TequilaShots

TequilaShots

Share

ခေါင်းထဲရှိတာ ဒါအကုန်ပဲ

06/12/2022

Shrink your clothes in the washing machine!

Most of us have grown up with a big circle of friends. Or as I like to call it.. a support system. Whether big meaning 4-5 people or 10-12, you used to have more friends. However, as you grow up, your circle (or system) has shrunken. Is that good? Well, I know I hate it when I put my clothes in the washing machine & they shrink. But it's a process we must all go through.. you gotta wash your clothes! Just like that you gotta clean your system too. It's a process we all HAVE to go through & HAVE gone through.

It's not always the best thing having your clothes shrunken or having to lose friends. But if we look at it glass half full style: we have cleaner clothes & closer friends!

I hope this makes sense.

28/11/2022

"Feeling guilty for past mistakes and behaviors does nothing for you or the people you harmed, unless it is accompanied by changed behavior."
- Florence Given

22/11/2022

လူတစ်ယောက်ရဲ့စိတ်ဆိုတာ... နားလည်ရအခက်ဆုံးပဲဗျ။

အစထဲက အဆုံးစုံထိနားလည်အောင်လုပ်ချင်စိတ်မရှိဘူးဆိုရင် အဲ့လူကိုသွားမနှောက်ယှက်ပါနဲ့ မသိချင်ယောင်ပဲဆောင်နေလိုက်ပါ။

နားလည်အောင်လုပ်ကြည့်အုံးမယ်ဆိုတဲ့စိတ်က လမ်းတစ်ဝက်မှာ ကျပျောက်သွားပြီး အစတည်းက နားလည်ရခက်တဲ့စိတ်ကို အပြစ်တင်မိရင် ဘယ်သူကပိုခံစားရမှာတဲ့လဲ?

PC: Org Owner

19/11/2022

ရှောင်ရမဲ့လူတစ်မျိုး

စိတ်ဓာတ်ကျတာနဲ့ အရာရာတိုင်းကိုအဆိုးမြင်နေလို့မပျော်နိုင်တာကမတူဘူး။

စိတ်ဓာတ်ကျတတ်တဲ့သူက ပျော်စရာရှိရင်ပျော်လိုက်တယ် ဒါမဲ့ အချိန်တန်အိမ်ပြန်ရောက်ရင် စိတ်ဓာတ်ကျတတ်တာမျိုး။ သူများတွေတော့မသိပေမဲ့ ကိုယ်တွေကတော့ အရာရာတိုင်းကိုစိတ်အလိုမကျဖြစ်နေတာကို စိတ်ဓာတ်ကျတယ်လို့ခေါ်လေ့မရှိလူး။ စိတ်အလိုမကျရင်မကျဘူးပေါ့။ ကိုယ်ပဲ moody ဖြစ်နေတာဆိုပြီးလက်ခံလိုက်တယ်။

အဲ့တာကိုလက်မခံနိုင်တဲ့သူတွေရှိတယ်၊ ကိုယ့်ဖြစ်တည်မှုကိုကိုယ်မသိတာ လက်မခံနိုင်တာ။ အကောင်းမမြင်နိုင်တဲ့စိတ်ကို Depression နဲ့မှားနေတဲ့သူတွေ...

အဲ့လိုလူတွေရဲ့စိတ်ထဲမှာက လူတွေကသူတို့အပေါ်မကောင်းဘူးလို့ပဲမြင်တယ်။ ကောင်းပေးနေရင်တောင် ကိုယ့်ရဲ့ဘာမှမဟုတ်တဲ့အပြုမူတစ်ခုကို သူတို့ပေါ်ကောင်းမနေတာပါဆိုပြီး လှည့်တွေးလိုက်နိုင်စွမ်းရှိတယ်။ Depression ရှိတဲ့သူတွေ overthinking ရှိတဲ့သူတွေလည်း ဘာမဟုတ်တာလေးကိုပုံကြီးချဲ့တွေးတတ်ပါတယ်။ ဒါမဲ့ overthink တာနဲ့ victim playing ကိုကွဲအောင် မြင်နိုင်ရမယ်။

တင်စားပြီးပြောရရင် ကိုယ်ကတော့စားစေချင်လို့မုန့်လေးဝယ်သွားပေးပေမဲ့ အဆိပ်ခက်ပြီးကျွေးပါတယ်ဆိုပြီးပြောခံတာမျိုး

အဲ့တာကို ပိုတိကျတဲ့ ဥပမာနဲ့ပြောရရင်တော့....
ကိုယ်ကဒါလေးစားကောင်းလို့ သတိတရဝယ်သွားပေးလိုက်ပေမဲ့ "ငါဒါမကြိုက်တာနင်မသိဘူးလား ... နင်တမင်လုပ်တာမလား ငါမကြိုက်လို့မစားရင်နင်စားလို့ရအောင် ... နင်ကတော့စားသောက်ပြီးဗိုက်ဝလာပြီ ...ငါအခုနင်လုပ်လို့စားစရာမရှိတော့ဘူး ဗိုက်စာနေပြီ"

ပုံမှန် အတွေးလွန်တဲ့သူတွေက အတွေးလွန်တယ်ဆိုတဲ့စကားလုံးအတိုင်းပဲ တိတ်တိတ်လေးတွေးပြီးစိတ်ညစ်တာများတယ်။ ဘာမှာအကောင်းမမြင်နိုင်တဲ့သူတွေကတော့ ခုဏကလိုမျိုးပေါ့ .... ဘယ်လိုအခြေနေမျိုးမှာမဆို သူတို့ကခံနေရပါတယ်ဆိုပြီး ထင်တတ် ပြောတတ် victim play တတ်တယ်။

အဲ့လိုလူတွေနားနေရင် တချိန်လုံးကိုယ့်အပြစ်ပဲဖြစ်နေတော့ ကိုယ်ပဲစိတ်တိုရပြီး စေတနာမထားချင်စိတ်တွေများလာရမယ့်တူတူတော့ အစထဲကရှောင်ပေါင်းတာကအကောင်းဆုံးပေါ့။

18/11/2022

Look out for yourself, you can't control how the other person reacts. (ကိုယ့်အတွက်ကိုယ်ကြည့်ပါ၊ တဖက်ကဘယ်လိုတုန့်ပြန်မယ်ဆိုတာ ကိုယ်ထိန်းချုပ်လို့ရတဲ့အရာမှမဟုတ်တာ။)

ငါပြောလိုက်ရင်သူကဒီလိုဖြစ်သွားမှာဆိုတဲ့အတွေးနဲ့ စိတ်ထဲရှိတဲ့စကားတွေကိုမျိုမသိပ်ထားပါနဲ့။ အဲ့တာကလွယ်တဲ့အရာဆိုပေမဲ့ အချိန်အကြာကြီးကိုယ်နဲ့ပါသွားမဲ့အတွေးတွေကို တစ်ခါလောက်ပဲပြောပြီး လွှတ်ချထားခဲ့ပါ။

17/11/2022

စိတ်ထဲရှိတာရေးမယ်...
Serious ဖြစ်ချင်လည်းဖြစ်မယ် ​ောက်ခွက်ပြောင်မိတာတွေလည်းရှိမယ် စာရှည်ကြီးတွေလည်းပါမယ် စာတိုလေးတွေလည်းရေးမယ်။

You won't like or agree with everything I say..but sit down & take a shot with me. 🥃

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon