SMILE
Damage restoration & Custom paint
22/05/2026
ညီလေးတစ်ယောက်ရဲ့ဖရိန်
ဘယ်လိုအနေအထားဖြစ်ဖြစ်
လာအပ်ပီဆိုထဲက
Before နဲ့ After ကွဲပြားအောင်
ဦးနောက်ခြောက်ခံ
လုပ်ရတော့မယ်ဆိုလို့ကို ပျော်ပါတယ် ။
21/05/2026
ဘီးကမစိုမအိနဲ့အရောင်မတက်လို့
Clear coat တင်ရင်ရလားအကိုဆိုလို့
ဘာအတွက်တင်မှာလဲ ယူလာခိုင်းပီး
ပေါ်လစ်နိုင်နိုင်တိုက်ပေးလိုက်တယ် ။
အခြစ်ရာလေးတွေပျောက်
စိုအိပီးရုပ်ထွက်သွားတယ် ။
19/05/2026
ဒါကတော့ ဘာရယ်မဟုတ်ပေါင်ဗျာ
တစ်နေ့တစ်နေ့ လူပျိုကြီး တနေကုန်
paint job တွေနဲ့နပမ်းလုံး
ညရောက်မှ ကိုယ်တိုင်ချက်
ပင်လယ်စာသုတ်လေးနဲ့မြည်းပီး
ကြက်ပင်စိမ်း တို့စရာလေးနဲ့ စားရင်း
လာမေးသမျှကို
ချက်ဘောက်ကထိုင်စောင့်နေတာပေါ့
#အစားအသောက်ကဏ္ဌ
19/05/2026
တစ်ရက်တစ်ရက် စိတ်ရှည်လက်ရှည်ကော်ပက်လေးစားလို့ပြောင်မှဘဲ
နေလို့ထိုင်လို့ကောင်းတော့တယ်
စက်နဲစားလိုက်ပိုမြန်တာပေါ့ဗျာ
ပဆံတောင်မြန်မြန်မြန်ရသေး
ဒါမဲ့ထွက်လာတဲ့အရည်အသွေးနဲ့
ခိုင်ခံမှုလဲမတူသလို စိတ်တိုင်းမကျဘဲ
Craftsmanship မဟုတ်သလိုခံစားရတယ် ။
17/05/2026
ဒီခေတ်မှာ .....ကျွန်တော်ကိုယ်တိုင်က
ကာဗွန်စီးမှ မဟုတ်ရင်
Al # # # alloy မှမိုက်တယ်လို့ ထင်ခဲ့တာ
တကယ်တော့ 1885 က raleigh စီးဖူးရင်
(ဒါတောင်သူက ဒုတိယ ထင်ရဲ့
ရှေ့မှာ Michaux et Cie ကရှိသေးတယ် )။
လေးနေတဲ့ဖရိန်မှာ ရှေ့ာဘားမရှိတောင်
Vibration absorb နဲ့
Stability အရမ်းမိုက်
disc brake တွေမပါလို့
ဆီထိရင်တောင်
ကြောင်ကြောင်ကြောင် အော်မနေ
စီးစီးပိုင်ပိုင်နဲ့ စီးလို့ကောင်းတဲ့
ဒေါင့်တဲ့မောင်းတဲ့ တင့်ကားလို ဘီးဘဲ
ခုခေတ်ဘီးတွေကျ
ပေါ့တယ်မြန်တယ် ဆိုပေမဲ့.....
ပေးရတဲ့ဈေးနဲ့ရတဲ့ performance
ပြိုင်မှာလား တခုခုပေါ့ ?
စက်ဘီးကိုလူကစီးရတဲ့
အရသာအပြည့်ရလား
လူကစက်ဘီးကိုထမ်းပိုး
ဂရုစိုက်ပီး maintenance
လုပ်နေရတာလားဆိုတာတော့...
Raleigh ကိုစီးဖူးရင်သိပါလိမ့်မယ်
နောက်ဆုံးပုံကတော့
raleigh sport type ပါ
စက်ဘီးစီးလိုက် ပြေးလိုက်လုပ်နေတဲ့
ဒို့လိုမျိုးစိတ်မပါသေးဘူးဟေ့
အေးဒီကောင်တော့သွားပီ
ကားသမားက
နောက်ကားရှင်းမရှင်းကြည့်ပီးမှ
ခရီးသည်ကိုဆင်းခိုင်းရမှာပါ။
11/05/2026
ဒီနှစ်က အရင်နှစ်လုပ်ခဲ့တဲ့
ရလဒ်တွေထက် အကောင်းဆုံးနဲ့
စိတ်အကျေနပ်ဆုံးနှစ်ပါဘဲ ။
ဈေးတွေတက် အချိန်တွေကြာလဲ
သည်းခံပီး ယုံယုံကြည်ကြည်လာအပ်တဲ့
ကိုကြီးတွေ ညီတွေကို
ကျေးဇူးအထူးတင်ရပါတယ် ။
တရက်တရက် update တွေလုပ်နေသလို
မနှစ်က ကိုယ်နဲ့
ဒီနှစ် ကိုယ့်ကိုကိုယ်ဘဲ ဂရုစိုက်ပီး
နောက်နှစ်လက်ရာတွေ
ဒီထက်ပိုမိုက်အောင်လုပ်ချင်ပါသေးတယ် ။
11/05/2026
စက်ဘီးစီးရင် ဦးထုတ်မဆောင်းချင်တာ
ကားကြိုကားကြားနဲ့
လမ်းပြောင်းပြန် ၀င်တိုးချင်တာ
ခုန်လိုက်ပေါက်လိုက် လုပ်ချင်တာတွေကို
ပေါ့ပေါ့ပါးပါးနဲ့ သက်လုံကောင်းစေမဲ့
spare parts တွေ😁
09/05/2026
ဆေးလေးအသစ်တိုင်းလိုချင်တယ်ဆိုပီး
အကုန်ဖြုတ်ပီးလာပေးသွားတယ်
အသစ်တိုင်းမရပေမဲ့ ရသလောက်
လုပ်ပေးလိုက်တာ
လေးရက်တော့ကြာသွားတယ်ဗျာ။
Category
Telephone
Website
Address
Yegyaw Road
Yangon
1111
Alerts
Be the first to know and let us send you an email when SMILE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.