ToRi Tour

ToRi Tour

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ToRi Tour, Tour Agency, No. 94-96/98-100, Bo Aung Kyaw Street (Lower Block), Botahtaung Township, Yangon.

Photos from ToRi Tour's post 26/05/2026

🌧😉မိုးငွေ့တွေကြားက ပုဂံရဲ့အလှအပကို ခံစားဖူးလား?

ပုဂံလို့ ပြောလိုက်တာနဲ့ နွေပူပူမှာ ဖုန်ထူထူနဲ့လို့ တွေးမိရင်တော့ မှားမယ်နော် 🤨...
😍အညာဒေသလေးတစ်ခုဖြစ်တဲ့ ပုဂံကလေ ရာသီတိုင်းမှာ တစ်မျိုးစီလှပေမယ့်လေ မြေသင်းနံ့လေးရချိန် မိုးလေးကျချိန်ကတော့ မင်မင့်ရဲ့ အကြိုက်ဆုံးအချိန်ပဲ...

💭အုံ့မှိုင်းမှိုင်းကောင်းကင်ကြီးကို နောက်ခံထားပြီး စိမ်းစိုနေတဲ့ သစ်ပင်တွေကြား ထိုးထွက်နေတဲ့ သပ္ပါယ်လှတဲ့ ရှေးဟောင်းလက်ရာတွေနဲ့ ဘုရားတွေရယ်က ပန်းချီကားတစ်ချပ် စုတ်ချက်ဆွဲထားသလိုကို လှပနေတာပါ...

နွေလိုလဲ မပူတော့ 🛵E Bike လေးနဲ့ အေးအေးဆေးဆေးလည်ပတ်နိုင်ပြီး လူသူနည်းပါးတဲ့အချိန်မို့လို့ လွမ်းစရာအငွေ့အသက်လေးတွေနဲ့ ပုဂံရဲ့ Hidden Beauty လေးတွေကို ခံစားမိစေမှာအမှန်ပါပဲ...
😍 ဒါ့အပြင် မိုးရွာပြီးစ ကြည်လင်သွားတဲ့ ကောင်းကင်ယံက နေဝင်ချိန်ပာာဆိုရင်လည်း ရင်သပ်ရူမောဖွယ်ကောင်းနေမှာမို့ ပုဂံရဲ့မိုးဦးကျအလှ ကိုလည်း လက်လွှတ်မခံပဲ တစ်ခေါက်တော့ အရောက်လည်သင့်တယ်နော် ...

ပုဂံက လှပတဲ့နေရာတွေဆီ အေးအေးဆေးဆေးလည်ပတ်ပီးရင်တော့ မေ့ထားလို့မရတာ တခုရှိသေးတယ်နော် 😉 ..
🍛အဲ့တာကတော့ ဘယ်ချိန်စားစား မရိုးနိုင်တဲ့ ပုဂံရဲ့အစားအသောက်တွေပါပဲ

✨.မိုးအေးအေးမှာ ပုဂံရဲ့ နာမည်ကြီး အကြော်စုံပူပူလေးကို ‌‌‌ရေနွေးကြမ်းလေးနဲ့ စကားစမြည် ပြောကြရင်းစားမလား ,

✨ထမင်းပူပူလေးနဲ့ အရသာရှိတဲ့ အရံဟင်းတွေ၊ အညာဒေသလက်ရာအသုပ်လေးတွေ အများကြီးကို မြိန်ယှက်စွာစားမလား..။

✨☕ကော်ဖီပူပူလေးတစ်ခွက်နဲ့ မိုးရာသီအလှတွေပဲ ထိုင်ခံစားနေမလား?

တစ်ခေါက်ရောက်ဖူးတာနဲ့ မိုးရာသီတိုင်း ပြန်လည်သတိရနေစေမယ့် အမှတ်တရတွေကို ဖန်တီးဖို့ Tori ကို အခုပဲ🤙📲ဆက်သွယ်လိုက်တော့နော်...

🏠ToRi Travel : No.94/96 & 98/100, မြေညီထပ်, ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်), ဗိုလ်တထောင်မြို့နယ်။

⏰Office Hour: 9:00 AM to 5:00 PM (Monday to Friday) 01 8380211, 01 8378800, 09 777 9 77771

☎️Tour Department : 09 777 4600 66

🌐www.toritravel.com

ဲ့ခရီးသွားမယ်

Photos from ToRi Tour's post 18/05/2026

စင်္ကာပူသွားဖို့ ဟိုတယ်ရှာမယ်ဆို “ToRi" ကိုပဲ ယုံကြည်စိတ်ချလိုက်ပါ.... 🤗🏨

စင်္ကာပူခရီးစဉ်မှာ လည်ပတ်ဖို့ Plan တွေ အကုန်စီစဉ်ပြီးမှ ဟိုတယ်ကို "ရောက်မှပဲ ရှာတော့မယ်" လို့ တွေးထားရင် အဆင်မပြေဘူးနော်😩....

သွားချင်တဲ့နေရာတွေနဲ့ တည်းခိုမယ့် Hotel က ဝေးနေတာမျိုး ၊ လမ်းလျှောက်ရတာ ပင်ပန်းပြီး ရထားဂိတ်တွေနဲ့ ဝေးတာမျိုးတွေ ဖြစ်တတ်လို့ ခရီးစဉ်တစ်ခုလုံး ပင်ပန်းရတတ်ပါတယ်...

ဒါကြောင့်မို့လို့ ဟိုတယ်လိုပြီဆိုတာနဲ့ အမြဲအဆင်သင့်ရှိနေတဲ့ ToRi Tour က စင်္ကာပူမှာ လူကြိုက်အများဆုံးနဲ့ တည်းခိုရတာ အဆင်ပြေဆုံး Hotel အမိုက်စား ၄ ခုကို စတင်တည်းခိုလို့ရမယ့် Rate တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်.... 😍👇

🏢 Amrise Hotel Kitchener – Starting from 64 USD

Little India Area မှာ တည်ရှိတာမို့လို့ အိန္ဒိယရိုးရာ အစားအသောက်တွေ မြည်းစမ်းရင်း ၂၄ နာရီပတ်လုံး ဖွင့်တဲ့ Mustafa Centre မှာ စိတ်ကြိုက် Shopping ထွက်ချင်သူတွေအတွက် ကွက်တိပဲနော်! 🛍️🛒

🏢 Hotel 81 Tristar – Starting From 81 USD

သန့်သန့်ရှင်းရှင်းနဲ့ အေးအေးဆေးဆေး နားခိုချင်တဲ့ Budget Travelers တွေအတွက် အဆင်ပြေဆုံးနေရာ‌လေးပါ...

Geylang Serai Area ထဲမှာမို့လို့ မလေးရိုးရာ အငွေ့အသက်တွေရှိတဲ့ Geylang Serai Market မှာ Local အစားအစာတွေကို စိတ်ကြိုက်မြည်းစမ်းနိုင်မယ်..🍛😋

🏢 Hotel Boss – Starting From 100 USD

Lavender / Jalan Besar Area မှာ ရှိတဲ့ လူငယ်တွေ အကြိုက်ဆုံး ခေတ်မီဟိုတယ်ကြီးတစ်ခုပါ။ ကားဂိတ်၊ ရထားဂိတ်တွေနဲ့ နီးလို့ သွားရလာရ အရမ်း အဆင်ပြေပါတယ်..🚌🚇

🏢 Ascott Orchard Singapore - Starting From 248 USD

စင်္ကာပူရဲ့ အချက်အချာကျတဲ့ အကောင်းစား Shopping Malls ကြီးတွေဖြစ်တဲ့ ION Orchard နဲ့ Paragon တို့ရဲ့ အနီးနားမှာရှိတာမို့လို့ Brand စုံစုံလင်လင်နဲ့ Shopping ထွက်ရတာကြိုက်တဲ့ ဧည့်သည်တော်တို့အတွက်က အသင့်တော်ဆုံးပဲပေါ့! 🛍️✨

အခုပြထားတဲ့ Hotel စျေးနှုန်းလေးတွေက အပြောင်းအလဲ ရှိနိုင်တာမို့လို့ ကိုယ်သွားမယ့် ရက်လေးအတွက် ကြိုတင် Booking လုပ်ထားချင်ရင် အခုပဲ Tori Tour ကို ဆက်သွယ်လိုက်တော့နော်😉....

☎Tour department : 09 777 4600 66

🏠ToRi Travel : No.94/96 & 98/100, မြေညီထပ်, ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်), ဗိုလ်တထောင်မြို့နယ်။

⏰Office Hour: 9:00 AM to 5:00 PM (Monday to Friday) 01 8380211, 01 8378800, 09 777 9 77771

www.toritravel.com

ဲ့ခရီးသွားမယ်

15/05/2026

နောက်တစ်ပါတ် weekend ရုံးပိတ်မယ်နော် 😉🏖️🌊🚌

လာမယ့် မေလ (၂၂၊၂၃၊၂၄) ရက်တွေမှာ ToRi Travel staff trip လေးသွာရမှာမို့ ရုံးလေး ပိတ်ပါမယ်နော် . 😉🏖️

ခရီးသွား ဝန်ဆောင်မှုတွေကို ရုံးကို လာရောက်ဝယ်ယူလိုတဲ့ ဧည့်သည်တော်ကြီးများအနေနဲ့ ရုံးဖွင့်ရက်တွေမှာ လာရောက်ဝယ်ယူလို့ ရကြောင်းနဲ့
Online ကနေ ဝယ်ယူချငိတဲ့ ဧည့်သည်တော်ကြီးများအတွက်

☎လေယာဥ်/ကားလက်မှတ်များအတွက် Hotline : 09 77777 25 66

☎Visa & Insurance ဝန်ဆောင်မှုများအတွက် Hotline : 09 7777 041 77

☎Hotel & Tour Packages များအတွက် Hotline : 09 777 4600 66
တို့ကို ဆက်သွယ် စုံစမ်း ဝယ်ယူနိုငိပါတယ်ရှင် ..
ဲ့ခရီးသွားမယ်

Photos from ToRi Tour's post 12/05/2026

ဘန်ကောက် Hotel ရှာရတာ ခေါင်းစားနေပြီဆိုရင် Tori Tour ရှိတယ်လေ... 🏨💖

ဘန်ကောက်ဆိုတာ 🍝🍜အစားအသောက်လည်း ရှယ်၊ 🛒🛍Shopping ထွက်လို့လည်း အကောင်းဆုံးဖြစ်ပြီး ဘယ်နိုင်ငံကိုပဲ သွားသွား Transit အနေနဲ့ အသွားများတာမို့လို့ ခရီးသွားတွေ နဲ့ အမြဲစည်ကားနေတာပါ...

ဘန်ကောက်သွားမယ့် ခရီးသွားတွေအတွက် Hotel Booking တင်ဖို့ ကြိုတင်မစီစဉ်ထားဘူးဆိုရင်တကယ်မလွယ်တာနော်😥...

ဒါပေမယ့် 😍ToRi Tour ဆီ ဆက်သွယ်ပြီး ကိုယ်တည်းချင်တဲ့ Hotel ပုံစံလေးနဲ့ Budget လေး ကို ပြောပြလိုက်ရုံနဲ့တင် ကျန်တာကို ToRi က စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံးဖြစ်အောင် ရှာပေးမှာပါ...

💖🏨ခရီးသွားတွေ အတည်းအများဆုံး ဘန်ကောက်ဟိုတယ် (၅)ခုရဲ့ အခန်းစျေးနှုန်းလေးတွေနဲ့ အနီးတစ်ဝိုက်က လည်ပတ်စရာ နေရာလေးတွေကိုပါ တစ်စုတစ်စည်းတည်း ဖော်ပြပေးလိုက်ပါတယ်ရှင်.....

📌 Pratunam Market & Platinum Fashion Mall နဲ့ အနီးတစ်ဝိုက်ရှိ Baiyoke Boutique Hotel - 48 USD မှ စတင်၍

📌ဘန်ကောက်မြို့ရဲ့ View ကို ခံစားလို့ရမယ့် Baiyoke Sky Observation Deck နဲ့ အနီးတစ်ဝိုက်ရှိ Baiyoke Suite Hotel - 58 USD မှ စတင်၍

📌 IMPACT Arena & Dream World နဲ့ အနီးတစ်ဝိုက်ရှိ Mida Hotel Don Mueang Airport - 65 USD မှ စတင်၍

📌 Terminal 21 Asok Shopping Mall နဲ့ အနီးတစ်ဝိုက်ရှိ Rembrandt Residences Bangkok - 71 USD မှ စတင်၍

📌 Sukhumvit မှာရှိတဲ့ Benjakitti Park နဲ့ အနီးတစ်ဝိုက်ရှိ Rembrandt Hotel Bangkok - 91 USD မှ စတင်၍ တည်းခိုနိုင်ပါတယ်ရှင်....

ဘန်ကောက်တင် မက. တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘယ်နိုင်ငံက Hotel မဆို ToRi မှာ အချိန်မရွေး မေးမြန်း Booking တင်လို့ရတာမို့လို့ ခရီးသွားဖို့ပဲ စိတ်ကူးလိုက်ပါ... 🌍✈️

☎Tour Department : 09 777 4600 66 သို့ အခုပဲ တိုက်ရိုက်ဆက်သွယ်မေးမြန်းလိုက်ပါ...

🏠ToRi Travel : No.94/96 & 98/100, မြေညီထပ်, ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်), ဗိုလ်တထောင်မြို့နယ်။

⏰Office Hour: 9:00 AM to 5:00 PM (Monday to Friday)
☎01 8380211, 01 8378800, 09 777 9 7777 1

www.toritravel.com

ဲ့ခရီးသွားမယ်

11/05/2026

Tori မှာပဲ ရမယ့် Mingalar Sky Lounge ဝယ်ယူတိုင်း Buy 2 Get 1 ရမယ့် Promotion ကြီး လာပါပြီ... 🤩🤩🤩

Mingalar Sky Lounge ဝယ်ယူတိုင်းမှာ ထီးလက်ဆောင်ရမယ့် အစီအစဉ်ကြီး လာပြီနော်! ☂️✨

😎လေဆိပ်မှာ VIP တစ်ယောက်လို အပြည့်အဝ အနားယူချင်တဲ့ ဧည့်သည်တော်တို့အတွက်
Mingalar Sky Lounge ဝန်ဆောင်မှုကို Tori Travel မှာ ဝယ်ယူလိုက်ရုံနဲ့ Tori ရဲ့ Limited Edition ထီးလှလှလေး တစ်ချောင်း ကိုပါ လက်ဆောင်ရနိုင်မှာပါ .. 🎁

ပြည်ပခရီးစဉ်တွေအတွက် Mingalar Sky Lounge Package ကို

✈️· Round Trip (အသွားအပြန်) အတွက် ဝယ်ယူသူများ

✈️✈️· One Way (တစ်ကြောင်းစာ) ကို လူ (၂) ယောက်အတွက် ဝယ်ယူသူများက ရယူနိုင်မှာ ဖြစ်ပါတယ်....

✨"Buy 2 Get 1" အစီအစဉ်လေးအတိုင်း Lounge ဝန်ဆောင်မှု (၂) ခုစာ ဝယ်ယူတာနဲ့. ဘယ်ဆိုင်မှာမှ ရှာဝယ်လို့မရတဲ့ Tori ရဲ့ Customized ☂ထီးလှလှလေး (၁) လက်ကို အပိုလက်ဆောင်အဖြစ် ရရှိမှာဖြစ်ပါတယ်!

🗓️ Campaign Period ကတော့ ဒီနေ့ May ( 7) ကနေ စတင်ပြီး June (30) အထိပဲဖြစ်ပြီး
limited ထီးလှလှလေးက အရေအတွက် ကန့်သတ်ထားတာမို့ မြန်မြန်လေးတော့ Service လေး ဝယ်ယူဖို့ လိုလိမ့်မယ်....

😉မိုးရာသီခရီးစဉ်တွေကို Tori နဲ့အတူ စိတ်အေးချမ်းသာစွာ ဖြတ်သန်းပြီး အမှတ်တရလက်ဆောင် ထီးလေးတွေကိုပါ ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Hotel and Tour Department : 09 777 4600 66 သို့ 🤙📲ဆက်သွယ်လိုက်ပါ...

⏰Office Hour: 01 8380211, 01 8378800, 09 7779 77771

☎Hotel and Tour Department : 09 777 4600 66

ဲ့ခရီးသွားမယ်

09/05/2026

✨ Singapore Attraction Ticket များကို တန်းစီစရာမလိုအောင် Tori မှာ ကြိုတင်ဝယ်ယူလိုက်ပါ

😤စင်ကာပူက Attraction places တွေကို သွားရောက်လည်ပတ်တော့မယ်ဆိုရင် ရောက်မှ Counter တွေမှာ တန်းစီဝယ်ရတာက အချိန်ကုန်ပြီး လူလဲပင်ပန်းစေပါတယ်။

💛ခရီးစထွက်ထဲက ဘာကိုမှ ခေါင်းမစားပဲ အဆင်ပြေချောမွေ့စွာသွားချင်တယ်ဆိုရင်တော့ လိုအပ်သမျှ ticket ကို Tori မှာ လွယ်လွယ်ကူကူ ကြိုတင်ဝယ်ယူထားလို့ရနေပါပြီ ...

🎢 ရင်ခုန်စရာ ကစားနည်းတွေအပြည့်နဲ့ Universal Studio ကိုပဲသွားမလား?

🌸 ညဘက်အလှဆုံး Singapore View ကို Gardens by the Bay မှာ ခံစားမလား?

🐠 ရေအောက်ကမ္ဘာထဲရောက်သွားသလို Experience ရမယ့် S.E.A Aquarium Sentosa ထဲပဲဝင်မလား?

🌆 ဒါမှမဟုတ် Marina Bay Sand Sky Park ပေါ်ကနေ Singapore Skyline ကြီးကိုပဲ ကြည့်မလား?

🎡 Singapore Flyer စီးပြီး မြို့ကြီးတစ်ခုလုံးရဲ့ အလှကို အပေါ်စီးကနေခံစားမလား?

🦁 Singapore Zoo နဲ့ Night Safari တို့မှာ တိရစ္ဆာန်လေးတွေကို အနီးကပ်သွားကြည့်မလား?

🚤 ပြီးတာနဲ့ Singapore River Cruise စီးပြီး ညဘက်မြို့အလှကို ဇိမ်ခံစားမလား?

အခုလိုမျိုး Singapore Attraction နေရာပေါင်းစုံရဲ့ ဝင်ခွင့်လက်မှတ်တွေကို

😇Walk-in ဝယ်ရင်ဈေးပိုကြီးမယ်၊ ပြီးတော့ ...တန်းစီရလို့ အချိန်ပိုကြန့်ကြာတာကြောင့် ကိုယ် လျှောက်လည်ရမယ့်နေရာလေးတွေရဲ့ Entrance Ticket တွေကို ကြိုတင်ဝယ်ထားမှအဆင်ပြေပါမယ်ရှင် ။

☎ လွယ်ကူစွာ Tori မှာ ဝယ်ယူနိုင်ဖို့ Tori Page Messenger (သို့မဟုတ်) Tour department ph no : 09 777 4600 66 ကို အခုပဲဆက်သွယ်လိုက်ပါ ။

🏡ToRi Travel : No.94/96 & 98/100, မြေညီထပ်, ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်), ဗိုလ်တထောင်မြို့နယ်။

☎ Office Hour: 9:00 AM to 5:00 PM (Monday to Friday) 01 8380211, 01 8378800, 09 777 9 77771

📱Tour Department : 09 777 4600 66

🌐www.toritravel.com

ဲ့ခရီးသွားမယ်

Photos from Tori Travel's post 08/05/2026

ခရီးသွားခြင်းဆိုင်ရာ အကြောင်းအရာများကို Update သိရအောင် Tori ရဲ့ Official Channel လေးတွေ Join ထားကြစို့! 💖

✈️ခရီးသွားဖို့ ပြင်ဆင်တော့မယ်ဆိုရင် ဘယ်ကနေ စုံစမ်းရမလဲ၊ ဘယ် Page က ယုံကြည်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေပြီလား?

ဒါဆိုရင်တော့ ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းမှာ စုံစမ်းနိုင်ရုံတင်မကဘဲ ဗဟုသုတတွေပါ ရနိုင်တဲ့ Tori ရဲ့ Official Channel တွေကို မိတ်ဆက်ပေးပါရစေရှင်….💁‍♀️✨

1️⃣လိုတာမှန်သမျှ မေးမြန်းဖို့ Tori Travel 💬

ခရီးသွားဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဘာပဲလိုအပ်လိုအပ် Tori Travel Page ရဲ့ Messenger မှာသာ မေးလိုက်ပါနော်….

အားလုံး အဆင်ပြေသွားစေရမယ်လို့ အာမခံပါတယ်….

⚠️ သတိပြုရန်: Page အတုလေးတွေ ရှိတတ်တာမို့လို့ Cover Photo မှာ Tori Travel Co., Ltd အမည်နဲ့ ဖွင့်ထားတဲ့ Payment information တွေ ပါမှသာ Tori Travel Page အမှန်နော်....

2️⃣ ခရီးစဉ်အသေးစိတ်အတွက် Tori Tour 🚌

Company Staff Trip တွေပဲဖြစ်ဖြစ်၊ Tour ခရီးစဉ်တွေပဲဖြစ်ဖြစ် အသေးစိတ် သိချင်ရင်တော့ Tori Tour Page ရှိတယ်နော်…

😍အမှန်ကန်ဆုံးနဲ့ အမြန်ဆုံး ဝန်ဆောင်မှုပေးဖို့ အသင့်စောင့်ကြိုနေမှာပါ…..

3️⃣Quiz လေးတွေဖြေရင်း ဗဟုသုတရနိုင်ဖို့ Tori Viber Community 📱

Travel News တွေနဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို အချိန်နဲ့တစ်ပြေးညီ သိရမယ့်အပြင် ခရီးသွားနဲ့ဆိုင်တဲ့ Quiz Post လေးတွေလည်း တင်ပေးနေတော့ အပျင်းပြေစေဖို့ အောက်ပါ Link လေးကို Join ထားလိုက်တော့နော်...

🔗 https://invite.viber.com/?g2=AQB2VCSrZbplbEvnr%2FbikFsOivRd6ddfqDEA9EQXskHSKXcbe%2BcTgdmHuLBFIkGL

4️⃣Telegram ကနေဖတ်ချင်သူများအတွက် Tori Travel Channel

Telegram သုံးရတာ ပိုကြိုက်တဲ့ သူတွေအတွက်လည်း Tori ရဲ့ Telegram Community Channel ရှိနေပါပြီ....

📃သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူ ဖတ်ရှုနိုင်ဖို့ အခုပဲ Join ထားလိုက်ပါ....

🔗 https://t.me/toritravel

5️⃣ အပျင်းပြေ အပန်းဖြေကြည့်ဖို့ Tori Travel TikTok 🎥

😉Tori က ဝန်ထမ်းချောချောလေးတွေရဲ့ ရုံးတွင်းဟာသ Video လေးတွေနဲ့ အပျင်းပြေစေမယ့်အပြင်၊ သောကြာနေ့တိုင်း ခရီးသွားခြင်းနဲ့ ဆိုင်တဲ့ Knowledge Sharing Video လေးတွေကိုလည်း တင်ဆက်ပေးနေတာမို့ Tori Travel TikTok ကို ခုပဲ Follow လုပ်ထားလိုက်ရအောင်...

🔗 https://www.tiktok.com/

Tori ရဲ့ Official Channel လေးတွေမှာ ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ လိုအပ်တာတွေအကုန် စုံလင်စွာ တင်ဆက်ပေးနေတာမို့လို့ အခုပဲ Join & Follow လုပ်ထားပြီး Tori နဲ့အတူ ပျော်စရာခရီးစဉ်လေးတွေ ဖန်တီးလိုက်စို့နော် 🌸✨

☎လေယာဥ်/ကားလက်မှတ်များအတွက်: 09 77777 25 66

☎Visa & Insurance ဝန်ဆောင်မှုများအတွက်: 09 7777 041 77

☎Hotel & Tour Packages များအတွက်: 09 777 4600 66

🏠Address: No-94/96 & 98/100 , မြေညီထပ်, ဗိုလ်အောင်ကျော်လမ်း (အောက်ဆုံး / ကမ်းနားဘလောက် ), ဗိုလ်တထောင်။

⏰Office Hour : 01 8380211, 01 8378800 , 09 7779 77771

🌏www.toritravel.com

ဲ့ခရီးသွားမယ်

01/05/2026

📢မေလ (၁) ရက်နေ့ ၊ ကမ္ဘာ့အလုပ်သမားနေ့ မှာ Tori Travel ရုံးလေး ပိတ်ပါမယ်ရှင်....

ကမ္ဘာ့အလုပ်သမားနေ့ (မေလ(၁) ရက်၊ သောကြာနေ့) က အများပြည်သူရုံးပိတ်ရက်လေးမို့လို့ Tori Travel ရုံးလေးကိုလည်း ခေတ္တပိတ်ထားမှာဖြစ်ကြောင်း ကြိုတင် အသိပေးပါရစေနော်.... 🗓️✨

ပိတ်ရက်လေးမှာ ခရီးသွားဝန်ဆောင်မှုလေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် ကြန့်ကြာမှုတွေ ရှိခဲ့ရင်လည်း နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်.....🙏

🗓မေလ (၂) ရက်နေ့ (စနေနေ့) မှာတော့ မနက် (၉) နာရီမှ နေ့လယ် (၁) နာရီအထိ ပုံမှန်ရုံးဖွင့်ရက်လေး အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်လို့ ခရီးစဉ်တွေ စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ လာရောက်တိုင်ပင်ချင်တာပဲဖြစ်ဖြစ် ရုံးသို့ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်😍.....

ပိတ်ရက်အတွင်း အရေးကြီးတဲ့ ခရီးသွားဝန်ဆောင်မှုတွေအတွက်ကတော့ အောက်ပါ Hotline နံပါတ်တွေကို ဆက်သွယ်နိုင်သလို Tori Travel Page ရဲ့ Messenger ကနေလည်း စာလေးပို့ပြီး အချိန်မရွေး မေးမြန်းထားနိုင်ပါတယ်ရှင်.... 👇

📲 လေယာဉ်လက်မှတ်၊ ကားလက်မှတ်များအတွက် : 097777 725 66
📲 Visa & Insurance ဝန်ဆောင်မှုများအတွက် : 097777 041 77
📲 Hotel & Tour Package လေးများအတွက် : 09777 4600 66

ဲ့ခရီးသွားမယ်

30/04/2026

📢ကဆုန်လပြည့်နေ့ ရုံးပိတ်ရက် ကြေညာခြင်း

🗓၂၀၂၆ ခုနှစ် ဧပြီလ (၃၀) ရက် ( ကြာသပတေးနေ့) ဟာဆိုရင် ကဆုန်လပြည့်နေ့လေးဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်လေးဖြစ်တာမလို့ Tori Travel ရုံးလေးလည်း ပိတ်ထားမှာ ဖြစ်ပါတယ်ရှင်။

✨မေလ (၂) ရက်၊ စနေနေ့မှာတော့မနက် (၉)နာရီ ကနေ နေ့လယ် (၁)နာရီထိပုံမှန်အတိုင်း (နေ့တစ်ဝက်) ရုံးလေး ပြန်ဖွင့်မှာဖြစ်လို့ ခရီးသွားဝန်ဆောင်မှုများကို ပြန်လည်ရယူနိုင်ပါတယ်ရှင်🤗 ။

ပိတ်ရက်အတွင်း ခရီးသွားဝန်ဆောင်မှုလေးတွေစုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ အောက်ပါ Hotline ဖုန်းနံပါတ်လေးတွေကို ဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်....

· လေယာဉ်လက်မှတ်နှင့် ကားလက်မှတ်များအတွက်: 📲 09-77777 25 66

· Visa & Insurance ဝန်ဆောင်မှုများအတွက်: 📲 09-7777 041 77

· Hotel & Tour Packages များအတွက်: 📲 09-777 4600 66

🙏ကဆုန်လပြည့်နေ့ အခါသမယမှစ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေကြောင်း ToRi Travel မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် ။

ဲ့ခရီးသွားမယ်

Photos from ToRi Tour's post 29/04/2026

🌸Konnichiwa! Japan ရဲ့ နွေဦးအလှမှာ ပျော်ရွှင်ခဲ့ရတဲ့ Tori Travel ရဲ့ April Tour များ 🌸

ဆာကူရာပန်းပင်လေးတွေရဲ့ အလှလေးတွေကို ခံစားရင်း စိတ်လှုပ်ရှားပြီး ပျော်စရာကောင်းခဲ့တဲ့ Japan April Collective Tour ကြီးများကတော့ အမှတ်တရပေါင်းများစွာနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီရှင်! 🇯🇵✨

ဂျပန်နိုင်ငံရဲ့ အလှပဆုံးနေရာတွေကို စုံလင်စွာနဲ့ ပျော်ပျော်ပါးပါး လည်ပတ်ခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြနမလည်ဝေမျှပေးလိုက်ပါတယ်ရှငိ . ☺️💫

နောက်ထပ်လာမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ Tour ခရီးစဉ်အသစ်တွေကို လက်လွှတ်မခံရအောင် Tori Travel Page လေးကို See First လုပ်ပြီး စောင့်ကြည့်ပေးကြပါဦးနော်! 🚩✨

🏨Tour Department : 09 777 4600 66
📌ToRi Travel : No.94/96 & 98/100, မြေညီထပ်, ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်), ဗိုလ်တထောင်မြို့နယ်။
⏰Office Hour: 9:00 AM to 5:00 PM (Monday to Friday)
☎️01 8380211, 01 8378800, 09 777 9 77771
www.toritravel.com
ဲ့ခရီးသွားမယ်

Photos from ToRi Tour's post 27/04/2026

🍃⛈️ မိုးရာသီရောက်တာနဲ့ အတွေးထဲအရင်ဆုံးရောက်တဲ့ ဘားအံမြို့ရဲ့ အလှပဆုံးနေရာလေးတွေ..

☔️🌲မိုးစက်လေးတွေ တစ်စက်ချင်းကျလာတဲ့အချိန်မှာ လေညှင်းလေးတွေ တဖြည်းဖြည်းဝင်လာပြီး တောင်တန်းတွေက ပိုပြီးစိမ်းစိုနက်ရှိုင်းလာတဲ့အပြင် အရင်တည်းကလှတဲ့ရှုခင်းတွေက မိုးရေကြောင့် ပိုအသက်ဝင်လာသလိုပါပဲ .....

🛤️✨ အဲ့လိုအချိန်မှာ ဘားအံမြို့ရဲ့ လှပတဲ့တောင်တန်းတွေကို ‌ငေးမောကြည့်ရတဲ့ခံစားချက်.. ပြီးတော့ မြေသင်းနံ့လေးမွှေးမွှေးလေးနဲ့ လေညှင်းအေးအေးလေးတွေက မွန်းကြပ်နေတဲ့ စိတ်အကုန်လုံးကို ဖြေလျော့သွားစေတဲ့ ခံစားချက် ဒီအရာတွေကတော့ ဘာနဲ့မှမလဲနိုင်လောက်အောင်ကို အေးချမ်းလွန်းတာဖြစ်လို့....
💁သွားရောက်လည်ပတ်ရတဲ့ခံစားချက်ကတော့ ပြောမပြတတ်လောက်တဲ့ ခံစားချက်မျိုးလေးရစေမှာပါ။

😇ဒီနေ့မှာတော့ မင်မင်က ဒီတစ်ခေါက်ရောက်လာမယ့် မိုးတွင်းမှာ သွားရောက်လည်ပတ်သင့်တဲ့ ဘားအံမြို့ရဲ့အလှပဆုံးနေရာ (၅)နေရာကို ချစ်ဧည့်သည်တော်တို့အတွက် Sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ် ။

(၁) နောင်ခလိုင်ရေဂူ

တောင်အရိပ်တွေကြားထဲက တိတ်ဆိတ်အေးချမ်းတဲ့အလှတရား၊ ရေထဲကနေ မြင်ရတဲ့ တောင်နဲ့ဂူ ပေါင်းစပ်ထားတဲ့ သဘာဝရှုခင်း စတာတွေက postcard တစ်ပုံလိုမျိုး ခံစားချက်ပေးပါတယ် ။ မိုးရာသီသွားရင်တော့ ရေအပြည့်နဲ့ ရေကူးလို့လဲကောင်းတယ်နော် ။

(၂) တောင်ဝိုင်းတောင်

ဘားအံရောက်ရင်တော့ တောင်ဝိုင်းတောင်ကို မဖြစ်မနေတက်သင့်တယ်နော် ။ Viewpoint အရမ်းကောင်းတဲ့နေရာဖြစ်ပြီးတော့ တောင်ထိပ်ရောက်ရင် တိမ်ပင်လယ်ကိုကြည့်ဖို့အတွက် အားခဲပြီး တက်မှရမယ်ရှင် ။ တောင်အောက်ကို လှမ်းကြည့်လိုက်ရင်တော့ လယ်ကွင်းတွေ၊ ရေကန်တွေနဲ့ တောင်တွေအကုန်ပေါင်းစပ်ထားတဲ့ ရှုခင်းက တောင်တက်လို့မောပန်းနေတဲ့စိတ်ကိုတောင် ပြန်လည်ငြိမ်သက်စေပါတယ်။

(၃) ရသေ့ပျံဂူ

သဘာဝကျောက်လှိုဏ်ဂူဖြစ်ပြီး ဂူထဲမှာတော့ရှေးဟောင်းအုတ်ခွက်ဘုရားတွေနဲ့ အေးချမ်းတဲ့နေရာလေးဖြစ်ပြီးတော့ View Point ကလဲ အရမ်းလှပါတယ် ။

(၄) ဆန္ဒန်ဂူ

ဘားအံရဲ့ iconic place တစ်ခုဖြစ်ပြီး သဘာဝနဲ့ သမိုင်းပေါင်းစပ်ထားတဲ့ အလှအပကို ခံစားရစေမှာပါ။ ဂူအတွင်းမှာ Buddha statue တွေရှိပြီး‌တော့ ဂူထွက်ပေါက်မှာတော့ လှေစီးချင်သူတွေအတွက် boat ride experience ပါရှိတယ်နော် ။ ကြည်လင်နေတဲ့ရေကန်ထဲမှာ လှေစီးရတဲ့အတွေ့အကြုံက တကယ်ကို မေ့မရတဲ့ အမိုက်စားခံစားချက်ရစေပါတယ်။

(၅) ထွန့်ပတိုင်

ထွန့်ပတိုင်ကတော့ ကမ္ဘာကြီးကို အပေါ် စီးကနေကြည့်နေရသလိုခံစားရစေတဲ့ အလှတရားလို့ တင်စားခေါ်ဝေါ်နိုင်ပြီး အလုပ်ပင်ပန်းမှုတွေနဲ့ စိတ်ဖိစီးမှုတွေ အချိန်အနည်းငယ်အတွင်း မေ့ပျောက်သွားအောင် သဘာဝနဲ့ ပြန်ချိတ်ဆက်ပေးနိုင်တဲ့နေရာတစ်ခုဆိုရင်လဲ မမှားပါဘူးရှင် ။

😉☁✨ အားလုံးကို ချုံငုံပြီးပြောရမယ်ဆိုရင်တော့ ဘားအံမြို့ရဲ့ အလှက သွားရောက်လည်ပတ်သူတိုင်းကို စိတ်အေးစေပြီး “ ဘားအံမှာပဲအခြေချတော့မယ် “ဆိုတဲ့စိတ်တောင် ဖြစ်သွားစေလောက်တယ်နော်..

🥰 အခု မင်ရေးပေးထားတဲ့ Content လေးကိုဖတ်ရင်း ဘားအံကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့..

🍃 မိုးရာသီရောက်မှ ခရီးထွက်ဖို့ စတင်ပြင်ဆင်တာထက်စာရင် အခုထဲက ကားလက်မှတ် နဲ့ hotel ကို ကြိုတင်plan လုပ်ထားပြီး အားလုံးစိတ်ချရစေဖို့ Tori ကို သတိရလိုက်တော့နော် ..။

🏡ToRi Travel : No.94/96 & 98/100, မြေညီထပ်, ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်), ဗိုလ်တထောင်မြို့နယ်။

☎ Office Hour: 9:00 AM to 5:00 PM (Monday to Friday) 01 8380211, 01 8378800, 09 777 9 77771

📱Tour Department : 09 777 4600 66

🌐www.toritravel.com

ဲ့ခရီးသွားမယ်

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 94-96/98-100, Bo Aung Kyaw Street (Lower Block), Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00