥပမာ - ဆီရောင်းတဲ့ကုမ္ပဏီကဆီကြေငြာတွေကိုပုံအမျိုးနဲ့တင်ရင် ၊ ဆီရောင်းတဲ့သူတွေကဘဲ ၊ Information သိချင်တဲ့အခါ ၊ Page ကို ဝင်ကြည့်တာမျိုးပါ။

အခြားဝင်ကြည့်သူနည်းပါတယ်။ အချို့လုပ်ငန်းတွေက Post တွေကိုတင်ချင်တဲ့အခါတင်တယ်။ မတင်ဘဲအကြာကြီးနေပြီးမှတင်တာလည်းတွေ့ရပါတယ်။

မိမိ Page မှာ 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 များအောင် ၊ Reach များအောင် (ဝင်ကြည့်သူ) ဒါတွေလုပ်တင်သင့်ပါတယ်။
𝟭. 𝗣𝗿𝗼𝗱𝘂𝗰𝘁 𝗣𝗼𝘀𝘁
𝟮. 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗣𝗼𝘀𝘁
𝟯. 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗗𝗮𝘆 𝗣𝗼𝘀𝘁
𝟰. 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗣𝗼𝘀𝘁
𝟱. 𝗦𝘁𝗼𝗿𝘆 𝗧𝗲𝗹𝗹𝗶𝗻𝗴 𝗣𝗼𝘀𝘁
စတာတွေကို ၊ ဘယ်အချိန်မှာ ဘာတင်မယ်ဆိုတာ Schedule (Plan) ရေးဆွဲပြီးတင်သင့်ပါတယ်။

𝗣𝗿𝗼𝗱𝘂𝗰𝘁 𝗣𝗼𝘀𝘁 - ကိုယ့်ကုမ္ပဏီ ကုန်ပစ္စည်းတွေကို တစ်ပတ် ဘယ်နှစ်ပိုစ့်တင်မယ်ဆိုတာ၊ရေးဆွဲထားရပါမယ်။ ဒီနေရာမှာ Display (ပုံကောင်းကောင်းဖြစ်ပြီး ၊ ဆွဲဆောင်မှု့ရှိဖို့လိုအပ်ပါတယ်) ကောင်းရပါမယ်။ စာတွေရှည်ရှည်ဝေးဝေးရေးတာထက်တဲ့ ၊ ကိုယ်ပေးချင်တဲ့ Message ကိုထိထိရောက်ရောက်ပေးဖို့ လိုအပ်ပါတယ်။ ပေးချင်တဲ့ Message တွေများနေရင်လည်း ၊ ဖတ်တဲ့သူစိတ်ဝင်စားမှု့ အားနည်းနိုင်ပါတယ်။

𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗣𝗼𝘀𝘁 - ကိုယ့် Page ရဲ့ audience အပေါ်မူတည်ပြီး ၊ စိတ်ဝင်စားစေမည့်အကြောင်းအရာတွေရေးတာဖြစ်ပါတယ်။

ဥပမာ - မိမိ Page မှာ ဖယ်ရှင်အဝတ်အထည်တွေရောင်းတာဆိုရင် ၊ လူငယ်တွေစိတ်ဝင်စားတဲ့အကြောင်းအရာမျိုးရေးသင့်ပါတယ်။

Content Post ကောင်းရင် 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 ကောင်းကောင်းရပါမယ်။
အချိန်ကာလအပေါ်မှာမူတည်ပြီး ၊ လူအများစိတ်ဝင်စားစေတဲ့ Post တွေရေးတာကလည်း ၊ 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 များစေပါတယ်။

Content Post တွေကြောင့် ၊ Page ကိုဝင်ကြည့်တဲ့သူတွေများပါတယ်။ Share ကြတဲ့အခါလူတွေပိုသိစေပါတယ်။ မိမိ Page ရဲ့ပုံတွေ နဲ့ အခြား Post တွေပါဝင်ကြည့်နိုင်ပါတယ်။

𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗗𝗮𝘆 𝗣𝗼𝘀𝘁 - မိမိ Page တွင် ၊ နေ့ထူးနေ့မြတ်များ နှင့် ပတ်သတ်ပြီး ၊ မိမိကုမ္ပဏီလိုဂိုအမှတ်တံဆိပ်ဖြစ် ၊ ဆုတောင်းခြင်း ၊ အမှတ်တရရေးသားခြင်း တွေပြုလုပ်ဖို့လိုပါတယ်။

ဥပမာ - အာဇာနည်နေ့ ၊ လွတ်လပ်ရေးနေ့ ၊ ပြည်ထောင်စုနေ့ ၊ ဝါဆိုလပြည့်နေ့ ၊ သီတင်းကျွတ်လပြည့်နေ့ ၊ ကရင်နှစ်သစ်ကူးနေ့ ၊ ခရစ်စမတ်နေ့ စသည်ဖြစ်…..

𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗣𝗼𝘀𝘁 - မိမိ Page မှာ ၊ မိမိကုန်ပစ္စည်းနှင့်ပတ်သတ်ပြီး ဆက်စပ်သော ဗဟုသုတရစေမည့် Post များတင်ပေးခြင်းဖြစ် 𝙀𝙣𝙜𝙖𝙜𝙚𝙢𝙚𝙣𝙩 ပိုရနိုင်ပါသည်။

ဥပမာ - အင်ဂျင်ဝိုင်ရောင်းတဲ့ ကုမ္ပဏီအနေဖြစ် ၊ ကားအင်ဂျင်အလုပ်လုပ်ပုံ ၊ ကားအစိတ်အပိုင်းများအလုပ်လုပ်ပုံ စသည့်ဗဟုသုတများရေးသားသင့်ပါသည်။

တစ်လတွင် ဘယ်နှစ်ပိုစ့်တင်မလည်းဆိုတာကို Schedule (Plan) လုပ်ထားသင့်ပါသည်။

𝗦𝘁𝗼𝗿𝘆 𝗧𝗲𝗹𝗹𝗶𝗻𝗴 𝗣𝗼𝘀𝘁 - မိမိကုန်ပစ္စည်း နှင့်ပတ်သတ်ပြီး ၊ ဖြစ်ပေါ်လာပုံများ ၊ သုံးဆွဲသူများမှ (Third Party) ကောင်းကြောင်းပြောသည့် ၊ Story များကို ၊ Video အတိုလေးများ (၁မိနစ်ဝန်းကျင်) (သို့) ဆောင်းပါးရေးပြီး (စာလုံးရေ ၃၀၀ နှင့် ၃၅၀ ကြား) ရေးပြီးတင်ပေးတာမျိုးလုပ်လို့ရပါတယ်။

ဒီ့အပြင် ဉာဏ်စမ်းမေးခွန်းများ ၊ Post ကို 𝙇𝙞𝙠𝙚 𝙖𝙣𝙙 𝙎𝙝𝙖𝙧𝙚 ပြီး ၊ Comment တွင် ၊ Screenshot လုပ်ပြီး တင်ပေးရန်လုပ်ကာ ၊ မိမိထုတ်ကုန်များ လက်ဆောင်ပေးခြင်းဖြစ် Page ကိုလူပိုသိစေပါသည်။ Reach ပိုရစေပါသည်။

Facebook သည် စတင်တည်ထောင်ချိန်တွင် ၊ မိတ်ဆွေအချင်းချင်းဆက်သွယ်မှု့ရရှိစေရန်လုပ်ဆောင်ခဲ့ပါတယ်။

ယခုအခါ Facebook ပေါ်တွင် ၊ မိမိစီးပွားရေးလုပ်ငန်းကိုသိအောင် ၊ ဝယ်အောင် ၊ ထပ်ဝယ်အောင် နှင့် ဝယ်သူများနှင့် အဆက်အသွယ်မပြတ်စေရန်လုပ်ဆောင်သောနေရာဖြစ်နေပါပြီ။

သင့်စီးပွားရေးလုပ်ငန်းကို Facebook ပေါ်တွင် ၊ ကြေငြာပါ။ ရောင်းချပါ ။ လိုအပ်ရင်ကျွန်တော်တို့ကိုခေါ်ပါ ။

𝗔𝟮𝗔 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 မှ ကူညီလိုပါသည်။

https://www.facebook.com/a2acreative.mm

ဆက်သွယ်ရန် - 𝟬𝟵 𝟲𝟲𝟮 𝟮𝟴𝟴𝟴𝟵𝟱

𝗔𝟮𝗔 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲
၀၁.၁၀.၂၀၂၀

20/09/2020

မြန်မာနိုင်ငံမှာ Facebook User ၂၆.၃ သန်း​ကျော်ရှိပါတယ်။ (August 2020)

သုံးစွဲသူ​တွေထဲမှာ အမျိုးသားက ၅၇.၃% ရှိပြီး၊အမျိုးသမီးက ၄၂.၇% ရှိပါတယ်။

သုံးစွဲသူ၏ ၇၈.၉% မှာ အသက် ၁၈နှစ် မှ ၃၄ နှစ်ကြားဖြစ်ပါတယ်။

Facebook ပေါ်မှာသင့်ကုန်ပစ္စည်းများကို​ကြေငြာပါ။



Source:
https://napoleoncat.com/stats/facebook-users-in-myanmar/2020/08
https://napoleoncat.com/stats/facebook-users-in-myanmar/2020/08

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 60, 1st Floor, Corner Of Sanyeiknyein 5th Street, Hledan, Kamaryut
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00