FNI Life

FNI Life

Share

First National Insurance (Life) Company Limited

Vision

To become a leading Insurance Company in Myanmar Insurance Industry by fostering Industrial & Economic growth thereby improving quality of peoples’ lives.

27/05/2026

ရုံးပိတ်ရက်ကြေညာခြင်း

(အီဒုလ်အဿွဟာ - ကုရ်ဘာနီအီးဒ်နေ့)
၂၀၂၆ ခုနှစ်၊ မေလ၊ ၂၈ ရက် (ကြာသပတေးနေ့) သည် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့၊ အများပြည်သူ အလုပ်ပိတ်ရက် ဖြစ်ပါသဖြင့် ပထမအမျိုးသားအသက်အာမခံရုံး ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။

Photos from FNI Life's post 20/05/2026

မိုးရာသီမှာ လေထုစိုထိုင်းမှုမြင့်ပြီး ရောဂါပိုးမွှားတွေပေါ်ပေါက်လွယ်ပြီးတော့ အခြားကျန်းမာရေးပြဿနာများလည်း ကြုံရတတ်ပါတယ်။
ဒီလိုအချိန်မှာ ကိုယ့်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်နိုင်တဲ့ အကြုံပြုချက် တချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ ရေနှင့် အစားအသောက်သန့်ရှင်းမှုကို အလေးထားပါ။

မိုးရာသီမှာ မသန့်ရှင်းတဲ့ရေကိုသောက်သုံးခြင်းကြောင့် ကူးစက်ရောဂါများ ပိုများတတ်ပါတယ်။ မဖြစ်မနေ မသန့်ရှင်းတဲ့ရေကို သောက်ရမယ်ဆိုရင်လည်း စနစ်တကျ ကြိုချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။ အစားအသောက်များကိုလည်း ပူပူနွေးနွေးစားသုံးပါ။ လမ်းဘေးအစားအသောက်များ စားသုံးခြင်းကို ရှောင်ကျဉ်ပါ။

၂။ အာဟာရပြည့်ဝသော အစားအစာများကို စားပါ။

သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကိုစားသုံးခြင်းဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ နွားနို့, ငါး, ကြက်သားနဲ့ ပဲမျိုးစုံကို စားသုံးခြင်းဟာလည်း ကိုယ်ခံစွမ်းအားကို တိုးစေပါတယ်။

၃။ ကိုယ့်အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။

အိမ်ပတ်ဝန်းကျင် ရေဝပ်နေတဲ့နေရာတွေမှာ ခြင်၊ ယင်နဲ့ ပိုးမွှားတွေပေါက်ပွားနိုင်ပြီး ရောဂါဖြစ်စေနိုင်ပါတယ်။ အဲ့ကြောင့် မိမိနေအိမ်နဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ကာ ပိုးမွှားများမရှိအောင် ဆောင်ရွက်ပါ။

၄။ အားကစားပုံမှန်လုပ်ပါ။

နေ့စဉ်အားကစား ပုံမှန်လုပ်ခြင်းက ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေပြီး မိုးရာသီမှာ အဖြစ်များတဲ့ ကိုယ်ခံအားနည်းခြင်းကြောင့်ဖြစ်တဲ့‌ တုပ်ကွေးနဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကဲ ဒီအကြုံပြုချက်လေးတွေကို လိုက်နာပြီးတော့ မိုးရာသီမှာ ကျန်းမာရေးကို ထိန်းသိမ်းနိုင်ပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

14/04/2026

နှစ်သစ်နဲ့အတူ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ သောကကင်းဝေးပြီး စိတ်ချမ်းသာပါစေကြောင်း FNI LIFE မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ပျော်ရွှင်စရာသင်္ကြန်အခါသမယလေးဖြစ်ပါစေ။

10/04/2026

ပြည်တွင်း ပြည်ပ ခရီးသွားခြင်းများအတွက် FNI life ၏ ခရီးသွားအာမခံကို Neo Gallant ရယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေငြာလိုက်ပါတယ်ခင်ဗျာ။

“Travel Insurance”

ခရီးသွားခြင်းဆိုသည်မှာ ပျော်ရွှင်စရာအတွေ့အကြုံသစ်များ ရှာဖွေခြင်းဖြစ်သလို၊ တစ်ဖက်တွင်လည်း မမျှော်လင့်ထားသော အခက်အခဲများ ကြုံလာနိုင်ပါတယ်နော်။

Neo Gallant Travel & Tour အနေဖြင့် ကျွန်ုပ်တို့၏ ခရီးသည်များအတွက် အကောင်းဆုံးသော လုံခြုံမှုနှင့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် မြန်မာနိုင်ငံ၏ ထိပ်တန်းအာမခံလုပ်ငန်းတစ်ခုဖြစ်သည့် FNI Life (First National Insurance) နှင့် တရားဝင်စာချုပ်ချုပ်ဆိုထားကာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

🤝 ကျွန်ုပ်တို့၏ အာမခံဝန်ဆောင်မှုများ

• သီးသန့်ဝန်ဆောင်မှု: Neo Gallant မှ ရောင်းချပေးနေသည့် ခရီးစဉ် Package တိုင်းတွင် လူကြီးမင်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် FNI Life ၏ အာမခံဝန်ဆောင်မှုများကိုသာ အထူးယုံကြည်စွာ အသုံးပြုပေးထားပါသည်။

• တရားဝင်ကိုယ်စားလှယ်: Neo Gallant သည် Travel Insurance ဝန်ဆောင်မှုများကို တရားဝင်ပြန်လည်ရောင်းချပိုင်ခွင့် (Authorized Agency) ရရှိထားသော ကုမ္ပဏီဖြစ်ပါသည်။

• စိတ်ကြိုက်ရွေးချယ်နိုင်မှု: ပြည်တွင်း/ပြည်ပ ခရီးစဉ်များအတွက် အနည်းဆုံး (၁) ရက်မှ အများဆုံး (၁၈၀) ရက်အထိ လူကြီးမင်းတို့၏ လိုအပ်ချက်ပေါ်မူတည်၍ အာမခံဝယ်ယူနိုင်ပါသည်။

🔸 Agent မယူထားသော ခရီးဝန်ဆောင်မှုလုပ်ငန်း လုပ်နေသောလုပ်ငန်းရှင်များ လတိုင်းပုံမှန်ဝယ်ချင်တယ်ဆိုရင်လည်း အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါတယ်နော်။

"မသေချာတဲ့ အနာဂတ်မှာ အကာအကွယ်ယူပြီး စိတ်အေးချမ်းသာစွာ ခရီးသွားလိုက်ပါ"

ခရီးသွားအာမခံနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖြစ်စေ၊ ခရီးစဉ်များအတွက် ဆွေးနွေးလိုပါက ဖြစ်စေ Neo Gallant ကို အခုပဲဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။

📩 အသေးစိတ်စုံစမ်းမေးမြန်းရန်
• Page Messenger
• Email: [email protected]
• Phone: 09970021122, 09442271234 , 09775317000 (Viber, Telegram & WhatsApp)

🏢 License Information:
• Company license no: 144561899
• Inbound license no: T/I (YGN) - 3546

#ခရီးသွားအာမခံ

06/04/2026

"ရုံးပိတ်ရက်ကြေညာခြင်း"
၂၀၂၆ ခုနှစ်၊ ဧပြီ(၁၁) ရက်နေ့မှ ဧပြီ(၁၉) ရက်နေ့အထိသည် မြန်မာ" နှစ်သစ်ကူး" ရုံးပိတ်ရက်ရှည် ဖြစ်ပါသဖြင့် အဆိုပါနေ့များတွင် FNI Life ရုံးချုပ် နှင့် ရုံးခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
အသက်အာမခံဝန်ဆောင်မှုများအကြောင်းသိရှိလိုပါက
Hot Line - 09 269843974, Claim Hotline - 09 269843975 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

16/03/2026

သင်သိပါသလား? 🤔

လူအများစုက အသက်ကြီးမှ အာမခံလိုတယ် လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် အမှန်တကယ်မှာတော့ ငယ်ရွယ်ချိန်မှာ ဝယ်ယူခြင်းက ပိုအကျိုးရှိပါတယ်။

ဘာကြောင့်လဲဆိုတော့-

(1) အသက်အရွယ် ငယ်ရွယ်လေ အာမခံပရီမီယံကြေးကလည်း သက်သာပါတယ်။
(2) အသက်ငယ်ပြီး ကျန်းမာရေးကောင်းချိန်မှာ အာမခံ လက်ခံရရှိရန် ပိုမိုလွယ်ကူပါတယ်။
(3) ငယ်ရွယ်စဉ်ကတည်းက အာမခံထားရှိခြင်းဟာ မိသားစုအနာဂတ်အတွက် ငွေကြေးလုံခြုံမှုကို အချိန်ကြာရှည်တည်ဆောက်နိုင်စေပါတယ်။

ဘဝမှာ မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်နိုင်တာကြောင့်
အချိန်မီ စီမံကိန်းချခြင်းက အနာဂတ်ကို ပိုလုံခြုံစေပါတယ်။

👉 အသက်ဘယ်နှစ်မှာ အာမခံစဝယ်သင့်တယ်လို့ သင်ထင်ပါသလဲ?

A. 20–25
B. 25–30
C. 30–40
D. 40+

👇 Comment Section မှာ ကိုယ့်အမြင်လေးတွေကို ဖြေသွားခဲ့ပေးပါဦးနော်💁

08/03/2026

Happy International Women's Day

ယနေ့ မတ်လ ၈ ရက်‌နေ့ဟာ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ - International Women's Day" ဖြစ်ပါတယ်။
အိပ်မက်တွေကို လက်မလျှော့ဘဲ ရှေ့ဆက်နေတဲ့ အမျိုးသမီးတိုင်းဟာ သူရဲကောင်းတွေပါပဲ။
တန်ဖိုးထားထိုက်တဲ့ အမျိုးသမီးထုကို
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။

02/03/2026

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော ၆၄နှစ်မြောက် "တောင်သူလယ်သမားနေ့"ကို FNI LIFE မှ ကြိုဆို
ဂုဏ်ပြုအပ်ပါသည်။

#𝐅𝐚𝐫𝐦𝐞𝐫𝐃𝐚𝐲

27/02/2026

"ရုံးပိတ်ရက်ကြေညာခြင်း"
၂၀၂၅ ခုနှစ်၊ မတ်လ ၂ ရက် (တနင်္လာနေ့) သည် တောင်သူလယ်သမားနေ့ အများပြည်သူအလုပ်ပိတ်ရက် ဖြစ်ပါသဖြင့် FNI Life ရုံးချုပ် နှင့် ရုံးခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
အသက်အာမခံဝန်ဆောင်မှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို Hot Line - 09269843974 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Photos from First National Insurance's post 21/01/2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၇) ရက်နေ့တွင် First National Insurance (General) Co., Ltd ၏ Sports Day Activities (2026) အား FNI (General) ရန်ကုန်ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲမှ ဝန်ထမ်းများ၊ FNI (Life) မှ ဝန်ထမ်းများ စုပေါင်း၍ Yangon United Sports Complex တွင်အသင်းကိုယ်စားပြု အရောင်များ အလိုက် အသင်း (၇) သင်းဖြင့် တက်ကြွစွာ ယှဥ်ပြိုင် ကစားခဲ့ကြပါသည်။
အဆိုပါပွဲကို FNI (General) ၏ CEO Mr. Indren Stephen Naidoo မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကိုကိုတင်ဝင်းမှ အပိတ်နူတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါသည်။ FNI (General) ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲ (၃) ရုံးရှိ ဝန်ထမ်းများ၊ FNI (Life) ဝန်ထမ်းများမှ Sports Activities များကို ချစ်ခင်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အနိုင်ရရှိသည့်အသင်းများအား ဆုများချီးမြှင့်ပေးခဲ့ပါသည်။
Sports Day Activities (2026) အားဝန်ထမ်းများ မိမိတို့ပန်းတိုင်သို့ စည်းလုံးညီညွတ်စွာ အရောက်လှမ်းနိုင်စေရန်၊ ဟန်ချက်ညီစွာ အပေးအယူ မျှမျှတတ လုပ်ဆောင်နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးပွင့်လင်းစွာ နှီးနှောဖလှယ်နိုင်စေရန်၊ အားကစားလုပ်ခြင်းဖြင့် ကိုယ်ကာယ ကျန်းမာ သန်စွမ်းစေရန် ရည်ရွယ်၍ Together We Rise ခေါင်းစဉ်ဖြင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Building (C/6), 4th Floor, Mindhama Garden Villa, Mindhama Road, Mayangone Township
Yangon
11062

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30