Handmade by Su

Handmade by Su

Share

Handmade keychain, phone charm နဲ့ Bracelets များကို ဈေးအသက်သာဆုံးနဲ့ ဖန်တီးပေးနေပါတယ်

29/05/2025

Page လေး ပြန် Run ချင်လို့ ဈေးသက်သက်သာသာနဲ့ ရောင်းပေးပါတယ်ရှင့်
လိုချင်တာလေးရှိရင် မေးလို့ရပါတယ်
အခု Post ထဲကတော့ ဘယ် Design ယူယူ ၁၅၀၀ နဲ့ ယူပါရှင့်

လိုချင်တဲ့ Design ရှိရင်လည်း ပြပြီး အပ်လို့ရပါတယ်နော်

20/12/2024

Hello 🐽🐽🐽

Photos from Handmade by Su's post 23/09/2022

TGIF! !!!

🏖 Beach Mode လည်း On ချင်တယ် 🏖
ခရီးလည်း သွားမရလို့ စိတ်ညစ်နေလား

🌊 သည်အချိန်ဆို ပင်လယ်မှာ အေးအေး ငြိမ့်ငြိမ့်လေး ဖြစ်နေပြီ ဆိုပြီး ပင်လယ်ရဲ့ အငွေ့အသက်ကို သတိရနေပြီလား 🌊

🌊 Ocean Breeze ဆိုပြီး တင်စားထားတဲ့ ပင်လယ်ရဲ့ လေအေးလေးမှာ ရတဲ့ ရနံ့လေးရယ် 🌊

📓 စာအုပ်တစ်အုပ်ဖတ်နေရတဲ့အချိန်မှာ ရတဲ့ မွှေးပြပြ ခံစားမှုကို ရေစတဲ့ Wood Sage လေးရယ် 📓

သဒ္ဓါ မှာ ရနေပါပြီရှင့်

အနံ့စမ်းဖို့ Tealight လေးပဲ ယူမလား
လွလွပပ ဖန်ခွက်လေးပဲ ယူမလား
သုံးပြီး ပြန်ဖုံးထားလို့ရတဲ့ ဖန်ပုလင်းလေးပဲ ယူမလား

ကြိုက်ရာသာရွေးလိုက်

စိတ်တိုင်းကျနေစေဖို့က

သဒ်ဓါ တို့ တာဝန်ပါရှင့်

မှာယူချင်တယ်

ဆိုရင်ဖြင့်

📞 09421097369

ဒါမှမဟုတ် Page CB ကိုသာ ကြွလာခဲ့ပါရှင့်

ချစ်တဲ့

Photos from Handmade by Su's post 16/09/2022

🌼 ချစ်သူလား
စံကားတစ်ပွင့် ပွင့်ခဲ့တယ်
🌸🌼🌸🌼🌸🌼

🌸 ရနံ့ပြင်းတဲ့ ပန်းတွေထဲမှာ ပါတယ်ဆိုပေမယ့် မရိုင်းဘဲ ယဉ်ယဉ်လေး သင်းအေးတဲ့ စံကား

🌼 အသစ်တစ်ဖန်စတင်ခြင်း၊ ဆွဲဆောင်မှု ၊ ကျက်သရေရှိခြင်း နဲ့ အလှတရားလို့ အဓိပ္ပာယ် ရစေတဲ့ စံကား

🌸 ဖြူစင်မှုကို ကိုယ်စားပြုသော
ချစ်ခြင်းကို ကိုယ်စားပြုသော ထို စံကား

🌼 ဟာဝိုင်ယီကျွန်းက အမျိုးသမီးလေးတွေ ညာဘက်မှာ ပန်ဆင်ရင် Single ဖြစ်ပြီး ဘယ်ဘက်မှာ ပန်ဆင်ရင်ဖြင့် ပိုင်ရှင်ရှိကြောင်း ရည်ညွှန်းသော စံကား

🌸 ပန်းဘာသာစကားအရ
" မင်းနဲ့တွေ့ရတာ ကံကောင်းမှု တခုပါပဲ" လို့ သက်ရောက်စေတဲ့ စံကား

ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ သူကို မိမိရဲ့ ချစ်ခြင်းမေတ္တာတွေကို တရုတ်စံကားနံ့ သင်းသင်းအေးအေးလေးနဲ့ ဖော်ကြူးလိုက်ပါရှင့်

ချစ်တဲ့

.

12/09/2022

📣 Alert 📣
Wave Money ထုတ်လို့ရတယ်ဆိုပြီး post တွေတင်ပေးနေတဲ့သူတွေကို သတိထားပါ သူတို့ကို ထုတ္လို့ရလား သွားမေးရင် ဘယ်လောက်ထုတ်ချင်တာလည်းဆိုပြီး မေးပါလိမ့်မယ် ကိုယ္က 5 သိန်း 10 သိန်းလောက်ထုတ်ချင်တာပါလို့ ပြောလိုက်တာနဲ့ Wave Money Level ဘယ်လောက်လည်းဆိုပြီး မေးပါလိမ့်မယ်
Wave Money က level 2 ဆိုရင် တစ်ရက်ကို 3 သိန်းထိပဲပေးထုတ်တာဆိုတော့ Level 3 ကိုတင်ခိုင်းပါလိမ့်မယ်
Wave Money Level 3 တင်ချင်ရင် သူပေးတဲ့ဖုန်းနံပါတ်ကို Viber ကနေစာပို့ပြီးတင်လို့ရတယ်ဆိုပြီး ဖုန်းနံပါတ်တစ်ခုပေးပါလိမ်မယ် အဲ့ဒီဖုန်းနံပါတ်ကို Viber ကနေသွားပြောပြီဆိုရင် Wave Money Level 3 တင်မယ်ဆိုရင် Wave Money ဖွင့်ထားတဲ့ နာမည် ဖုန်းနံပါတ်တောင်းပါလိမ့်မယ် ပြီးရင် သူတို့က ကိုယ်ဖုန်းဆီပို့တဲ့ One Time password ကို သူတို့ဆီ ပြန်ပို့ပေးပါဆို့ပြီး တောင်းပါလိမ့်မယ်

ဘယ်တော့မှ မပို့မိပါစေနဲ့ ပို့လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Wave Account ကသူတို့ဆီရောက်သွားပါလိမ့်မယ်

~~~~~
Bank Group က ကူးလာတာ
ငွေရှားနေတဲ့အချိန် အလိမ်အညာတွေ ပေါတယ်...

Photos from Handmade by Su's post 31/08/2022

အရာရာ ဈေးတက်
အရာရာပြောင်းလဲနေတဲ့ကာလမှာ
Alittle လေး ဈေးတက်တာ အပြစ်လားလို့

ဈေးလာဝယ်ကြပါဦး 😪😪😪
ခေါ်ရတာ မောတယ်

Photos from Handmade by Su's post 15/08/2022

💜💜💜💜💜
Lavanderရဲ့အဓိပ္ပါယ်က သန့်စင်ခြင်း ဆိတ်ငြိမ်ခြင်း
စွဲလမ်းခြင်း ကျက်သရေရှိခြင်း စတဲ့အနက်တွေကို
ဆောင်ပါတယ်......
💜💜💜💜💜
Lavenderပန်းတွေအများကြီးဖူးပွင့်နေခြင်းက
မိန်းမဆန်သောအလှ ဆိုတဲ့massageကိုပေးပါတယ်
💜💜💜💜💜
Lavanderပန်းကို love letterတွေပေးပို့ရာမှာနဲ့
Lavender ရနံ့ကို ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်ဖို့
အသုံးပြုခဲ့ကြပါတယ်
💜💜💜💜💜
lavenderပန်းအဆီကိုကြွက်သားနဲ့အရိုးအဆစ်
ကိုက်ခဲခြင်း စိတ်ဖိစီးမှုနဲ့စိုးရိမ်မှုတွေကိုလျော့ချရာမှာ
အသုံးပြုပါတယ် ပြီးတော့နှစ်နှစ်ခြိုက်ခြိုက်လည်း
အိပ်ပျော်စေပါတယ်
💜💜💜💜💜
Crd Flowers

သည်လို အဆင်းရော အချင်းပါ ပြည့်စုံတဲ့ Lavender ရဲ့ ရနံ့ နဲ့ ခေါင်းကြည် လန်းဆန်းစေတဲ့ Mint ရနံ့နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ချိုသင်းမွှေးတဲ့ သဒ္ဓါ ရဲ့ ဖယောင်း ဖန်ခွက်လေး ဖြစ်လာတာပေါ့ရှင်

ငွေစျေးနှုန်းတွေ မြင့်လာလို့ 30 gm ပါ ဖန်ဖယောင်းလေးကို ၃၀၀၀ ကျပ်နဲ့ ရောင်းပါရစေရှင်

30 gm ဆိုပေမယ့် 30 gm ထက်ပိုသာပြီး စေတနာပါ အဆစ်ထည့်ပေးထားတာမို့ မတန်မရှိ ပါဘူးရှင့်

မှာယူလိုပါက 09421097369 ကို ဆက်သွယ်ပြီး မှာယူနိုင်သလို သိလိုသည်များကိုလည်း Page CB ကနေ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

ချစ်တဲ့

14/08/2022

MPT သုံးတဲ့ ချစ်လေးတို့ရေ
Data တွေ / Bill တွေ Point နဲ့လဲဖို့
*2004 # Call (📞) လုပ်ပြီး No-4 ကို ပြန်ရွေးရင်
Point 300 လက်ဆောင်ရနေပါတယ်နော်

MPT User လေးတွေ အမြန်ပြေးယူကြပါဦးရှင့်

Photos from Handmade by Su's post 11/08/2022

သဒ္ဓါရဲ့ နားဆွဲ Idea လေးတွေထဲက တချို့ကို Google ကတင်ထားတဲ့ပုံလေးတွေကနေ Inspiration ယူထားပါတယ်။
ကိုယ့်မှာ ရှိတဲ့ Material နဲ့ ဘယ်လိုပုံစံလေး လုပ်မလဲဆိုပြီး အမြဲတွေးပြီး ဖန်တီးပေးဖြစ်တာများတယ်။

မနေ့ကတော့ အမှတ်မထင် နိုင်ငံခြားက Fancy ပစ္စည်းလေးတွေ ရောင်းတဲ့ Page မှာ ကိုယ်ဖန်တီးထားတဲ့ နားဆွဲလေးနဲ့ ခပ်ဆင်ဆင်တူတာလေးတွေ့တော့ ဈေးလေး ဝင်ကြည့်လိုက်တာ ကိုယ်ရောင်းတာရဲ့ ၂ ဆ နီးပါး များနေတာရော
အများဝယ်နိုင်တဲ့ ဈေးပေမယ့် သက်သက်သာသာနဲ့ အားလုံးကို လှစေချင်တာကတော့ သဒ္ဓါတို့ရဲ့ စေတနာပါ
စေတနာရယ် လုပ်အားလက်ခရယ်ကို ထည့်မတွက်ဘဲ ကုန်ကြမ်းဈေး သက်သက်နဲ့သာ ရောင်းချပေးနေတာမို့ အားပေးကြပါဦးလို့ ရှင်
ပုံအောက်မှာ ဈေးလေးတွေ ပါပါတယ်ရှင့် 💛💚💙
ချစ်တဲ့

Photos from Handmade by Su's post 08/08/2022

Hello Hello

နည်းနည်းလောက် ရောင်းမယ်ရှင်
နားကပ်လေးရယ် 🐚🐚🐚
လည်ကပ်ဆွဲကြိုးလေးရယ် 🐌🐌🐌
တစုံ၊ တခါတည်းပဲ ရမယ့် အခွင့်အရေး
ထပ်လိုချင်ရင်တောင် အနီးကပ်ဆုံး တူတာပဲ ရနိုင်မယ့် အခွင့်အရေး
တန် တန့် တန် ဈေးနဲ့ ရောင်းပေးမှာမို့ လက်မနှေး ဝယ်ပေးဖို့က ပျိုလေးတို့ရဲ့ တာဝန်ပါရှင့်

ဈေးနှုန်းလေးတွေက ပုံအောက်မှာကြည့်ကြရှင် နော့

ချစ်တဲ့

Want your business to be the top-listed Interior Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon