Steel Eats
Delish Dishes Doer
09/02/2026
Steel Eats Fresh Fruit Salad Sauce (FFSS)
200 ml - 11,000 ks
500 ml - 25,000 ks
Steel Eats မှာပဲရတဲ့ ဘိုဆန်ဆန် သီးစုံသုပ် Signature အနှစ်ရည်လေး ပြန်ရပါပြီရှင်
ချိုချဉ်ငံစပ်လေးပေမယ့် ဘိုဆန်ဆန်လေး စပ်တာပေါ့ 😆
ပန်းသီး၊ သစ်တော်၊ မာလကာ၊ စပျစ်၊ ကျွဲကော၊ လိမ္မော်၊ ဆန်းကစ်၊ စတော်ဘယ်ရီ၊ ကီဝီ၊ နာနတ်၊ ဖရဲသီး ကြိုက်တာနဲ့ သုပ်
စားရတာလုံးဝပျင်းစရာမကောင်းစေတဲ့ Berry အစုံကြိတ်ရည်လေးပါနော်
ရိုးရှင်းတဲ့ မြန်မာစတိုင် အသီးသုပ်တွေနဲ့ ကွဲပြားနေစေမယ့် အရသာ၊ တာရှည်ခံဆေး လုံးဝမပါတဲ့ မှာမှ ကြိတ်တဲ့ အလတ်ဆတ်ဆုံး၊ food coloring မထည့်ထားဘဲ Berry သီးအစုံရဲ့ သဘာဝ အနီရောင် ပါနော်
အရင်က Berry အစုံ တစ်ထုတ် ၃ သောင်းကျော်ကနေ ခု ၈ သောင်းခွဲတက်သွားတဲ့အပြင် ဝယ်လို့ ရလိုက် မရလိုက်မို့ Steel Eats တို့လည်း စိတ်ညစ်ညစ်နဲ့ ဘာမှကို မလုပ်ဘဲ အပြီး ပစ်ထားခဲ့တာ
ဒါပေမယ့် message မှာ လာလာမေးတဲ့ ဝယ်နေကျ ကာစတန်မာလေးတွေ ကျေးဇူးကြောင့်သာ အားတင်း ပြန်စဖြစ်ပါတယ်ရှင်
ကျေးဇူးအထူးတင်ပါတယ်ရှင် ❤️
21/08/2024
Steel Eats ရဲ့ ကိုယ်ပိုင် recipe homemade အသီးသုပ်အနှစ်လေးများကို မှာ ယူနိုင်ပါပြီရှင်
အသီးလေးတွေ စားတဲ့အခါ မပျင်းရအောင် Steel Eats အနှစ်လေးက ပိုကောင်းတဲ့အရသာကို ဖြည့်စွက်ပေးမှာပါရှင်
ဗုဒ္ဓဟူး နဲ့ စနေနေ့တိုင်း delivery ပို့ပါတယ်ရှင်
Steel Eats အသီးသုပ်အနှစ်လေးများကို တာရှည်ခံဆေး မသုံးဘဲ အော်ဒါတက်မှသာ အသစ်ပြုလုပ်ပေးတာမို့ ရေခဲသေတ္တာထဲသာ သိမ်းပေးရပါမယ်ရှင်
ဒါပေမယ့် အခြောက်အခြမ်းများကို လတ်ဆတ်စွာ အနှစ်ပြုလုပ်ပေးထားလို့ တစ်ပတ်မှ ဆယ်ရက်ထိ နေပူမထိ၊ မပူပြင်းတဲ့ ပတ်ဝန်းကျင်ဆို အပြင်မှာ အထားခံပါတယ်နော်
လုံခြုံ သပ်ရပ်စွာ ထုတ်ပိုးထားတာကြောင့် နိုင်ငံရပ်ခြားသို့ ပို့ဆောင်လည်း အဆင်ပြေပါတယ်နော်
USA ထိ၊ Australia ထိ ပါရောက်ပြီးသွားတဲ့ အားပေးကြတဲ့ အနှစ်လေးတွေကို မြည်းစမ်းချင်တယ်ဆို
Sample - 2,500 ks
250g ဘူးကြီး - 7,000 ks
နှင့် အားပေးနိုင်ပါပြီရှင်
30/06/2024
"အသီးသုပ်စားပြီး ဘေဘီလေးတို့ရဲ့ အလှအပထိန်းသိမ်းစို့"
Steel Eats အသီးသုပ်ချစ်သူလေးတို့ရေ .....
ဒီတစ်ခါ Steel Eats က အသီးသုပ်လေးတွေထဲမှာ အဓိကဇာတ်လိုက် သဘာဝသစ်သီးလေးတွေရဲ့ ကောင်းကျိုး နှင့် အသုံးဝင်ပုံလေးဝေမျှပေးမယ်နော်🛎️
ဘေဘီလေးတို့ အသားရေကို ဖြူစင်ဖို့အတွက် Skincare လုပ်ရုံနဲ့ မလုံလောက်ဘူးဆိုတာ
သိမယ်ထင်ပါတယ် 🤩
ကိုယ်ခန္ဓာအတွင်းပိုင်းမှလည်း နေ့စဉ် အထောက်အပံ့ကောင်းတွေပေးနိုင်ဖို့ လိုအပ်ပါတယ်♻️
မိမိခန္ဓာကိုယ်ကို နေ့စဉ် အဓိကအကျိုးပြုပေးပြီး Antioxidant တစ်မျိုးဖြစ်တဲ့ Vitamin C က အမျိုးသမီးများအလှအပအတွက်ဘယ်လို အရေးပါသလဲဆိုတာကို ပြောပြပေးမယ်နော် 🫶🏻
Vitamin - C က အသားရေဖြူစင်စေခြင်း၊ anti-oxidant အိုမင်းရင့်ရော်မှုကိုလျော့ကျစေခြင်း၊အထူးသဖြင့် တစ်ရှုး ကိုအသစ်မွေးဖွားစေခြင်း၊ Iron ဓာတ်ဖြည့်ပေးခြင်း၊ ရေဓာတ်ဖြည့်ပေးပြီး အသားရေကိုပိုးသားကဲ့သို့ နူးညံ့စေပါတယ်၊ ဒါ့အပြင် ခန္ဓာကိုယ်ခုခံအားကိုတိုးမြင့်ခြင်း၊ Collagen ဓာတ်ကိုတိုးမြင့်ပေးခြင်း (ကော်လာဂျင် ပရိုတင်းဓါတ်ဆိုတာ အရိုး၊အဆစ်၊ အရေပြား၊ အစာခြေစနစ်လမ်းကြောင်း) တို့ကို ထိန်းသိမ်းပြုပြင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါသတဲ့။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား နှင့်ရောဂါကာကွယ်ခုခံအားစနစ်၏ အရေးကြီးသော အစိတ်အပိုင်းကနေလဲပါဝင်ပါသေးတယ်ရှင်😻
Vitamin - C မလုံလောက် ချို့တဲ့ပါက ဘာတွေဖြစ်ပွားနိုင်သလဲဆိုရင် ကော်လာဂျင်လုံလောက်စွာမထုတ်လုပ်နိုင်လို့ အရွယ်မတိုင်ခင်အိုမငိးခြင်း နှင့်အတူ အဆစ်နာ၊ သွား နှင့် သွားဖုံးဆိုင်ရာရောဂါ များနှင့်အနာအကျတ်နှေးခြင်း၊ စိတ်ကျရောဂါတို့ကို ခံစားရနိုင်ပါတယ်ကွယ် 😳
Vitamin - C ရရှိစေရန် စားသုံးလို့ရမယ့် အစားအသောက်များစွာရှိတဲ့ အထဲမှာမှ Steel Eats ချစ်သူလေးတွေအကြိုက်နဲ့ ထပ်တူကျမယ့် အဟာရတန်ဖိုးမြင့်မားတဲ့ သဘာဝ Vitamin - C သစ်သီးလေး တွေကို ပြောပြပေးလိုက်ပါတယ်ရှင်....
1. စတော်ဘယ်ရီသီး
2.သင်္ဘောသီး 🍈
3. လိမ္မော်သီး 🍊
4. စပျစ်သီး🍇
5.ကီဝီသီး🥝
6. မာလကာသီး 🍐
7. သံပုရာသီး 🍋
စသည်တို့မှ ဘေဘီလေးတို့နေ့စဉ်လိုအပ်ချက် ဗီတာမင်စီကို အလွယ်တကူရရှိနိုင်ပါတယ်။ ထိုအသီးအနှံ များကို ချက်ပြုတ်စားသောက်ခြင်းက ဗီတာမင်စီတန်ဖိုးကို လျော့ကျနိုင်ပါတယ်။ ထို့ကြောင့် အစိမ်းအတိုင်း ရေစင်စင်ဆေးပြီး သုပ်စားချင်ပါသလား? ဒါဆို Steel Eats ရဲ့ အသီးသုပ် အနှစ်ဘူးအစုံကိုလဲမေ့ထားလို့မရဘူးနော်
29/06/2024
အရည်ရွှမ်းတဲ့သစ်သီးစုံကို ပါးပါးလှီး🥗
ပြီးရင်… Steel Eats’ ရဲ့ ကိုယ်ပိုင် Signature Sauce လေးတစ်ဇွန်းခပ်ထည့်....
ဒါဆိုရင်တော့ ထိမိတဲ့ ချိုချဉ်ငံစပ် သစ်သီးသုပ်လေး ရလာပြီပေါ့။ "𝐒𝐭𝐞𝐞𝐥 𝐄𝐚𝐭𝐬 ရဲ့ " 𝗙𝗿𝗲𝘀𝗵 𝗙𝗿𝘂𝗶𝘁 𝗦𝗮𝗹𝗮𝗱 𝗦𝗮𝘂𝗰𝗲 မှာ ဆိုးဆေးလုံးဝမပါပဲ သဘာဝ အသီးကြိတ်ရည် စစ်စစ်ဖြစ်တဲ့အတွက် အချိုဓာတ်ပါပြီးသားမို့ ဘာအရသာမှုန့်မှလဲ ထပ်ထည့်စရာမလိုတော့ဘူးလေ😋
500 ml - 12,000 ks
200 ml - 7,000 ks
သန့်ရှင်းမှုကို အဓိကထား ထုတ်လုပ်ထားတာဖြစ်လို့ ဗိုက်နာမှာ လုံးဝမပူရဘူးနော်။🥰
ဒါကြောင့်မို့…..
သစ်သီးသုပ်ရဲ့ အသက် Sauce အတွက်ဆို ‘FFSS’ က အကောင်းဆုံး ရွေးချယ်မှုပဲပေါ့ရှင်။
သိမ်းပုံသိမ်းနည်း
- အသီးကြိတ်ရေမို့ အပြင်မှာ နေပူထဲမှာ ထားလို့မရပါရှင့်
- ရေခဲသေတ္တာအအေးခန်းထဲပဲ သိမ်းပေးပါရှင်…
- မီးတွေ ပျက်ကြလို့ တစ်လအတွင်းစားသုံးပေးတာကသာ အသင့်တော်ဆုံးပါရှင်။
#အသီးအနှစ်စုံ
28/06/2024
Steel Eats သီးစုံ အငံနှစ်
တစ်ဘူး - 7,000 ks
အရသာ - ချိုငံစပ် ငံပြာရည်အရသာ
- ပုဇွန်ခြောက်အများကြီး ပါပါတယ်ရှင်
- နာနတ်သီးလို ချဉ်တဲ့အသီး သစ်တော်သီးလိုအရည်ရွှမ်းတဲ့ အသီးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်ရှင်
- အရည်ချဉ်ချဉ်ရွှဲရွှဲလေးနဲ့ ငံပြာရည်အနှစ် ငံငံစပ်စပ်လေးလိုက်ဖက်မှု က သုပ်ပြီးသားအသီးရည် ကုန်အောင်ပါ စားမိတဲ့အထိ အရသာထူးခြားကောင်းမွန်ပါတယ်ရှင်
27/06/2024
စားဖူးသူတိုင်း လျှာပေါ်စွဲမည့် Steel Eats လက်ရာ
💚 ထန်းလျက်ငပိနှစ်
🤎 သကြားငပိနှစ်
သရက်သီးပေါတဲ့အခုလိုနွေရာသီမှာ ပုဇွန်ခြောက် 99% ပါဝင်သည့် 💚 ထန်းလျက်ငပိနှစ်နှင့်
🤎 သကြားငပိနှစ် လေးတွေနဲ့ သရက်သီးလေးကို အိမ်မှာအလွယ်တကူ သုပ်ပြီး ဇိမ်ကျလို့ရပါပြီရှင့်။
သရက်သီးကဲ့သို မာပြီး ခပ်ခြောက် ခြောက် အစိမ်းသီးတွေက အနှစ်ဝင်အောင် သေချာလေး အချိန်ယူနယ်ပေးမှ အရသာ စိမ့်ဝင်ပြီး တစ်စိတ်စားတိုင်း
လျှာပေါ်စွဲနေမှာပါ 😊
ထန်းလျက်ငပိနဲ့ သကြားငပိနှစ် ဝယ်တာနဲ့ နေ့ရောညပါ သရက်သီးသုပ်တောင်းတတိုင်း စားလို့ရပြီရှင်🥭
အနှစ် တစ်ဘူး 250g - 7,000 ks
Sample - 2,500 ks
Phone : 09784333843/ 09959621979
26/06/2024
အသီးသုပ်လေးလဲစားချင်တယ် လှီးရချွတ်ရအလုပ်ရှုပ်လို့ မစားရမှာ စိတ်ပူနေလား❓
3,500 ks ရှိရုံဖြင့် အချိန်ကုန်သက်သာ မွှေးပျံ့ ခံတွင်းမြိန်စေဖို့ နည်းလမ်းကောင်း ရှိတယ်နော်။
အဲဒါကတော့ Steel Eats ရဲ့ ပင်မှည့်သီးအနှစ်သီး
သန့်ကို ငပိနှစ်နဲ့ ချိုချဉ်မွှေးစပ်လေး သုပ်ပြီး စပျစ်ခြောက်လေး ဖြူးပေးထားတဲ့ ပင်မှည့်ငပိသုပ်ပါရှင့်😍
ငပိနှစ်ကို ပင်မှည့်သီးတစ်မျိုးတည်း အတွက်သာ
သီးသန့် စပ်ထားတာကြောင့် တစ်မူထူးပြီး Steel Eats မှာပဲ ရနိုင်တဲ့ အကောင်းဆုံး ပင်မှည့်ငပိသုပ်ပါ😋🥗
ဓာတုပစ္စည်းလဲ လုံး၀ မပါ၀င်ကြောင်း အာမခံပါတယ်။💯ထောင်းရ၊ ထုရ အလုပ်ရှုပ်သက်သာ တဲ့အပြင် Steel Eats ပင်မှည့်ငပိသုပ်ရဲ့ ထူးခြားမှု
နောက်တစ်ခုက ဝါးလိုက်တိုင်း ပုဇွန်ခြောက်လှိုင်လှိုင်ပါနေတာပါ🦐🌶️
❤️ ရေခဲသေတ္တာ အခဲခန်းထဲမှာ 3 လထိ ခဲထားပြီး
သုံးဆောင်လို့ရပါတယ်နော်
Phone : 099 59 621 979
Order ပို့ရက်များ - ဗုဒ္ဓဟူး၊ စနေ (မနက် ၉ ခွဲမှ ညနေ ၄ နာရီအတွင်း) နှစ်ရက်သာ
ကျန်ရက်များ ဆူးလေ Naing Group Tower 2 မှာ လာယူနိုင်ပါတယ်ရှင်…
တနင်္ဂနွေ ပိတ်ပါတယ်နော်
ကျေးဇူးတင်ပါတယ်ရှင် ❤️
25/06/2024
အလှမ်းဝေးတဲ့ crush လေးနဲ့မဆုံနိုင်လို့ ဆွေးနေလား?😮💨😵
ကံပါရင် တောင်ပေါ်က စတော်ဘယ်ရီသီးတောင်
မြေပြန့်က Steel Eats ချဉ်စပ်ငပိနဲ့ဂဟေဆက်နိုင်လို့ crush လေးနဲ့နီးဖို့ (စတော်ငပိနဲ့ယတြာချေ) 🍓😍😌
ရာသီစာ စတော်ဘယ်ရီလေးကို အချိုမပါ ငပိချဉ်စပ်အရသာ Steel Eatsချဉ်စပ်ငပိနှစ်လေးနဲ့ရှယ်ဆွဲကြည့်ကို 🌶️🍓🥗
အရည်ရွှမ်းတဲ့စတော်ဘယ်ရီသီးလေးနဲ့ Steel Eats ချဉ်စပ် ငပိနှစ်ကနတ်ရေးတဲ့ဖူးစာလိုအလိုက်ဖက်ဆုံးပါ….........☘️
အနှစ် တစ်ဘူး 250g - 7,000 ks
Sample - 2,500 ks
zero sugar ဖြင့် ချဉ်ချဉ်စပ်စပ် ငပိနှစ်လေးဖြစ်လို့ ဆီးချိုသမားများနဲ့ diet သမားများအတွက်လဲအထူးကောင်းမွန်ပါတယ်🤩😋
ငပိနှစ်ဘူးတွေရဲ့ ထုံးစံအတိုင်း ပုဇွန်ခြောက်အပြည့်နဲ့ လေးလေးပင်ပင် ငံငံစပ်စပ်လေးဖြစ်တဲ့အတွက် အခုလိုနွေရာသီပူပူမှာ ပါးစပ်ပျက် ခါးတွင်းမလိုက်တဲ့ သက်ကြီးရွယ်အိုများလဲသုံးဆောင်နိုင်ပါတယ်ရှင်🫶🏻
Phone : 09784333843/ 09959621979
24/06/2024
ပြည်ပရောက်ရွှေမြန်မာတို့အတွက်မြန်မာအရသာ့စစ်စစ် Steel Eats အသီးသုပ်အနှစ်ဘူး😋
အမိမြေရဲ့အဝေးမှာ ရေမြေခြားရောက်ရွှေမြန်မာများအတွက်အသီးသုပ်လေးစားချင်တိုင်း မြန်မာအရသာ့စစ်စစ် Steel Eats အသီးသုပ်အနှစ်ဘူးလေးတွေရှိပါတယ်.....😋
မြန်မာတွေရဲ့ နှလုံးသားငပိအခြေခံထုတ်
လုပ်ထားတဲ့အနှစ်လေးတွေက အနောက်နိုင်ငံတွေမှာ ဝယ်ယူနိုင်ဖို့တစ်ကယ်မလွယ်ကူပါဘူး😞
အာရှနိုင်ငံတွေမှာလည်း မြန်မာအရသာစစ်စစ်ရရှိဖို့ အမယ်စုံပြီး ပါဝင်ပစ္စည်းစုံဖို့လည်း အချိန်ပေးရှာဖွေဝယ်ယူရမည့်အခက်အခဲတွေမှကင်းဝေအောင်
Steel Eats မှ
၁ ။ ။ ထန်းလျက်ငပိနှစ်
၂။ ။ ချဉ်စပ်ငပိနှစ်
၃။ ။ သီးစုံငရုတ်နှစ်
၄။ ။ ကြက်သွန်ဖြူငပိနှစ်
၅။ ။ 𝐒𝐭𝐞𝐞𝐥 𝐄𝐚𝐭𝐬 signature 𝗙𝗿𝗲𝘀𝗵 𝗙𝗿𝘂𝗶𝘁 𝗦𝗮𝗹𝗮𝗱 𝗦𝗮𝘂𝗰𝗲 🍒
၆။ ။ သကြားငပိနှစ်
၇။ ။ သီးစုံမဆလာနှစ်
၈။ ။ သီးစုံအငံနှစ်
ဆိုပီးအရသာအမျိုးအစား ၈မျိုး
ရှိတဲ့အတွက် ရွှေမြန်မာတို့ကြိုက်တာရွေး…….
တာရှည်ခံဆေး လုံးဝမပါတဲ့ အနှစ်ဗူးလေးတွေ
ကို ရေခဲသေတ္တာ အအေးခန်းမှာပဲ အအေးမပြတ်ထားပေးဖို့ပါနော်…
ပြည်ပနိုင်ငံမှာ မီးပုံမှန်လာတဲ့အတွက် အနှစ်ဗူးလေးတွေကို၄-၅ လအတွင်း သုံးဆောင်နိုင်ပါတယ်ရှင့်…
✔️ နိုင်ငံရပ်ခြားမှာပြန်ရောင်းချင်သူများ… ဘူးအရေအတွက် များများ လိုချင်သူများအတွက် လက်ကားစျေး ၁၀ ဘူးအထက် ဆို ပေးပါပြီရှင့်
📞 097 84333 843
📞 099 59621 979
သိလိုသမျှ ဆက်သွယ်မေးမြန်းနိုင်ပါပြီရှင်…
❤️ Steel Eats ❤️
မှအထူးကျေးဇူးတင်ရှိပါတယ်ရှင့်
23/06/2024
စာကျက်ရင်းအိပ်ငိုက်နေလား😴😵💫
ဒါဆို Steel Eats အသီးသုပ်အနှစ်လေးကကူညီပါ့မယ်ရှင့်။
အဆောင်မှာစာကျက်ရင်း ခေါင်းရှင်းအောင် အသီးသုပ်စားရတာကြိုက်တဲ့ သူငယ်ချင်းတစ်
သိုက်ရောရှိလားရှင့်📚📖
Steel Eats သီးစုံငရုတ်နှစ်လေးကအချိန်ကုန်သက်သာ၊ အလုပ်ရှုပ်သက်သာ၊ လှီးချွတ်ထုထောင်းရသက်သာပြီး လှည်းနဲ့ရောင်းတဲ့ အချဉ်ပေါင်း အရသာမှုန့်စတိုင်ကို upgrade လုပ်ထားတဲ့ အသီးသုပ်အနှစ်ဖြစ်ပါတယ်။
Price - 7,000 ks
sample - 2,500 Ks
ငရုတ်မှုန့်အစပ်ကို ခံတွင်းရှင်းအောင် သံပုရာနံ့မွှေး ချိုချဉ်စပ် အရသာလေးဖြစ်တဲ့အတွက် ပျိုပျိုမေးလေးတွေစာကျက်တဲ့အခါ မငိုက်ဖို့အဖော်ကောင်းလေးဖြစ်မှာပါနော်😌
မာလကာသီး၊ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီးတို့လို ချိုပြီး အရည်ရွှမ်းတဲ့အသီးနဲ့ အလွန်လိုက်ဖက်တဲ့အတွက်အခုပဲအနှစ်လေးတစ်ဇွန်းထည့်သုပ်စားပြီး ငိုက်မြည်းနေတာတွေ go away !!!!
#သီးစုံငရုတ်အနှစ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sule Pagoda Road
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |