Hashtag#

Hashtag#

Share

Local Marketing Agency in Myanmar. We're going to bring more digital solutions for everyone. If you face any digital issues just contact us.

10/08/2022

💖You like videos and pictures on instagram facebook or any other social networking platform but can't save. Don't worry, there is a simple solution for you with an app that can Download videos and images in the fastest way on any platform with just 1 click.
Free install now 👉https://chrome.google.com/webstore/detail/media-easy-download/kkhiafihmhpggmhhahdjhkpjmpnmemcf

20/07/2022

မင်္ဂလာပါခင်ဗျ လတ်တလော နည်းပညာချို့ယွင်းချက်တွေကြောင့် ကျွန်တော်တို့ရဲ့ လက်ရှိ Page လေးက Unpublished ပြုလုပ်တော့မှာဖြစ်ပါတယ်။

လက်ရှိ Page လေးကိုတော့ လာမယ့် July 30 ရက်နေ့မှာ Unpublished ပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျ။

ကျွန်တော်တို့နဲ့ လုပ်ငန်းတွေ လက်တွဲဆောင်ရွက်နေတဲ့ လူကြီးမင်းတို့အနေနဲ့ အောက်မှာ Link ထည့်သွင်းပေးထားတဲ့အတွက် အဆိုပါ Page မှ တစ်ဆင့် ကျွန်တော်တို့ကို ပြန်လည်ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

လက်ရှိဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းလေးတွေကိုတော့ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျ။

Client တစ်ယောက်ချင်းစီတိုင်းကိုလည်း လူကြီးမင်းတို့ရဲ့ လုပ်ငန်းများနှောင့်နှေးသွားမှုအတွက် လွန်စွာ အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။

လတ်တလော နောက်သတင်းများကို
page - https://www.facebook.com/mmhashtag/
Viber Channel -https://invite.viber.com/?g2=AQB4pitmg%2FOQFE66mVNmYK3yeC6Dj0GCAmBVgom6ZyIk%2FFIY5TGfemtZVj0zflDI
များမှလည်းလွှင့်တင်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးပါဦးခင်ဗျာ။

14/07/2022

“အခွင့်အရေးတွေက သင့်ဆီကို တံခါးခေါက်ပြီး ရောက်မလာရင် သင်ကိုယ်တိုင်တံခါးတစ်ချပ်တည်ဆောက်ပါ” "- Milton Berle

အခွင့်အလမ်းတွေက ကိုယ့်ဆီကို ဒီတိုင်းရောက်လာမှာမဟုတ်တဲ့အတွက် အခွင့်အလမ်းတွေရောက်လာဖို့ လမ်းဖောက်ထားဖို့ လိုပါတယ်။ လူကြီးမင်းတို့အနေနဲ့လည်း လုပ်ငန်းတွေအောင်မြင်တိုးတက်ပြီး ခမ်းနားတဲ့အိပ်မက်တွေဆီရောက်ရှိဖို့ ကျွန်တော်တို့ Hashtag # နဲ့လက်တွဲလိုက်ပြီး တံခါးတစ်ချပ်တည်ဆောက်လိုက်ပါ။

12/07/2022

မင်္ဂလာရှိသော ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်)နေ့မှာ ကိုယ်ကျန်းမာစိတ်ချမ်းသာကြပြီး လိုရာဆန္ဒပြည့်ဝကာ ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်စေဖို့ Hashtag # မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။


#ဝါဆိုလပြည့်

09/07/2022

Facebook ကို ဘယ်နှခုနှစ်မှာ စတင်တည်ထောင်ခဲ့တာလဲ ??

ဒီနေ့ခေတ်မှာ လူသုံးအများဆုံး Social Media Platform တစ်ခုဖြစ်တဲ့ Facebook ကို မက်ဇူကာဘက်က တည်ထောင်ခဲ့ပါတယ်။ Facebook ကို သူစတင်ခဲ့တဲ့ ခုနှစ်က ဘာများဖြစ်လဲ

(1) April 6, 2005
(2) February 4, 2004
(3) June 20, 2008
(4) December 31, 2007

အဖြေမှန်လေးကို သိရင်တော့ Comment မှာ ဖြေပေးခဲ့ပါဦးနော်။

06/07/2022

Social Media News Box- Episode (1)

Facebook ရဲ့ Updated Policy မှာ ဘာတွေပြောင်းလဲသွားလဲ?

ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာ Meta မှ သူတို့ရဲ့ Facebook ရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး တိုးမြှင့်ခဲ့ကြောင်းနဲ့ လာမယ့် ဇူလိုင်လ ၂၆ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်ကတော့ လူတွေက သိပ်ဂရုမပြုခဲ့မိပေမယ့် လတ်တလော Facebook ရဲ့ Error တွေကြောင့် ဒီ Updated Policy က လူတွေကြားထဲအတော်ရေပန်းစားလာပြီး ဂရုစိုက်ဖတ်ရှုသူများပြားလာပါတယ်။

Updated Policy ထဲမှာ ပါဝင်တဲ့ အရေးကြီးအကြောင်းအရာထဲကအချို့ကို ကျွန်တော်က ပြောပြပေးသွားပါ့မယ်။ ဒီ policy ထဲက တချို့အချက်တွေက အရင် Policy အဟောင်းတွေကို ပိုမိုတင်းကျပ်ထားတာလည်း ပါဝင်ပြီး အသစ်တွေလည်းပါဝင်ပါတယ်။

အဓိက အနေနဲ့ အချက် ၃ ချက်ပါဝင်ပါတယ်။ အဲ့တာတွေက

(၁) Meta က သူတို့ရဲ့ Policy အချို့ပြောင်းလဲသွားတာရှိပေမယ့် Meta အနေနဲ့ အသုံးပြုသူတွေရဲ့ Data အချက်အလက်တွေကို အလွဲသုံးစားပြုလုပ်သူတွေကို စာရင်းကောက်ယူမှုပြုလုပ်သွားမှာဖြစ်ကြောင်း၊

(၂) Meta သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ပြင်ပအဖွဲ့အစည်း (အထူးသဖြင့် ကြော်ငြာ)တွေမှာ ဘယ်လိုအသုံးပြုနေလဲဆိုတာတွေကို ပွင့်ပွင့်လင်းလင်းအသိပေးသွားမှာဖြစ်ကြောင်းနဲ့

(၃) နောက်ပိုင်းတွေမှာ ကျွန်တော်တို့ သုံးစွဲသူတွေက ဘယ်လိုကြော်ငြာတွေကိုသာ ကြည့်ရှုချင်လဲဆိုတာတွေကို ရွေးချယ်ထိန်းချုပ်နိုင်မယ်လို့ အသိပေးသွားခဲ့ပါတယ်။

သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရားမဝင်ဖြန့်ချိတယ်လို့ ဝေဖန်စွပ်စွဲမှုတွေ၊ တရားရင်ဆိုင်မှုတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့ Meta က သူတို့ရဲ့ Updated Policy မှာ ပိုမိုလုံခြုံမှုရှိအောင် လုပ်ပေးသွားမယ်လို့ သတ်မှတ်လာတာဖြစ်ပါတယ်။

လက်ရှိ Updated Policy ကတော့ အသုံးပြုသူတွေအတွက် ပိုမိုအဆင်ပြေအောင်လုပ်ပေးထားတာဖြစ်ပြီး Online Business သမားတွေကိုတော့ အရင်ချမှတ်ထားတဲ့ Policy တွေကို တိုးမြှင့်ကြပ်မတ်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် Updated Policy အကျုံးမဝင်ခင် ဒီရက်ပိုင်းမှာ Third party Infringement (တတိယ / ကြားခံပြင်ပ အဖွဲ့အစည်း ချိုးဖောက်မှု) အပိုင်းတွေကို ပိုပြီး ကြပ်ကြပ်မတ်မတ်စောင့်ကြည့်လာမှာပါ။ မိမိကိုယ်တိုင်ရိုက်ကူးထားတာမဟုတ်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုမဟုတ်ဘဲ Google (သို့မဟုတ်) မူပိုင်ခွင့်တင်ထားတဲ့ ပုံတွေပြန်တင်တာကို ကြပ်မတ်သွားမှာပါ။ မိမိ Page မှာ အရင်တင်ထားဖူးတဲ့ Post တွေကို တသွေမတမ်းပြန်လည်ကူးယူတာကို အရင်ထဲက ပိတ်ပင်ထားပေမယ့် အခုအခါ ပိုမိုစောင့်ကြည့်လာမှာဖြစ်ပါတယ်။ YouTube နဲ့ TikTok မှ သီချင်းတွေကို Live လွှင့်ရင်း အသုံးမပြုရဘူးလို့ဖော်ပြထားပေမယ့် အသေးစိတ်ကို ကန့်သတ်ချက်တွေကိုတော့ မဖော်ပြသွားပါဘူး။

ဒါကတော့ လတ်တလော Facebook က တိုးမြှင့်သတ်မှတ်သွားတဲ့ Updated Policy တွေပဲဖြစ်ပါတယ်။ Meta က အသုံးပြုသူတွေအတွက် ပိုမိုအဆင်ပြေအောင် ဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် Online Business Page တွေအတွက်ကတော့ အခက်အခဲတွေကို ကြုံတွေ့ရမှာပါ။

ကျွန်တော်တို့ Page မှ Social Media Updates တွေနဲ့ သတင်းတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ တခြား Social Media Channel ဖြစ်တဲ့
Viber- https://bit.ly/34SgVQ1
Join ပေးထားကြပါဦးခင်ဗျ။

Photos from Hashtag#'s post 05/07/2022

Aung Maw Sat Co.,Ltd - Engineering & Construction Management အတွက် ကျွန်တော်တို့ရဲ့ Hashtag # Digital Marketing Agency မှ ပံ့ပိုးကူညီပေးပြီး လက်တွဲဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။ 🤝🤝

ကျွန်တော်တို့နဲ့ ယုံယုံကြည်ကြည်လက်တွဲဆောင်ရွက်ခဲ့တဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🤗🤗

Hashtag # ကို ယုံယုံကြည်ကြည်လက်တွဲခဲ့တဲ့ Client အားလုံးအတွက် အစဉ်အမြဲကြိုးစားလျက်ရှိပါတယ်။ 🙆‍♂️

27/06/2022

page မှာ စာတွေမဝင်တာကို ဘယ်လိုဖြေရှင်းကြမလဲ??

လတ်တလော Facebook မှ ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းစည်းကမ်းအချို့ကြောင့် Messenger Error တက်နေတာကြောင့် Page တွေမှာ Message တွေ မဝင်ဘဲဖြစ်နေတတ်ပါတယ်။ ဒါတွေကို လတ်တလောမှာ ဖြေရှင်းဖို့အတွက် နည်းလမ်း ၃ ခုရှိပါတယ်။

(၁) ပျောက်ဆုံးသွားတဲ့ Message တွေကို Phone ထဲရှိ Business Suite ထဲက Spam (သို့မဟုတ်) Unread ထဲကနေ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

(၂) တချို့ Page တွေက Spam (သို့မဟုတ်) Unread ထဲဝင်ကြည့်လည်း စာတွေမမြင်ရဘူးဖြစ်တတ်တာကြောင့် ကွန်ပျူတာမှ တဆင့် Page Inbox၊ Spam၊ Unread တွေထဲကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(၃) ကွန်ပျူတာ မရှိရင်တော့ ဖုန်းကနေ Google၊ Chrome စတဲ့ Browser တစ်ခုခုကနေ မိမိရဲ့ Facebook Account ကိုဝင်ရောက်ပြီး ညာဘက်အပေါ်ထောင့်နားက အစက် ၃ စက်ကိုနှိပ်ပြီး Desktop Mode ကို ပြောင်းပြီး ဝင်ကြည့်နိုင်ပါတယ်။

ဒါမှမဟုတ် Page ရဲ့ Auto Reply မှာ “လူကြီးမင်း ပေးပို့လာတဲ့ မက်ဆေ့ကို လက်တလော ဖြစ်ပေါ်နေတဲ့ Facebook နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် အက်မင်တို့ဘက်က မမြင်မိခြင်းမျိုးကို နားလည်ပေးပါရန်နှင့် အောက်ပါအတိုင်း ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါသည်” ဆိုပြီး ကိုယ့်ကို ဆက်သွယ်လို့ ရမယ့် နည်းလမ်းလေးတွေ ထည့်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ကသာ စာမမြင်ရပေမယ့် Auto Reply ကတော့ စာပြန်ပေးနေမှာဖြစ်ပါတယ်။

Page တွေမှာ စာမဝင်တဲ့ ပြဿနာဖြေရှင်းဖို့ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ Viber Channel မှာ တင်ဆက်ထားတာကြောင့်
Viber- https://bit.ly/34SgVQ1
ကို Join ပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။

27/06/2022

ပြိုင်ဆိုင်မူတွေ များနေတဲ့ ခေတ်ကြီးထဲမှာ ခြေတစ်လှမ်းနောက်မကျစေဖို့ ကျွန်တော်တို့ Hashtag # နဲ့အတူ ပူးပေါင်းပြီး အားအင်အပြည့်နဲ့ ပြိုင်ဆိုင်လိုက်ပါ... 🤩🤩

ဒီနေ့ခေတ်ကြီးရဲ့ ဈေးကွက်စနစ်ဟာ အပြိုင်အဆိုင်များပြားပြီး ရောင်းအားတိုးတက်စေဖို့ အမြဲယှဉ်ပြိုင်နေရပါတယ်။ ပြိုင်ဆိုင်မူတွေ များနေတဲ့ ခေတ်ကြီးထဲမှာ ခြေတလှမ်းနောက်မကျစေဖို့ ကျွန်တော်တို့ Hashtag # Digital Marketing Agency နဲ့အတူ ပူးပေါင်းပြီး အားအင်အပြည့်နဲ့ ပြိုင်ဆိုင်လိုက်ပါ။ 💪💪

လူကြီးမင်းတို့ လုပ်ငန်းကို ရောင်းအားတိုးတက်စေဖို့ ကျွန်တော်တို့ Hashtag # ကနေ Digital Marketing Plan တွေကို မိုးရာသီအထူးအစီအစဉ်အနေနဲ့ အလွန်ဈေးသက်သာတဲ့ နှုန်းထားနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။ 🥳🥳

ကျွန်တော်တို့ Hashtag # မှ လူကြီးမင်းတို့လုပ်ငန်း အောင်မြင်ပြီး ရောင်းအားမြင့်တက်စေဖို့ Digital Marketing Plan တွေကို

✅ထိရောက်တဲ့ ကြော်ငြာနည်းဗျူဟာ၊

✅ကောင်းမွန်ထိမိတဲ့ ကြော်ငြာစာသား၊

✅လှပသေသပ်ပြီး ထင်ရှားပေါ်လွင်စေမယ့် Social Media Design၊

✅တိကျတဲ့ ကြော်ငြာတွေဖြစ်စေမယ့် Media Buying Service တွေနဲ့ ပံ့ပိုးပေးသွားမှာပါ။

လူကြီးမင်းတို့ရဲ့ Product တွေရောင်းအားကောင်းလာစေဖို့နဲ့ Service တွေ လူသိများလာစေဖို့ Hashtag # ကို ဆက်သွယ်ပြီး အောင်မြင်မှုအတွက် ပထမဆုံးခြေလှမ်းကို အခုပဲစတင်လိုက်ပါ။ 🤗🤗

ဒါ့အပြင် လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် Free Consultant ၁၀ မိနစ် ရယူဖို့အတွက် ☎09426987731 ကို ဆက်သွယ်နိုင်ပါတယ်။

ရောင်းအားတိုးတက်စေမယ့် Digital
Marketing ပလန်ကို ရယူနိုင်ဖို့ Comment မှာ ပြောခဲ့နိုင်သလို အသေးစိတ် စုံစမ်းချင်ရင်တော့ ဖုန်းနံပါတ်📱 - 09426987731, 09777003860✔ တို့ကို ရုံးချိန် အတွင်းဆက်သွယ် မေးမြန်းနိုင်သလို Page Messenger - m.me/mmhashtag ကိုလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

22/06/2022

၈ သိန်းတန် E-Commerce Website အခမဲ့ရယူနိုင်မယ့် အထူးအခွင့်အရေးကြီး 📢📢

သင့်လုပ်ငန်းတိုးတက်စေဖို့အတွက် အရေးပါတဲ့ ၈ သိန်းတန် E-Commerce Website အခမဲ့ရယူနိုင်မယ့် အထူးအခွင့်အရေးကြီးကို Hashtag # မှ ပေးနေပါပြီ။ 🤩🤩

ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ရောင်းအားတိုးမြင့်ပြီး ဈေးကွက်မှာ နေရာတစ်ခုရရှိဖို့က အပြိုင်အဆိုင်တွေများလှပြီး မလွယ်ကူလှပါဘူး။ 🧐

ဒီလိုမလွယ်ကူတာကို ကူညီပေးဖို့ Hashtag # က
👉ထိရောက်တဲ့ မာကတ်တင်းနည်းဗျူဟာ၊

👉ဆန်းသစ်တီထွင်မှု အပြည့်နဲ့ ကြော်ငြာစာသား၊

👉ကာစတန်မာတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်မယ့် Social Media Design ပုံနဲ့ Motion ပုံတွေကို ဖန်တီးပေးမယ့်အပြင်

တိကျတဲ့ ကြော်ငြာတွေဖြစ်စေမယ့် Media Buying နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေလည်း ရရှိနိုင်ပါသေးတယ်။

8 သိန်းတန် E-commerce Website ကို ဘာလို့ အထူးအခွင့်အရေးအနေနဲ့ လက်ဆောင်ပေးရတာလဲ ❓❓

Website ဆိုတာ လူကြီးမင်းတို့လုပ်ငန်းကို ရောင်းအားမြင့်တက်စေနိုင်ဖို့နဲ့ Brand Image ကို မြှင့်တင်ဖို့အတွက် အလွန်အရေးကြီးတဲ့ နေရာတစ်ခုကနေ ရပ်တည်နေပါတယ်။

E-commerce Website ရှိရင်
👉Customer တွေက ပစ္စည်းတွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ဝင်ကြည့်နိုင်ပြီး ဝယ်ယူနိုင်ခြင်း၊

👉အွန်လိုင်းပလက်ဖောင်းတွေမှာ ကုန်ပစ္စည်းတွေကို ကြော်ငြာရာမှာလည်း ထိရောက်သေချာစွာ ကြော်ငြာနိုင်ခြင်း၊

👉ကုန်ကျစရိတ်သက်သာတာကြောင့် ကုန်ပစ္စည်းတွေကို ဈေးနှုန်းချိုသာစွာနဲ့ Customer တွေလက်ထဲကိုထည့်ပေးနိုင်ခြင်း အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒီလိုပြည့်စုံလှတဲ့ Digital Marketing ပလန်ကို ရရှိနိုင်မယ့်အပြင် ၈ သိန်း တန်ဖိုးရှိတဲ့ E- Commerce Website တစ်ခုကိုလည်း ရရှိနိုင်ဖို့အတွက် အသေးစိတ် စုံစမ်းချင်ရင်တော့ ဖုန်းနံပါတ်📱 - 09426987731, 09777003860✔ တို့ကို ရုံးချိန် အတွင်းဆက်သွယ် မေးမြန်းနိုင်သလို Page Messenger - m.me/mmhashtag ကိုလည်း တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဒါ့အပြင် သင့်လုပ်ငန်းအတွက် Free Consultant ၁၀ မိနစ် ရယူဖို့အတွက် ဖုန်းနံပါတ် 📱 - 09426987731 ကို ဆက်သွယ်နိုင်ပါတယ်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Address


No. (396/B) Ground Floor, Yarzardarit (24)th Street, 7th Ward, South Ookalapa Tsp
Yangon
11091