Pi & Future Tech
"Pi Network ရဲ့ နောက်ဆုံးရသတင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ Ai နှင့် နည်းပညာအကြောင်းအရာတွေကို ဝေမျှပေးသွားမယ့် Pi & Future Tech ဖြစ်ပါတယ်။"
� 𝐏𝐢 𝐍𝐞𝐭𝐰𝐨𝐫𝐤 က ဘာလဲ။
𝐁𝐢𝐭𝐜𝐨𝐢𝐧 လို 𝐂𝐫𝐲𝐩𝐭𝐨𝐜𝐮𝐫𝐫𝐞𝐧𝐜𝐲 ငွေကြေးပါ။ ဒါပေမဲ့ 𝐏𝐡𝐨𝐧𝐞 ကနေ 𝐌𝐢𝐧𝐢𝐧𝐠 အလွယ်တကူလုပ်လို့ရပါတယ် ။GPU ကြီးတွေမလို battery မစားတဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐂𝐨𝐢𝐧 ဖြစ်ပြီး 𝐁𝐢𝐭𝐜𝐨𝐢𝐧 𝐌𝐚𝐫𝐤𝐞𝐭 ထက် တန်ဖိုးကြီးတဲ့ 𝐌𝐚𝐫𝐤𝐞𝐭 ဖြစ်လာနိုင်တဲ့ 𝐂𝐨𝐢𝐧 ပါ။
� အနာဂတ်မှာ 𝐁𝐢𝐭𝐜𝐨𝐢𝐧 ထက်ပိုကြီးတဲ့ 𝐍𝐞𝐭𝐰𝐨𝐫𝐤 ဖြစ်လာဖို့မှန်းထားကြပြီး တန်ဖိုးအားဖြင့်လဲ မြင့်သွားနိုင်ပါတယ်။
� 𝐂𝐫𝐲𝐩𝐭𝐨𝐜𝐮𝐫𝐫𝐞𝐧𝐜𝐢𝐞𝐬 ဆိုတာ ဒေါ်လာတွေ ယူရို တွေလိုမျိုး အသုံးပြုလို့ရ
27/05/2026
Subscribe to get exclusive benefits:
https://www.facebook.com/PiFutureTech/subscribenow
Gemini Creami.ai နဲ့ AI Music Video ဖန်တီးနည်း (Crd မူရင်း)
ဒီ Video မှာတော့ Google ရဲ့ Gemini AI နဲ့ Creami.ai တို့ကို ပေါင်းစပ်ပြီး ကိုယ်ပိုင် Music Video တစ်ပုဒ်ကို အစအဆုံး ဘယ်လိုဖန်တီးရမလဲဆိုတာကို အသေးစိတ် ရှင်းပြပေးထားပါတယ်။
🔗 အသုံးဝင်မယ့် Links
🔗 Google Gemini – https://gemini.google.com
🔗 Cremi AI credit 50 အပိုရသော link : https://cremi.ai/frien...
💡 AI ကို သုံးတတ်တာက ဒီခေတ်မှာ must-have skill ဖြစ်နေပြီ!
👍 Like & Subscribe လုပ်ပြီး AI tutorials အသစ်တွေ မလွတ်သွားအောင် support ပေးပါလို့ရပါတယ် ခင်ဗျ! 😁
26/05/2026
မွန်းချင်မွန်း မမွန်းချင်နေ
ရင်ခုန်တော့တဲ့အရွယ်မဟုတ်🤣😅
25/05/2026
🌍 ဂျပန်က ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင် ၃၀% ရောစပ်လည်ပတ်နိုင်တဲ့ အင်ဂျင်ကို စီးပွားဖြစ် စတင်ရောင်းချလိုက်ပြီ! 🚀
စွမ်းအင်လောကအတွက် သမိုင်းဝင် ခြေလှမ်းတစ်ရပ်ပါပဲ။ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Kawasaki Heavy Industries ကုမ္ပဏီကနေ ဟိုက်ဒရိုဂျင် (Hydrogen) ၃၀% အထိ ရောစပ်အသုံးပြုနိုင်တဲ့ ဧရာမဓာတ်ငွေ့အင်ဂျင် (Large Gas Engine) ကြီးကို ကမ္ဘာပေါ်မှာ ပထမဆုံးအဖြစ် စီးပွားဖြစ် စတင်ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။
ဒီနည်းပညာက ဘာကြောင့် အရေးပါတာလဲဆိုတာ ကြည့်လိုက်ရအောင် 👇
💡 ထူးခြားချက်နှင့် အားသာချက်များ
⚙️ အခြေခံအဆောက်အအုံဟောင်းတွေကို ဆက်သုံးနိုင်ခြင်း ၃၀% ရောစပ်မှုအတွက် လက်ရှိသုံးနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ စနစ်တွေကို အကြီးအကျယ် ပြုပြင်ပြောင်းလဲစရာ မလိုပါဘူး။
⚡ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ခြင်း
အင်ဂျင်လည်ပတ်ရင်းနဲ့ လျှပ်စစ်ဓာတ်အားကိုပါ တစ်ပါတည်း ထုတ်လုပ်ပေးနိုင်လို့ စက်ရုံတွေ၊ ဆေးရုံတွေနဲ့ တက္ကသိုလ်တွေအတွက် အရမ်းကို အဆင်ပြေပါတယ်။
🔄 အလွယ်တကူ အဆင့်မြှင့်နိုင်ခြင်း (Retrofit)
အသစ်ဝယ်စရာမလိုဘဲ လက်ရှိသုံးနေတဲ့ Kawasaki ရဲ့ ရိုးရိုးဓာတ်ငွေ့အင်ဂျင်ဟောင်း (KG Series) တွေကိုလည်း ဒီနည်းပညာသုံးနိုင်အောင် အလွယ်တကူ အဆင့်မြှင့်တင်နိုင်ပါတယ်။
🍃 ကာဗွန်လျှော့ချရေး
သဘာဝဓာတ်ငွေ့ချည်း သက်သက်သုံးတာထက် စာရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
၂၀၅၀ ခုနှစ် ကာဗွန်ထုတ်လွှတ်မှု သုည (Net Zero) ရည်မှန်းချက်အတွက် ဂျပန်နိုင်ငံရဲ့ ဟိုက်ဒရိုဂျင်ဗျူဟာမှာ ဒါဟာ အရေးပါတဲ့ မှတ်တိုင်တစ်ခုပါ။ သန့်ရှင်းတဲ့ ၁၀၀% ဟိုက်ဒရိုဂျင်ခေတ်ကို အပြည့်အဝမရောက်ခင် ကြားကာလမှာ အသုံးပြုရမယ့် "Bridge Technology" (တံတားသဖွယ် ချိတ်ဆက်ပေးမယ့် နည်းပညာ) အနေနဲ့ အနာဂတ်မှာ တွင်ကျယ်စွာ အသုံးပြုလာတော့မှာ ဖြစ်ပါတယ်။
ကမ္ဘာကြီး ပိုမိုသန့်ရှင်းလာဖို့ ဒီလိုတီထွင်မှုတွေက တကယ်ကို အားရစရာပါပဲ။ အနာဂတ်စွမ်းအင်ဖြစ်လာမယ့် ဟိုက်ဒရိုဂျင်နည်းပညာတွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းတို့ရော ဘယ်လိုမြင်ကြလဲ? Comments မှာ ဆွေးနွေးသွားကြပါဦး။ 👇
Crd Kyaw Swar
24/05/2026
✅အရေးပေါ် ဖြေရှင်းနိုင်သည့် နည်းလမ်းများ
———————-
၁ ။ နှလုံးခုန်တာ မြန်လွန်းနေရင်..
၂ -၃ ကြိမ်လောက် အားပြင်းပြင်းနဲ့ ချောင်းဆိုးလိုက်ပါ။ နှလုံးစည်းချက်ကို ပြန်လည် ပြင်ဆင်ပေးနိုင်ပါတယ်။
၂ ။ ကောင်းကောင်း အသက်ရှူလို့မရ ဖြစ်နေရင်…
သင့်လက် ၂ ဖက် ကို ခေါင်းပေါ်တင်ထားလိုက်ပါ။ သင့် အဆုတ် ပွင့်လာနိုင်ပါတယ်။
၃ ။ ရုတ်တရက် ကြောက်စိတ်ဝင်လာရင်…
အေးတဲ့အရာ တစ်ခုခု ( သတ္တု၊ ရေ၊ ဖုန်း ) ကို ထိတွေ့လိုက်ပါ။ သင့်ဦးနှောက်က ကြောက်ရွံ့တာကနေ တစ်ခြားအရာကို ပြောင်းရွှေ့သွားနိုင်ပါတယ်။
၄ ။ ခေါင်းမူးနေရင်..
တစ်နေရာရာကို အာရုံစိုက်ကြည့်ပြီး ခြေထောက်တွေကို တင်းကျပ်ထားလိုက်ပါ။ သွေးတွေ ဦးနှောက်အတွင်းသို့ အမြန် ပြန်ရောက်နိုင်ပါတယ်။
၅ ။ အတွေးလွန်နေရင်…
နံပါတ် ၁၀၀ မှ ၇ ဆီနှုတ်ပြီး နောက်ပြန် ရေတွက်ပါ။ ဥပမာ ၁၀၀ ၊ ၉၃ ၊ ၈၆ ၊ ၇၉…
၆ ။ အိပ်မပျော်ဖြစ်နေရင်..
အသက်ရှူထုတ်တာကို ရှူသွင်းတာထက် ပိုရှည်လိုက်ပါ။ ၄ -၇ ( ရှူသွင်း ၄ မှတ် ရှူထုတ် ၇ မှတ် ) သင့်ဦးနှောက်က အိပ်စက်ဖို့ ပြင်ဆင်ပေးပါမယ်။
၇ ။ နှာပိတ်နေရင်…
အသက်အောင့်ထားပြီး ဖြည်းဖြည်းချင်း ဦးခေါင်းညိတ်လိုက်ပါ။ ပိတ်နေတဲ့ နှာလမ်းကြောင်း ပွင့်ထွက်သွားနိုင်ပါတယ်။
၈ ။ ရုတ်တရက် စိုးရိမ်စိတ်ဝင်လာရင်…
မျက်နှာကို ရေဖျန်းလိုက်ပါ။ စိတ်အေးချမ်းမှုရတဲ့ တုံ့ပြန်မှုကို နှိုးဆွနိုင်ပါတယ်။
အကြံပေးချက်အနေဖြင့်-သင်မှာဒီလိုလက္ခဏာတွေဖြစ်နေရင်ဖော်ပြပါနည်းလမ်းအတိုင်းလုပ်ပေးဖို့အကြံပြုပါတယ်။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး
#ကျန်းမာရေးဗဟုသုတရကြပါစေ
ေးပါတယ်
24/05/2026
မိဘပြည်သူများအတွက်
ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေကို
လမ်းညွှန်ပေးကြပါ
ရန်ကုန်မှာ "အခမဲ့" ကုသပေးနေတဲ့ ဆေးရုံအသစ်ကြီး! လူတိုင်းသိအောင် မျှဝေပေးလိုက်ပါ
ခက်ခဲနေတဲ့ ကာလမှာ ဆေးဖိုးဝါးခအတွက် ပူပန်နေရသူတွေရှိလား? ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ ဆရာဝန်ကြီးတွေကိုယ်တိုင် စေတနာအပြည့်နဲ့ ရောဂါမျိုးစုံကို အခမဲ့ ကုသပေးနေတဲ့ နေရာကောင်းလေးတစ်ခု ရှိနေပါပြီ။
ဘာရောဂါတွေကို အခမဲ့ ကုသပေးနေတာလဲ?
ဒီဆေးရုံမှာ သွားရောဂါတင်မကဘဲ တခြားအဆောင်သစ်တွေမှာလည်း အောက်ပါရောဂါတွေကို လုံးဝ (Free) ကုသပေးနေပါတယ် -
သွားနှင့် ခံတွင်း: သွားနုတ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း (အဆင့်မြင့်စက်ကိရိယာများဖြင့်)။
နှလုံးရောဂါ: နှလုံးနှင့်ပတ်သက်သော စစ်ဆေးကုသမှုများ။
သွေးတိုး နှင့် ဆီးချို: နာတာရှည်ရောဂါရှင်များအတွက် အထူးကုသမှု။
မျက်စိရောဂါ: မျက်စိအားနည်းခြင်းနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများ။
တည်နေရာနှင့် သွားရောက်ရမည့်ပုံစံ
နေရာ: ရန်ကုန်တက္ကသိုလ်များဆေးရုံ (ကမာရွတ်မြို့နယ်)။
လမ်းညွှန်: တက္ကသိုလ်ရိပ်သာလမ်း၊ တက္ကသိုလ်အဓိပတိလမ်း ဝင်ပေါက်နဲ့ မျက်စောင်းထိုးမှာပါ။ လှည်းတန်းလမ်းဆုံနဲ့ နီးပြီး "ကျောင်းရှေ့မှတ်တိုင်" မှာ ဆင်းရုံပါပဲ။
အချိန်: မနက် ၉:၃၀ မှ ညနေ ၃:၀၀ ထိ (တနင်္ဂနွေနှင့် ရုံးပိတ်ရက်များ ပိတ်ပါသည်)။
ကိုယ်တိုင်သွားရောက် ကုသဖူးသူရဲ့ အကြံပြုချက်
"ဆေးရုံက အသစ်စက်စက်မို့ အရမ်းသန့်ပြီး Aircon အေးအေးလေးနဲ့ပါ။ ဆရာဝန်တွေကလည်း အရမ်းဖော်ရွေပြီး နွေးထွေးပါတယ်။ ကျွန်မကိုယ်တိုင် သွားနုတ်ခဲ့တာ ဓာတ်မှန်ပါ အခမဲ့ ရိုက်ပေးပါတယ်။ ဆေးရုံအတွက် အလှူငွေလေးတွေ ထည့်ချင်ရင်တော့ စေတနာရှိသလောက် ထည့်ဝင်နိုင်ပါတယ်
မိမိပတ်ဝန်းကျင်မှာ ဆေးကုသဖို့ အခက်အခဲရှိနေတဲ့သူတွေ၊ သက်ကြီးရွယ်အို မိဘဘိုးဘွားတွေ သိသွားအောင် ဒီသတင်းကောင်းလေးကို Share လုပ်ပြီး လက်ဆင့်ကမ်းပေးကြပါ
#အခမဲ့ #ရောဂါကုသ #အခမဲ့ဆေးရုံ
21/05/2026
အခုမှစပြီး Onlineပေါ်ကနေပြီး Monetisationစလုပ်ချင်တဲ့သူတွေဖတ်ပါ
ဒီဘက်ခေတ်မှာ YouTube Creator တစ်ယောက်ဖြစ်ဖို့ဆိုတာ အရင်တုန်းကလို Camera အကြီးတွေ၊ Studio အကြီးတွေ မလိုတော့ပါဘူး။ အခုဆို ဖုန်းတစ်လုံးရှိရုံနဲ့တင် Video ဖန်တီးပြီး Online ကနေ ဝင်ငွေရှာနိုင်တဲ့ခေတ်ကို ရောက်လာပါပြီ။ ဒါပေမယ့် Video တင်တတ်ရုံနဲ့တော့ ဒေါ်လာတွေ အလိုလိုဝင်လာမယ်လို့ ထင်ထားရင် မှားသွားနိုင်ပါတယ်။ တကယ်အောင်မြင်တဲ့ Creator တစ်ယောက်ဖြစ်ချင်ရင် Beginner အဆင့်ကတည်းက စနစ်တကျ လေ့လာပြီး တဖြည်းဖြည်း တည်ဆောက်သွားဖို့လိုပါတယ်။
YouTube ကို စလုပ်တော့မယ်ဆိုရင် ပထမဆုံး Platform ရဲ့ သဘောသဘာဝကို နားလည်ထားဖို့လိုပါတယ်။ YouTube ဆိုတာ Video တင်တဲ့နေရာတစ်ခုတည်း မဟုတ်ပါဘူး။ သူ့မှာ Policy တွေရှိတယ်၊ Copyright စည်းမျဉ်းတွေရှိတယ်၊ Monetisation အတွက် သတ်မှတ်ချက်တွေရှိတယ်။ အဲ့တာတွေကို နားမလည်ဘဲ စလုပ်လိုက်ရင် အစပိုင်းမှာ အဆင်ပြေသလိုထင်ရပေမယ့် နောက်ပိုင်း Monetisation လျှောက်တဲ့အချိန်၊ Copyright မိတဲ့အချိန်တွေမှာ ပြဿနာတွေ တက်လာနိုင်ပါတယ်။ ဒါကြောင့် Beginner တစ်ယောက်အနေနဲ့ ပထမဆုံးလုပ်သင့်တာက YouTube ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သေချာလေ့လာထားဖို့ပါပဲ။
နောက်တစ်ခုကတော့ လူတွေပြောနေကြတဲ့ Algorithm ဆိုတာပါ။ တော်တော်များများက Algorithm ကို ခက်ခဲတဲ့ နည်းပညာတစ်ခုလို ထင်ကြပေမယ့် တကယ်တော့ သူက Audience ကိုပဲ ကြည့်တာပါ။ လူတွေ ဘယ်လို Video ကို နှိပ်ကြည့်ချင်လဲ၊ ဘယ် Video ကို ကြာကြာကြည့်လဲ၊ ဘယ် Content ကို စိတ်ဝင်စားလဲဆိုတာကို YouTube က လေ့လာပြီး Video တွေကို ဖြန့်ပေးတာပါ။ အဲ့တာကြောင့် ကိုယ့် Video ကို လူတွေ နှိပ်ကြည့်ချင်အောင် Thumbnail ကောင်းဖို့လိုတယ်၊ Title က စိတ်ဝင်စားဖို့ကောင်းဖို့လိုတယ်၊ Video အစပိုင်းမှာလည်း ကြည့်တဲ့သူကို ဆက်ကြည့်ချင်အောင် Hook ကောင်းကောင်းနဲ့ ဖမ်းထားနိုင်ဖို့လိုပါတယ်။
YouTube မှာ ရေရှည်အောင်မြင်ချင်ရင် Niche တစ်ခုကို သေချာရွေးဖို့လည်း အရေးကြီးပါတယ်။ ဒီနေ့ Movie Recap တင်ပြီး မနက်ဖြန် Gaming ပြောင်းတင်၊ နောက်နေ့ News ပြန်တင်နေတာမျိုးဆို Audience ကလည်း confused ဖြစ်သွားတတ်ပါတယ်။ ကိုယ်တကယ် ဝါသနာပါတဲ့အရာ၊ ရေရှည်လုပ်နိုင်မယ့် Content အမျိုးအစားကို ရွေးပြီး Consistent ဖြစ်အောင်လုပ်တာက ပိုထိရောက်ပါတယ်။ Audience တွေကလည်း ကိုယ့် Channel ကို ဘာအတွက် Follow လုပ်ထားတာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ကြပါတယ်။
Content Creation အပိုင်းမှာလည်း အရေအတွက်ထက် အရည်အသွေးကို ပိုဂရုစိုက်သင့်ပါတယ်။ Video အများကြီးတင်တာကောင်းပေမယ့် လူတွေ မကြည့်ချင်တဲ့ Low Quality Video တွေ အများကြီးတင်နေတာထက် တကယ်ကြည့်လို့ကောင်းတဲ့ Video တစ်ပုဒ်က ပိုတန်ဖိုးရှိပါတယ်။ အသံသန့်ဖို့၊ Edit သေချာဖို့၊ Subtitle ကောင်းဖို့၊ Story Flow smooth ဖြစ်ဖို့လိုပါတယ်။ အခု ၂၀၂၆ ခေတ်မှာ Audience တွေရဲ့ Standard က အရမ်းမြင့်လာပါပြီ။ အရင်တုန်းကလို Low Quality Video တွေတင်ပြီး လွယ်လွယ်ပေါက်တဲ့ခေတ် မဟုတ်တော့ပါဘူး။
Content Idea တွေအတွက်လည်း Research လုပ်တတ်ဖို့လိုပါတယ်။ လူတွေ ဘာကို စိတ်ဝင်စားနေကြလဲ၊ ဘယ် Topic တွေ Trending ဖြစ်နေလဲ၊ ဘယ်လို Video Format တွေ လူကြိုက်များလဲဆိုတာ အမြဲကြည့်နေရပါတယ်။ တခြား Creator တွေကို Copy လုပ်ဖို့မဟုတ်ပဲ သူတို့ ဘယ်လိုဖန်တီးထားလဲ၊ ဘယ်လို Storytelling သုံးထားလဲဆိုတာ လေ့လာပြီး ကိုယ့်Style နဲ့ ပြန်ဖန်တီးနိုင်ဖို့ပါ။
Monetisation အပိုင်းရောက်လာရင်လည်း Subscriber နဲ့ Watch Time ပြည့်သွားရုံနဲ့ အရာအားလုံးပြီးသွားတာမဟုတ်ပါဘူး။ Adsense Setup လုပ်ရတာ၊ ID Verify လုပ်ရတာ၊ Bank Account ချိတ်ရတာတွေ ရှိသေးပါတယ်။ တစ်ခါတလေ Monetisation Approval ကျဖို့အချိန်ယူရတာမျိုးတွေလည်းရှိပါတယ်။ ဒါကြောင့် YouTube စကတည်းက Monetisation Process ကိုပါ တစ်ခါတည်း လေ့လာထားရင် နောက်ပိုင်း အများကြီးအဆင်ပြေပါတယ်။
အရေးကြီးဆုံးတစ်ခုကတော့ စိတ်ရှည်ဖို့ပါပဲ။ YouTube ဟာ တစ်ရက်နှစ်ရက်နဲ့ အောင်မြင်မယ့် Platform မဟုတ်ပါဘူး။ တစ်ခါတလေ Video ကောင်းကောင်းလုပ်ထားပေမယ့် View မတက်တာတွေရှိမယ်။ ကြိုးစားသလောက် Result မထွက်တာတွေလည်းရှိမယ်။ ဒါပေမယ့် စနစ်တကျ လေ့လာပြီး တစိုက်မတ်မတ် ဆက်လုပ်သွားတဲ့သူတွေကပဲ နောက်ဆုံးမှာ ရေရှည်အောင်မြင်သွားကြတာပါ။
အခုမှ စမယ့်သူဆိုရင် Perfect ဖြစ်ဖို့ မစောင့်ပါနဲ့။ စလုပ်ပါ။ လုပ်ရင်းနဲ့ သင်ယူပါ။ YouTube မှာ အောင်မြင်တာက Talent တစ်ခုတည်းနဲ့ မဟုတ်ပါဘူး။ Consistency ၊ Patience နဲ့ Learning Mindset ရှိတဲ့သူတွေကပဲ နောက်ဆုံးမှာ ရေရှည်ရပ်တည်နိုင်ကြတာပါ။
Credit to Arkar Soe
21/05/2026
Sidra Network ရဲ့ အရေးပေါ်ပြင်ဆင်ရမည့် သိသာထင်ရှားသော စိန်ခေါ်မှုများ 🚨
Sidra အဖွဲ့သားများ (Team) အနေဖြင့် Ecosystem ပြိုလဲမသွားစေရန်နှင့် အသုံးပြုသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရန် အောက်ပါအချက်များကို အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်နေပါသည်။
KYC & Liveness Scan: Online/Physical KYC အဆင်မပြေမှုများနှင့် App အတွင်း မျက်နှာအတည်ပြုစနစ် (Face Verification) ခဏခဏ Fail ဖြစ်နေသည့် ပြဿနာ။
Swap & Transactions: ST မှ SDA သို့ Swap လုပ်၍မရသေးခြင်းနှင့် ပုံမှန် Send/Receive စနစ်များ အလုပ်မလုပ်ခြင်း။
Communication & Trust: နည်းပညာအဖွဲ့ဘက်မှ လုပ်ဆောင်မှုများစွာ သတင်းအချက်အလက် ထုတ်ပြန်မှု အားနည်းခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် Holder များအကြား ယုံကြည်မှု ကျဆင်းပြီး စိုးရိမ်ပူပန်မှု မြင့်တက်လာခြင်း။
21/05/2026
Online ငွေရှာနည်း 101 နည်း
👇🏻👇🏻👇🏻
(အခမဲ့ဒေါင်းလော့ရယူနိုင်ပါတယ်)
#အွန်လိုင်းငွေရှာနည်း
Click here to claim your Sponsored Listing.
Website
Address
Yangon