Muscle Factory
Fitness Gym
03/01/2026
(၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့
ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သော (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
31/12/2025
Happy New Year 2026! 🎉
Muscle Factory ရဲ့ Members များ အားလုံး နှစ်သစ်မှ စလို့ စီးပွားလာဘ်လာဘများ တိုးတက်ပြီး ပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့ ပြည့်စုံကြစေကြောင်း Muscle Factory Team ကနေ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ 😊🙏🏻
#ပျော်ရွှင်စရာနှစ်သစ်
28/12/2025
၂၀၂၆ မှာ အလှဆုံးဖြစ်နေဖို့
သင်ကိုယ်တိုင် ထုဆစ်လိုက်ပါ ♥️
အပြင်လောကမှာ ပန်းပုရုပ်တစ်ခုလှပဖို့ ပန်းပုဆရာ လိုအပ်ပေမယ့်... သင့်ဘဝနဲ့ သင့်ခန္ဓာကိုယ်လှပဖို့အတွက်တော့ "သင်ကိုယ်တိုင်ကသာ ပန်းပုဆရာပါ"။
ပုံထဲကအတိုင်းပါပဲ... ကျွန်တော်တို့အားလုံးမှာ မလိုအပ်တဲ့ အဆီပိုတွေ၊ ပျင်းရိမှုတွေဆိုတဲ့ ကျောက်တုံးကြီးတွေ ဖုံးလွှမ်းနေတတ်ပါတယ်။ ဒါပေမဲ့ အဲဒီကျောက်တုံးကြီးရဲ့ အတွင်းထဲမှာတော့ ကျစ်လစ်သန်မာတဲ့ ကြွက်သားတွေနဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ "သင်" ဆိုတဲ့ ပုံရိပ်စစ်က အသင့်ရှိနေပြီးသားပါ။
အဲဒီပုံရိပ်စစ် ထွက်ပေါ်လာဖို့ဆိုရင်...
ဇွဲ ဆိုတဲ့ တူနဲ့ ထုရပါမယ်။
ဝီရိယ ဆိုတဲ့ ဆောက်နဲ့ ဖြတ်ရပါမယ်။
Muscle Factory ဆိုတဲ့ Fitness ပတ်ဝန်းကျင်မှာ နေ့စဉ် လေ့ကျင့်ပေးရပါမယ်။
၂၀၂၆ ခုနှစ်ဟာ သင့်အတွက်တော့ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေမယ့်နှစ် ဖြစ်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက် "မနက်ဖြန်" ကို စောင့်မနေပါနဲ့။ "ထိထိရောက်ရောက် ပြောင်းလဲပေးမဲ့ Muscle Factory" မှာ သင့်ရဲ့ အနာဂတ်ခန္ဓာကိုယ်ကို ဒီနေ့ပဲ စတင်ပုံဖော်လိုက်တာ အသေချာဆုံးဖြစ်ပါလိမ့်မယ်။
ဒါ့ကြောင့် ၂၀၂၆ မှာ ပြောင်းလဲမှုအသစ်တွေနဲ့ စတင်ဖို့ အခုပဲ Muscle Factory နဲ့အတူ ပုံဖော်လိုက်ကြပါစို့…
50% အထိ အထူးလျော့စျေးနဲ့ ဆော့ကစားနိုင်မဲ့ GYM Membership နဲ့ ပတ်သက်ပြီး အသေးစိတ်ကို
☎️ 09755223966 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠 အမှတ် (707) မြေညီထပ်၊ ကမ္မဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
25/12/2025
၂၀၂၆ တစ်နှစ်လုံးစာကို 50% အထိလျော့စျေးရရှိမဲ့
New Year Promotion ကြီးလာပါပြီ 🎉
လာမဲ့ ၂၀၂၆ ကို ခန္ဓာကိုယ်အမိုက်စားနဲ့ စတင်ဖို့ ပြင်ဆင်ပြီးပြီလား? လူတွေ မမှတ်မိလောက်အောင် ပြောင်းလဲသွားဖို့အတွက် Muscle Factory ရဲ့ Member အသစ်ရော၊ အဟောင်းတွေအတွက်ပါ ပါဝင်လို့ရမဲ့ နှစ်သစ်ကူး ၅၀% လျော့စျေးအထိရရှိမဲ့ ပရိုမိုးရှင်းကြီးပြီးဆုံးဖို့အတွက် ရက်ပိုင်းပဲလိုပါတော့တယ်။
ဒီပရိုမိုးရှင်းမှာဆိုရင်တော့…
👉 Member အဟောင်းတွေအတွက်
✅ ၁ လစာအပ် 10% OFF
✅ ၃ လစာအပ် 25% OFF
✅ ၆ လစာအပ် 35% OFF နဲ့
🔥 ၁ နှစ်စာအထိအပ်မယ်ဆိုရင် အထူးလျော့စျေး 50% OFF အထိပါရရှိမှာပဲဖြစ်ပါတယ်။
၃ လစာနှင့်အထက် အပ်နှံသူတိုင်းအတွက်...
✅ Muscle Factory အမှတ်တံဆိပ်ပါ ရေဘူးနဲ့
✅ Towel (မျက်နှာသုတ်ပဝါ) ပါ လက်ဆောင်ရရှိမှာဖြစ်ပါတယ်။
👉 Member အသစ်တွေအတွက်
✅ ၁ လစာ စတင်အပ်နှံလျှင် - အထူးလက်ဆောင် ၁ ခု 🎁
✅ ၃ လစာ အပ်နှံလျှင် - 25% OFF + ရေဗူး & Towel လက်ဆောင် 🎁
✅ ၆ လစာ အပ်နှံလျှင် - 35% OFF + ရေဗူး & Towel လက်ဆောင် 🎁
🔥 ၁ နှစ်စာ အပ်နှံလျှင် - 50% OFF (တစ်ဝက်တိတိ လျှော့စျေး!)
ကဲ ဒီလိုအခွင့်အရေးတွေ အများကြီးရရှိနိုင်တဲ့ နှစ်သစ်ကူး ပရိုမိုးရှင်းကို အချိန်မီလေး အပ်နှံဖို့လည်း တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
(၁) နှစ်လုံးစာကို (၅၀)% အထိတောင် စျေးသက်သာစွာနဲ့ ဆော့ကစားနိုင်မဲ့ GYM မျိုးကို ရှာနေတယ်ဆိုရင်တော့ အခုပဲ Hello လုပ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ဗျို့…
သတိပြုရန် : လက်ဆောင်ပစ္စည်းတွေက Limited Stock ဖြစ်လို့ မြန်မြန်အပ်မှ စိတ်ချရပါမယ်နော်
🗓️ ပရိုမိုးရှင်းကာလ - ဇန်နဝါရီ (၁၀) အထိသာ
အသေးစိတ်ကို
☎️ 09755223966 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠 အမှတ် (707) မြေညီထပ်၊ ကမ္မဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
19/12/2025
GYM ကစားသူတိုင်းသိထားသင့်တဲ့
နှစ်ခြိုက်စွာ အိပ်စက်ခြင်းရဲ့ အရေးပါပုံ 😴
Muscle Factory Member များနဲ့ Fitness ချစ်သူများအားလုံးအတွက် လေ့ကျင့်ခန်းနဲ့ အစားအသောက်ပြီးရင် တတိယအရေးအကြီးဆုံးအရာ ဖြစ်တဲ့ "အိပ်စက်ခြင်း" ရဲ့ အရေးပါပုံကို ဒီနေ့ Knowledge Sharing အနေနဲ့ ပြောပြပေးချင်ပါတယ်။
လေ့ကျင့်ခန်းကို သေချာလုပ်ပြီး၊ အစားအသောက်ကို ဂရုစိုက်ပေမယ့် အိပ်ရေးပျက်နေရင် သင့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အရာမထင်ဘဲ ဖြစ်သွားနိုင်ပါတယ်။
၁။ Gym ကစားသူတွေအတွက် အိပ်စက်ခြင်း ဘယ်လောက်အရေးကြီးလဲ?
အိပ်စက်ခြင်းဟာ ကြွက်သားတည်ဆောက်မှု (Muscle Building) အတွက် အနားယူခြင်း (Recovery) ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုပါ။
ကြွက်သား ပြန်လည်တည်ဆောက်ခြင်း (Muscle Repair): Gym မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားမျှင်တွေ ပျက်စီးသွားပါတယ်။ အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြန်လည်တည်ဆောက်ပြီး ပိုမိုကြီးမားသန်မာအောင် လုပ်ဆောင်ပေးပါတယ်။
ဟော်မုန်း ထုတ်လုပ်ခြင်း: အိပ်စက်တဲ့အချိန်မှာ Growth Hormone (ကြီးထွားဟော်မုန်း) ကို အများဆုံး ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားတည်ဆောက်ဖို့နဲ့ ကိုယ်ခန္ဓာမှ အဆီတွေကို လောင်ကျွမ်းဖို့ အဓိက ကျပါတယ်။
၂။ အိပ်ရေးပျက်ခြင်းက ကြွက်သားတည်ဆောက်မှုကို ဘယ်လို ထိခိုက်စေလဲ?
အိပ်ရေးမဝရင် လိုချင်တဲ့ Body Goal ကိုရောက်ဖို့က ပိုခက်ခဲသွားပါလိမ့်မယ်။
❌ Testosterone ကျဆင်းခြင်း: ကြွက်သားတည်ဆောက်မှုအတွက် အရေးပါတဲ့ Testosterone ဟော်မုန်းပမာဏကို သိသိသာသာ လျော့ကျစေပါတယ်။
⬆️ Cortisol မြင့်တက်ခြင်း: စိတ်ဖိစီးမှုဟော်မုန်း (Cortisol) မြင့်တက်လာပြီး ဒီဟော်မုန်းက ကြွက်သားတွေကို ပြန်လည်ချေဖျက် စေနိုင်တဲ့အပြင် ခန္ဓာကိုယ်မှာ အဆီပိုစုလာအောင် တွန်းအားပေးပါတယ်။
🤕 လေ့ကျင့်ခန်းစွမ်းဆောင်ရည် ကျဆင်းခြင်း: အိပ်ရေးပျက်ရင် Gym မှာ အားပြည့်ပြည့် မကစားနိုင်တော့ဘဲ Weight တွေမနိုင်ခြင်း၊ ခြေလက်မသယ်ချင်ခြင်း၊ ထိခိုက်ဒဏ်ရာရနိုင်ခြေ မြင့်တက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါဆို အိပ်ရေးဖို့အတွက် ဘယ်လိုလုပ်ဆောင်ရမလဲ?
✅ အိပ်ရေးဝဖို့အတွက်ဆို နေ့စဥ်ပုံမှန်အိပ်ချိန်ကို သတ်မှတ်ထားပါ။ ဥပမာ ည (၁၀) နာရီထိုးရင်အိပ်ရာထဲဝင်ပြီး အိပ်လိုက်တာမျိုးပေါ့။
✅ အိပ်ရာမဝင်မီ စိတ်ကို အနားပေးပါ။ ဥပမာ တရားထိုင်တာတို့၊ စာဖတ်တာ၊ ရေနွေးနဲ့ရေချိုးတာတို့ကို လုပ်လို့ရပါတယ်။
❌ ကော်ဖီနဲ့လက်ဖက်ရည်တို့ကိုရှောင်ပါ။
❌ Phone Screen ကို လျော့ချပါ။ (ဖြစ်နိုင်လျှင် အိပ်ရာဝင်ခါနီး အနည်းဆုံး နာရီဝက် ဖုန်းမသုံးတာအကောင်းဆုံးပါ)
❌ စိတ်ဖိစီးစရာဖြစ်စေတဲ့ အတွေးတွေကို မတွေးပါနဲ့။
❌ အိပ်ခါနီးအချိန် အစားအလွန်အကျွံစားတာတွေလည်း ရှောင်ရှားသင့်ပါတယ်။
အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တာကတော့ Gym ကနေ ပေးတဲ့ ခွန်အား ၅၀%၊ အစားအသောက်က ၃၀%၊ ကျန်တဲ့ ၂၀% က အိပ်စက်ခြင်း ကနေလာပါတယ်။ ဒီ ၃ ချက်မျှတမှသာ အကောင်းဆုံး ရလဒ်ကို ပိုင်ဆိုင်မှာပါ။
ကဲ ဒီလောက်ဆို အိပ်စက်ခြင်းက ကျွန်တော်တို့ရဲ့ Daily Workout မှာ ဘယ်လောက်ထိအရေးပါသလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်ခင်ဗျာ။
အားလုံးပဲ ကျန်းမာရေးကို လိုက်စားရင်းနဲ့ မိမိတို့ လိုချင်တဲ့ Body Goal တွေရပါစေလို့ ကျွန်တော်တို့ Muscle Factory ကနေ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။
GYM Membership နဲ့ ပတ်သက်ပြီး အသေးစိတ်ကို
☎️ 09755223966 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠 အမှတ် (707) မြေညီထပ်၊ ကမ္မဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
15/12/2025
၂၀၂၆ ကို ခွန်အားအသစ်တွေနဲ့ စတင်မဲ့
Member အသစ်တွေအတွက် 50% အထိရရှိမဲ့ အခွင့်အရေး…
ကုန်ဆုံးတောမဲ့ ၂၀၂၅ ကို တာတာ့ ဘိုင့်ဘိုင်လုပ်ပြီး၊ ၂၀၂၆ မှာ စိတ်သစ်လူသစ်၊ Body Style အသစ်တွေနဲ့ ပြောင်းလဲချင်တယ်ဆိုတဲ့ Member အသစ်တွေအတွက် ကျွန်တော်တို့ Muscle Factory ကနေ အထူးပရိုမိုးရှင်းတွေနဲ့ စောင့်ကြိုနေပါတယ် ခင်ဗျာ။
အခုမှ Gym စတင်ကစားချင်တယ်ဆိုတဲ့ ညီကိုတွေအတွက် Up to 50% အထိတောင် ရရှိနိုင်မဲ့ ဒီလို ပရိုမိုးရှင်းကြီးဟာ တစ်နှစ်မှာ တစ်ခါပဲရတာဖြစ်လို့ အချိန်မီတုန်းလေး ပါဝင်ဖို့ ပြောပြပေးပါရစေခင်ဗျာ။
Member အသစ်တွေအတွက် ၅၀% အထိ ရရှိမဲ့ ဒီလို Promotion မှာဆိုရင်…
အစောပိုင်း ၁ လ စတင်အပ်မယ်ဆိုရင်
Muscle Factory ရဲ့ အမှတ်တံဆိပ်ပါတဲ့ ရေဗူးလှလှလေးကို အရင်ဆုံးရရှိမှာဖြစ်ပါတယ်။
အကယ်၍ ၃ လစာနဲ့ အထက်အပ်မယ်ဆိုရင်တော့
✅ Muscle Factory အမှတ်တံဆိပ်ပါ ရေဘူးနဲ့
✅ Towel (မျက်နှာသုတ်ပဝါ) ပါ လက်ဆောင်အဖြစ် ပေးအပ်သွားမှာလည်းဖြစ်ပါတယ် ခင်ဗျာ။
၃ လစာအပ် 25% အထူးလျော့စျေး
၆ လစာအပ် 35% အထူးလျော့စျေးနဲ့
၁ နှစ်စာအထိအပ်မယ်ဆိုရင် အထူးလျော့စျေး 50% အထိပါရရှိမှာပဲဖြစ်ပါတယ်။
ဒါအပြင် Muscle Factory မှာ Gym စကစားပြီဆိုတာနဲ့ PT Program (၆) ကြိမ်ကလည်း အခမဲ့ပါဦးမှာပါ။
ဒါကြောင့် ဒီလိုအခွင့်အရေးတွေပါဝင်ပြီး စျေးနှုန်းသက်သက်သာသာနဲ့ ဆော့ကစားနိုင်မှာဖြစ်လို့ ညီကိုရောင်းရင်းတို့အတွက် အများကြီး တန်နေပါပြီဗျာ…
ဒါ့ကြောင့် နောက်ဆုံးပေါ် စက်ပစ္စည်းကိရိယာနဲ့ PT Program ကိုပါ ထပ်ဆောင်းရရှိနိုင်မဲ့ ဒီလို Promotion ကြီးကို အချိန်မလွန်ခင် အမြန်အပ်နှံလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ဗျို့…
🗓️ ပရိုမိုးရှင်းကာလ - ဒီဇင်ဘာ (၁၅) မှ ဇန်နဝါရီ (၁၀) အထိ
အသေးစိတ်ကို
☎️ 09755223966 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠 အမှတ် (707) မြေညီထပ်၊ ကမ္မဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
05/12/2025
Muscle Factory ရဲ့ Member ဟောင်းတွေအတွက်
50% Off အထိရရှိမဲ့ နှစ်ကူး အထူးပရိုမိုရှင်း 🎁
ကျွန်တော်တို့ Muscle Factory နဲ့အတူ ကာလရှည်စွာ အတူရပ်တည်ပေးကြတဲ့ Gym Member ဟောင်းတွေအတွက် လာမဲ့ ၂၀၂၆ ခုနှစ်မှာ ပိုမိုလှပတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်တွေကို ပိုင်ဆိုင်ဖို့အတွက် “New Year Re-Enrollment Promotion” ကို ကြေညာပေးချင်ပါတယ် ခင်ဗျာ။
Member ဟောင်းတွေအတွက် အထူးအခွင့်ရေးဖြစ်တဲ့ ဒီ Promotion ကြီးမှာဆိုရင်…
၁ လစာအပ် 10% OFF
၃ လစာအပ် 25% OFF
၆ လစာအပ် 35% OFF နဲ့
၁ နှစ်စာအထိအပ်မယ်ဆိုရင် အထူးလျော့စျေး 50% OFF အထိပါရရှိမှာပဲဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး နှစ်သစ်ကူးလက်ဆောင်အနေနဲ့ 🎁
၃ လစာနှင့် ၆ လစာ အထက် ကြိုတင်အပ်နှံသူတိုင်းအတွက်...
✅ Muscle Factory အမှတ်တံဆိပ်ပါ ရေဘူးနဲ့
✅ Tower (မျက်နှာသုတ်ပဝါ) ပါ လက်ဆောင်အဖြစ် ပေးအပ်သွားမှာလည်းဖြစ်ပါတယ် ခင်ဗျာ။
ဒါ့ကြောင့် (၂) ခါပြန်မရနိုင်တဲ့ အခုလို Promotion ကြီးမှာ ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် အခုပဲ စာရင်းသွင်းလိုက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ 💪
🗓️ ပရိုမိုးရှင်းကာလ - ဒီဇင်ဘာ (၅) မှ ဇန်နဝါရီ (၁၀) အထိ
အသေးစိတ်ကို
☎️ 09755223966 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠 အမှတ် (707) မြေညီထပ်၊ ကမ္မဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
04/11/2025
"တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)"
မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ်၊ "တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)" မှာ မိဘပြည်သူများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံသော နေ့ထူးနေ့မြတ်လေး ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ခင်ဗျာ။
31/10/2025
လစာလည်းထုတ် ဂျင်ဖိုးလည်းသွင်းမဲ့
ဒီနေ့ဟာ Payday 🤑
ကဲ ရောင်းရင်းမိတ်ဆွေအပေါင်းတို့ ဆရာဘတ်တို့လို သန်မာတောင့်တင်းပြီး ပိုက်ဆံအပြည့်နဲ့ အထာကျချင်တယ်ဆိုရင်တော့ ဒီနေ့ လုပ်ရမဲ့ အချက် (၂) ချက်ကို ပြောပြပေးပါမယ်…
လစာထုတ်ပြီးတဲ့ ဒီလိုနေ့မှာ ဆရာဘတ်လို တက်ကြွပြီး ခန့်ညားဖို့အတွက်
👉 Back & Bicep: ဆရာဘတ်လို တောင့်တင်းတဲ့ ခန္ဓာကိုယ်မျိုးလိုချင်တယ်ဆိုရင် ဒီနေ့ဆော့ရမဲ့ Back နဲ့ Bicep ကို မပျက်မကွက်ဆော့ကစားဖို့ လိုပါမယ်။
👉 ပိုပြီးအထာကျစေဖို့ ဆရာဘတ်လို ပိုက်ဆံတွေကို အကျိုးရှိရှိအသုံးချဖို့ အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုဟာ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်လှပစေဖို့ပဲဖြစ်ပါတယ်။
ကဲ ဆရာဘတ်လို နောက်ထပ် အထာကျချင်ရင်တော့ အခု ကျွန်တော်တို့ Muscle Factory ရဲ့ Special PT Program လည်း ရယူလို့ရနိုင်ပါသေးတယ်။
ဒါကတော့…
✅ Gym Membership (၁) လစာ အပ်နှံရုံနဲ့တင်
✅ Muscle Factory ရဲ့ PT (Personal Trainer) Service ကို ၆ ကြိမ်တိတိ အခမဲ့ ရရှိမဲ့ ရှားရှားပါးပါး အခွင့်အရေးပဲဖြစ်ပါတယ်။
ဒါ့ကြောင့် တက်ကြွတဲ့ ဆရာဘတ်လို သန်မာထွားကြိုင်းစေဖို့အတွက် Specail Program လေး ရှိတုန်း အမြန်အပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ…
အသေးစိတ်ကို
☎️ 09755223966 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠 အမှတ် (707) မြေညီထပ်၊ ကမ္မဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
29/10/2025
အိမ်မှာတစ်မျိုး GYM မှာတစ်မျိုး
ပြောင်းသွားစေမဲ့ Environment 💪
အိမ်မှာနေရင်း ငြီးငွေ့နေတာတွေ၊ ပျင်းရိထိုင်းမှိုင်းနေတာတွေကို Muscle Factory မှာ လာပြီး အားပါးတရ ဖြေဖျောက်လိုက်ပါ!
"တစ်ယောက်တည်းဆို ပျင်းတယ်၊ Gym ကိုလည်း ပုံမှန် မလာဖြစ်ဘူး" ဆိုတဲ့သူတွေအတွက် ကျွန်တော်တို့ရဲ့ Muscle Factory ပတ်ဝန်းကျင်က စိတ်ဓာတ်ခွန်အားအပြည့်နဲ့ တက်ကြွလန်းဆန်းမှု တွေကို ယူဆောင်လာပေးပါလိမ့်မယ်။
ဒီမှာဆိုရင်...
🤸♀️ တစ်ယောက်တည်းမကစားချင်တဲ့သူ တွေအတွက် စိတ်တူကိုယ်တူ သူငယ်ချင်းအဖွဲ့တွေနဲ့ အတူတူ လေ့ကျင့်ခန်းလုပ်ရင်း ပျော်ရွှင်စွာ ရယ်မောနိုင်မယ်!
🏃 စက်တွေပေါ်မှာ ပြေးနေတဲ့အခါ ကိုယ့်ဘေးက Member တွေကိုကြည့်ပြီး အားကျစိတ်နဲ့ ပိုပြီး ကြိုးစားချင်စိတ်တွေ တိုးလာမယ်!
📸 ဓာတ်ပုံရိုက်ဖို့ အလှဆုံးထောင့် တွေမှာ ကိုယ့်ရဲ့ ကြွက်သားတွေကို ပေါ်လွင်အောင် Pose အမိုက်စားတွေ ပေးနိုင်မယ်!
🏋️♂️ Professional Trainer တွေရဲ့ လမ်းညွှန်မှုအောက်မှာ အမှားအယွင်းကင်းစွာ လေ့ကျင့်ပြီး ရလဒ်တွေကို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်မယ်!
ဒါ့ကြောင့်
"တက်ကြွလန်းဆန်းစွာ ကစားပြီး Muscle Factory နဲ့အတူ ပြောင်းလဲစို့"
သင့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို အကောင်းဆုံးပုံစံပြောင်းလဲဖို့ အကောင်းဆုံးအချိန်က "ဒီနေ့" ပါပဲ! ဒါ့ကြောင့် စိတ်ကူးနေတာတွေကို လက်တွေ့ဖြစ်အောင် အခုပဲ လာရောက်ဆော့ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ!
☎️ 09755223966 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠 အမှတ် (707) မြေညီထပ်၊ ကမ္မဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
27/10/2025
GYM ဖိုး တစ်လစာအပ်ရုံနဲ့
၆ ကြိမ်အထိရရှိမဲ့ PT Program 💪
လိုချင်တဲ့ Body Goal ကိုအချိန်တိုအတွင်း အမြန်ဆုံးပြောင်းလဲချင်တယ်ဆိုတဲ့ ညီကိုတွေနဲ့ ပျိုမဒီလေးတွေအတွက် ဘယ်နေရာမှာမှ မရနိုင်တဲ့ အကောင်းဆုံး ဝန်ဆောင်မှုနဲ့ တန်ဖိုးအရှိဆုံး အစီအစဉ်တစ်ခုကို ကျွန်တော်တို့ Muscle Factory ကနေ ပေးအပ်လိုက်ပါပြီ။
အခု အောက်တိုဘာ ၂၇ ရက်နေ့ မှစတင်ပြီး...
✅ Gym Membership (၁) လစာ အပ်နှံရုံနဲ့တင်
✅ Muscle Factory ရဲ့ PT (Personal Trainer) Service ကို ၆ ကြိမ်တိတိ အခမဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။
Membership တစ်လစာ သွင်းရုံနဲ့ ရရှိမယ့် PT ၆ ကြိမ် အစီအစဉ်မှာဆိုရင်...
Personalize ဖြစ်စေမဲ့ သင့်ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ လိုချင်တဲ့ Goal ပေါ်မူတည်ပြီး PT က ရေးဆွဲပေးမယ့်
✅ Diet Plan
✅ Workout Plan
✅ အနီးကပ်လမ်းညွှန်ပေးမဲ့ Training Guide
✅ (၁) လတစ်ကြိမ် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေကို တိုင်းတာစစ်ဆေးပေးပါမယ် Body Check & Measurement တွေပါ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ဘယ်မှာမှမရနိုင်တဲ့ ဒီလို တန်ဖိုးရှိတဲ့ PT Program ကို Gym Membership တစ်လစာဈေး လေးနဲ့ ရယူဖို့အတွက် လက်လွတ်မခံဘဲ အခုပဲ စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ 📢
အသေးစိတ်ကို
☎️ 09755223966 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠 အမှတ် (707) မြေညီထပ်၊ ကမ္မဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
25/10/2025
Fitness Industry ထဲ ဝင်ရောက်ချင်တဲ့
လူငယ်တွေအတွက် အထူးအခွင့်အလမ်း 📢
ကျွန်တော်တို့ Muscle Factory Fitness Club ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အလုပ်ခွင်မှာ လုပ်ကိုင်နိုင်ဖို့အတွက် တက်ကြွရဲရင့်ပြီး GYM Industry ကို စိတ်ဝင်စားတဲ့ Customer Service အပိုင်းကို ခေါ်ယူနေပါတယ် ဗျို့…
လိုအပ်သောအရည်ချင်းများ
👉 အသက်အရွယ်: (၂၀) နှစ် မှ (၃၅) နှစ်အတွင်း ဖြစ်သူ။
👉 Customer Service ပိုင်းဖြစ်လို့ စကားပြော ချိုသာပြေပြစ်ပြီး ဝန်ဆောင်မှုကောင်းကောင်း ပေးလိုစိတ်ရှိသူ။
👉 စာရိတ္တ ကောင်းမွန်ပြီး အဖွဲ့အစည်းနှင့် အဆင်ပြေချောမွေ့စွာ ပူးပေါင်းလုပ်ဆောင်နိုင်သူ။
👉 Computer Basic အသုံးပြုနိုင်သူ (Microsoft Office / Email / Social Media စသည်)။
👉 အလုပ်ကို အချိန်ပြည့် တာဝန်ယူနိုင်ပြီး ကျောင်းကိစ္စ ကင်းရှင်းသူ ဖြစ်ရပါမယ်
👉 သင်ယူလိုစိတ် အပြည့်အဝ ရှိပြီး Gym Industry ကို စိတ်ဝင်စားသူ။
ဒီအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ အခုပဲ လျှောက်ထားဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ…
အလုပ်ချိန်တွေကတော့…
🕘 9:00 AM – 12:00 PM
🕑 2:00 PM – 7:00 PM
အကျိုးခံစားခွင့်များ:
💵 Basic Salary + Commission + Bonus
🛑 တစ်ပတ် တစ်ရက် အပတ်စဉ် Off Day
လျှောက်ထားလိုသူများအနေနဲ့
📲 CV ကို Viber → 09955151012
📩 Page Messenger မှ
တဆင့်လည်း ပေးပို့နိုင်ပါတယ်။
🔥 မိမိရဲ့ Energy + Passion ကို Gym Industry ထဲမှာ အသုံးချချင်တယ်ဆိုရင်တော့ ဒီအခွင့်အလမ်းကို လက်မလွှတ်ဘဲ အခုပဲလျှောက်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 707/708 Kamahtan Street, Myittarnyunt Ward, Tamwe Township Yangon
Yangon
11211