PALM Design & Construction

PALM Design & Construction

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PALM Design & Construction, Construction Company, Yangon.

Photos from PALM Design & Construction's post 14/12/2025

ရွှေပြည်သာမြို့နယ်တွင် တည်ဆောက်နေဆဲ ၂ ထပ် အိမ်လေး

Project Name - 2 story Resident
Owner - U Min Aung
Area - 18’ x 40’
Location - Shwe Pyi Thar

၂ ထပ် roof slab အိမ်လေးကစတင်ဆောက်တော့မှာ ဖြစ်တဲ့အတွက် 3D ပုံလေးနဲ့ ဆောက်လုပ်နေဆဲsite နေရာလေး ကို မျှဝေပးလိုက်ပါတယ်
အိမ်ဆောက်ဖို့ စိတ်ကူးရှိရင် ကျွမ်းကျင်တဲ့ architect , Engineer,skill labour တွေရှိတဲ့ PALM Design & Construction ကို သတိရလိုက်ပါ

PAE rate များဖြင့်လည်း ဆောက်လုပ်ပေးနေသည့်အပြင် ကိုယ်တိုင်ပစ္စည်းကိုင်ထားချင်တဲ့ အိမ်ရှင်များအတွက်လည်း လက်ခသီးသန့်ဖြင့်လည်း အိမ်ရှင်စိတ်တိုင်းကြိုက်ဆောင်ရွက်ပေးလျက်ရှိပါတယ်
အသေးစိတ်စုံစမ်းသိရှိလိုပါက 09761706385 သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Photos from PALM Design & Construction's post 29/08/2025

လက်ရာမြောက် အိမ်လေးတစ်လုံးကို စိတ်ကူးထဲကအတိုင်း အကောင်အထည်ဖော်လိုက်ကြရအောင်💯💯

📋 Project Detail
Project Type: 2-1/2 STORYED CLASSIC RESIDENTIAL HOUSE
Location: Sittwe
Owner: Private
Scope: Architectural Design
Area: 25' x 45'
PROJECT YEAR: 2023

စိတ်ကူးထဲက အိမ်ကလေးကို အပြင်လောကမှာ အကောင်အထည်ပေါ်လာစေဖို့ ကျွမ်းကျင်တဲ့ Professional Team ရှာနေတဲ့သူရှိလား? ❤️

ဒါဆိုရင်တော့ ကျွန်တော်တို့ Palm Architectural Design & Construction မှာ ဒီဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ် 👇

✅ အဆောက်အဦး ဗိသုကာဒီဇိုင်း (Architectural Design)
✅ အတွင်းပိုင်း အလှဆင်ခြင်း (Interior Design)
✅ အဆောက်အဦး တည်ဆောက်ခြင်း (Building Construction)
✅ အိမ်တွင်း မွမ်းမံအလှဆင်ခြင်း (Interior Decoration)

အိမ်ရှင်ကြီးတို့ရဲ့ လိုအပ်ချက်မှန်သမျှကို သေချာဆွေးနွေးတိုင်ပင်ပြီး 100% စိတ်တိုင်းကျသည်အထိ ဝန်ဆောင်မှု‌ပေးနေတာဖြစ်လို့ ကိုယ့်အိမ်မက်ကို လက်တွေ့အကောင်အထည်ဖော်ချင်တယ်ဆို ကျွန်တော်တို့ PALM ARCHITECTURAL DESIGN & CONSTRUCTION ကိုသာ ဆက်သွယ်လိုက်ပါခင်ဗျာ ❤️

💬 ကဲ... စိတ်ကူးထဲက အိမ်‌ကလေးကို အကောင်အထည်ဖော်ဖို့ သင့်ဖြစ်ပြီလား?

📞 ဆက်သွယ်ရန်: 09 761 706 385
📩 Messenger မှလည်း တိုက်ရိုက်စုံစမ်းနိုင်ပါတယ်။

23/08/2025

🏡 သင့်ကိုယ်ပိုင်အိမ်မက်ထဲက အိမ်လေးတစ်လုံး တည်ဆောက်တော့မှာလား? ဒါဆိုရင်တော့ လူအများစုလုပ်လေ့ရှိတဲ့ ဒီအမှား (၅) မျိုးကို ရှောင်ကြဉ်လိုက်ပါ။
ကိုယ်တိုင်စိတ်ကြိုက်အိမ်လေး ပိုင်ဆိုင်ဖို့ဆိုတာ လူတိုင်းရဲ့အိမ်မက်တစ်ခုပါ။ ဒါပေမဲ့ ဒီအိမ်မက်ကို အကောင်အထည်ဖော်တဲ့အခါမှာ မဖြစ်မနေရှောင်သင့်တဲ့ အမှားတချို့ရှိနေပါတယ်။ သင့်ရဲ့အိမ်မက်လှလှလေး အနာအဆာမရှိစေဖို့ ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်။

1️⃣ အနာဂတ်လိုအပ်ချက်တွေကို ထည့်မစဉ်းစားမိခြင်း
ကိုယ့်အိမ်ဟာ နှစ်ပေါင်းများစွာနေထိုင်ရမယ့်နေရာပါ။ အခုလက်ရှိအတွက်ပဲ စဉ်းစားလို့မရပါဘူး။ နောင်တစ်ချိန် မိသားစုဝင်တွေ တိုးလာနိုင်တာ၊ အသက်အရွယ်ကြီးလာတဲ့အခါ လိုအပ်ချက်တွေ ပြောင်းလဲလာနိုင်တာမျိုးကို ကြိုတင်တွေးထားသင့်ပါတယ်။ ဥပမာ - ကလေးအခန်း၊ အလုပ်လုပ်ရန်နေရာ (Home Office) တို့ကို ထည့်သွင်းစဉ်းစားပါ။

2️⃣ သဘာဝအလင်းရောင်နဲ့ လေဝင်လေထွက်ကို လျစ်လျူရှုထားမိခြင်း
ကောင်းမွန်တဲ့ လေဝင်လေထွက်နဲ့ လုံလောက်တဲ့ သဘာဝအလင်းရောင်ဟာ ကျန်းမာရေးအတွက်ရော၊ စိတ်ခံစားချက်ကောင်းမွန်ဖို့အတွက်ပါ အရေးကြီးပါတယ်။ ဒါ့အပြင် မီတာခ ကုန်ကျစရိတ်ကို သက်သာစေပြီး အိမ်ကို ပိုမိုလန်းဆန်းတက်ကြွစေပါတယ်။

3️⃣ အသုံးဝင်မှုထက် ခေတ်ရေစီးကြောင်း (Trends) တွေကိုပဲ ဦးစားပေးပြီး ငွေကုန်ကြေးကျများခြင်း
ခေတ်စားနေတဲ့ ဒီဇိုင်းတွေက ခဏပါပဲ။ နှစ်ပေါင်းများစွာ အဆင်ပြေပြေနေနိုင်ဖို့က အသုံးဝင်မှုနဲ့ လုပ်ဆောင်ချက် (Function) ကောင်းမွန်တဲ့ ဒီဇိုင်းက ပိုအရေးကြီးပါတယ်။ ခဏတာလှပမှုအတွက်နဲ့ ရေရှည်အသုံးဝင်မှုကို အလဲအထပ်မလုပ်မိပါစေနဲ့။

4️⃣ ပစ္စည်းသိမ်းဆည်းဖို့နေရာ (Storage) ကို မေ့နေခြင်း
အိမ်တစ်လုံးမှာ ပစ္စည်းသိမ်းဆည်းဖို့ နေရာအလုံအလောက်ရှိခြင်းက အိမ်ကို သန့်ရှင်းသပ်ရပ်စေပြီး နေချင်စဖွယ်ဖြစ်စေပါတယ်။ Built-in ဗီရိုတွေ၊ စတိုခန်းတွေ၊ မီးဖိုချောင်ကောင်တာတွေကို လုံလုံလောက်လောက် ထည့်သွင်းတည်ဆောက်ဖို့ မမေ့ပါနဲ့။

5️⃣ အရည်အသွေးမကောင်းတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ရွေးချယ်မိခြင်း
ဈေးသက်သာတာကိုပဲကြည့်ပြီး အရည်အသွေးညံ့တဲ့ ပစ္စည်းတွေသုံးမိရင် ရေရှည်မှာ ပြုပြင်ထိန်းသိမ်းစရိတ်တွေ ပိုကုန်ကျစေနိုင်ပါတယ်။ အစပိုင်းမှာ ငွေနည်းနည်းပိုကုန်နိုင် ပြီး ခိုင်ခံ့၍ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို ရွေးချယ်တာက ပိုပြီး စိတ်ချရပါတယ်၊ ရေရှည်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါပဲ။

ဒီအချက်လေးတွေကို သေချာဂရုစိုက်ပြီး အိမ်မက်ထဲက ကိုယ်ပိုင်အိမ်လေးကို အကောင်းဆုံး ဖန်တီးတည်ဆောက်နိုင်ကြပါစေ။
အိမ်ဆောက်ဖို့ စဉ်းစားနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း mention ခေါ်ပြီး မျှဝေပေးလိုက်ပါဦး။ ❤️

PALM Design & Construction က သင့်အိပ်မက်ထဲ က အိမ်လေးကို အကောင်ထည် ဖော်ပေးဖို့ အဆင်သင့် ရှိနေပါတယ်။လူကြီးမင်းတို့ အနေနဲ့ Architectural Design အတွက် ပဲ ဖြစ်ဖြစ် Interior Design အတွက် ဖြစ် ဖြစ် အသေးစိတ် ဆက်သွယ် စုံစမ်း မေးမြန်းချင်ပါက

☎️ Ph no (09761706385)
ဖုန်း (သို့) viber ဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။



#အိမ်ဆောက်ခြင်း #ဗိသုကာ #ဆောက်လုပ်ရေ #အိမ်ဒီဇိုင်း
&CONSTRUCTION

Photos from PALM Design & Construction's post 18/08/2025

မြန်မာနိုင်ငံ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အိမ် ဒီဇိုင်းစတိုင်လ် (သို့ ) Tropical Modern Architecture ဆိုတာဘာလဲ?

ဒီ carousel post မှာ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ Tropical Modern Architecture ရဲ့ အဓိကအချက်တွေကို ရှင်းပြသွားမှာဖြစ်ပါတယ်။ ၎င်းရဲ့ အခြေခံ တွေကတော့...
1️⃣လေဝင်လေထွက်ကောင်းမွန်ခြင်း
2️⃣ဒေသထွက်ပစ္စည်းများကို အသုံးပြုခြင်း
3️⃣ကျယ်ပြန့်သော ခေါင်မိုးအစွန်းများ
4️⃣အတွင်းအပြင် ဆက်စပ်နေထိုင်မှုပုံစံ တို့ပဲ ဖြစ်ပါတယ်။

🌬️လေဝင်လေထွက်ကောင်းမွန်ခြင်း (Natural Ventilation) : ပူအိုက်တဲ့ ရာသီဥတုမှာ အေးမြသက်သောင့်သက်သာရှိစေဖို့ လေဝင်လေထွက်ကောင်းအောင် အထူးဒီဇိုင်းထုတ်ထားပါတယ်။ ပြတင်းပေါက်ကျယ်တွေ၊ တံခါးတွေနဲ့ ပွင့်လင်းတဲ့ဒီဇိုင်းပုံစံတွေက အိမ်ထဲမှာ လေကောင်းလေသန့်ကို အမြဲစီးဆင်းစေပါတယ်။ ဒါကြောင့် air-con သုံးစွဲမှုကို လျှော့ချနိုင်ပြီး သဘာဝအတိုင်း အေးမြစေပါတယ်။

🪵 ဒေသထွက်ပစ္စည်းများကို အသုံးပြုခြင်း (Local Materials) : မြန်မာနိုင်ငံရဲ့ နာမည်ကြီး ကျွန်းသစ်၊ သဘာဝကျောက်တုံး၊ အုတ်၊ ဝါးလိုမျိုး ဒေသထွက်ပစ္စည်းတွေကို အဓိကထား အသုံးပြုပါတယ်။ ဒါက သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေရုံသာမက အဆောက်အအုံကို ပိုပြီးလှပခိုင်ခံ့စေပြီး ဒေသရဲ့ဟန်ပန်ကို ပေါ်လွင်စေပါတယ်။

🏠 ကျယ်ပြန့်သော ခေါင်မိုးအစွန်းများ (Deep Overhangs) : နေပူဒဏ်နဲ့ မိုးဒဏ်ကနေ ကာကွယ်ဖို့အတွက် ခေါင်မိုးအစွန်း (overhangs) တွေကို ကျယ်ကျယ်ပြန့်ပြန့် ဒီဇိုင်းထုတ်ထားပါတယ်။ ဒါကြောင့် အိမ်အတွင်းပိုင်းကို တိုက်ရိုက်နေရောင်ခြည်မကျရောက်အောင် ကာကွယ်ပေးပြီး အေးမြစေပါတယ်။ မိုးရွာတဲ့အခါမှာလည်း နံရံနဲ့ ပြတင်းပေါက်တွေကို မိုးဒဏ်ကနေ ကာကွယ်ပေးပါတယ်။

🌿 အတွင်းအပြင် ဆက်စပ်နေထိုင်မှု (Indoor-Outdoor Living) : အိမ်အတွင်းပိုင်းနဲ့ အပြင်ဘက်က စိမ်းလန်းတဲ့ သဘာဝပတ်ဝန်းကျင်ကို တစ်ဆက်တည်းဖြစ်အောင် ဖန်တီးထားပါတယ်။ ခြံဝန်း၊ လသာဆောင် (balcony) နဲ့ အတွင်းခန်းတွေကို ချောမွေ့စွာ ချိတ်ဆက်ထားတဲ့အတွက် သဘာဝအလင်းရောင်နဲ့ လေကောင်းလေသန့်ကို အပြည့်အဝ ခံစားနိုင်စေပြီး စိတ်ကိုလန်းဆန်းစေပါတယ်။

ဒီလို ဗိသုကာပုံစံဟာ မြန်မာနိုင်ငံရဲ့ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုနဲ့ အသင့်တော်ဆုံးပါပဲ။ သင်ရော သင့်ရဲ့အိမ်မက်ထဲက အိမ်လေးကို သဘာဝနဲ့နီးစပ်ပြီး ခေတ်မီလှပတဲ့ Tropical Modern ပုံစံနဲ့ တည်ဆောက်ချင်ပါသလား?

ဒါဆိုရင်တော့ PALM Design & Construction က သင့်အတွက် အဆင်သင့် ရှိနေပါတယ်။လူကြီးမင်းတို့ အနေနဲ့ Architectural Design အတွက် ပဲ ဖြစ်ဖြစ် Interior Design အတွက် ဖြစ် ဖြစ် အသေးစိတ် ဆက်သွယ် စုံစမ်း မေးမြန်းချင်ပါက

Ph no (09761706385)
ဖုန်း (သို့) viber ဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

#ဗိသုကာ #မြန်မာ &CONSTRUCTION

Photos from PALM Design & Construction's post 16/08/2025

✨၂၀၂၅ အတွင်း အခန်းအလှဆင်ခြင်းအတွက် သင်နှစ်သက်သွားမယ့် အရောင် များ✨
ဒီနှစ်မှာတော့ အခန်းတွင်း အလှဆင်ခြင်းဟာ နွေးထွေးမှု၊ သဘာဝတရားနဲ့ ခေတ်အဆက်ဆက်ရိုးမသွားတဲ့ Classical ဆန်မှုတွေကို အဓိကထားလာပါတယ်။ ခေတ်စားလာတဲ့အရောင်တွေက သက်တောင့်သက်သာရှိမှု၊ ခေတ်မီကျော့ရှင်းမှုနဲ့ သဘာဝ တရားနဲ့ နက်ရှိုင်းတဲ့ဆက်စပ်မှုတွေကို ဆောင်ယူလာပေးပါတယ်။ အားလုံးထဲမှ အထူးလူကြိုက်များနေတဲ့ အရောင်တွေကတော့...

🎨 ၁. မြေကြီးရောင်အညိုနဲ့ နွေးထွေးတဲ့ ကြားအရောင်များ (Earthy Browns & Warm Neutrals)
🌸 ၂. အရောင်ငြိမ်ပြီး ကျက်သရေရှိတဲ့ အလှဆင်အရောင်များ (Muted & Elegant Accents)
🏡 ၃. ရှေးခေတ်ဟန်ပန်ပါတဲ့ ဆွဲဆောင်မှုရှိတဲ့ အရောင်များ (Vintage-Inspired Charm)
💎 ၄. ခန့်ညားဇိမ်ကျမှု တို့ကိုပေးဆောင်နိုင်သော အရောင်များ (Quiet Luxury) တို့ ဖြစ်ပါတယ်။

2025 မှာ သင့်အိမ်အတွက် ဘယ်လိုအရောင်းမျိုး ရွေးချယ်ချင်လဲ? 🖌️ အောက်မှာ comment ရေးပြီး ပြောပြခဲ့ပါဦး! 👇
လူကြီးမင်းတို့ အနေနဲ့ Architectural Design အတွက် ပဲ ဖြစ်ဖြစ် Interior Design အတွက် ဖြစ် ဖြစ် အသေးစိတ် ဆက်သွယ် စုံစမ်း မေးမြန်းချင်ပါက

Ph no (09761706385)
ဖုန်း (သို့) viber ဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။


&CONSTRUCTION

Photos from PALM Design & Construction's post 02/07/2025

PALM Design & Construction မှ တာဝန် ယူ Design ရေးဆွဲပေး ခဲ့သော....

Project Type -3.5 STORYED RESIDENTIAL HOUSE
Location -MRAUK U
Owner-U AUNG SAW HLAING
Scope - Architectural Design only
Area -25'X45'
PROJECT YEAR -2022

ရခိုင်ပြည်နယ်၊မြောက်ဦးတွင် တည်ဆောက်ရန် ရေးဆွဲပေးခဲ့သော အိမ်ဒီဇိုင်း လေး ဖြစ်ပါတယ်.
သုံးထပ်ခွဲအဆောက်အအုံဖြစ်ပီး မြေညီထပ်တွင် ဆိုင်ခန်းဖွင့်ရန်ရည်ရွယ်ပီး ဒီဇိုင်းရေးဆွဲပေးထားပါတယ်
အခန်းဖွဲ့များအနေဖြင့်
Basement - warehouse
Ground Floor -Shop, Dining and Kitchen,1 Bedroom
First Floor -Living Room, 2 Master Bedroom
Second Floor - Shrine Room, 2 Master Bedroom တို့ပါရှိပါတယ်။
Modern design ပုံစံမျိုးကို client budget အတွင်းဝင်အောင် ရေးဆွဲပေးခဲ့သော အိမ်ဒီဇိုင်းလေး ဖြစ်ပါတယ်။
ယခုလို အိမ်ဒီဇိုင်းအား ကျွန်တော်တို့ Palm Architecture Design & Construction ကို ယုံကြည်စွာ အလုပ်အပ်နှံပေးသည့် အတွက် အထူးပင် ကျေးဇူးတင်ပါရှိပါတယ်။

လူကြီးမင်းတို့ အနေနဲ့ Architectural Design အတွက် ပဲ ဖြစ်ဖြစ် Interior Design အတွက် ဖြစ်ဖြစ် ဒါပါ့ မဟုတ် Construction အတွက် ပဲဖြစ် ဖြစ် အသေးစိတ် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
PALM Design & Construction
(09761706385)
no-53,Bogyoke Road, Hlaing Thar Yar,Yangon

Page Messenger တွင်လည်းစုံစမ်းဆက်သွယ်နိုင်ပါသည်။

Photos from PALM Design & Construction's post 15/06/2025

Customer စိတ်ကူးထဲက အိမ်လေးကို PALM Design & Construction မှ တာဝန် ယူ Design ရေးဆွဲပေး လိုက်ပါ သော....
Project Type -Exterior of 3 storyed residential
Design - Modern
Location -Mandalay, Myanmar
Owner-Private
Scope -Exterior Design Only
Area -30'x45'
မန္တလေး တွင် တည်ဆောက်မည့် အိမ်ဒီဇိုင်း လေး ဖြစ်ပါတယ်.
ယခုလို အိမ်ဒီဇိုင်းအား ကျွန်တော်တို့ Palm Architecture Design & Construction ကို ယုံကြည်စွာ အလုပ်အပ်နှံပေးသည့် အတွက် အထူးပင် ကျေးဇူးတင်ပါရှိပါတယ်။

Service
Architectural Design, Interior Design, structure service,M&E service,Construction
Contact,
Ph-09761706385
Viber- +959761706385
PALM Design & Construction

Page Messenger တွင်လည်းစုံစမ်းဆက်သွယ်နိုင်ပါသည်။

09/06/2025

အိမ်​​ သိုမဟုတ် အ​ဆောက်အအုံ​တွေ တည်​ဆောက်တဲ့​​နေရာမှာ ဗိသုကာဒီဇိုင်း​ရေးဆွဲခြင်းလုပ်ငန်းက အမှန်တကယ် လိုအပ်ပါသလား❗

-လူကြီးမင်းတို့အ​နေနှင့် အိမ်များ သို့မဟုတ် အ​ဆောက်အအုံများ တည်​ဆောက်တဲ့အခါမှာ ကျွမ်းကျင်​သော အင်ဂျင်နီယာများနှင့် ​ဆောက်လုပ်​ရေးပညာရှင်များကို အမှန်တကယ် လိုအပ်တယ်ဆိုတာကို​ လက်ခံယုံကြည်ထားကြမည်ဟု ထင်ပါသည်၊

-သို့​သော် ​ဆောက်လုပ်​ရေးလုပ်ငန်းများ မစတင်မှီ ဗိသုကာလုပ်ငန်းပိုင်းဆိုင်ရာ ဒီဇိုင်း​ရေးဆွဲခြင်းကို လိုအပ်လားဟုမေးလျှင်မူ ​ဝေခွဲမရဖြစ်ကြသည်ကို ကြုံ​တွေ့ရပါသည်၊

-ထို့အတွက်ကြောင့် ဗိသုကာဒီဇိုင်း​ရေးဆွဲမှု့​လုပ်ငန်းတွေဟာ တည်​ဆောက်​ရေးလုပ်ငန်းခွင်အတွက် အမှန်တကယ်လိုအပ်မှု့ ရှိမရှိကို ​ဆွေး​နွေးကြည့်ရ​အောင်လား ခင်ဗျ၊

-ပထမဦးဆုံး​အ​နေနဲ့ ဒီဇိုင်း​ရေးဆွဲခြင်းလုပ်ငန်းဟာ ​ဆောက်လုပ်​ရေးလုပ်ငန်း​တွေ မစတင်မီ ​ရှေး​ပြေးလုပ်ငန်းတစ်ခု ဖြစ်သဖြင့် ဒီအဆင့်မှာ လူကြီးမင်းတို့ရဲ့ လိုအပ်တဲ့အခန်းဖွဲ့စည်းမှု​(planning)တွေကို ​ကောင်းမွန်တဲ့ ရလဒ်တစ်ခု ထွက်သည်အထိ ပြင်ဆင်နိုင်ပါတယ်၊

-ဒီဇိုင်းလိုအပ်ချက်များ(aesthetical needs)ဖြစ်​သော အိမ်ဒီဇိုင်းပုံစံ(classical/modern/vernacular architecture) အစရှိသည်တို့ကိုလည်း ဒီအဆင့်မှာ စိတ်တိုင်းကျ ပုံ​ဖော်နိုင်ပါတယ်၊

​-​ဗိသုကာဒီဇိုင်းလုပ်ငန်းသည် မြေ​နေရာအ​နေအထား(အကျဥ်းအကျယ်/အနိမ့်အမြင့်၊) ဝင်ရိုးစွန်းအ​​နေအထား(အ​ရှေ့/အ​နောက်/​တောင်/​မြောက်) အစရှိတာ​တွေကို အ​ခြေခံပြီး လုံခြုမှုရှိ​အောင်၊ ​အလင်း​ရောင်​ကောင်းစွာရရှိ​အောင်၊ လေဝင်​လေထွက်​ကောင်းမွန်​အောင်၊ စွမ်းအင်ကို အတတ်နိုင်ဆုံး​လျော့ချနိုင်​အောင် ​သေချာထည့်သွင်းစဥ်းစားပြီး ဒီဇိုင်းဖန်တီး​ရပါတယ်၊

-အစရှိတဲ့ အထက်ပါအချက်အလက်​​တွေကို အ​ခြေခံပြီး ဗိသုကာဒီဇိုင်းများကို ဖန်တီး​ရတာဖြစ်သည့်အတွက် ​လူကြီးမင်းတို့အတွက် ​နေထိုင်မည်ဆိုလျှင်လည်း မိမိတို့ရဲ့ ဘဝ​နေထိုင်မှုစနစ်နဲ့ ကိုက်ညီပြီး သက်​တောင့်သက်သာရှိ​သော အသိုက်အမြုံ​လေးတစ်ခုအဖြစ် ပိုင်နိုင်မည် ဖြစ်ပါသည်၊

-အကယ်၍ ရင်းနှီးမြှပ်နှံမည်ဟု ရည်ရွယ်ပါကလည်း ပုံမှန်အဖိုးအခထက် ပိုမို​ကောင်းမွန်​သော ရင်နှီးမြှပ်နှံမှုတစ်ခု ဖြစ်မည်မှာ အ​သေအချာပင်ဖြစ်ပါတယ်၊

-နိဂုံးအ​​နေနှင့် မည်သည့်နယ်ပယ်ရှိ မည်သည့်လုပ်ငန်း​ဆောင်တာမဆို ဆိုင်ရာတတ်ကျွမ်းသည့် ပညာရှင်များနှင့် အားလုံးပူး​​​ပေါင်းဆောင်ရွက်ပါက ပို​ကောင်းတဲ့ရလဒ်ကို ရရှိခံစားရမည် ဖြစ်ပါ​ကြောင်း ကျွန်တော်တို့ Palm Design & Constructionမှ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ။ 🌴🏠🙏

လူကြီးမင်းတို့ အမြင်များကို လဲ cmt လေးမှာ မျှဝေပေးနိုင်ပါတယ်👇👇👇

Photos from PALM Design & Construction's post 07/06/2025

Project Type -Exterior of 2 storyed residential
Design - Classical
Location -Hlaing Thar Yar,Yangon, Myanmar
Owner-Private
Scope -Exterior Design Only
Area -20'x40'
လှိုင်သာယာ တွင် တည်ဆောက်မည့် အိမ်ဒီဇိုင်း လေး ဖြစ်ပါတယ်.
ယခုလို အိမ်ဒီဇိုင်းကို ယုံကြည်စွာ အလုပ်အပ်နှံပေးတဲ့ ကာကာ အား ကျွန်တော်တို့ Palm Design & Construction မှ အထူးပင် ကျေးဇူးတင်ပါရှိပါတယ်။

Service
Architectural Design, Interior Design, structure service,M&E service,Construction
Contact,
Ph-0965064711
Viber-(+95965064711)
PALM Design & Construction

Page Messenger တွင်လည်းစုံစမ်းဆက်သွယ်နိုင်ပါသည်။

Photos from PALM Design & Construction's post 20/05/2025

Project Type -Interior of 2 storyed residential
Location -Nay Pyi Taw, Myanmar
Owner-Private
Scope -Interior Design Only
Area -30'x50'

နေပြည်တော် တွင် တည်ဆောက်မည့် Interior Design လေး ဖြစ်ပါတယ်.
ယခုလို Interior Design အား ယုံကြည်စွာ အလုပ်အပ်နှံပေးတဲ့ ကာကာ အား ကျွန်တော်တို့ Palm Design & Construction မှ အထူးပင် ကျေးဇူးတင်ပါရှိပါတယ်။

Service
Architectural Design, Interior Design, structure service,M&E service,Construction
Contact,
Ph-0965064711
Viber-(+95965064711)
PALM Design & Construction

Page Messenger တွင်လည်းစုံစမ်းဆက်သွယ်နိုင်ပါသည်။

Photos from PALM Design & Construction's post 27/03/2025

Project Type - 2 storyed Residential House
Location - Yangon
Owner- Private
Area -18'x50'
Scope- Architectural design Only
Ground Floor - Shop/Living Room/Bedroom/Dining & Kitchen /Bath &WC
First Floor- Shrine/2 Master Bedroom
လှိုင်သာယာမြို့နယ်လေးမှာ‌ဆောက်လုပ်မဲ့ နှစ်ထပ်အိမ်လေးအတွက် archi design လေးဆွဲထားပေးပါသည်။
အောက်ထပ်မှာဆိုင်လေးဖွင့်ပီး modern ဒီဇိုင်းလိုချင်တဲ့ client စိတ်ကြိုက်ဖြစ်အောင် ရေးဆွဲပေးထားပါသည်။
Our Service
*Architectural Design
*Interior Design
*Construction
Ph- +959650647115/+959891136330
PALM Design & Construction

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Website

Address


Yangon