Origin Fertility Center

Origin Fertility Center

Share

We bring a team of specialist committed to providing the best care in infertility.

18/05/2026

📢 ချစ်ခင်လေးစားရပါသော Origin Fertility Center မှ လူနာရှင်များအားလုံးသို့ အသိပေးကြေညာချက်

ယနေ့နံနက်ပိုင်းက လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် စင်တာမှာ ကုသမှုခံယူနေတဲ့ မိဘလောင်းတွေအနေနဲ့ စိတ်ပူနေကြလိမ့်မယ်ဆိုတာ နားလည်ပါတယ်။

လက်ရှိ စင်တာမှာ IVF ကုသမှုခံယူနေကြသူတွေ၊ ထို့အပြင် အေးခဲစနစ်နဲ့ စနစ်တကျသိမ်းဆည်းထားတဲ့ သန္ဓေသားလောင်း (Embryos)၊ သုတ်ပိုး (Sperms) နဲ့ မမျိုးဥ (Eggs) တွေအားလုံး လုံးဝ (လုံးဝ) ထိခိုက်မှုမရှိဘဲ ၁၀၀% ဘေးကင်းလုံခြုံစွာရှိနေကြောင်း ပြောပါရစေ။

✨ ဓာတ်ခွဲခန်းထဲမှာရှိတဲ့ အရေးကြီးစက်ပစ္စည်းတွေ၊ သန္ဓေသားမွေးမြူတဲ့စက်တွေ (Incubators) နဲ့ နိုက်ထရိုဂျင်အရည် အေးခဲသိမ်းဆည်းတဲ့အိုးတွေ (LN2 Tanks) အားလုံးဟာ လုံလုံခြုံခြုံ ရှိနေသလို၊ လျှပ်စစ်မီးနဲ့ ဓာတ်ငွေ့ပေးဝေတဲ့ စနစ်တွေကလည်း ပုံမှန်အတိုင်း အပြည့်အဝလည်ပတ်နေပါတယ်။

မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတတ်တဲ့ အရေးပေါ်အခြေအနေတွေအတွက် Origin မှာ ကြိုတင်ပြင်ဆင်မှုစနစ်တွေ စနစ်တကျ ရှိထားတဲ့အပြင်၊ ဆရာဝန်တွေနဲ့ ဓာတ်ခွဲခန်းပညာရှင်များအဖွဲ့ကလည်း နောက်ဆက်တွဲအခြေအနေတွေကို (၂၄) နာရီပတ်လုံး အနီးကပ်စောင့်ကြည့်စစ်ဆေးနေပါတယ်။

ဒါကြောင့် မိဘလောင်းတွေအနေနဲ့ စိုးရိမ်စိတ်တွေကို ဘေးဖယ်ပြီး စိတ်အေးချမ်းစွာနဲ့ ရှိနေကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း Origin မိသားစုက ဆုတောင်းလိုက်ရပါတယ်။ 🤍

Photos from Origin Fertility Center's post 11/05/2026

မိုင်ပေါင်းများစွာကို ကျော်ဖြတ်ပြီး မွန်ပြည်နယ် ရေးမြို့ကနေ Origin ဆီကို တကူးတက အလည်လာခဲ့တဲ့ Origin ရဲ့ IVF Baby သမီးချောလေး... 🥰

ဆရာ၊ ဆရာမတွေရဲ့ မေတ္တာအောက်မှာ ပျော်မွေ့လွန်းလို့ ဖေဖေနဲ့ မေမေ ခေါ်တာတောင် ပြန်မလိုက်ချင်လောက်အောင်ကို ချွဲနေတဲ့ သမီးလေးပါ။ 🤭 သမီးလေး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် အရွယ်ရောက်လာတာကို မြင်ရတာ Origin မိသားစုအတွက်တော့ အကြီးမားဆုံး ဆုလာဘ်ပါပဲ။

သားသမီးရတနာ လိုလားတောင့်တနေတဲ့ မိဘတိုင်း သမီးလေးလို ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Origin က ဆုတောင်းပေးလိုက်ပါတယ် ❤️

#ရေးမြို့သူလေး #ရေးမြို့

10/05/2026

"မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေကို ဖြစ်အောင်လုပ်ပြခဲ့တဲ့ မိခင်မေတ္တာ"

Miscarriage ၄ ကြိမ်တိုင်တိုင် ဖြစ်ခဲ့တဲ့ နာကျင်မှုက ဘယ်လောက်တောင် နက်ရှိုင်းမလဲဆိုတာ ကိုယ်တိုင်ကြုံဖူးတဲ့ မေမေတွေပဲ သိနိုင်မှာပါ။ "မြန်မာပြည်မှာတော့ မဖြစ်နိုင်တော့ဘူး" ဆိုတဲ့ စကားတစ်ခွန်းက မျှော်လင့်ချက်မီးအိမ်လေးကို မှုတ်ထုတ်လိုက်သလိုပါပဲ။

ဒါပေမယ့်... အဲဒီ "မဖြစ်နိုင်ဘူး" ဆိုတဲ့ စကားကို "ဖြစ်အောင်လုပ်ပြမယ်" ဆိုတဲ့ အားမာန်နဲ့ ဘယ်လို တုံ့ပြန်ခဲ့လဲ? အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ဘယ်လို ဘယ်လိုတွေ ကြိုးစားမှုတွေ ရှိခဲ့လဲ?

အခက်ခဲဆုံးအချိန်တွေကို ဖြတ်ကျော်ပြီး အခုဆိုရင် အပြုံးပန်းတွေ ပွင့်နေပြီဖြစ်တဲ့ မေမေတစ်ယောက်ရဲ့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ချက်ကို ဒီ Interview လေးမှာ ကြည့်ကြည့်ရအောင်။

အားငယ်နေတဲ့ မေမေတို့အတွက် ဒီစကားသံလေးတွေက ခွန်အားတစ်ခု ဖြစ်ပါစေ။ ❤️

10/05/2026

"အမေ" ဆိုတဲ့ အခေါ်အဝေါ်နောက်ကွယ်မှာ ပေးဆပ်မှုနဲ့ နက်ရှိုင်းတဲ့ မေတ္တာတရားတွေကို တန်ဖိုးထား ခံစားမိဖို့လိုပါတယ်။

လူသားတိုင်းအတွက် ဘဝတစ်ခုကို မွေးဖွားပေးခဲ့ကြတဲ့ မိခင်လောင်းများနဲ့ မိခင်များအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ Origin Fertility Center မှ ဆုတောင်းပေးလိုက်ပါတယ်။

Happy Mother’s Day – Where life begins with love. 🤱🩺❤️

02/05/2026

"ဓာတ်ခွဲခန်းထဲက ဆဲလ်လေးတွေကနေ... အခုတော့ မိဘတွေရဲ့ ကမ္ဘာငယ်လေး ဖြစ်သွားခဲ့ပြီ" 🔬👶👶

​ကျွန်တော်တို့ မိုက်ခရိုစကုပ်အောက်မှာ ဆဲလ်လေးတွေဘဝကတည်းက တောက်လျှောက် စောင့်ကြည့်ပြုစုခဲ့ရတဲ့ သက်ရှိလေးတွေကို အခုလို ကလေးလေးတွေအဖြစ်နဲ့ မိဘရင်ခွင်ထဲမှာ ကျန်းကျန်းမာမာ ရှိနေတာကို မြင်တွေ့ရတာဟာ Embryologist တွေအတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ ပီတိမျိုးပါ။

​ရင်သွေးရဖို့ ကြိုးစားခဲ့ရတဲ့ အချိန်တစ်လျှောက်လုံး စိုးရိမ်ပူပန်ခဲ့ရတဲ့ အရာတွေအားလုံးဟာ ကလေးလေးတွေကို မြင်လိုက်ရတဲ့ စက္ကန့်မှာတင် အကုန်လုံးပျောက်ကွယ်သွားခဲ့ပါတယ်။ မိဘနှစ်ပါးရဲ့ မျက်ဝန်းထဲက ပျော်ရွှင်မှုနဲ့ ကျေးဇူးတင်စကားတွေက ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားတွေ ဖြစ်စေပါတယ်။

​ဓာတ်ခွဲခန်းထဲမှာ နေ့ရော၊ ညပါ စောင့်ကြည့်စစ်ဆေးခဲ့ရတဲ့ အချိန်တိုင်းဟာ မိဘတွေရဲ့ချိုမြိန်တဲ့အပြုံးတွေကို ဖန်တီးပေးဖို့အတွက်ပါ။

​သင့်ရဲ့ ရင်သွေးအိပ်မက်တွေကိုလည်း အတူတူ အကောင်အထည်ဖော်ပေးဖို့ ကျွန်တော်တို့ Origin Fertility Center အသင့်ရှိနေပါတယ်။ 💙

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.
☎ +95 9 346 156747
📩 [email protected]

30/04/2026

ယုံကြည်မှုတိုင်းအတွက် အလှပဆုံး ရလဒ်များ 👶🏥

Origin Fertility Center ရဲ့ အောင်မြင်မှုမှတ်တမ်းများထဲက အမှတ်တရ ပုံရိပ်လေးအချို့။ 📸

ကျွန်တော်တို့အပေါ် ယုံကြည်စွာ လွှဲအပ်ခဲ့တဲ့ မိသားစုတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ တစ်အိမ်ထောင်စုချင်းစီတိုင်းရဲ့ ဆုတောင်းများ ပြည့်ဝစေဖို့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့အတူ Origin က အမြဲစောင့်ကြိုနေပါတယ်။

✨ Origin Fertility Center – Creating Miracles Together.

29/04/2026

"ကလေးယူဖို့ နောက်ကျသွားပြီလား?" ဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတယ်ဆိုရင်တော့ ဒီစာလေးကို အဆုံးထိဖတ်လိုက်ပါ။

ဘဝရဲ့ ရည်မှန်းချက်တွေနောက်ကို လိုက်ရင်း၊ အလုပ်တွေနဲ့ လုံးပန်းရင်း... ပြန်ကြည့်လိုက်တော့မှ "ငါ ကလေးယူဖို့ နောက်ကျသွားပြီလား" ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်တာ သဘာဝပါ။ အထူးသဖြင့် အသက် ၃၀ ကျော်၊ ၄၀ နား နီးလာတဲ့အခါမှာ ဒီစိုးရိမ်စိတ်က ပိုပြီး ကြီးထွားလာတတ်ပါတယ်။ 😓

တကယ်တော့ ခေတ်မီတဲ့ မျိုးဆက်ပွားနည်းပညာတွေရှိနေတဲ့ ယနေ့ခေတ်မှာ "စောခြင်း၊ နောက်ကျခြင်း" ထက် "စနစ်တကျ အဖြေရှာခြင်း" က ပိုပြီး အရေးကြီးပါတယ်။

💡 အဲဒီအတွက် Origin Fertility Center မှာ အဖြေရှိနေပါတယ်။
✳️ မျိုးအောင်နိုင်စွမ်း စစ်ဆေးခြင်း
✳️ IVF (ဖန်ပြွန်သန္ဓေသား)၊ ICSI တို့လို ခေတ်မီကုထုံးတွေနဲ့အတူ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ကူညီပေးခြင်း
✳️ စိတ်ပူပန်မှုတွေကို အတူတူရင်ဆိုင်ပေးမယ့် အထူးကုဆရာဝန်ကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ နွေးထွေးတဲ့နှစ်သိမ့်မှုများပေးခြင်း‌
စတဲ့ အရာတွေကြောင့် ဒီထက်ပိုပြီး နောက်မကျသွားစေဖို့နဲ့ စိုးရိမ်စိတ်တွေကို ယုံကြည်မှုတွေအဖြစ် ပြောင်းလဲပစ်ဖို့ Origin Fertility Center ကို လှမ်းလာပြီး လိုအပ်တဲ့အကြံဉာဏ်တွေနဲ့ ကုသမှုတွေရယူလိုက်တော့နော်...။

ရင်သွေးလေးကို ပွေ့ပိုက်ရမယ့် အိပ်မက်ဟာ လက်တစ်ကမ်းမှာပဲ ရှိနေနိုင်ပါတယ်။ 🤍

📩 ပိုမိုသိရှိလိုပါက Messenger ကနေတစ်ဆင့် ဖြစ်စေ၊ ဖုန်းနံပါတ်တွေကနေတစ်ဆင့်ဖြစ်စေ အသေးစိတ် မေးမြန်းတိုင်ပင်နိုင်ပါတယ်။

📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.
☎ +95 9 346 156747
📩 [email protected]

#မျိုးဆက်ပွားကျန်းမာရေး

26/04/2026

သားအိမ်အသားလုံး (Uterine Fibroids) ရှိနေရင် စိုးရိမ်စရာလား? 🌸

အမျိုးသမီးအတော်များများမှာ သားအိမ်အသားလုံး ရှိနေတတ်ပေမဲ့ လူတိုင်း လက္ခဏာ မပြတတ်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ရှိနေမှန်း သိလိုက်ရတဲ့အခါ "ခွဲစိတ်ရတော့မှာလား?" "ကင်ဆာဖြစ်နိုင်လား?" ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

တကယ်တော့ သားအိမ်အသားလုံးဟာ "ကင်ဆာမဟုတ်သလို"၊ အသားလုံးရှိတာကြောင့် သားအိမ်ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်မသွားပါဘူး။
ဘာတွေကို သတိထားကြည့်ရမလဲ? ဘယ်လိုကုသကြမလဲ? အတူတူ ဆက်ဖတ်ကြည့်ရအောင်။ 👇

🚩 ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?
အသားလုံးက ကြီးလာရင် ဒါမှမဟုတ် နေရာအနေအထားပေါ် မူတည်ပြီး အောက်ပါတို့ ခံစားရတတ်ပါတယ်။
♀️ ရာသီသွေး အလွန်အကျွံဆင်းခြင်း (သွေးခဲများပါခြင်း၊ ရက်ရှည်ခြင်း)။
♀️ ဗိုက်အောက်ပိုင်း နာကျင်ခြင်း သို့မဟုတ် တင်းကျပ်ကျပ် ခံစားရခြင်း။
♀️ ဆီးခဏခဏသွားခြင်း (အသားလုံးက ဆီးအိမ်ကို ဖိထားမိရင် ဖြစ်တတ်ပါတယ်)။
♀️ ဝမ်းချုပ်ခြင်း သို့မဟုတ် ခါးနာခြင်း။
♀️ အမျိုးသားနှင့် အတူနေစဉ် နာကျင်ခြင်း။

🧬 ဘာကြောင့် ဖြစ်ရတာလဲ?
တိကျတဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ အဓိက သက်ရောက်မှုရှိတဲ့ အချက် (၂) ချက် ရှိပါတယ်။
🌷 ဟော်မုန်းပြောင်းလဲမှု: Estrogen နဲ့ Progesterone ဟော်မုန်းတွေက အသားလုံးကို ကြီးထွားစေပါတယ်။ ဒါကြောင့် သွေးဆုံးပြီးရင်တော့ အသားလုံးတွေက အလိုလို ပြန်သေးသွားလေ့ ရှိပါတယ်။
🌷 မျိုးရိုးဗီဇ: မိခင် ဒါမှမဟုတ် ညီအစ်မတွေမှာ ဖြစ်ဖူးရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

🩺 ကုသနည်းလမ်းများ
အသားလုံးရှိတိုင်း ခွဲစိတ်စရာမလိုပါဘူး။ အခြေအနေပေါ်မူတည်ပြီး ဆရာဝန်တွေက ကုသပေးနိုင်ပါတယ်။
💮 စောင့်ကြည့်ခြင်း: လက္ခဏာ သိပ်မပြရင် ပုံမှန် Scan ရိုက်စစ်ဆေးရုံပဲ လုပ်ပါတယ်။
💮 ဆေးဝါးဖြင့် ကုသခြင်း: ရာသီသွေးဆင်းတာ လျှော့ချဖို့နဲ့ နာကျင်မှု သက်သာဖို့ ဆေးပေးပါတယ်။
💮 ခွဲစိတ်ကုသခြင်း: လက္ခဏာပြင်းထန်ရင် အသားလုံးသီးသန့်ထုတ်ခြင်း (Myomectomy) ဒါမှမဟုတ် သားအိမ်တစ်ခုလုံး ထုတ်ခြင်း (Hysterectomy) တို့ ပြုလုပ်ရတတ်ပါတယ်။

⚠️ အရေးကြီးတဲ့ အချက်
သားအိမ်အသားလုံးကြောင့် သွေးအားနည်းလာတာ၊ ဗိုက်အရမ်းနာတာ ဒါမှမဟုတ် ဗိုက်သိသိသာသာ ဖောင်းလာတာမျိုး ရှိရင်တော့ နားလည်တတ်ကျွမ်းတဲ့ အမျိုးသမီးအထူးကု ဆရာဝန်နဲ့ သေချာပြသ တိုင်ပင်သင့်ပါတယ်။

အမျိုးသမီးလေးတို့အနေနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက် စောင့်ကြည့်ကြရ‌အောင်နော်။ 🤍

#သားအိမ်အသားလုံး #အမျိုးသမီးကျန်းမာရေး

25/04/2026

"အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးတဲ့ Origin Fertility Center 🏥✨

သားသမီးရတနာ ထွန်းကားဖို့ ခက်ခဲနေတဲ့စုံတွဲတွေအတွက် နောက်ဆုံးပေါ် IVF နည်းပညာတွေ၊ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေရဲ့ စောင့်ရှောက်မှုတွေနဲ့အတူ အောင်မြင်မှုနှုန်း (Success Rate) အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားပေးနေပါတယ်။

လူတိုင်းရဲ့ အိမ်မက်တွေ တကယ်ဖြစ်လာဖို့ Origin က အမြဲရှိနေမှာပါ။ 👶✨

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Moe Kaung Street, (15) Quarter, Yankin Township
Yangon
11081