Jenovia
Mostly Food Vlogs in a Hint of Lifestyle with Rarely Hobbies!
သူများဆိုင်တွေပဲ ပတ်စားပြီး ဘာမှမချက်တတ်ဖူးထင်မှာစိုးလို့ Skill နည်းနည်းပြလိုက်ပြီ။ ငါးပိထောင်းနဲ့ ပူပူစပ်စပ်လေး ကြော်စားလို့ကောင်းတဲ့ အင်ဒိုနီးရှား Nasi Goreng ထမင်းကြော် 😋
Follow for more Jenovia's cooking! 🍳
Pie မုန့်လေးတွေနဲ့ Specialty ကော်ဖီကောင်းကောင်းလေးရတဲ့ ဘဲခေါင်းပန်းရောင်ကဖေး။ ဒီဆိုင်လေးက Tourist တွေသဘောကျတဲ့ဆိုင်လေးဖြစ်ပြီး Pet Friendly လည်းဖြစ်ပါတယ်။ ကြုံရင်သွားကြည့်နော်။
Follow for more review 🥧
Food Vlogger အများစုရဲ့ Intro က ဟင်းပွဲပုံ၊ အရည်ဟင်းဆမ်းနေပုံ၊ ငါးပိရည်နယ်ဖတ်နေပုံတွေကို ပြထားချိန်မှာပဲ Voiceover နဲ့ "ကျွန်တော်ဒီနေ့စားပြမှာကတော့ အီဆိမ့်နေအောင်ကောင်းတဲ့ သုံးထပ်သားကင်ကို တညင်းသီးမီးဖုတ်၊ တို့စရာအတို့အမြှုပ်တို့နဲ့ ထမင်းမြိန်မြိန်စားပြမှာပဲ ဖြစ်ပါတယ်" လို့ ပြောတာမြင်ရပါလိမ့်မယ်။
အဲ့တာက ငါဒါကိုစားပြတော့မှာ။ အဲ့တာတွေကို စားချင်လာအောင် နောက်ခံ Voiceover က စာစီပြီးပြောနေတာပဲ ဖြစ်ပါတယ်။ အပျော်တမ်း Vlogger တွေက ဆိုင်တစ်ဆိုင်သွားရင် ဆိုင်ကိုသွားနေတာက စပြတယ်။ အဲ့တာဆို ဘယ်သူမှစိတ်မဝင်စားတော့ဖူး။ ဒါက Video View တက်ချင်ရင်ပြောတာပါ။
Platform မတူရင် Intro တွေမတူအောင် လုပ်ရတယ်။ YT မှာလည်း Intro ကို ဂရုစိုက်ရတယ်။ စလာတာနဲ့ B-Roll တန်းပြပြီး Voiceover လုပ်တာက အခြေခံသဘောပါ။ ဒါကို Elevate လုပ်ဖို့ Loaction တွေ၊ Visual တွေ၊ ပြောမယ့်စကားတွေ စဉ်းစားရတယ်။
၃ စက္ကန့်အတွင်း အုန်းဒိုင်းလုပ်ပြတိုင်း View မရဖူး။ Creator တစ်ဦးစီရဲ့ Flow အပေါ်လည်း မူတည်ပါသေးတယ်။ YT မှာ တကယ်အရေးကြီးတဲ့အချက်က Thumbnail ပါ။ Ai ဆန်လွန်းတာ၊ အစားအသောက်တွေ ပြုံထည့်ပြီး လူကိုမဖြစ်မနေလျောက်ထည့်ပြီး Mess တစ်ခုလို ရှုပ်ပွနေတာတွေ၊ Easter Egg လေးတွေ မထည့်တာ၊ နေရာအထားအသိုမချတတ်တာတွေက Internationally သွားဖို့ ပိုခက်ပါတယ်။
Jenovia တို့လည်း စမ်းတဝါးဝါးပဲရှိပါသေးတယ်။ Thumbnail တွေလည်း ၃ ခုလောက်လုပ်ရတယ်။ ဗီဒီယိုတစ်ပုဒ်အတွက်ပေါ့။ ကိုယ်ကြိုက်ပေမယ့် Viewer မကြိုက်ဖူး။ ကိုယ်မကြိုက်ပေမယ့် Viewer ကြိုက်တာမျိုးလည်းရှိတတ်တယ်။ ဒါက YT Heavyweight ကြီးတွေကအစ ဖြစ်နေကျပါ။ ဒါကတော့ ညနေတင်မယ့် Video ရဲ့ Intro ပါ။ FB မှာ အဲ့ Intro ဖြုတ်ရတယ်။ ဘယ်သူမှမကြည့်လို့ -_-
ဒီနောက်ပိုင်း Bistro ဆိုင်တွေ ခေတ်စားလာတယ်။ ပုံမှန်ဆိုင်မက၊ Fine Dining မကျပေါ့။ သာမန်ရိုးရိုးစားသောက်ဆိုင်ထက် ပိုကောင်းတဲ့အရသာ၊ အပြင်အဆင်၊ ဝန်ဆောင်မှုတွေရပြီး Fine Dining လိုလည်း ပါပြောင် မဖြစ်ဖူး။ ဒါမဲ့ဈေးတန်းတစ်ခုတော့ ရှိတယ်။ Review လေးလုပ်ပြီး ပြောပြပေးလိုက်တယ်နော်။
📍Shwe Sa Bwe
Follow for more! 🥗
တစ်ဦးစေတနာ တစ်ဦးမေတ္တာတဲ့။ ဆိုင်လေးက စားကောင်းတယ်ကြားလို့ Video ရိုက်ပေးတာ ဟင်းပွဲဖိုးတွေလျှော့ယူပေးတယ်။ အတင်းပေးတာတောင် မရဖူး။ မာလာဟင်းအရသာကောင်းတယ်။ မာလာငါးပေါင်းတို့၊ မာလာအေးသုပ်တို့လည်း အကြိုက်တွေ့ခဲ့တယ်။
Follow for more reviews 😋
01/06/2026
Jenovia တစ်ယောက် အာကာသထဲရောက်သွားစေတဲ့ Compliment!
Food Review မှာ သဘာဝကျအောင်တမင်လုပ်ထားတာတွေ ရှိတယ်။ ကိုယ်က Chef မဟုတ်တာကြောင့်ရော၊ Kitchen ထဲဝင်ရိုက်ပြနေတာမဟုတ်တာကြောင့်ရော ထည့်လိုက်တဲ့ Spice ဘယ်နှမျိုးတန်းမပြောနိုင်ပေမယ့် အလွယ်တကူမေးလိုက်လို့ရပါတယ်။ အရမ်းထူးခြားနေတာလေး ခံစားမိတယ်ဆိုရင်တော့ မေးလိုက်တယ်။
ဒီနေရာမှာ Review ပေးမယ့်သူက စားသုံးသူ POV ဖြစ်ရမယ်လို့ပဲ ခံယူထားလိုက်တာပါ။ ကြည့်နေတဲ့သူတွေက စားသုံးသူတွေကိုး။ ဒါကြောင့် စားသုံးသူတစ်ယောက်က ကြည့်နေတဲ့ စားသုံးသူတွေကို စားသုံးသူတစ်ယောက်အနေနဲ့ ဘယ်လောက်ထိ အရသာကို အနီးစပ်ဆုံး Review ပေးနိုင်မလဲက ပို Excited ဖြစ်ဖို့ကောင်းတယ် မြင်လို့ပါ 😬
ဆိုင်ရှင် or Chef ဘက်ကကြည့်မယ်ဆိုလည်း သူစဉ်းစားထားတာနဲ့ ကိုယ်ပြောတာလွဲသွားရင်တောင် စားသုံးသူဘက်က ဒီလိုအမြင်ရှိနိုင်ပါလားဆိုပြီး သူ့အတွက် Feedback ပြန်ရတော့ စဉ်းစားစရာလေးရသွားတာပေါ့။
ဒီတော့ အမှားလေးတွေရှိတယ်။ ဒါကိုက Perfect Imperfection ပါ။ အကုန်သိနေရင် ဘယ်ဟုတ်တော့မလဲ 🥲
အခု Comment ကြီးက ပေါက်စနအကောင်လေးကို ဂုတ်ကဆွဲပြီး အာကာသထဲပစ်တင်လိုက်သလိုပဲ။ တကယ်က ကိုယ်က ဘာမှမသိဖူး။ ဒါမဲ့ ချီးကျူးတော့လည်း ဟုတ်သလိုလိုနဲ့ ငြိမ်နေလိုက်တာပေါ့နော်။
ကြုံတုန်းပြောချင်တာရှိတယ်။ မြန်မာကို နောက်ထပ် YouTuber တစ်ဦးလာဖို့ရှိပါတယ်။ ပြီးတော့ တခြား သူလိုကိုယ်လို YouTuber တွေနဲ့လည်း အလုပ်လုပ်ဖို့ရှိတယ်။ ဒါ့အပြင် Viewer ထဲက စိတ်ဝင်စားသူတွေကိုလည်း နောက်ပိုင်း အတွေ့အကြုံရအောင် ဆွဲခေါ်သွားချင်တယ်။ မြန်မာအစားအစာတွေကို World Culinary Map ပေါ်ဆွဲတင်နေတဲ့ ပြည်တွင်းပြည်ပ ဘယ်သူ့ကိုမဆို လေးစားပါတယ်ရှင်။ တစ်ခါတလေတော့ ခံစားချက်လေးတွေ မျှဝေပေးတဲ့အနေနဲ့ စာရေးကြည့်တာပါ 🤓
လူတွေဘာတွေတန်းစီစောင့်ရတဲ့ဆိုင်က မြန်မာမှာ သိပ်မရှိဖူး။ Trend ဖြစ်ပြီး တကယ်လည်း ကောင်းတယ်ပြောနေကြတဲ့ ရန်ကုန်ရဲ့ Matcha အကောင်းဆုံးဆိုင်တစ်ဆိုင်ဆီ ချီတက်ပြီး Review ခဲ့ပါတယ်။
📍KooRi
Follow for more reviews 🍵
29/05/2026
စားသောက်ဆိုင် Review ပေးတာ ကောင်းတဲ့အပိုင်း၊ လိုအပ်တဲ့အပိုင်း သေချာပြောပြနိုင်ဖို့ လိုပါတယ်။ တချို့ Bad Review တွေဆို Group တွေမှာ တော်တော်ဆိုးဆိုးမြင်ဖူးကြမယ်။ Jenovia က အဲ့ထက်ပိုပြောတတ်ပေမယ့် အဲ့လို နစ်နစ်နာနာပြောတဲ့ပုံစံမသွားဖူး။ ပြောရရင် လုံးဝမကောင်းဖူးဆို အချိန်ပေးပြီး Vlog မလုပ်ဖူး။
တချို့ဆိုင်ကြီးတွေတောင် ပိုးဟပ်မြင်တယ်။ အမွေးအမှင် တွေ့တယ်။ ဆိုင်ခွဲများပြီး လက်ရာမမှန်တတ်ဖူး။ သန့်ရှင်းမှု အားနည်းတယ်။ ဒါတွေ သူ့အရပ်နဲ့သူ့ဇာတ်ဆိုတော့ ထည့်ကိုမပြောတော့ဖူး။ GP တွေမှာလည်း မြင်ကြမှာပါ။ ပြီးတော့လည်း Jenovia တို့ ဒီဆိုင်တွေပဲ စားဖြစ်နေရတာပဲ။ ရာနှုန်းပြည့်ကောင်းတဲ့ဆိုင်မှ Review ရမယ်ဆို လုပ်စရာများများစားစားမရှိတော့ဖူး။
လိုအပ်ချက်နည်းနည်းလေး ပြင်လိုက်လို့ Potential ကောင်းနိုင်တယ်ဆို Feedback ပေးပါတယ်။ ဆိုင်ရှင်တွေအနေနဲ့ ကိုယ့်ဆိုင်က ဘာလိုတယ်ဆိုတာ အပြုသဘော Feedback တွေသိတော့မှ ပိုကောင်းမွန်တဲ့ Experience ပေးနိုင်မှာပါ။ သက်သက်ကြီး ထိုးချတဲ့ Bad Review တွေတော့ ထည့်တွက်ဖို့မလိုဖူးပေါ့။
ဥပမာ- ဆိုင်က ဝန်ထမ်းတွေက ကိိုယ်မှာတဲ့အတိုင်း သေချာလုပ်ရဲ့လား၊ Service ကောင်းကောင်းပေးကြရဲ့လား၊ Kitchen မှာ တစ်ယောက်လောက်က Mess up လုပ်ရင် Customer တစ်ယောက်အတွက် Overall Dining Experience က ဆိုးသွားနိုင်တယ်။ အကြော်က မကြွပ်ဖူးဆို မဟုတ်တော့ဖူး။ ဒါတွေကို Management လုပ်ရတာ အရမ်းမလွယ်ပါဖူး။
ဒါကြောင့် Fair ဖြစ်တဲ့ Review ပေးနိုင်ဖို့ စဉ်းစားရပါတယ်။ Jenovia ရေ ပြောသာပြောဆိုပြီး မြှောက်ပေးတိုင်းလည်း ကိုယ်က Viewer သက်သက်မဟုတ်လို့ Comment လေးတစ်ကြောင်းနဲ့ ထင်တိုင်းကြဲလုပ်မရသလို ဆိုင်ဘက်ကိုလည်း မထိခိုက်စေတဲ့ Feedback ဖြစ်ဖို့ စဉ်းစားပြီးမှလုပ်ရတာပါ။
ဆိုင်ရဲ့Team ဘက်ကတောင် Feedback ကို ကြိုဆိုတဲ့ပုံစံမြင်ရပြီး ဒီလောက်လေးပြောတာမှ လက်မခံကြတဲ့သူတွေကိုတော့ Jenovia ရဲ့ Vlog တွေက သင့်အတွက် မဟုတ်ဖူးလို့ပဲ ပြောချင်ပါတယ်။
(Ps: ပုံထဲက Paid Reviews ပဲဲကြည့်ဆိုတာ ဥပမာအနေနဲ့ထည့်ပြောခြင်းဖြစ်ပါတယ်။ ကိုယ့် Business ကိုယ် Grinding လုပ်နေကြရုံမလို့ မည်သူ့ကိုမျှ မရည်ရွယ်ပါ။)
၆ ထပ်လုံး Vibe တစ်မျိုးစီနဲ့ အပြတ်ဖြုတ်ပြထားတယ်ဆိုတဲ့ ကော်ဖီဆိုင်ကို သွားခဲ့တယ်။ ဗီဒီယိုလေးကြည့်ပြီးရင် သွားသင့်၊ မသွားသင့် သိသွားမယ်ထင်ပါတယ် 🤔
Follow for more reviews 📸
ချစ်စရာပြင်သစ်ဆိုင်လေးမှာ ကြက်ကြော်ဘာဂါနဲ့အာလူးကြော်ကိုမှ ၁၅,၀၀၀ ကျပ်ပဲ ကျသင့်ပြီး ကော်ဖီတစ်ခွက် ထပ်မှာရင် အပူဆို ၃,၀၀၀ ပဲ ထပ်ပေးရမှာ။ တန်တန်လေးမလို့ စားစေချင်တဲ့စိတ်နဲ့ အချိန်မီပြောပြပေးလိုက်ပါတယ်။
📍Ô'Thentic Crêperie & Wine Bar
Follow for more reviews 🍝
Click here to claim your Sponsored Listing.
Category
Website
Address
Yangon