Blue Jay
Established in 2022
02/06/2026
Blue Jay ရဲ့ စင်္ကာပူစံနှုန်းနဲ့ ကမ္ဘာ့အဆင့်မီ သန့်ရှင်းရေး ပစ္စည်းများ
ဈေးကွက်ထဲက အရည်အသွေးမမီတဲ့ သန့်ရှင်းရေးဓာတုပစ္စည်းတွေကို အသုံးပြုမိလို့ သင့်ရုံးခန်းနဲ့ လုပ်ငန်းခွင်က အဖိုးတန်ပရိဘောဂတွေနဲ့ ကြမ်းပြင်တွေ ထိခိုက်ပျက်စီးကုန်ပြီလား? ⚠️
အရည်အသွေးနိမ့် သန့်ရှင်းရေးပစ္စည်းတွေဟာ လုပ်ငန်းခွင်အလှအပကို ပျက်စီးစေရုံတင်မကဘဲ ပြင်းထန်တဲ့ ဓာတုဗေဒအာနိသင်ကြောင့် ပတ်ဝန်းကျင်နဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုပါ တဖြည်းဖြည်း ထိခိုက်လာစေနိုင်တဲ့အပြင် ရေရှည်မှာလည်း ပစ္စည်းတွေ ခဏခဏ လဲလှယ်ရလို့ ကုန်ကျစရိတ်ကိုပါ ပိုမိုမြင့်မားလာစေပါတယ် 💸
ဒီလိုပြဿနာတွေကို အမြစ်ပြတ်ဖြေရှင်းဖို့အတွက် Blue Jay ရှိနေပါပြီ! 👋
စင်္ကာပူနိုင်ငံရဲ့ ထိပ်တန်းအမှတ်တံဆိပ် Klenco နဲ့ လက်တွဲထားတဲ့ Blue Jay က ကမ္ဘာ့အဆင့်မီ သန့်ရှင်းရေးဓာတုပစ္စည်းတွေကို တင်သွင်းပေးနေတာ ဖြစ်ပြီး ထုတ်ကုန်တွေဟာလည်း ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ Eco-friendly ဖြစ်လို့ လုပ်ငန်းခွင်အတွက် အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်…
အညစ်အကြေးတွေကို အထိရောက်ဆုံး သန့်စင်ပေးပြီး သင့်လုပ်ငန်းရဲ့ အဖိုးတန်ကြမ်းပြင်တွေကို ရေရှည်ကာကွယ်ပေးမှာမို့ အပိုကုန်ကျစရိတ်တွေကိုလည်း အများကြီး သက်သာစေမှာပါနော်! 🛡️
ဒါကြောင့် သင့်လုပ်ငန်းနဲ့ အကိုက်ညီဆုံး ကမ္ဘာ့အဆင့်မီ Cleaning Solution တွေကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Blue Jay Page Chat Box ကနေ အခုပဲ ဆက်သွယ်လိုက်ပါ 📞✨
27/05/2026
အိမ်သာအနံ့မကောင်းရင် Impression ကျတယ်ဆိုတာ ယုံလား?
သန့်စင်ခန်းတစ်ခုရဲ့ သန့်ရှင်းမှုနဲ့ အနံ့အသက်က သင့်လုပ်ငန်းရဲ့ အထင်ကြီးမှုကို အများကြီး သက်ရောက်စေတယ်ဆိုတာ ယုံလား ❓
လုပ်ငန်းခွင်တစ်ခု ဒါမှမဟုတ် ဆိုင်တစ်ဆိုင်ကို ရောက်တဲ့အခါ ဘယ်လောက်ပဲ အပြင်အဆင်ကောင်းကောင်း သန့်စင်ခန်းက အနံ့ဆိုးတစ်ခု ထွက်နေတာနဲ့တင် အဲဒီလုပ်ငန်းအပေါ်ထားတဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေရဲ့ Impression က သုည ဖြစ်သွားတတ်ပါတယ် ‼️
နေ့စဉ် ကြမ်းပြင်တွေကို ပုံမှန်ဆေးကြောသန့်စင်နေရုံနဲ့ မလုံလောက်ဘဲ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရေဆိုးလိုင်းတွေ၊ ပိုက်လိုင်းတွေရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ စုပုံနေတဲ့ အော်ဂဲနစ်အညစ်အကြေးတွေဟာ ဖျောက်ဖျက်ရခက်တဲ့ အနံ့ဆိုးတွေရဲ့ အဓိကဇစ်မြစ်ပဲ ဖြစ်ပါတယ် ❗
ဒီလို သာမန်နည်းလမ်းတွေနဲ့ ဖျောက်ဖျက်ရခက်တဲ့ အနံ့ဆိုးတွေကို အမြစ်ပြတ်ချေဖျက်ပေးဖို့ဆိုရင်တော့ BLUE JAY ရဲ့ KLENCO Professional Solution တွေကို မဖြစ်မနေ ရွေးချယ်သုံးစွဲဖို့ လိုအပ်လာပါပြီ ✨
BLUE JAY က တင်သွင်းတဲ့ ကမ္ဘာ့အဆင့်မီ KLENCO ရဲ့ အနံ့ဆိုးပျောက် ဓာတုဆေးရည်တွေကတော့
↪ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အကျိုးပြုဘက်တီးရီးယား အင်ဇိုင်းစနစ်နဲ့ ပိုက်လိုင်းတွေ၊ ရေဆိုးထုတ်စနစ်တွေထဲက အော်ဂဲနစ်အညစ်အကြေးတွေကို အလိုအလျောက် အဆင့်ဆင့်ခြေဖျက်ပြီး အနံ့ဆိုးထွက်ခြင်းကို အမြစ်ပြတ် တားဆီးပေးတဲ့ Power ENZ အပြင်
↪ အိမ်သာ၊ ရေချိုးခန်းနဲ့ အမှိုက်ပုံးတဝိုက်က ပြင်းထန်ဆိုးရွားတဲ့ အနံ့အသက်တွေကို ပိုးသတ်သန့်စင်ပေးပြီး စွဲမက်ဖွယ် ရနံ့သင်းသင်းလေးကို ရေရှည်ခံအောင် ဖန်တီးပေးတဲ့ Power Floral နဲ့ Power Lime တွေကို အသုံးပြုပြီး သန့်ရှင်းစင်ကြယ်တဲ့ သန့်စင်ခန်းတစ်ခုအတွက်ဆိုရင် BLUE JAY ကို သတိရလိုက်ပါနော်…
23/05/2026
ကြမ်းပြင်က Wax အဟောင်း ပြဿနာတွေကို အချိန်တိုအတွင်း ဖြေရှင်းပေးမယ့် Action 150 နဲ့ Action 150 S
ကြမ်းပြင်မှာ ကပ်နေတဲ့ Wax အဟောင်းတွေနဲ့ အလွှာလိုက်ကပ်နေတဲ့ အညစ်အကြေးတွေကို ကြမ်းပြင်မပျက်စီးစေဘဲ ထိထိရောက်ရောက် ခွာထုတ်ပေးဖို့အတွက် အကောင်းဆုံး Stripper တွေကတော့ Action 150 နဲ့ Action 150 S ပါပဲနော်🤍
▫ အနံ့လုံးဝမထွက်ဘဲ ပိုလီမာဖယောင်းတွေကို မြန်မြန်နဲ့ ခွာထုတ်ဖို့အတွက်ကတော့ Action 150 က အကောင်းဆုံး ဖြစ်သလို
▫ Wax Build-up အရမ်းကို ထူထပ်ပြီး သာမန်ဆေးတွေနဲ့ ခွာရဖက်တဲ့ အနေအထားဆိုရင်တော့ Performance မြင့်တဲ့ Action 150 S က အသင့်တော်ဆုံး ဖြစ်ပါတယ်...
Vinyl၊ Rubber၊ Parquet၊ တမံတလင်းနဲ့ ကျောက်ပြားကြမ်းခင်းတွေအထိ ကြမ်းပြင်အမျိုးအစား စုံစုံလင်လင်အတွက် ကြမ်းပြင်ကို ထိခိုက်ပျက်စီးခြင်း မရှိဘဲ အညစ်အကြေးတွေကို အမြန်ဆုံး ခွာထုတ်ပေးနိုင်တာကြောင့်
အချိန်ကုန် လူပင်ပန်းခံပြီး ကြမ်းပြင်ကို ကြည်လင်သန့်ရှင်းအောင် တိုက်ချွတ်ဆေးကြောနေစရာမလိုတော့ဘဲ Coating ပြန်ထပ်ဖို့အတွက် အကောင်းဆုံးအခြေနေဖြစ်အောင် ပြင်ဆင်ပေးမယ့် Action 150 နဲ့ Action 150 S ကို လိုချင်တယ်ဆိုရင်တော့ Blue Jay ကို သတိရလိုက်နော် ✨
ကန်ထရိုက်လုပ်ငန်းတွေမှာ အချိန်ဆိုတာ ငွေပါပဲ ⌛️
Typhoon 463 Wet / Dry Vacuum Cleaner မှာဆိုရင် အင်ဂျင်နှစ်လုံးတပ်ဆင်ထားတာကြောင့် စွမ်းဆောင်ရည် မြင့်မားပြီး လူပင်ပန်းသက်သာစေမယ့် Ergonomic ကိုယ်ထည်ဒီဇိုင်း၊ ခိုင်ခံ့တဲ့ လက်ကိုင်ကွင်းတွေနဲ့အတူ စက်အတွင်းက အရည်တွေကို အလွယ်တကူ ပြန်ထုတ်နိုင်တဲ့ Discharge Hose လည်း တပ်ဆင်ပါဝင်တဲ့အတွက်...
သာမန်စက်တွေ မကိုင်တွယ်နိုင်တဲ့ အညစ်အကြေးတွေကို အေးအေးဆေးဆေး စုပ်ယူရှင်းလင်းပေးနိုင်သလို စက်ကို ရွှေ့ပြောင်းတဲ့အခါမှာလည်း အရမ်းကို လွယ်ကူတဲ့အပြင် စက်ထဲက အရည်တွေကို သွန်ချတဲ့အခါမှာဆိုရင်လည်း ပုံးလိုက်မပြီး သွန်စရာမလိုဘဲ Hose ကနေတစ်ဆင့် အလွယ်တကူ တိုက်ရိုက်ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ် ✅
ဒါကြောင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်အတွက် အသင့်တော်ဆုံး Typhoon 463 ကို ဝယ်ယူလိုတာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုရယူလိုတာပဲဖြစ်ဖြစ် Blue Jay ကို ဆက်သွယ်လိုက်ပါနော် ✨
18/05/2026
ကော်ဇောက အနံ့အသက်ဆိုးတွေကြောင့် ဧည့်သည်တွေကို အားနာနေရပြီလား?
ရုံးခန်းတွေနဲ့ ဧည့်ခန်းတွေမှာ ခင်းထားတဲ့ ကော်ဇောတွေဟာ ဖုန်မှုန့်နဲ့ အစိုဓာတ်တွေကို စုပ်ယူထားတတ်ပြီး အချိန်ကြာလာတဲ့အခါမှာတော့ အနံ့အသက်ဆိုးတွေ ခိုအောင်းလာပြီး ဧည့်သည်တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ် 💥
လူအများစုက Air Freshener တွေ ဖြန်းလိုက်ရင် ရပြီလို့ ထင်ကြပေမယ့် တကယ်က ကော်ဇောအမျှင်တွေနဲ့ ကပ်နေတဲ့ အညစ်အကြေးတွေကို အမြစ်ပြတ် မဖယ်ရှားနိုင်သရွေ့ အနံ့ဆိုးတွေက ပြန်ထွက်လာနေဦးမှာပါ ❌
ဒီပြဿနာကို အမြစ်ပြတ်ဖို့ ကော်ဇောအမျှင်တွေရဲ့ အနက်ရှိုင်းဆုံးအထိ ထိုးဖောက်သန့်စင်ပေးပြီး အနံ့ဆိုးတွေကိုပါ တစ်ခါတည်း ဖယ်ရှားပေးနိုင်တဲ့ Action 170 S ကော်ဇောလျှော် Shampoo က အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်နော် ✅
တကယ်လို့ ချွတ်ရခက်တဲ့ Stain တွေရှိနေရင်တော့ Power Spotter ကို အသုံးပြုနိုင်မှာဖြစ်ပြီး Action 170 S နဲ့ ပေါင်းစပ်အသုံးပြုမယ်ဆိုရင် ကော်ဇောလေးတွေဟာ အသစ်အတိုင်းပြန်လည်တောက်ပသွားမှာဖြစ်သလို သင်းပျံ့တဲ့ အမွှေးရနံ့လေးနဲ့ သစ်လွင်နေမှာပေါ့ ✨
15/05/2026
စားသောက်ဆိုင်တွေရဲ့ ဆီချေးပြဿနာကို အဆုံးသတ်ပေးမယ့် Action 130 Heavy Duty Degreaser
စားသောက်ဆိုင် စားပွဲပေါ်က ဆီတွေကို Spray ဖြန်းပြီး သုတ်လိုက်ရုံနဲ့ ပြောင်သွားပေမယ့် မီးဖိုချောင်နဲ့ ကြမ်းပြင်တွေမှာ အလွှာလိုက်ကပ်နေတဲ့ ဆီချေးထူထူတွေကိုတော့ သာမန်ဆေးတွေနဲ့ ဖယ်ရှားဖို့ မလွယ်ကူပါဘူး…
တိုက်ချွတ်ရခက်တဲ့ ဆီချေးတွေကို အချိန်တိုအတွင်း အရည်ပျော်စေပြီး ပိုးမွှားတွေကို အမြစ်ပြတ် ရှင်းပေးနိုင်ဖို့ဆိုရင်တော့ Action 130 Heavy Duty Degreaser က အသင့်တော်ဆုံးပါပဲ…
ဆီချေးတွေကို သေချာ မသန့်ရှင်းနိုင်ရင် ပိုးဟပ်နဲ့ ပိုးမွှားတွေကို လူကြီးမင်းရဲ့ ဆိုင်ထဲကို ဖိတ်ခေါ်နေသလို ဖြစ်တာကြောင့် ဆိုင်ရဲ့ သန့်ရှင်းမှုကို ထိခိုက်စေနိုင်သလို Impression ကိုလည်း အင်မတန် ထိခိုက်စေပါတယ်။ ဒါကြောင့် ဆီချေးကင်းစင်တဲ့ မီးဖိုချောင်ဖြစ်ဖို့ Action 130 Heavy Duty Degreaser ကို ရွေးချယ်လိုက်ပါနော်။
12/05/2026
လူကြီးမင်းတို့ရဲ့ ရုံးခန်း၊ ဆိုင်ခန်းထဲကို ဧည့်သည်တွေ စတင် ဝင်ရောက်လာတဲ့အခါ မျက်စိထဲ အရင်ဆုံး မြင်တာ ကြမ်းပြင်ဆိုတာ ယုံလား?
အပွန်းအစင်းတွေများပြီး အရောင်မှိန်နေတဲ့ ကြမ်းပြင်က ဘယ်လောက်ပဲ ဖုန်သုတ်သုတ် ညစ်ပတ်နေသလို ခံစားရပြီး လူကြီးမင်းတို့ လုပ်ငန်းရဲ့ Impression ကိုလည်း ကျစေတတ်ပါတယ် ⚠
ဒီပြဿနာကို ဖြေရှင်းဖို့ Blue Jay မှာ Wax Coating အတွက် Diamond နဲ့ Spotlight ဆိုတဲ့ High-grade Product တွေက အသင့်တော်ဆုံးဖြစ်ပြီး ကြမ်းပြင်ကို အသစ်အတိုင်း တောက်ပြောင်လာစေမှာတင် မဟုတ်ဘဲ Non-slip Coating ကြောင့် ကြမ်းပြင်က ပြောင်လက်နေပေမယ့် ချော်လဲမှာကို လုံးဝ ပူစရာ မလိုတော့ဘူးပေါ့ ♥️
ဒါတင်မကသေးဘဲ ပိုမိုကောင်းမွန်စေချင်သေးတယ်ဆိုရင်လည်း Final Step မှာ Sun-up Plus (Burnishing Solution) ကို အသုံးပြုနိုင်ပါသေးတယ်။ သူက ကြမ်းပြင်ကို အထူးပြောင်လက်တောက်ပစေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်လို့ လူကြီးမင်းရဲ့ လုပ်ငန်းခွင်ကို ပိုမိုခန့်ညားသွားစေမှာပါ။
ဒါကြောင့် လူကြီးမင်းရဲ့ လုပ်ငန်းခွင်အတွက် Impression ကို အကောင်းဆုံး ထိန်းထားချင်တယ်ဆိုရင်တော့ Blue Jay ကို အခုပဲ ဆက်သွယ်လိုက်ပါနော် 🤍
13/04/2026
မြန်မာနှစ်သစ်ကူးအခါသမယတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေကြောင်း Blue Jay Company Limited မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
01/04/2025
ကျွန်တော်တို့ Blue Jay Company သည် မတ်လ ၁၅ ရက်နောက်ပိုင်းကတည်းက ရုံးပြောင်းရွှေ့နေသည်မှာ ဒီနေ့မှ အလုံးစုံပြောင်းရွှေ့ပြီးစီးခဲ့ပါသည်၊
၂၈ရက် မတ်လ ငလျင် လှုပ်နေသည့်အချိန်တွင်လည်း ရုံးပြောင်းရွှေ့နေသည့်အချိန် ဖြစ်သဖြင့် အားလုံး အပြင်သို့ ထွက်ပြေးခဲ့ရပါသေးသည်။
မန္တလေး စစ်ကိုင်း နှင့် တစ်ခြားသော မြို့နယ်များမှ ပြည်သူများ၏ အသက် အိုးအိမ် ဆုံးရှံုးမှုများအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။
မိမိတို့ ကုမ္ပဏီအနေဖြင့်လည်း မိမိတို့ နိုင်ငံသူ နိုင်ငံသားများ၏ ဆင်းရဲဒုက္ခများကို နိုင်ရာဝန်ထမ်း၍ ပါဝင်ပါမည်ဟု ဆုံးဖြတ်ထားပါသည်။
သို့ပါသောကြောင့် ၂၀၂၅ ဧပြီလနှင့် မေလအတွင်း ရောင်းရငွေများ၏ ၁၀% အားငလျင်ဒဏ် ခံစားနေရသော ဒေသများသို့ လှူဒါန်းသွားပါမည်ဟု အသိပေးလိုပါသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားအားလံုး ဘေးအန္တရာယ် အားလုံးမှ ကင်းဝေးကြပါစေ…….
12/03/2025
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 676, Myittar Road, 9th Ward, South Okkalapa Township
Yangon
11091
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |