Layer

Layer

Share

နန်းပါသျှံနံ့သာငါးပါးအမွှေးခဲ/မေဦးကော်ဖီ/HairQueenဆံသားပေါင်းဆီ/ဘေဘီဆွီသဘာ၀အဆီကျယို/Ddent toothpaste

19/06/2024

ဟုတ်တယ်

05/06/2024

အဝတ်လျှော်တာ မိန်းမတွေတာဝန်
ပန်းကန်ဆေးတာ မိန်းမတွေတာဝန်
ထမင်းအိုးတည်တာ မိန်းမတွေတာဝန်
ဟင်းချက်တာလည်း မိန်းမတွေတာဝန်
မီးပူတိုက်လည်း မိန်းမတွေတာဝန်
ကလေးရလာတယ် ကိုယ်ဝန်ဆောင်
အဲ့ မွေးလာတော့လည်း နို့တိုက်ဖို့က
မိန်းမတွေပဲ တာဝန်ထပ်ယူရတယ်
ကိုယ်ဝန်ဆောင်ကာလလည်း နားရမယ်မထင်နဲ့နော်
အပေါ်မှာရေးထားတာတွေ အကုန်လုပ်ရတယ်
မလုပ်နိုင်လို့ မလုပ်တဲ့နေ့ အိမ်က ပွရှုပ်နေမယ်
ထမင်းမစားရဘူးမှတ်။

နည်းနည်း စိတ်ကောင်းတဲ့ ယောကျာ်းက အပြင်စာ ဝယ်စားကြမယ်ကွာဆိုပြီး ဆိုင်က မှာစား
အဝတ်တွေ ပင်မင်းအပ်ပေးပေါ့
ပြေလည်တဲ့သူတွေက အိမ်အကူနဲ့ မိန်းမကို ထားတယ်ပေါ့
ဘာတာဝန်မှ မကျေတဲ့ ယောကျာ်းတွေက ပိုပေါတယ်

ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက်ခက်သလဲ ဆိုတာ
ဖရဲသီးကြီး ဗိုက်မှာ တိပ်နဲ့ကပ်ထားကြည့်ကြ သိလိမ့်မယ်။
၄လလောက် တချိန်လုံး ကပ်ထားကြည့်လိုက် အိမ်သာသွားလဲကပ်ထား
ညအိပ်လည်း ကပ်ထားကြည့်။

ကလေးမွေးတော့ မထနိုင်ဘူး
အိပ်ရာထဲ ပက်လက် အဲ့အချိန် ကူမယ့်သူ အနားမရှိလို့ကတော့
သေပြီ ဆရာပဲ

အိမ်အလုပ်လေး လုပ်ရတာများကွာ
ဆိုတဲ့ စကားသံ ကြားရင်
ပြောတဲ့သူ တစ်ရက်ပဲ လုပ်ကြည့်ဖို့ အကြံပေးတယ်
အဝတ်လျှော်ရင် ဖြူအောင်လျှော်ဖို့တော့လိုမယ်နော်
ဟင်းလည်း စားကောင်းအောင်ချက်
ကလေးလည်း မငိုစေနဲ့ တစ်ရက်ပဲ လုပ်ကြည့်

နင့်တာဝန်ပဲ နင်လုပ်ရမှာပေါ့ဆို
ယောကျာ်းက နည်းနည်းကူပေးလိုက်ရင်
ချစ်လို့ပါဆိုပြီး ယူထားတဲ့ မိန်းမ
သက်သာသွားမှာ တွေးမိရဲ့လား

မိန်းမတွေ မပျင်းကြပါဘူး

ကလေးအမေတွေ ပိုဆိုးသေး။
မိခင်စိတ်နဲ့ သားသမီးအတွက် သန့်တာလေးကျွေးချင်
ဖြူပြီးသန့်နေလေးတဲ့ အဝတ်အစား ဝတ်စေချင်
သန့်ရှင်း တောက်ပြောင်နေတဲ့ အိမ်လေးမှာ ထားချင်လွန်းလို့
အရမ်း အပင်ပန်းခံတယ်။ ဒါကို ပျင်းတယ်လို့ ပြောသေးဦးမလား
သားသမီး အတွက်ဆိုတဲ့ စိတ်တစ်ခုနဲ့ ကို မပျင်းကြဘူး။
အဲ့ ကျွန်တပိုင်း မိန်းမကြီးလည်း အသွေးအသားနဲ့ပဲ
တစ်ခါတလေ လက်ဓားရှလို့ အဝတ်ရေမညစ်နိုင်ရင်
ယောကျာ်းကို ရေညစ်ပေးဖို့ အကူအညီတောင်းတဲ့အခါ
နင့်ကိုငါ အထင်သေးလိုက်တာ ငါအထင်ကြီးအောင်နေစမ်း
အဝတ်ရေညစ်တာကို ကပ်သပ်နေတယ်တဲ့ ဖုန်းနဲ့
mobile legend တို့ pupgတို့ခုတ်နေရင်း ယောကျာ်းလုပ်သူက
ဖြေတယ်
အဲ့လိုယောကျာ်းမျိုးတွေက မိန်းမတိုင်းလိုလို
ပိုင်ဆိုင်နေကြသလား စိတ်ပူစရာပဲ

တော်တော် တရားမမျှတဲ့ လောကကြီးနော်
ထမင်းချက်၊ အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်ကို ကြမ်းတိုက်၊ ပင့်ကူမျှင်ရှင်း၊ အိပ်ရာခင်းလဲ ၊ စောင်လျှော်၊ အလုပ်တွေ အားလုံးကို မိန်းမတွေပဲ လုပ်ရမယ်ဆိုပြီး သတ်မှတ်တယ်
ဟော ကိုယ်ဝန်ဆောင်တော့လည်း မိန်းမ
ကလေးမွေးပြီး နာကျင်ခံစားရတော့လည်း မိန်းမ
ကလေးနို့တိုက်ရတော့လည်း မိန်းမ
နို့တိုက်တာလည်းနော် ခန္ဓာကိုယ်က သွေးတွေ ကလေးဆီ ပေးနေရတာမျိုးလေ လူက အလုပ်ပင်ပန်း ကောင်းကောင်း မစားရပဲ
နို့ပါ ထပ်တိုက်ရင်း ခေါင်းတွေ မူးလာပြီး နုန်းချိလာတဲ့ အထိ တချို့ အမေတွေ ခံစားရတာ ခံစားဖူးသူပဲ သိမယ်။

ယောကျာ်းတွေက ငွေရှာတယ်
ငွေရှာရင်း တချို့က မယားငယ်ရှာတယ်
တချို့က ပြဿနာပါ ရှာလာတယ်

ဒီလောက် သနားစရာကောင်းတဲ့ ပင်ပန်းနေရှာတဲ့ မိန်းမကို မလှတော့ဘူးပြောပြီး စိတ်ဒဏ်ရာထပ်ပေးတဲ့ ယောကျာ်းတွေလည်း ရှိသေးတယ်

မိန်းမတွေကို စာနာပါ
ညှာတာပါ၊ သနားကရုဏာထားပါ

မိန်းမ(ဇနီးမယား) ဆိုတာ
ကျွန်သီးသန့်မဟုတ်ဘူး

လိင်ဖျော်ဖြေတဲ့ အရုပ်သီးသန့်လည်းမဟုတ်ဘူး

ကလေးတွေရဲ့ သီးသန့် အထိန်းတော်ကြီးလည်း မဟုတ်ဘူး
အဖေဖြစ်သူကလည်း ကလေးအလုပ်ကူလုပ်ပေးလို့ရပါတယ်
ဘုန်းမနိမ့်ပါဘူး ငရဲမကြီးပါဘူး

စိတ်တိုလာတိုင်းထွက်ပေါက်လုပ်ပြီး ထိုးလို့ရတဲ့ သဲအိတ်မဟုတ်ဘူး

မလှဘူးလို့ နိမ်ချဆက်ဆံရအောင်လည်း အစကဘာလို့ လက်ထပ်ခဲ့သလဲ ကန်းနေလို့လား

ယောက္ခမက နှိမ်ချင်တိုင်းနှိမ်လို့ရတဲ့ ဖိချင်တိုင်း ဖိလို့ရတဲ့ ပြောချင်တိုင်းပြောလို့ရတဲ့ပိုက်ဆံနဲ့ဝယ်ထားတဲ့ ကျွန်လည်းမဟုတ်ဘူး

အလုပ်တွေနဲ့ အရမ်းပင်ပန်းနေတဲ့ မိန်းမကို စိတ်ရင်းကောင်းကောင်းလေးနဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ဆက်ဆံကြပါ

အိမ်အလုပ်အပြင် ပိုက်ဆံပါထွက်ရှာနေရတဲ့ အမျိုးသမီးတွေဆိုတာ
တကယ့် super women တွေပါပဲ
မိန်းမတွေ လုပ်သလိုလုပ်ကြည့်ဖူးမှ မိန်းမတွေဘဝကို စာနာတတ်မယ်

အမြဲတမ်း နစ်နာနေသော အမျိုးသမီးများအား
ကြည့်၍ ခံစားရေးသည်။

Credit.

Photos from Layer's post 05/06/2024

မူရင်းပို့စ်ပိုင်ရှင် ပေးပါတယ် 😊

05/06/2024

📣ဗိုက်ပူ ခါးတုတ်နေတာ ဝိ-တ်မလျော့သေးဘူးလား❓
၁၅ရက်စာ ၁ဗူးမှ-၁၀,၀၀၀/-ကျပ်တည်းနဲ့ အဆီပိုတွေကို အမြန်ဆုံးနှုတ်ဆက်လိုက်ပါ။


#ဘေဘီဆွီဒိုင်ကြီး

04/06/2024

နေပြည်တော် MayOoCoffee 100
10ဗူး အပိုရ❤️

Photos from Layer's post 04/06/2024

📣ဆံပင်ပါးတယ်/ဆံပင်ကျွတ်တယ် ဆိုပြီး ငြီးနေတုန်းပဲလား။❓

ကဲဒါဆိုရင် Hair Queen ဆံသားပေါင်းဆီလေးစမ်းသုံးကြည့်လိုက်တော့နော်

ဆံသားအသစ်တွေ ထိုးထိုးထောင်ထောင် ထွက်လာရင် မင်မင်တာဝန်မယူပါဘူးနော်🤭

04/06/2024

📣အချိန်အကြာကြီး နံ့သာအစစ်ရနံ့လေးကို ရချင်တယ်ဆိုမှ နန်းပါသျှံအမွှေးတိုင်ကိုပူဇော်ပါနော်။🤎

တစ်ထုပ်-၁၈၀၀ကျပ်

02/06/2024

📣ဆိုင်လေးဖွင့်ထားတယ်နော်

20/02/2024

စိတ်ထဲကကို မဟာမြတ်မုနိဘုရား တအားပူဇော်ချင်တာ

လိုချင်စိတ်ပြင်းပျလို့ထင်တယ် တကယ်ပိုင်ဆိုင်ရ‌တာပဲ 🙏🙏🙏

14/02/2024

မဂ်လာပါရှင့် 🙏

11/02/2024

ဘုရားရှိခိုးချင်စိတ် ပျောက်နေလျှင်
_______________________________________

တစ်ခါတလေ ဘုရားရှိခိုးချင်စိတ်
ပျောက်နေတာမျိုးတွေ ဖြစ်ဖူးကြလား
အဲလိုဖြစ်ရခြင်းက အကြောင်းအရင်းတွေရှိပါတယ်။

၁။ အကုသိုလ်စိတ်များရင်ဖြစ်တတ်ပါတယ်။

၂။ ဒေါသများရင် ဖြစ်တတ်ပါတယ်။

၃။ ဘုရားခန်းရဲ့ အပူအအေးမမျှတရင်လည်း
ပင်ပန်းနွမ်းနယ်ပြီး ဘုရားရှိခိုးချင်စိတ်
ပျောက်တက်ပါတယ်။

၄။ အလုပ်အရမ်းပင်ပန်းနေတဲ့
အခါမျိုးတွေမှာလည်း ဘုရားမရှိခိုးချင်ပါဘူး။

၅။ စိတ်အရမ်းပင်ပန်းနေရတဲ့
အချိန်မျိုးတွေမှာလည်း ဖြစ်တတ်ပါတယ်။

၆။ ပိုက်ဆံငွေကြေး ပေါများတဲ့အချိန်တွေမှာ
အပျော်လွန်ပြီး ဘုရားရှိခိုးချင်စိတ်တွေ
ပျောက်တက်ပါတယ်။

၇။ ဘုရားရှိခိုးမယ့် ပတ်ဝန်းကျင်
အသံဆူညံနေရင်လည်း ရှိခိုးချင်စိတ်ပျောက်ပါတယ်။

၈။ ပတ်ဝန်းကျင်မှာ မကောင်းတဲ့
အနံ့အသက်တွေ ရှိနေရင်လည်း စိတ်ကမလန်းပါဘူး။

၉။ အိမ်မှာ ဆူဆူပူပူတွေ ဖြစ်နေရင်လည်း
ဘုရားရှိခိုးဖို့ မအေးချမ်းလို့ မရှိခိုးဖြစ်ပါဘူး။

၁၀။ ကိုယ်ထိုင်ရှိခိုးမယ့်နေရာ မသန့်ရှင်း
ရှုတ်ပွနေရင်လည်း ရှိခိုးချင်စိတ်ပျောက်တတ်ပါတယ်။

၁၁။ ဧည့်သည်တွေ ရောက်နေတဲ့
အခါမျိုးတွေမှာလည်း ဘုရားရှိခိုးဖို့ ပျက်တတ်ပါတယ်။

၁၂။ အိပ်ရေးမဝရင်လည်း
စိတ်မပါတာမျိုးတွေဖြစ်တတ်ပါတယ်။

၁၃။ အသွေးအသားတွေနဲ့
တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ဖြစ်တဲ့အတွက်
နားချိန်သေချာမနားတာရယ်လူမှုရေး စီးပွားရေးတွေကြောင့်
စိတ်ပင်ပန်းနေတာတွေ
စုံသွားရင်လည်း ဘုရားရှိခိုးချင်စိတ်တွေပျက်ပါတယ်။

၁၄။ ဆီး ဝမ်း သွေး လေ မမှန်ကန်လို့
ငြီးစိစိကြီးဖြစ်နေတာမျိုးတွေလည်းဖြစ်တက်ပါတယ်။

ဒါကြောင့်မိုလို့ အချိန်အခါလေးတွေကို
မျှမျှတတလေးအသုံးပြုပြီး မိမိကိုယ်တိုင်က
အေးချမ်းအောင်အတတ်နိုင်ဆုံးနေတတ်မှသာ
ပတ်ဝန်းကျင်လည်းအေးချမ်းမှာပါ။

ဘုရားမရှိခိုးခင် မျက်နှာသစ် သွားတိုက်
ကိုယ်လက်သန့်စင်ပါ။ အဝတ်အစားအသစ်ဝတ်ပါ။

ရေမွှေးအနည်းငယ်ဆွတ်ပါ။

ကိုယ်ထိုင်ရှိခိုးမယ့် ပတ်ဝန်ကျင် သန့်ရှင်းနေပါစေ။

တိတ်ဆိတ်တဲ့အချိန် ကိုရွေးချယ်ပါ။

အခန်းအပူချိန်ကို ဘုရားမရှိခိုးခင်
အဲယားကွန်းသို့မဟုတ် ပန်ကာတို့ဖြင့် ဖွင့်ထားပြီး
အပူအအေးမျှတနေပါစေ။

ဖုန်းတွေအကုန် ပိတ်ထားပါ။

အပြင်ကအသံတွေ အတတ်နိုင်ဆုံးမဝင်အောင်
တံခါးတွေကို အဆင်ပြေသလို ပိတ်ထား
ဖွင့်ထားနိုင်ပါတယ်။

ပထမဆုံး ငါးပါးသီလခံယူဆောက်တည်ပြီး
မေတ္တာသုတ် ၉ခေါက် ကို အလွတ်ရရင်
မျက်လွှာလေးချပြီး ဖြေးဖြေးနဲ့မှန်မှန် အရင်ရွတ်ဆိုပါ။

ဂုဏ်တော်တွေမပွားများခင်မှာ စိတ်ကို
အကုန်လွှတ်ချပြီး ဝင်လေ ထွက်လေလေးကို
အာရုံစိုက်ပြီး တရားအရင်ထိုင်ပါ။

စိတ်တွေအေးချမ်းသွားပြီး ငြိမ်သွားပြီ ဆိုကာမှ
ရွတ်စရာရှိတာတွေ စရွတ်ပါ။

အဲနည်းလေးအတိုင်း စမ်းကြည့်ပါ
အေးချမ်းလာပါလိမ့်မယ်...

T2MWIN ❤️မှ
မျှဝေ ပူဇော်ပါသည်
____________________
( ပဋ္ဌာန်းပူဇော်ကြသူများ )🙏🏻🍀

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myatlay Street
Yangon