G Net
Internet Service Provider
01/05/2026
မေ (၁) ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို
G @ Net မိသားစုကြီး မှ ဂုဏ်ပြုကြိုဆိုပါသည်…🙇♂️
အရည်အချင်းရှိသော အလုပ်သမားများနှင့် စာနာတတ်သော အလုပ်ရှင်များ လက်တွဲညီညီဖြင့် ပိုမိုတိုးတက်သော လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်ကြပါစေကြောင်း G @ Net FTTx Services မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ ✨
#အလုပ်သမားနေ့
13/04/2026
"မေတ္တာရနံ့တွေနဲ့ အေးချမ်းမှုတွေ ဖုံးလွှမ်းပါစေ... 🌿✨"
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ အခါသမယမှာ အတာအိုးထဲက သပြေနံ့လေးလိုပဲ အေးမြတဲ့ မေတ္တာဓာတ်တွေ လူသားအားလုံးရဲ့ စိတ်နှလုံးမှာ ကိန်းဝပ်နိုင်ပါစေ။
မင်မင်တို့ ကိုယ်တိုင် စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့ အတာအိုးလေးနဲ့အတူ ဝေးကွာနေတဲ့ မိသားစုဝင်တွေနဲ့ ၇ ရက်သားသမီးအပေါင်း ဘေးရန်ကင်းကွာကြဖို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
🙏🏻နှစ်သစ်မှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကြည်လင်လန်းဆန်းကြပါစေရှင်။ 🙏
📍ဒီ Post လေးရဲ့ Comment မှာ ချစ်ရပါသော အမျိုးသမီးလေးတို့ရဲ့ အေးချမ်းတဲ့ 'နှစ်သစ်ဆုတောင်း' လေးတွေနဲ့ ဒီကနေ့အတွက် 'အတာအိုးပြင်ထားတဲ့ ပုံရိပ်လေးတွေ' ကို လာရောက်ဝေမျှပေးဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်ရှင်။
တစ်ယောက်နဲ့တစ်ယောက် မေတ္တာတွေဖလှယ်ရင်း၊ ဆုတောင်းကောင်းလေးတွေနဲ့ G Net Page လေးမှာအေးချမ်းမှုတွေ ဖုံးလွှမ်းသွားအောင် ပါဝင်ပေးကြပါဦးနော်။
12/02/2026
🇲🇲 ပြည်ထောင်စုနေ့ တို့မမေ့ 🇲🇲
ယနေ့ ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အား G Net FTTx Services မှ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည် ခင်ဗျ
31/12/2025
🥳 နှစ်သစ် ဆုမွန်ကောင်း တောင်းဆုလွှာ 🎄
မင်္ဂလာရှိသော နှစ်သစ်အချိန်အခါသမယမှာ ကျွန်တော်များရဲ့ မိသားစုများ, G Net ၀န်ထမ်းများနှင့် GNet Customer အားလုံးနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာပေါ်ရှိ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ဆောင်းတွင်းရဲ့ ရဲ့ အေးမြတဲ့ အငွေ့အသက်တွေနဲ့အတူ...
ကမ္ဘာမြေတစ်ဝှမ်းနဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားအိမ်ဂေဟာတိုင်းမှာ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းအလင်းရောင်များ ထွန်းလင်းတောက်ပပါစေ။
မိသားစုတိုင်း စားဝတ်နေရေး အဆင်ပြေချောမွေ့ပြီး၊ လုပ်ကိုင်ဆောင်ရွက်သမျှ စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းကာ ဓနဥစ္စာများ တိုးပွားကြပါစေ။
ရောဂါဘယဘေးမှ ကင်းဝေးကြပြီး စိတ်ခွန်အား၊ ကိုယ်ခွန်အားအပြည့်နဲ့ ဘဝခရီးကို အလှပဆုံး ဖြတ်သန်းနိုင်ကြပါစေ။
ဒီနှစ်သစ်ကူး နှစ်ဦး အခါသမယရက်လေးကနေစပြီး တစ်ဦးအပေါ်တစ်ဦး မေတ္တာတရားတွေ ဝေဆာလျက်၊ ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်းများနဲ့အတူ အနာဂတ်နေ့ရက်သစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေခင်ဗျာ။
25/12/2025
ပေါင်းခြင်း 7 ဂဏန်းရတဲ့ ဒီနေ့လိုပျော်ရွှင်စရာ 𝕮𝖍𝖗𝖎𝖘𝖙𝖒𝖆𝖘 🎄🎅 နေ့လေးမှာ
Merry Christmas To You All 🎁🎄 🎊🎁❤️🌹
2025 ခရစ္စမတ်မှစပြီး ပျော်ရွှင်ခြင်း ကျန်းမာခြင်း ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ G @ Net မိသားစုကြီးမှ ဆုမွန်ကောင်းပို့သလိုက်ပါတယ်...
🎉🎉🎉🙏🙏🙏❤️❤️❤️🌹🌹🌹
✨မိတ်ဆွေ တို့နဲ့ အမြဲ အတူ ရှိနေမဲ့ G@Net
FTTx Services✨
19/12/2025
☘️♥️ Happy Karen New Year ☘️♥️
.............ကရင်နှစ်သစ်ကူး................
-------------------
ကရင်သက္ကရာဇ် (၂၇၆၅)ခုနှစ်....ခရစ်နှစ် ၂၀၂၅၊ ဒီဇင်ဘာလ ၁၉ရက်နေ့မှာ ကျရောက်သည့် ''ကရင်နှစ်သစ်ကူး'' နေ့မှစပြီး ကံကောင်းခြင်း၊အေးချမ်းခြင်းတွေနဲ့ ပြည့်စုံပါစေ.......
ကရင်တိုင်းရင်းသူ တိုင်းရင်းသားများနှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံးလည်း ဘေးရန်အပေါင်းမှကင်းဝေးပါစေ၊
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ၊ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း G Net မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်.....
05/12/2025
🗣️Sea Game အားကစားပြိုင်ပွဲကြီးစတင်နေပါပြီ
မိမိကြိုက်နှစ်သက်ရာအားကစားနည်းတွေကိုရွေးချယ်အားပေးနိုင်ဖို့ WiFiလေးတပ်ပြီးကြည့်မယ်ဆိုရင်တော့
ကြည့်နေတဲ့အချိန်မှာ လိုင်းပြတ်တာတို့ Bill ကုန်မှာတို့ပူစရာ မလိုတော့ဖူးပေါ့
အား ကစားပဲ ကြည့်ကြည့် စီးပွားရေးပဲသုံးသုံး ပညာရေးပဲသုံးသုံး မရှိမဖြစ်သုံးသင့်တဲ့အရာတခုပါ
📢ဟိုစျေးတွေတက်တယ်ဒီစျေးတွေတက်တယ် ဆိုပေမဲ့ G@Net ကတော့စျေးမတက်ပဲ ပေးဆပ်နေတုန်းပါ🙂🙂
👉🏿စျေးတန်တုန်းမှာ ငေးမှိုင်အုံးမယ်ဆိုရင်တော့ စျေးတက်ရင်အရွေးခက်သွားလိမ့်မယ်
ဒါ့ကြောင့် အရွေးမခက်ချင်ရင်တော့ စျေးမတက်တဲ့ G@Net ကို ဒီတပါတ်အတွက်ရွေးချယ်ဖို့ အကောင်းဆုံးလို့ အကြံပြုလိုက်ပါရစေခင်ဗျာ
☔ဒီဇင်ဘာလရဲ့ အေးမြတဲ့ အချိန်လေးတွေမှာ ဖေးမမဲ့အရာလေးတွေရှာဖွေဖို့ Internet လိုင်းသုံးကြစို့
☎️ ဆက်ဖို့တော့မမေ့နဲ့နော် 01-2302735
21/11/2025
📢အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ
👉🏿ဒီတပါတ် စနေ နဲ့ တနင်္ဂနွေ နေ့တွေမှာ Premier League ဘောလုံးပွဲတွေပြန်လာပြီနော်
မကြာခင်မှာလဲ Sea Game အားကစားပြိုင်ပွဲကြီးကလဲလာတော့မှာဆိုတော့ အားကစားပြိုင်ပွဲတွေ တဝကြီးကြည့်ရှုခံစားနိုင်ဖို့ WiFi လေးတော့တပ်ထားသင့်တာပေါ့
Bill ထည့်ပြီးကြည့်မယ်ဆိုရင် Bill 1000 ဖိုးက ကိုယ့်တယောက်ထဲတောင် "ဝ" အောင်မကြည့်ရဘူးမို့လား
WiFi တပ်ထားမယ်ဆိုရင်တော့ Bill 1000 ဖိုးကအချိန်တိုအတွင်း ကုန်သွားမှာမဟုတ်ပဲ တစ်မိသားစုလုံး အချိန်အကန့်အသတ်မရှိပဲ တစ်ရက်လုံးအမုန်းကြည့်လို့ရတယ်နော်
👍🏾ဒါ့ကြောင့်
🫱မြန်နှုန်းလဲမြင့်
🫱Services လဲမြန်
🫱စျေးလဲတန်တဲ့ G @ Net WiFiရွေးပြီးတပ်ဖို့ မမေ့နဲ့နော်
😄မယုံရင်သုံးကြည့် ပြုံးစိစိ ဖြစ်သွားစေရမယ်
☎️Phone မြန်မြန်ဆက် တဲ့ Cus တွေအရင်တပ်ရမယ်နော်
#မိတ်ဆွေတို့နဲ့အမြဲအတူရှိနေမဲ့ G Net Wifi
14/11/2025
🤝 အမျိုးသားနေ့ ဒို့မမေ့ 🤝
ယနေ့တွင်ကျရောက်သော (၁၀၅)ကြိမ်မြောက် အမျိုးသားနေ့အား လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
ယနေ့ဟာ "အမျိုးသားနေ့ တို့မမေ့” ဟူသော ဆောင်ပုဒ်အတိုင်းပင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ နှလုံးသားထဲတွင် အမှတ်တရ ကျန်ရစ်နေသည့် သမိုင်းဝင်နေ့တစ်နေ့ ဆိုလည်းမမှားပါဘူး။
၁၉၂၂ ခုနှစ်မှ စ၍ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ ရောက်တိုင်း အမျိုးသား အောင်ပွဲနေ့ အခမ်းအနားများ ကျင်းပလေ့ရှိကျရာ ~~~~
မြန်မာပြည်သူပြည်သားများအားလုံး “ယနေ့ကျရောက်သော ရုံးပိတ်ရက်လေးကို ကျန်းမာပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း” G Net FTTx Services မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
#အမျိုးသားနေ့
Hello Hello
📢📢 ခုချိန် Data စျေးတွေကြီးလွန်းလို့ အိမ်မှာ Wifi တပ်တော့မလို့ စဥ်းစားနေတာလား?
ဒါဆို အခုလို Internet လိုင်းတွေအခက်ခဲဖြစ်နေချိန်မှာတောင်မှ အကောင်းဆုံးဝန်ဆောင်မှုပေးထားနိုင်တဲ့ wifi လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်...
Wifi ကတော့တပ်ထားတယ် လိုင်းသုံးလို့မရ ဘူးဆိုတဲ့မိတ်ဆွေတို့ကရော လာမပြင်တဲ့wifiကိုအချိန်ကုန်ခံ စိတ်ညစ်ခံပြီးစောင့်နေအုံးမလို့လားးးး
အချိန်တိုင်းကမိတ်ဆွေတို့အတွက်အရမ်းကိုတန်ဖိုးရှိပါတယ်
Internet လိုင်းတွေအ ကြာကြီး ပြတ်တောက်နေမယ်ဆိုရင် မိတ်ဆွေတို့ရဲ့ လူမှုရေး , စီးပွားရေးကိစ္စ, သင်တန်းကိစ္စတွေနဲ့ အသိပညာဗဟုသုတတွေ အများကြီးနောက်ကျသွားနိုင်တယ်ဆိုတာမိတ်ဆွေတို့လည်းသိပါတယ် ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေကနေ ကင်းဝေးစေဖို့ ဆိုရင်တော့
-တပ်ဆင်ရာမှာလဲမြန်ချင်တယ်
-Service ပိုင်းလည်း စိတ်ချချင်တယ်
-Complain တင်ရာမှာလဲ ၂၄နာရီလုံး အခက်အခဲမရှိပဲချက်ချင်းကူညီဖြေရှင်းစေချင်တဲ့၀န်ဆောင်မှုကိုရယူချင်တယ်ဆိုရင် ဒါတွေ အားလုံးအတွက် G Net Wifi လေးရှိပါတယ်နော်
အော် ဒီတစ်ခုလေးတော့ မမေ့ပါနဲ့အုံးနော်
G@ Net wifi ဆိုတာ အထူး ကံကောင်းခွင့်ရတဲ့လူတွေသာ ချက်ချင်းတပ်ဆင်ခွင့်ရနေတာဆိုတော့
မိတ်ဆွေတို့လဲ ခုလို ကံကောင်းသူများစာရင်းဝင်နိုင်ဖို့ G @ Net wifi တပ်ကြစို့လို့ တိုက်တွန်းအကြံပြုပါရစေခင်ဗျာ
မိတ်ဆွေတို့နဲ့အိမ်တွေ, ရုံးခန်းတွေနဲ့ သင့်တော်တဲ့ Mbps များကိုရွေးချယ် တပ်ဆင်နိုင်ပါတယ်ခင်ဗျ
သြော် "Mbp နှုန်း များများသုံး လိုင်းသုံးရတာ တပြုံးပြုံး "
ဆိုတဲ့ စကားလေးလဲမမေ့နဲ့ပါနဲ့အုံးနော်
#မိတ်ဆွေတို့နဲ့အမြဲအတူရှိနေမဲ့GNetWifi
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 118, Ground Floor, Aung Zay Ya Street, Ahlone Township
Yangon
11121
Opening Hours
| Monday | 08:30 - 21:00 |
| Tuesday | 08:30 - 21:00 |
| Wednesday | 08:30 - 21:00 |
| Thursday | 08:30 - 21:00 |
| Friday | 08:30 - 21:00 |
| Saturday | 08:30 - 21:00 |
| Sunday | 08:30 - 21:00 |