Strategic Advantage

Strategic Advantage

Share

Strategic Advantage offers a comprehensive range of professional accounting services for newly incor

SA's services are highly customizable, professional standards and reliable quality of work to give clients satisfaction at a reasonable price. We strive our best to provide a solution as finance, accounting, and taxation requirements where you can focus more on what truly matters to you in the growth of your business.

27/09/2020

Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများလည်ပတ်ရန် online မှ QR pass ထုတ်ထားရန် လိုအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်း ခွင့်ပြုလုပ်ငန်းများလည်ပတ်မည်ဆိုပါက Onlineမှတဆင့် မှတ်ပုံတင်ရန် ထပ်မံအသိပေးအကြောင်းကြားခြင်း🔷🔷🔷

၂၀၂၀ခုနှစ် ၊ စက်တင်ဘာလ (၂၇) ရက်

၁။ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသည့် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းများသည် လုပ်ငန်းလည်ပတ်ရန် အတွက် Online မှတဆင့် မှတ်ပုံတင်၍ QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်းကို ၂၄.၉.၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပါသည်။

၂။ အဆိုပါ လည်ပတ်ရန် ခွင့်ပြုထားသောလုပ်ငန်းများမှ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ သွားရောက်ရာ တွင်လည်းကောင်း၊ လိုအပ်ချက်အရ အခြားမြို့နယ်များသို့ ဖြတ်ကျော်ရာတွင်လည်းကောင်း QR Pass ရရှိကိုင်ဆောင်ထားရန် လိုအပ်ပါသည်။ QR Pass ရရှိထားခြင်းမရှိပဲ မြို့နယ်တစ်ခုမှတစ်ခုသို့ ဖြတ်ကျော်ခြင်း၊ ခွင့်ပြုထားခြင်းမရှိသော လုပ်ငန်းများ ဖွင့်လှစ်လည်ပတ်ခြင်းများ မပြုလုပ်ရပါ။

၃။ ခွင့်ပြုထားသောလုပ်ငန်းများ QR Pass ရယူနိုင်ရန် https://QRpass.SawSawShar.gov.mm သို့ ဝင်ရောက်၍ မှတ်ပုံတင်ရမည် ဖြစ်ပါသည်။

၄။ ပြည်သူများအနေဖြင့် မဖြစ်မနေဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းတို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ပြီး ယခု QR Pass အစီအစဉ်တွင် အကျုံးမဝင်ပါ။

၅။ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ၊ အလုပ်သမားများအနေဖြင့် Stay at Home ကာလ ရက်သတ္တပတ် နှစ်ပတ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့် ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာရန် လိုအပ်ပြီး လိုက်နာမှုမရှိပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရပါသဖြင့် ကုန်သည်စက်မှုအသင်းချုပ်မှ ထပ်ဆင့် အသိပေးအကြောင်းကြားအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Photos from UMFCCI-Union of Myanmar Federation of Chambers of Commerce and Industry's post 19/09/2020
18/09/2020

🙂IE Code ပြောင်းလဲလျှောက်ထားခြင်းကိစ္စရပ်နှင့် ပတ်သတ်ပြီး သိထားတာလေး မျှဝေပေးချင်လို့ပါခင်ဗျာ..
🙂ပထမဆုံးပြောပြမှာက ပြောင်းလဲတော့မဲ့ IE Code အကြောင်းပါ.
ကျွန်တော်တို့ လက်ရှိ MACCSမှာထည့်ရတဲ့ IE Codeက
စုစုပေါင်း ၁၃လုံးပါ (000)အပါအဝင်ပေါ့ခင်ဗျာ....ကျွန်တော်သိသလော​က် အများစုက (C)နဲ့စတာဖြစ်ပါတယ်...
အဲ့တော့.. ရှေ့က Cကို ယူမယ်.နောက်က ခု Tin Code 9လုံးရယ် 000ရယ်ကို ယူမယ်ဆိုရင် ပုံမှန် (13)လုံးပြန်ဖြစ်သွားလို့ MACCSမှာသုံးလို့တော့ရပါပြီ...

💪ဒါပေမယ့် System မှာအတည်ပြုဖို့အတွက် Emailလေးတော့ ပို့ပေးရပါမယ်.

🙂ကျွန်တော်တို့ အရင်က လျှောက်ထားခဲ့ဖူးတဲ့ ထသက နံပါတ်(၅)လုံးကနေ လက်ရှိ Tin Code ပသက (၉)လုံး ပြောင်းလဲထားပြီးသား ကုမ္ပဏီတွေအနေနဲ့ ခက်ခက်ခဲခဲ လုပ်စရာမလိုပါဘူးခင်ဗျာ.
🙂အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လုပ်ပေးရုံပါ..👇👇👇👇
1.Board of Director လက်မှတ်ရေးထိုးထားတဲ့ ကုမ္ပဏီရဲ့ Letter Head မှာ အောက်ကပေးထားတဲ့ပုံစံလေးကိုရိုက်ထည့်ပေးပြီး ([email protected]) ကိုပို့ပေးရမှာပါ..
2.အဲလိုဖြည့်ထားတဲ့ဖိုင်ကိုပို့ပေးတဲ့အခါ ကုမ္ပဏီရဲ့ ပသကမူရင်းရယ်၊ ခုနကလက်မှတ်ထိုးထားတဲ့ BODရဲ့ မှတ်ပုံတင်မူရင်းရယ်၊စုစုပေါင်း သုံးခု ပါကိုပါရမယ်...

❗️❗️ဖိုင်များကို JPG Formatဖြင့်သာပို့ရပါမယ်❗️❗️

🎁🎁အဲလိုပို့ပေးရုံနဲ့ UCB ရယ် Depositရယ်ပါ တပါတည်း ချိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ🎁🎁

#ပသက ၉လုံးမလျှောက်ထားရသေးတဲ့ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းစဉ်အတိုင်း ကုန်သွယ်ရေးဦးစီးဌာနတွင် ဦးစွာ လျှောက်ထားရပါမယ်...
#ထို့နောက် အထက်ပါ လုပ်ငန်းစဉ်များကို လုပ်ဆောင်ပြီး ([email protected]) ကိုပို့ပေးရပါမယ်...
😥Tin Code မလျှောက်ထားရသေးတဲ့ ကုမ္ပဏီများရဲ့ Deposit အကောင့်များကိုတော့ ပြန်Refundထုတ်ခြင်း. အကောင့်သစ်ပြန်ဖွင့်ခြင်း မဖြစ်မနေပြုလုပ်မှသာ အသုံးပြုနိုင်မှာပါခင်ဗျာ..

🙂🙂အားလုံးအဆင်ပြေကြပါစေ🙂🙂
ိုလေ့လာခြင်း
#မသိသေးတဲ့သူတွေအတွက် Shareပေးပါဦးခင်ဗျာ

Photos from Strategic Advantage's post 16/09/2020

စက်ရုံ အလုပ်ရုံများ အလုပ်ဌာနများ
လိုက်နာရန်

13/09/2020

Two main types of Reporting – Financial vs Management
Financial Reporting ဆိုတာကတော့ လုပ်ငန်း မှာရှိတဲ့ Financial Accountants တွေရဲ့ အဓိက တာဝန်ဖြစ်ပြီးတော့ External Parties တွေအတွက် အဓိက ရည်ရွယ်ပါတယ်။ External Parties တွေထဲမှာ အများသောအားဖြင့် လုပ်ငန်း ကိုရင်းနှီးငွေထည့်ဝင်ထားတဲ့ inverstors နှင့် shareholders များ ၊ နောက်ထပ် အလားအလာရှိသော inverstors များနှင့် shareholders များ ၊ Bankers များ ၊ ကိုယ့် လုပ်ငန်းရဲ့ Customers နှင့် Suppliers များ ၊ Government Authorities များ ၊ Tax Authorities များ အတွက် ပြင်ဆင်ရေးဆွဲရတဲ့ Report ပဲဖြစ်ပါတယ်။ Financial Reporting ကိုတော့ Historical Financial Data တွေကအခြေခံ ပြီးရေးဆွဲပါတယ်။
Management Reporting ဆိုတာကတော့ လုပ်ငန်း မှာရှိတဲ့ Management Accountants တွေရဲ့ အဓိက တာဝန်ဖြစ်ပြီးတော့ Internal Parties တွေအတွက် အဓိက ရည်ရွယ်ပါတယ်။ Internal Parties တွေထဲမှာ အများသောအားဖြင့် လုပ်ငန်းခွင်အတွင်း မှာ နေ့စဉ်ဝင်ရောက်လုပ်ကိုင်နေတဲ့ Directors များ ၊ လုပ်ငန်းတွင်း ဌာနအသီးသီးမှ မန်နေဂျာများ အတွက် ပြင်ဆင်ရေးဆွဲရတဲ့ Report ပဲဖြစ်ပါတယ်။ Management Reporting ကိုတော့ များသောအားဖြင့် Budget/Forecast Data တွေနဲ့ Assumption တွေသတ်မှတ်ပြီးရေးဆွဲပါတယ်။
Report နှစ်ခုလုံးကတော့ financial information တွေကို အခြေခံပြီး လုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ်။ နှစ်ခုလုံး ကအရေးကြီးပါတယ်။ ပုံမှန် လစဉ် နဲ့ သုံးလပတ်တစ်ကြိမ် ရေးဆွဲ သုံးသပ်နိုင်ဖို့ လိုပါတယ်။

13/09/2020

Please do drop us a message or call if you have any inquires.

SA's Professional Accounting Services include:

• Consultancy on Accounting policies, procedures, and business
structures
• Setting up of accounting system and accounts restructuring
• Preparation of management reports and unaudited financial
statements
• Liaise with auditors on financial and statutory audits
• Accounts Receivable and Accounts Payable Management
• Tax Advisory & Consultancy on business structures
• Setting up Internal Control System and Finance SOPs

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


C2 A 04-01, Time Square Condominium, Merchant Road, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00