Loyal Auto Clinic

Loyal Auto Clinic

Share

ကားအလှဆင်ပစ္စည်းမျိုးစုံ လက်လီလက်ကားရောင်းပါသည်။

06/05/2021

USA made Lexen brand Premium Carbon ကို ကျနော် ကားမှာကပ်ဖို့မှာထားတာ‌ေလးပါ။

အခုလိုအရမ်းပူနေတဲ့အချိန်မှာတောင် အဲ့ကွန်း 2လောက်နဲ့ ကားအတွင်းခန်းထဲမှာ တော်တော်အေးပါတယ်။

‌တစ်စီးစာပတ်လည်ကပ်ဖို့ ပစ္စည်းကျန်ပါသေးတယ်။

မြင်နိုင်စွမ်း 50% မလို ရဲဖမ်းမှာလဲပူစရာမလိုပါဘူး။

အခုချိန်မှန်ကပ်ဖို့စဉ်းစားနေတဲ့သူဆို အံကိုက်ပါပဲခင်ဗျ။

တစ်စီးလုံး အပြည့်ကပ်ဗျာ။

ကားတစ်စီးလုံးစာ အားလုံးအပြီးအစီး 180000ကျပ် တည်းနဲ့တစ်စီးလံုးပတ်လည် အပြည့်ကပ်ပေးပါမယ်👍

တစ်စီးစာပဲကျန်တာမလို့ ဦးသူယူပါခင်ဗျ။

စိတ်ဝင်စားလို့ ကပ်ထားတာကြည့်ချင်လဲ ဖုန်းဆက်လိုက်ပါခင်ဗျ🙏 Phone 09791855966.

for your review link below https://youtu.be/asy9yM6Nww8

Photos from Loyal Auto Clinic's post 03/05/2021

ကားမီးကြည်ခွံတွေ ကြည်လင်‌သွားအောင်ပြုလုပ်ပေးနိုင်ပါတယ်...

ကြည်ပြီးသားဆိုရင်လဲ ဝါမသွားအောင် Coating အနေနဲ့ ဆေးရည်ကို အသုံးပြုနိုင်ပါသေးတယ်။

ဝယ်ယူလို့ပါက Cb သို့ ဖုန်း 09791855966ကိုဆက်သွယ်မှာယူနိုင်ပါတယ်။

တစ်ဗူး 9000 ကျပ်ပါ။

Photos from Loyal Auto Clinic's post 14/03/2021

ကားနေကာ
အပါးသား UV ရောင်ပြန် ဈေးသက်သာပြီး အပူဒဏ် ကာကွယ်နိုင်ပါတယ်။

တစ်ခုဈေးနှုန်း 6500ကျပ်။

အိမ်အရောက်၊delivery service နဲ့ ဝယ်ယူအားပေးနိုင်ပါတယ်။

Photos from Loyal Auto Clinic's post 09/03/2021

လူကြီးမင်းတို့ ကားကို ပူပြင်းတဲ့ နေရောင်ခြည်အောက်တွင် အချိန်အတော်ကြာကြာ ရပ်ထားခဲ့မယ်ဆို အကျိုးဆက်အနေနဲ့ကတော့ ခရမ်းလွန်ရောင်ခြည်ကြောင့် ကားအတွင်းခန်း Dashboard , Leather seat နှင့် အခြားသော အတွင်းခန်းအစိတ်အပိုင်းတွေကိုထိခိုက်ပျက်‌စီး‌ေစနိုင်ပါတယ်။

Dashboard တွေ အရောင်မှိန် ကွဲအက် Leather seat ဆိုရင်လဲ အစိုဓာတ်လျော့ကျပြီး ခြောက်သွေ့အက်ကွဲ ပတ်ကြားအက်သွားစေပါတယ်။

Green house effect လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ ကားအရှေ့မှန်ကြီးကနေတစ်ဆင့် ဝင်ရောက်ပြီး အပူချိန်ဟာ ကားအတွင်းခန်းမှာပိတ်မိနေပြီး ပြန်မထွက်နိုင်ပဲ တဖြည်းဖြည်းအပူချိန်မြင့်လာခြင်းကိုခေါ်ပါတယ်။ထိုကဲ့သို့အချိန်တော်တော်ကြာ ရပ်နားထားပြီး ပိတ်မိနေတဲ့အပူချိန်ဟာ 145 Degree Fahrenheit အထိရောက်ရှိသွားတဲ့အခါ ကားdashboard အောက် electrical system ကိုပါ ထိခိုက်ပျက်စီးစေပြီး ကုန်ကျစရိတ်တွေပိုမိုကုန်ကျသွားနိုင်ပါတယ်ခင်ဗျ။

နွေရာသီ သို့ ပူပြင်းတဲ့အချိန်အခါမျိုးမှာ နေရောင်အောက်တွင် အချိန်တော်တော်ကြာရပ်နားထားခြင်းမျိုးကို ရှောင်ကြဉ် သင့်ပြီး တတ်နိုင်ရင် အရိပ်ထဲမှာရပ်စေလိုပါတယ်။

အကယ်၍များရပ်ဖို့အဆင်မပြေခဲ့ရင်တော့ မိမိတို့ ကားမှန်ကြီးကိုUV အကာအကွယ်ကောင်းကောင်းတစ်ခုဖြင့် ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။

အခုရောင်းပေးချင်တာလေးကလဲ ဈေးနူန်းသင့်တင်ပြီး Quality မြင့်မားတဲ့ ရေစိုခံ အပူခံ Aluminium UV အကာအကွယ်လေးဖြစ်ပါတယ်။

အလွှာပေါင်း ( 5)ထပ်ဖြင့်ပြုလုပ်ထားတဲ့ Aluminumအထူသားဖြစ်ပါတယ်။

Size မှာလဲ ကြီးမားပြီး မည်သည့်ကားအမျိုးအစားအတွက် ကိုမဆို အရှေ့မှန်ကြီးကို အပြည့်ကာကွယ်ပေးနိုင်တဲ့ size ဖြစ်ပြီး သံလိုက်4ခုနဲ့ ကားဘောနပ်ကိုပါ ကပ်ထားနိုင်ပြီး လွယ်လွယ်ဖြုပ်ယူလို့မရအောင် အပေါ်ပိုင်းနှစ်ဖက်ကို ကားတံခါးကြားထဲ ထည့်ညှပ်ဖိပိတ် ထားနိုင်တ‌ဲ့အတွက် အရမ်းအဆင်ပြေပါတယ်။

ဈေးနူန်း 14500 kyats ဖြစ်ပြီး ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေရှင်းစနစ်ဖြင့် Delivery service ဖြင့် အိမ်အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျာ။

Facebook messenger သို့ Phone number 09791855966 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။

08/03/2021

မီးလုံးကြည်အောင်ဆေးနိုင်တဲ့ Box ပါ။

ဆေးရည်ကုန်လျှင် ထပ်ဝယ်ပြ‌ီးသုံးနိုင်ပါတယ် ။

ဆေးရည်တစ်ဗူးကို ကား 10 စီးစာမီးခွက်20 ခုအထိကြည်ပေးအာင်လုပ်ပေးနိုင်ပါတယ်။

Box နဲ့ဖြစ်လို့သိမ်းထားပြီးသုံးလိုအဆင်ပြေသလို့ ကားမီးခွတ်ဆေးဆိုင်ပါလုပ်ပြီး service ပေးလို့ရပါသေးတယ်။

ဈေူနုန်း One Box 65000MMK ဆေးရည်တစ်ဗူးပါ။

Photos from Loyal Auto Clinic's post 08/03/2021

Qulity အရမ်းကောင်းတဲ့ nano coating အမျိုးအစားဖြစ်ပြီး အတွင်းခန်း အိုမင်းရင့်ရော်မူတွေကိုကာကွယ်ပေးပါတယ်။

260 ml တစ်ဗူးကို
ဈေးနုန်း 12500mmk။

မှာယူလိုပါက အိမ်အရောက်ပို့ဆောင်ပေးပါတယ်။

Photos from Loyal Auto Clinic's post 07/03/2021

Clay bar လေးတွေရပါပြီ။
တစ်တုံး 5000ကျပ်ပါ။

ဘယ်မှာအသုံးများလဲဆိုတော့ ကားရေဆေးနေတဲ့အချိန် body paint ကို မှန်အောင် မမြင်ရတဲ့အညစ်အကြေးတွေကို ပြောင်အောင်ပြုလုပ်ပေးပါတယ်။

အရှေ့မှန်ကြီး ကိုလဲ မှန်ကြည်ဆေးပွတ်တိုက်ပြီး သန့်စင်တဲ့နေရာမှာသံုးလို့ရပါတယ်။

ဆပ်ပြာနဲ့ ကားရေတဲ့အချိန် ပွတ်ခိုင်းရင် ကားဆေးသားကိုမှန်စေပြီး တောက်ပြောင်လင်းလက်စေပါတယ်။

မှာယူလိုပါက အိမ်အရောက် ပို့ဆောင်ပေးပါတယ်။Phone.. 09791855966.

Photos from Loyal Auto Clinic's post 26/01/2021

နေရောင်ခြည်ဒဏ်ကြောင့် လူကြီးမင်းတို့ ကား ဆေး ဘော်ဒီ အတွင်းခန်း အရောင်မှိန် ဟောင်းမသွားဖို့ တစ်စီးလုံးခြုံထားမယ်ဆိုလဲ အဆင်ပြေပါတယ်။

လေ‌ာလောဆယ်size မည်သည့် saloon ကား သို့ Hatchback ကားမဆို တပ်ဆင်ဖို့ ဝယ်ယူလို့ရနေပါပြီ။

အရောင် ငွေရောင် ပြောက်ကြားရောင် အနက်ရောင် ရနိုင်ပါတယ်။

Oxford + material အသား
6လွှာထူတဲ့အသားထက် ပိုထူပါတယ်။
ရေစိုခံ မိုးစိုခံ နေပူခံ ပွန်းရာ ဆင်းရာခံနိုင်ပြီး Qulity အထူးကောင်းမွန်ပါတယ်

တစ်စီးလုံးစာကို 35000 ကျပ်ဖြင့် မှာယူနိုင်ပါတယ်။

မှာယူလိုပါက အိမ်အရောက် delivery service ဖြင့် မြန်မာနိုင်ငံတစ်ဝန်းပို့ဆောင်ပေးနေပါပြီ။

Phone 09791855966

20/01/2021

TPMS(Tyre Pressure Monitor System) နှစ်မျိုးရနိုင်ပါတယ်.

ပထမ တစ်မျိုးက ဂွေထဲမှာ ထည့်မြုပ်တဲ့ပုံစံ

ဒုတိယ တစ်မျိုးက ဘီးဖုံးမှာ ဖြုပ်မရအောင်တပ်ထားတဲ့ ပုံစံ

ပုံစံနှစ်မျိုးကို 40000ကျပ်/35000ကျပ်နဲ့မှာယူလို့ရနိုင်ပါပြီ။

တာယာလေပေါင်ကို အမြဲပြသပေးတဲ့စနစ်ပါ။

လေပေါင်နည်းနည်း များများ ပြပေးပါတယ် တာယာအပူချိန်ပါ ပြပေးပါတယ် လေပေါင်ကိုလဲ Bar PSI နဲ့ လိုသလိုပြပေးနိုင်ပြီး solar system နဲ့ အားပြန်သွင်း နိုင်တဲ့အတွက် ကားdashboard ပေါ်တင်ထားရုံ လှည့်ကြည့်စရာမလိုအောင် အားပြန်ပြည့်ပါတယ်။

လေပေါင် လျော့လို့ ဆီစားမှာ သိရမယ်
လေပေါင်တက်ပြီး အပူချိန်များလို့ တာယာကွဲမှာ ပူစရာမလိုပါဘူး

ပထမအမျိုးအစားကတော့ ပိုမိုအကြမ်းခံ ပါတယ် အာမခံ 6လအနည်းဆုံပေးနိုင်ပြီး လေမရှိပဲ လိမ့်မောင်းသွားတာတောင် sensor ကမပျက်စီးပါဘူး။

ဒုတိယအမျိုးအစားကတော့ တပ်ဆင်ရလွယ်ကူ ကုန်ကျစရိတ်သက်သာပေမဲ့ လက်ကမြင်းကြော ဖြုတ်ခိုးတတ်သူတွေနဲ့တွေရင်တော့ တစ်လုံးပျောက်ရင် တစ်စုံပြန်ဝယ်ရမှာပါ။

ကြိုက်တာရွှေးချယ်ဝယ်ယူနိုင်ပါတယ်ဗျ။

Photos from Loyal Auto Clinic's post 20/01/2021

Brand new ကားနဲ့ ကားတော်တော်များအတွက် floor mat design မျိုးစုံမှာယူလို့ရနိုင်ပါတယ်ခင်ဗျာ🙏

16/01/2021

Best Qulity Selling.

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11062