Natural Rose
BuddhaAndLighting
19/12/2022
20/10/2022
မကောင်းတဲ့ အကြောင်းတရားတွေကို
ကောင်းတဲ့ အကြောင်းတရားတွေနဲ့
အစားထိုးခြင်းသည်ပင်လျှင် "ဓမ္မ" ကို
ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းပဲဖြစ်ပါတယ်။
#အရှင်နန္ဒမာလာဘိဝံသ (ပါချုပ်ဆရာတော်)
21/06/2022
16/06/2022
#တီဗွီ ဖွင့်ထားပေးပါ
~~~~~~~~~~~~
ကျွန်တော့်အမေမှာ
အကျင့်တစ်ခုရှိပါတယ်
TV ကို ၂၄နာရီ ဖွင့်ထားတတ်တာပါ ။
ထိုင်ကြည့်နေတာမျိုးမဟုတ်ဘဲနဲ့ ဖွင့်ထားပြီး
လုပ်စရာရှိတာကို လုပ်နေတာမျိုးပါ ။
ကျွန်တော်အိမ်ရောက်တဲ့အခါ ကြည့်မယ့်သူမရှိဘဲ ဖွင့်ထားတာမို့ ကျွန်တော်က ပိတ် ,
အမေက ပြန်ဖွင့်နဲ့
မကြာခဏ စကားများလေ့ရှိပါတယ်...
အဲဒါနဲ့ ပတ်သတ်ပြီးနောက်ဆုံး အမေ ပြောနေကျက...
"နင် တို့နားမလည်ပါဘူး" တဲ့ ...
ကျွန်တော်အဲဒီတုန်းက
တကယ်နားမလည်ခဲ့တာပါ ..
တစ်ရက် ...
ကိစ္စတစ်ခုနဲ့ တစ်ယောက်ထဲ ခရီးထွက်ဖြစ်တယ်
မိုင် (၄၀၀) လောက်ဝေးတဲ့ခရီးကို အသွားမှာ မောင်းနေတုန်းကဘာမှမဖြစ်ပေမယ့်
အပြန်ခရီးမှာတော့
တစ်ယောက်ထဲ ကားမောင်းရတာဟာ
သိပ်ငြီးငွေ့လာပါတယ် ။
အပျင်းပြေလို ပြေငြား ပီကေဝါးပေမယ့်လည်း ကားမောင်းနေရတာဟာ
သိပ်အထီးကျန်လွန်းပါတယ် ။
နောက်ဆုံး FM တွေဖွင့်တယ်။
ဟုတ်တယ် ။
FM က ဘာနေနေ ဘာသီချင်းသံပဲလာလာ
အနည်းဆုံး လူတစ်ယောက် အသံကြားနေရတယ် ကိုယ်တစ်ယောက်ထဲ အထီးကျန်သလိုဖြစ်နေတယ်လို့မခံစားရတော့ဘူး ။
FM က ဘာပဲလာလာ ကျွန်တော့်အတွက် အရေးမကြီးဘူး ။
ဘယ်လို အသံပဲထွက်နေနေ အနည်းဆုံး ကျွန်တော့်မှာ အဖော် ရှိတယ်လို့ ခံစားစေရတယ် ။
တွေးမိ စဉ်းစားနေရင်း
ကျွန်တော့် စိတ်ထဲမှာ
ဖျတ်ခနဲ တစ်ယောက်ယောက်ကို အပြေးအလွှား သတိရသွားမိတယ် . .
အ မေ !!!
မိုင်ပေါင်း ၄၀၀ လောက်လေးကို တစ်ယောက်ထဲ ဖြတ်နေရတဲ့ ကျွန်တော်လို လူလတ်ပိုင်းအရွယ်တောင် ငြီးငွေ့အထီးကျန်လွန်းနေရင်
နှစ်ပေါင်းများစွာ
အိမ်ထဲမှာ တစ်ယောက်ထဲ နေရှာတဲ့
အသက် ၇၀ ကျော်အမေဟာ
ဘယ်လောက်များ အထီးကျန်ရှာ လိမ့်မလဲ ???
TV ကစကားသံတွေနားထောင်ပြီး အ၀တ်တွေလျှော်နေတဲ့
TV က ကြော်ငြာသံတွေကြားပြီး
တံမြတ်စည်းတွေ လှည်းနေတဲ့
TV က ဟာသ တွေ ကြည့်ပြီး မှ ရယ်နေတဲ့ အမေ
TV က ...
TV ထဲက ...
အမေရယ် ...
ဘယ်အချိန်ကတည်းက
ဘယ်လောက်တောင်
အထီးကျန်ဖြစ်နေခဲ့တာလဲ အမေရယ်.
Credit :original uploader
မျှဝေပါသည်
15/06/2022
လူ့တန်ဖိုး......
တစ်ကယ်တော့
လူ့တန်ဖိုးဆိုတာ ကြွယ်ဝပြည့်စုံခြင်း
မဟုတ်ပါဘူး။
စည်းကမ်းရှိတဲ့ ပါးစပ်..
အကောင်းမြင်တတ်တဲ့ မျက်လုံးနဲ့
ကြင်နာ..စာနာမူရှိတဲ့ နှလုံးသားပါပဲ...။
မေတ္တာများစွာဖြင့်
(ဘဝစာပေ)
14/06/2022
🙏 စိတ်နှင့်တန်သောဘဝ🙏
"""""""""""""""""""""""""""""""""
ပေးချင်ကမ်းချင်သော စိတ်ကြောင့်ပင်
ပေးနိုင်ကြွေးနိုင်သော ဘဝကို
ရောက်လိမ့်မည်၊
မနာလို ဝန်တိုသော စိတ်ကြောင့်ပင်
တောင်းရမ်းစားသောက်ရသော ဘဝသို့
ရောက်လိမ့်မည်၊
မှန်မှန်ကန်ကန်ပြောတတ်သော စိတ်ကြောင့်ပင်
ဆိုတိုင်းဖြစ်တဲ့ သစ္စာရှင် ဘဝသို့
ဘဝကို ရောက်လိမ့်မည်၊
လိမ်ပြောတတ်သော စိတ်ကြောင့်ပင်
လူတွေ အယုံအကြည်မဲ့သွားသော ဘဝသို့
ရောက်လိမ့်မယ်၊
သူတစ်ပါးကို ကူညီချင်သော စိတ်ကြောင့်ပင်
အကူအညီပေးနိုင်သော ဘဝသို့
ရောက်လိမ့်မည်၊
သူများ အကျိုးစီးပွားကို ဖျက်ဆီးလိုသော
စိတ်ကြောင့်ပင် ပျက်စီးသော ဘဝကို
ရောက်လိမ့်မည်၊
လောကကြီးမှာ ဘာမဆို ဆိုးသည်ဖြစ်စေ
ကောင်းသည်ဖြစ်စေ အကြောင်းမဲ့သက်သက်
ဖြစ်နေတာ မဟုတ်ဘူး၊
စိတ်စေခိုင်းတဲ့ အပြုအမူတွေကြောင့်
အကောင်းအဆိုးတွေ ကွဲနေကြတာ၊
ဒါကြောင့် စိတ်ကောင်းစိတ်မြတ်တွေ မွေးပြီး
စိတ်လှလို့ ဘဝလှတဲ့ ဘဝမျိုးဖြစ်အောင်
ကြိုးစားကြရမယ်၊၊
စေတနာမေတ္တာဖြင့်..
အရှင်ကောဝိဒ(ရခိုင်ရိုးမတောင်တန်း)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
09/06/2022
🙏🍃နမော တဿ ဘဂဝတော🙏
🙏အရဟတော သမ္မာသမ္ဗုဒ္ဓဿ🙏
🙏ဗုဒ္ဓတရားရေအေး , လမ်းမှန်ကိုပေး၏ 🙏
🙏 မြတ်ဗုဒ္ဓ၏တရားသည် လူတို့၏စိတ်ကို
🙏 ရိုင်းစိုင်းယုတ်ညံ့ ကြမ်းကြုတ်ညစ်နွမ်းစေ
🙏 သော , ကိခလသာတရားဆိုးများအား ,
🙏 ချိုးနှိမ်ဖယ်ရှားနိုင်စေသည့် ,နည်းလမ်းမှန်
🙏 ကို ညွှန်ပြပေးနိုင်ပေလေ၏ II
🙏 စိတ်ထားဖြူစင် မြင့်မြတ်သော , လူကောင်း
🙏 လူတော်များ , ပေါ်ထွန်းအောင်ပျိုးထောင်ပေးနိုင်၏l
🙏 အကောင်းနှင့်အဆိုး , အမှားနှင့်အမှန် , ဝေဖန်ပိုင်း
🙏 ခြားပြနိုင်၏ ,လူသားတို့သည်,အမှန်တရားကို
🙏 သိအောင်ရှာကြံရမည် , အမှန်တရား သိမြင်ပါမှ
🙏 အမှားကို ,မည်သူမျှ ပြုလုပ်တော့မည်မဟုတ်ပေll
🙏 စကြာဝဠာအနန္တရှိ ,သတ္တဝါများအားလုံး 🙏
🙏 မကောင်းသော ဘေးရန်ဟူသမျမှကင်းဝေးနိုင်
🙏 ကြ၍ကိုယ်စိတ်နှစ်ပါးအေးချမ်းနိုင်ကြပါစေ ll
🌏 တစ်ကမ္ဘာလုံး, ကပ် ၃ ပါးမှလွတ်မြောက်၍ 🌏
🌍 မိသားစုဘဝထာဝစဥ် အေးချမ်းနိုင်ကြပါစေll
✔အမှန် ⏩အမှား ❌သိကြ၍ , တစ်ကမ္ဘာလုံး
💥 လောဘ,ဒေါသ, ရန်မီးများငြိမ်းအေးနိုင်ပါစေ ll
🙏 ဗုဒ္ဓံ 🙏ဓမ္မံ 🙏 သံဃံ 🙏
01/06/2022
🤔 လူတွေရဲ့ မျက်နှာဖုံးများ
°°°°°°°°°°°°°°°°°°°°°°°°°
လူတွေရဲ့ မျက်နှာဖုံးတွေနောက်ကို
သင် ကြည့်ဖူးပါသလား ?
အလွန်အံ့ဩစရာကောင်းသော
အရာများ ကိုယ်စီရှိကြသည်။
- လူရှေ့တွင် အလှမကြိုက်ဘူးလို့
တွင်တွင်ပြောသော လူတစ်ယောက်က
အလွန်အလှကြိုက်သူ ဖြစ်နေတတ်သည်။
- လူရှေ့တွင် ဘုရားတရား
အလွန်လုပ်သော သူတစ်ယောက်စိတ်တွင်
မနာလို ၀န်တိုစိတ်များ
ကိန်းအောင်းနေသူ ဖြစ်နေတတ်သည်။
- လူရှေ့တွင် ပေးကမ်းစွန့်ကြဲမှုကို
ကျယ်ကျယ်လောင်လောင် လုပ်နေသူများတွင် ကျော်ကြားလိုစိတ်များ ပါနေတတ်သည်။
- လူရှေ့တွင် စေတနာ အရမ်းထက်သန်သူ တစ်ယောက်သည်
ကပ်စီးအလွန်နဲသူ ဖြစ်နေတတ်သည်။
- လူရှေ့တွင် အရိုးခံနှင့် ဖြူစင်ပြနေတတ်သူသည်လည်း ကောက်ကျစ် ယုတ်မာသူ ဖြစ်နေတတ်သည်။
- လူရှေ့တွင် မေတ္တာ တရားတွင်တွင်
ပြောတတ်သူသည် အမုန်းတရားနှင့်
ပြည့်နေသူ ဖြစ်တတ်သည်။
- လူရှေ့တွင် ရိုးရိုးသားသား
နေတတ်သူသည်လည်း မကောင်းမှုများနှင့် မွေ့လျော်သူ ဖြစ်နေတတ်သည်။
- လူရှေ့တွင် သစ္စာရေသောက်ပြသူသည်
သစ္စာဖောက်သူတစ်ယောက် ဖြစ်နေတတ်သည်။
သတိထားပါ မိတ်ဆွေ
“ ကိုယ့်ဒူးကိုယ်တောင် မယုံပါနှင့် ”
သင့်မျက်နှာဖုံး နောက်ကွယ်က
သင့်ကိုယ်သင် ဘယ်လိုလူလဲ
အရင်ကြည့်ပါ။
သူတစ်ပါးကို အပြစ်တင် မစောပါနှင့်။
ကိုယ်ကိုယ်တိုင် အပြစ်တွေက
လွတ်အောင်သာ အရင်ကြိုးစားကြပါစို့ ။
🌻
Credit
31/05/2022
"အဖေ"
ပုခက်လွှဲခဲ့တဲ့သူမဟုတ်ပေမဲ့
လွှဲတဲပုခက် တည်ငြိမ်စေဖို့ ဂရုစိုက်ခဲ့သူပါ။
"အဖေ"
ဝမ်းမပူခဲ့ပေမဲ့ ကျောပူခံခဲ့တဲ့သူပါ။
"အဖေ"
တီတီတာတာ စကားချိုချိုတွေမပြောပေမဲ့
ခယောင်းလမ်းကို မေတ္တာနဲ့ ခင်းကျင်းပေးခဲ့သူပါ။
အမေ့ ကြောင်းအမြဲပြောတက်ပေမဲ့
အဖေ့ ကြောင်းတော့ အမြဲမပါခဲ့တာမို့
အဖေရေ တခါတလေ အားနာမိတယ်။🥺🥺🥺🥺🥺🥺
Crd
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tharkayta
Yangon
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |