YMHK - Learning Center
(ဇလွန်လမ်းဝိုင်း)
24/01/2026
Objectives for Grade 12 2026 Matriculation Examination Chemistry
For Week (1) Practice
05/11/2025
2027 May June Chemistry အတွက်
Class အသစ်လေးပါ။
IGCSE O Level and Foundation students
For both CIE and Edexcel students
(Building chemistry foundation class)လေးမို့
အခြေခံက အစသင်ယူလိုသော တပည့်လေးများလည်း အဆင်ပြေနိုင်မယ့် သင်ကြားရေးမို့ Year 9 or Secondary 2 တက်ရောက်နေသော ကလေးများလည်း သင်ယူနိုင်ပါတယ်။
Waiting List ပေးထားတယ့်ကလေးတွေအတွက်
၃/၄လ စောင့်ဆိုင်းပေးလို့ အချိန်မရတယ့်ကြားက
ရှာထားရတယ့် အချိန်လေးမို့
တက်ရောက်ချင်သူများအတွက် အသိပေးကြေညာပေးတာလေးပါ ခင်ဗျ
သင်တန်းချိန်
Thursday 6-7:30pm
Saturday 5-6:30pm ပါခင်ဗျ
သင်တန်းကြေး
120000kyats per month
Class size
maximum 15 students
စောင့်ပေးနေတယ့် တပည့်လေးတွေအတွက် ဖွင့်ပေးတာမို့ ကျောင်းသား အရေအတွက် ပြည့်သည် ဖြစ်စေ မပြည့်သည်ဖြစ်စေ သင်တန်းစမှာလေးကိုလည်း အသိပေးပါတယ် ခင်ဗျ။
သင်တန်းစမည့်ရက်
၆/၁၁/၂၀၂၅ Thursday
အားလုံးကို ကျေးဇူးတင်ပါတယ်။
Student results လေးတွေကို ပုံလေးတွေမှာ ကြည့်နိုင်ပါတယ် ခင်ဗျ။
Link လေးများကနေလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒါကတော့ ကျွန်တော်ရဲ့ Chemistry Sharing Group telegram link လေးပါ ခင်ဗျ။
https://t.me/cietopicalpastpaperpractice
2025 May/June Edexcel Chemistry IGCSE O Level Results
https://www.facebook.com/share/p/1FfeMRfGxG/?mibextid=wwXIfr
2025 May June CIE Chemistry IGCSE O Level Results
https://www.facebook.com/share/p/1Er7xT4s7R/?mibextid=wwXIfr
2024 Oct/Nov Edexcel Chemistry IGCSE O Level results
https://www.facebook.com/share/p/171zdDUXSs/?mibextid=wwXIfr
2024 Oct/Nov CIE Chemistry IGCSE O Level Results
https://www.facebook.com/share/p/17VL4xFvt2/?mibextid=wwXIfr
2024 May/June Edexcel Chemistry IGCSE O Level results
https://www.facebook.com/share/p/1CcmBjsEKu/?mibextid=wwXIfr
2024 May/June CIE Chemistry IGCSE O Level results
https://www.facebook.com/share/p/17SBSP4vYf/?mibextid=wwXIfr
မြန်မာတစ်နိုင်ငံလုံး နဝမ အဆင့် ရန်ကုန်တစ်တိုင်းလုံး စတုတ္ထ အဆင့် ရရှိပါသော သမီး မခင်ပပကျော်ရဲ့ တွေ့ဆုံမေးမြန်းမှု အစီအစဥ်
27/07/2025
2024-2025 ပညာသင်နှစ်
YMHK Learning Center (ဇလွန်လမ်းဝိုင်း) ရဲ့
အမြဲတမ်းပထမ (နှစ်စဉ်ပထမဆု) ရရှိသူ
တပည့်လေး မခင်ပပကျော် သည် ဘာသာစုံဂုဏ်ထူးကို ရရှိသည့်အပြင် ရမှတ် ၅၃၉ မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး နဝမအဆင့် (The Whole Burma no. 9) ကို ရရှိခဲ့ပါသည်။
မခင်ပပကျော်သည် YMHK Learning Center ၏ သင်ကြားရေးအစီစဉ်များကို ဒသမတန်း Grade 10 မှ စတင်ကာ တစ်ရက်မှ ကျူရှင်မပျက်ဘဲ ကြိုးစားသင်ယူလေ့လာရင်း နှစ်စဉ်နှစ်တိုင်းမှာလည်း ကျူရှင်ရဲ့ ဆုပေးပွဲတိုင်းမှာ
ပထမဆုကို အမြဲရရုံသာမက YMHK Learing Center ရဲ့ Founder ရဲ့ Chemistry ဘာသာရပ်အတွက် ကျသင့်သောပညာကြေးကို တန်းစဉ်ကင်းလွတ်ခွင့် ရရှိခဲ့သော
ထူးချွန်တပည့်တစ်ဦးဖြစ်ပါသည်။
သင်တန်းရဲ့ ထူးချွန်ကျောင်းသူဖြစ်သည်နှင့်အညီ
Grade 12 တက္ကသိုလ်ဝင်တန်းမှာလည်း အ.ထ.က (၂) စမ်းချောင်းမှ ဆရာ၊ဆရာမနှင့် ဇလွန်လမ်းဝိုင်းမှ ဆရာ၊ဆရာမများရဲ့ သင်ကြားမှုဖြင့်သာ ပြင်ပမှ ထပ်ပိုးဖြည့်စွက်သင်ကြားရသော ဆရာ၊ဆရာမ သာမက Guide ပင် မခေါ်ဘဲ သင်တန်းရဲ့ အစီစဉ်တစ်ခုထဲဖြင့်သာ အလုံးစုံပြီးပြည့်စုံပြီး ဖော်ပြပါ ထူးချွန်သောရလဒ်ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ (မောင်ဟိန်းထက်အောင်သည်လည်း ထိုကဲ့သိုပင် ကျောင်းနှင့်သင်တန်းရဲ့ ပံ့ပိုးမှု ၂ခုတည်းဖြင့်သာ ထူးချွန်ခဲ့ကြခြင်းဖြစ်ပါသည်။)
ထို့အပြင် မခင်ပပကျော်သည်လည်း
မောင်ဟိန်းထက်အောင်ကဲ့သို့ပင် သင်တန်းရဲ့ ဂျူနီယာလေးများကို သင်ကြားရေးအတွက် ပံ့ပိုးဖြည့်စွက်ကူညီသင်ကြားပေးလျက်ရှိပါသည်။
ယခုလို ထူးချွန်သော ကျောင်းသူကို ပြုစုပျိုးထောင်စောင့်ရှောက်ပေးသော မိဘ၊အဒေါ်များနှင့် သင်ကြားရေးမှာ အကောင်းဆုံးအားစိုက်ကာ အပင်ပန်းခံ ဂရုစိုက်သင်ကြားပေးသော ဆရာ၊ဆရာမများကိုပါ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
27/07/2025
2024-2025 ပညာသင်နှစ်
YMHK Learning Center (ဇလွန်လမ်းဝိုင်း)မှ
ဘာသာစုံဂုဏ်ထူး All D ဖြင့် အောင်မြင်ခဲ့သော
တပည့်လေး မောင်ဟိန်းထက်အောင် (လူရည်ချွန် နှစ်ထပ်ကွမ်း) (၂၀၂၃-၂၀၂၄/၂၀၂၄-၂၀၂၅)
(အ.ထ.က (၄) အလုံ) အတွက် အထူးပင် ဂုဏ်ပြုဝမ်းမြောက်ကြောင်း နှင့် ယခုလက်ရှိတွင်လည်း
YMHK Learning Center တွင် သင်ကြားရေး trainer တစ်ဦး အဖြစ် ပါဝင်အားဖြည့်သင်ကြားပေးမှုအပေါ် အထူးပင်လှိုက်လဲစွာ ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ဤစာစုဖြင့်မှတ်တမ်းတင်အပ်ပါသည်။
(ဘက်စုံထူးချွန်သောကျောင်းသားတစ်ဦးအဖြစ် သင်တန်းရဲ့ ပွဲများစွာကိုလည်း ဦးဆောင်စီစဉ်မှုများတွင်လည်း အမြဲတက်ကြွစွာပါဝင်နေသူဖြစ်ပါသည်။ )
27/07/2025
2024-2025 ပညာသင်နှစ်အတွက်
Grdae 12 စနစ်သစ် တက္ကသိုလ်ဝင်တန်း
YMHK Learning Center(ဇလွန်ဝိုင်း) ၏
ကျောင်းသားကျောင်းသူများ အောင်မြင်မှုမှတ်တမ်း
ဂုဏ်ထူးရကျောင်းသား ၂၅ဦး နှင့် ရိုးရိုးအောင်မြင်သူ ၁၅ဦး
ကျရှူံးသူ၁ဦးရှိပါတယ်။
နှစ်အစမှ နှစ်အဆုံးတိုင် ယုံကြည်မှုအပြည့်နဲ့ လက်တွဲခဲ့ပြီး တွန်းအားတွေကြားက အခက်ခဲတွေကို အကောင်းဆုံး ကျော်ဖြတ်ကာ ဂုဏ်ထူးတွေရှားပါးပြီး ကောင်းမွန်ထူးချွန်တယ့်ရလဒ်များကို ရယူပေးခဲ့သော တပည့်လေးများအားလုံးအတွက်များစွာ ဝမ်းသာဂုဏ်ယူပါတယ်။
မျှော်လင့်ထားတယ့်ရလဒ်လေးတွေနဲ့ ကွာဟမှုရှိခဲ့သော
တပည့်လေးများအတွက်လည်း ဝမ်းနည်းခြင်း ထပ်တူဖြစ်ရပါတယ်။
ထို့အပြင် 2024-2025 ပညာသင်နှစ်ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြန်မာတစ်နိုင်ငံလုံး နဝမ အဆင့်ဖြင့်
(The Whole Burma Top 9) ကျောင်းသူတစ်ဦးကို
ဇလွန်လမ်း ကျူရှင်ဝိုင်းမှ မွေးထုတ်ပေးနိုင်ခြင်းကိုလည်း
အထူးပင် ဝမ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
သင်ကြားရေးကို အကောင်းဆုံး အားသွန်ခွန်စိုက် သင်ကြားပေးခဲ့ကြသော သင်ကြားရေး ဆရာ၊ဆရာမများ၊ သင်ကြားရေးအကူဆရာ၊ဆရာမများနှင့် ကလေးများကို အဖက်ဖက်မှ ပံ့ပိုးကူညီပေးသော မိဘများကိုလည်း အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ဇလွန်လမ်းဝိုင်း All D နှစ်ယောက်ပါ
ရလဒ်များ ထပ်မံကြေညာပါဦးမည်။
ပညာရေး အလှူလေးလည်း ဖြစ်အောင်
G-12 ကျောင်းသားကျောင်းသူတွေ အတွက်
Chemistry Weekly Practice လေးလည်း လုပ်လို့ရအောင်
ကျွန်တော် telegram channel လေးတစ်ခု တည်ဆောက်ထားပါမယ်။
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ လက်စွဲတော် တပည့်ကျော်များနဲ့ ပူးပေါင်းစီစဉ်မှုလေးပါ။
အစကတော့ ကျွန်တော့် သင်တန်းသားများအတွက် သုံးမလို့ပေမယ့် အားလုံးအတွက်လည်း အကျိုးရှိမယ် ထင်လို့ ကျွန်တော် ဝေငှခွင့်ပြုပါ ခင်ဗျ။
ကျွန်တော့် သင်တန်းကျောင်းမှာလည်း စစ်ဆေးတယ့် မေးခွန်းငယ် Mini test လေးတွေဖြစ်ပါတယ်။
ဝေဖန်အကြံပြုရင်း အတူတူ လိုက်ပါ ကြိုးစားဖိတ်
ဆရာ၊ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများကိုပါ ဖိတ်ခေါ်ပါတယ် ခင်ဗျ
Chemistry Weekly Practice You can view and join right away.
07/03/2025
၂၀၂၅ခုနှစ်အတွက် လူရည်ချွန်စာရင်းတွင်
ပါဝင်ခဲ့သော
Grade 12 section 1မှ မောင်ဟိန်းထက်အောင်
Grade 10 section 2မှ မကေဇင်သော် တို့ကို
ဝမ်းမြောက်စွာဂုဏ်ပြုအပ်ပါသည်။
ထို့အပြင် သင်တန်းကျောင်းမှ
မြန်မာစာ
အင်္ဂလိပ်စာ ဆရာ၂ဦးနှင့်
သင်္ချာ ဆရာမ၂ ဦးနှင့် ဆရာတို့ကိုလည်း
ကောင်းမွန်သော အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည် ခင်ဗျ။
26/11/2024
YMHK LEARNING CENTER
GRADE 10 ကျောင်းသားကျောင်းသူများ၏
ဆိုင်ရာ
💥ကလေးများ၏ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားယှဉ်ပြိုင်ကြထားသောပြိုင်ပွဲလေးဖြစ်ပါတယ်
❤️ မိမိနှစ်သက်သော poster လေးကို like or love react ဖြင့် အားပေးပေးသွားဖို့တိုက်တွန်းပါသည်။
29/10/2024
27/10/2024 တနင်္ဂနွေနေ့တွင်ကျင်းပခဲ့သော
YMHK Learning Center ၏
ဆရာကန်တော့ပွဲနှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနား
မှတ်တမ်းပုံရိပ်များ အပိုင်း (၁)
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Zalun Street
Yangon