Instinct Myanmar

Instinct Myanmar

Share

Business account. If you're looking for niche supplements, you've come to the right place.

24/04/2023

🚨 IMPORTANT ANNOUNCEMENT: STORE CLOSURE 🚨

Dear valued customers,

It is with a heavy heart that we announce the permanent closure of Instinct Myanmar effective from today (24th April). This decision was not made lightly, and we want to express our deepest gratitude for your continued support throughout the years.

For any ongoing orders or pending transactions, rest assured that we will fulfill them before the closure. If you have any concerns or questions, please don't hesitate to reach out to us at 09791975140..

Once again, thank you for being a part of our journey. Your loyalty and patronage have meant the world to us. We wish you all the best and hope our paths cross again in the future.

Warm regards,
Instinct Myanmar

16/04/2023

CLEARANCE SALE

ယနေ့မှစတင်၍ ပစ္စည်းတွေ အားလုံးကို 40% discount နဲ့ရောင်းချပေးနေပါသည်။

Expiry Date: End of June (ဇွန်လကုန်)

Instinct Myanmar Business account. If you're looking for niche supplements, you've come to the right place.

31/07/2022

Low-carbohydrate diets may improve renal function in type-2 diabetics 👇

Low-carb diet (သကြားနဲႉ ကဆီဓါတ်လျှော့စားခြင်း)​ ဟာ ဆီးချိုသမားတွေရဲႉ ကျောက်ကပ်စွမ်းဆောင်ရည်းကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

29/07/2022

Strawberry Nice Cream!

It's smoothie bowl season and we're here for it 😍

What are your favourite ingredients for smoothies?

To make this vibrant bowl of deliciousness:

- 200g frozen strawberries
- 1 banana
- 100g soy yoghurt
- 1 scoop Protein Works Strawberries n Cream flavour

Mix all four ingredients in a blender and add water until the consistency is smooth & creamy!

🛒 https://bit.ly/3O5Eh60

📸 girleatingveggies

29/07/2022

Coffee Coolers 🤝 kicking those Monday blues

Thanks for tagging us on Instagram, we love to see what you guys are having every day!

Try our Coffee Coolers now: https://bit.ly/3Q9ZM79

22/05/2022
09/05/2022

ကျန်းကျန်းမာမာဝိတ်တက်နည်း။ (Part-2) 💪🔼

အရင်တစ်ခေါက်က post မှာ calorie အကြောင်းရှင်းပြခဲ့ပါတယ်။ မဖတ်ရသေးတဲ့သူတွေ အတွက်တော့ ဒီ မှာ link လုပ်ထားပေးပါတယ်။ 👇

https://www.facebook.com/InstinctMM/posts/519287369977921

Maintenance calorie ထက် ပိုစားတဲ့အခါမှာ calorie surplus ဖြစ်စေပါတယ်။ Calorie surplus စားနေတဲ့သူဟာ ဝိတ်တက်မှာပါ။ 🔼 Maintenance calorie ထက် calorie ပိုစားပေးလေ ဝိတ်ပိုတက်လေပေါ့။ ⏫

ဒါပေမဲ့ ကြွက်သားတက်ဖို့အတွက်က calorie surplus တစ်ခုထဲနဲ့မလုံလောက်ပါဘူး 🚫။ ကြွက်သားဟာ ပရိုတိန်းဓါတ်နဲ့ တည်ဆောက်တာ ဖြစ်တာကြောင့် ကြွက်သားတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပရိုတိန်း (အသားဓါတ် 🍖) လုံလုံလောက်လောက်စားဖို့ အင်မတန်အရေးကြီးပါတယ်။

လူတစ်ယောက် သုံးဆောင်တဲ့ ပရိုတိန်း 🍖ပမာဏနဲ့ ကြွက်သားတည်ဆောင်မှုနှုန်းအကြောင်း သုတေသနအမြောက်အများ ရှိပါတယ်။ ဒီသုတေသနတွေရဲ့ ရလဒ်ကို အတိုချုပ်ပြောရရင်တော့ ကြွက်သားတက်ဖို့အတွက်တစ်ရက်ကို ခန္ဒာကိုယ်အလေးချိန် တစ်ပေါင်တိုင်းအတွက် ပရိုတိန်း တစ်ဂရမ် ⚖️ စားပေးသင့်ပါတယ်။

ဥပမာအနေနဲ့ ခန္ဒာကိုယ်အလေးချိန်ပေါင် ၁၅၀ ရှိတဲ့သူက တစ်ရက်ကိုပရိုတိန်း ဂရမ် ၁၅၀ စားပေးသင့်ပါတယ်။

ကိုယ့်ပရိုတိန်း target ပြည့်အောင် ဘယ်လိုအစားစားသင့်လဲ သိအောင်လို့ အချို့အစားအသောက်တွေနဲ့ ပရိုတိန်းပမာဏကို အောက်မှာ ဖော်ပြထားပါတယ်။ 👇

👉ကြက်ရင်အုံ (100g/ 3.5 oz) - 31g protein
👉ကြက်ပေါင် (100g/ 3.5 oz) - 26g protein
👉အမဲသား (100g/ 3.5 oz) - 26g protein
👉ကြက်ဥအကြီး (တစ်လုံး)- 6g protein
👉ပဲ (100g/ 3.5 oz) - 15g protein
👉နို့ (100g/ 3.5 oz) - 3.4g protein
👉Whey (100g/ 2 ဇွန်း) - 84g protein

ဖော်ပြထားတဲ့အတိုင်း whey ပရိုတိန်းဟာ တစ်ဖွန်းတည်းနဲ့ ပရိုတိန်းပမာဏ အမြောက်အများရှိတာကို တွေ့ရပါမယ်။ ဒါကြောင့် Gym ကစားသူအများအပြားက Whey ပရိုတိန်းကိုသောက်ကြတာ ဖြစ်ပါတယ်။ 💪

ဝိတ်တက်ပြီး ကြွက်သားကြီးထွားဖို့ အထောက်အကူဖြစ်တဲ့ ဖြည့်စွက်စာတွေကို နောက်အပိုင်းတစ်ပိုင်းမှာ တင်ပြပေးပါမယ်။

ဒါပေမဲ့ protein များတဲ့အစားအစာအများစု ဟာ ဗိုက်ပြည့်လွယ်စေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အကျင့်မရှိရင် တစ်ထိုင်ထဲမှာ အသား🍖၊ ငါး🐟၊ ဥ🥚 တို့ကို အများကြီး မစားနိုင်ပါဘူး။ ပရိုတိန်းလုံလောက်အောင်စားပေမဲ့ calorie surplus မစားရင်ဝိတ်တက်မှာမဟုတ်ပါဘူး ❌။

ဒါကြောင့်အစားနည်းနည်းနဲ့ calorie များများရမဲ့ အစားအစာ (calorie dense foods) တွေကို စားသင့်ပါတယ်။ ဒီအစားစာအချို့ကို အောက်မှာဖော်ပြထားပါတယ်။ 👇

👉ထမင်း (100g/ 3.5 oz) - 130 calories
👉ဟင်းချက်ဆီ (1 ဇွန်း)- 117 calories
👉သီဟိုဠ်စေ့ (100g/ 3.5 oz) - 553 calories
👉မြေပဲ (100g/ 3.5 oz) - 567 calories
👉Peanut butter (100g/ 3.5 oz) - 588 calories

ယခုအထိ ပြောခဲ့တာအားလုံးကို အတိုချုံ့ပြောရရင်တော့ ဝိတ်တက်ဖို့လိုအပ်တာ ၂ ချက် ✌️ ရှိ ပါတယ်။

၁။ ပရိုတိန်းလုံလုံလောက်လောက်စားခြင်း။
၂။ calorie surplus စားခြင်း။

ဒီနှစ်ချက်လုံးမပြည့်စုံရင်တော့ လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ်ဝိတ်တက်မှာ မဟုတ်ပါဘူး။ လက်သမားဘယ်နှစ်ယောက်ရှိရှိ သစ်သားမရှိရင် စားပွဲမလုပ်နိုင်သလိုပဲပေါ့။

နောက် post မှာတော့ ဘယ်လိုလေ့ကျင့်ခန်းလုပ်သင့်တယ် ဆိုတဲ့အကြောင်းကို ရှင်းပြမှာပါ။

❓ မေးပါများမေးခွန်းများ (FAQ) ❓

🤷 ဝိတ်တက်ချင်ရင် Mass gainer ၏သောက်လို့ရလား။

Mass Gainer တွေရဲ့ဆိုးကြိုးတွေအကြောင်းကို ဒီpost မှာအသေးစိတ်ရှင်းပြထားပါတယ်။ 👇

https://www.facebook.com/InstinctMM/posts/160850582488270

Mass gainer အစား ထိရောက်မှုရှိပြီး ကျန်းမာရေးအတွက်လည်း ကောင်းတဲႉ​ substitute တစ်ခုကို အိမ်မှာ လုပ်လိုႉရပါတယ်။ ဒီ Homemade mass gainer ရဲ့ Recipe ကို ဒီ Link နှိပ်ပြီး ဖတ်လို့ရပါတယ်။ 👇
https://www.facebook.com/InstinctMM/posts/312788563961137

🤷 Protein အစားများရင် ဆိုးကျိုးရှိနိုင်လား။

ကျန်းမာတဲ့လူတစ်ယောက်ဟာ high protein diet စားလို့ ပြသနာမရှိပါဘူး။ ဒါပေမဲ့ ပရိုတိန်းအစားများခြင်းဟာ ကျောက်ကပ်ရောဂါရှိတဲ့သူတွေအတွက် မသင့်တော်ပါဘူး။ [1]

References:
[1] https://academic.oup.com/advances/article/6/3/260/4568653

Photos from Protein Works's post 07/05/2022
07/05/2022

ကျန်းကျန်းမာမာဝိတ်တက်နည်း။ (Part-1) 💪🔼

“ဝိတ်တက်ချင်ရင်အစားစားရမယ်” 💬

ဒါဆိုဘာအစား စားစားရလား? အစားပိုစားတဲ့အခါ အချိုရည်တွေပဲပိုသောက်တာနဲ့ ထမင်းနဲ့ ဟင်းပိုစားတာနဲ့ အတူတူပဲလား? နေထိုင်ပုံက ဝိတ်တက်ခြင်း မတက်ခြင်းပေါ် အကျိုးသက်ရောက်မှုရှိလား? 🤔

ဒီအကြောင်းတွေကို ဒီ Post series မှာဆွေးနွေးပါမယ်။ 👇

ပထမအနေနဲ့ calorie ဆိုတာဘာလဲကို ဆွေးနွေးရပါမယ်။ Calorie ဆိုတာက အစားအစာ ကရတဲ့ energy(အား) ကိုပြောတာပါ။ ဒီအားက ကဆီဓါတ် (ဥပမာ- ထမင်း 🍚၊ ပေါင်မုန့် 🍞၊ သကြား)၊ အဆီဓါတ် 🍕 (ဥပမာ- ဟင်းချက်ဆီ) နဲ့ အသားဓါတ် 🍖 တို့မှ အဓိကရရှိတာပါ။ (အရက် 🍸မှာလဲ Calorie ပါပါတယ်။)

လူတစ်ယောက်က နေ့စဉ်လိုအပ်တဲ့ calorie ပမာဏထက် ပိုပြီးစားရင် ဝိတ်တက်ပြီး ⬆️၊ လိုအပ်တာထက် လျှော့စားရင်တော့ ဝိတ်ကျမှာပါ ⬇️။ နှစ်ခုတူညီနေတဲ့အချိန်မှာတော့ ဝိတ်ကိုထိန်းထားမှာဖြစ်‌ပြီး ဒါကို maintenance calorie လို့ ခေါ်ပါတယ်။

ဒါဆိုဝိတ်တက်ချင်တဲ့သူတွေက maintenance calorie ထက်ပိုစားရမှာပေါ့။ ဒါပေမဲ့စားတဲ့ အစားအစာပေါ်မူတည်ပြီး တက်လာတဲ့ဝိတ်ကကြွက်သားလား၊ အဆီလား ကွာခြားမှာ ဖြစ်ပါတယ်။

ဘယ်လိုစားသောက်ပြီးနေထိုင်ရင် ကြွက်သား 💪 ပဲအဓိက တက်လာမှာလဲဆိုတာကိုတော့ ကျန်းကျန်းမာမာဝိတ်တက်နည်း (Part-2) ဖြစ်တဲ့နောက် Post မှာရှင်းပြမှာပါ။ 🙏

11/03/2022

Nanohydroxyapatite နဲ့ သန်မာဖြူဖွေးတဲ့သွား တည်ဆောက်ခြင်း 🦷✨

👉 Nanohydroxyapatite ဆိုတာဘာလဲ?

အာကာသမှ ပြန်လာတဲ့ယာဉ်မှူးတွေဟာ အရိုးနှင့်သွားတွေ ပါးပြီး အားနည်းသွားတာကို တွေ့ရှိတဲ့အခါ NASA 🌍 က ဒီအာကာသယာဉ်မှူးတွေကို ကုသဖို့အတွက် ၁၉၇၀ခုနှစ် လောက်က nanohydroxyapatite ကိုတီထွင်ခဲ့ပါတယ်။

Hydroxyapatite ဟာ သဘာ၀အရ လူတိုင်းရဲ့ခန္ဒာကိုယ် ထဲမှာပြုလုပ်တဲ့ဓါတ် ဖြစ်ပါတယ်။ ဒီဓါတ်ဟာ သွားနဲ့ အရိုးတည်ဆောက်တဲ့ အခါမှာ မဖြစ်မနေလိုအပ်တဲ့ ဓါတ်ဖြစ်ပါတယ်။ သွား 🦷 ရဲ့ အပြင်ဆုံးအပိုင်းဖြစ်တဲ့ enamel layer ရဲ့ ၉၇% ဟာ hydroxyapatite နှင့်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

👉 Hydroxyapatite နှင့် ခံတွင်းကျန်းမာရေး။

ဒီ enamel layer ကိုထိုခိုက်မှုရှိတဲ့အခါ အောက်ကနုညံ့တဲ့ အစိတ်အပိုင်းတွေဟာ ခံတွင်းထဲက အပူအအေး၊ bacteria စသည်တို့မှ ကာကွယ်မှုကို ဆုံးရှုံးသွားပါတယ်။ ဒီအချိန်မှာ သွားကိုက်နာကျင်မှုကို ခံစားနိုင်ပါတယ်။ 😖

Nanohydroxyapatite technology ကို အသုံးပြုတဲ့ သွားတိုက်ဆေးတွေဟာ ဒီထိခိုက် ဒဏ်ရာကို ပြုပြင်ပေးနိုင်ပါတယ်။ သွားကိုသန်မာအောင် ပြုပြင်ပေးတဲ့အပြင် အပူအအေးခံနိုင်ရည်ကို မြှင့်တင်ပေးပြီး သွားကို ပိုဖြူစေပါတယ်။ 🦷✨

နောက်တစ်ချက်ကတောႉ hydroxyapatite​ က သွားပိုးစားတာကိုပါထိန်းပေးနိုင်ပါတယ်။ သွားပိုးစားတဲႉအခါ တွေႉရတဲႉ သွားချေးတွေဟာ bacteria​ ပိုးတွေက ထုတ်တဲႉ biofilm ပါ။ ဒီ biofilm က သွားပိုးစားစေတဲႉ bacteria ​ပိုးတွေကို သတ်နိုင်မဲႉ ဆေးတွေရန်မှ ကာကွယ်ပေးပါတယ်။

Hydroxyapatite ဟာ ဒီ plaque​ တွေအထဲရှိ bacteria 🦠 ပိုးတွေကို binding​ လုပ်နိုင်တာကြောင်ႉ သွားပိုးစားတာမှ ကာကွယ်ပေးနိုင်ပါတယ်။

👉 Nanohydroxyapatite သွားတိုက်ဆေးတွေဟာ လုံခြုံပါသလား?

Nanohydroxyapatite​ ဆေးတွေဟာ ခန္ဒာကိုယ်ထဲက သဘာဝထုပ်လုပ်တဲႉ hydroxyapatite​ ကို တုပ/support တာကြောင်ႉ လုံခြုံစိတ်ချရပါတယ်။ ✅

👉 ဒီ nanohydroxyapatite သွားတိုက်ဆေးကို ဘယ်မှာဝယ်လိုႉရလဲ?

ကျွန်တော်တိုႉ Instinct​ Myanmar က ဒီ nanohydroxyapatite technology ကို အသုံးပြုတဲႉ Sensodyne​ Repair​ & Protect သွားတိုက်ဆေးကို ရောင်းချပေးပါတယ်။ အောက်မှာ အသုံးပြုပုံနှင်ႉအခြားအချက်အလက်တွေကို ဖေါ်ပြထားပါတယ်။ 👇

Sensodyne Repair & Protect (Powered by Novamin)

👉 Size : 75ml
👉 With fluorine
🚢 Imported From UK
👉 Price : 33500ks

🗒️ သုံးပုံသုံးနည်း

👉တစ်ရက် နှစ်ကြိမ် သွားတိုက်ပါ။ သုံးကြိမ်ထက်မပိုပါစေနဲ့။

👉အသက် ၁၂ နှစ်နှင့် အထက်များသာ အသုံးပြုသင့်ပါသည်။

References

https://www.ncbi.nlm.nih.gov/pmc/articles/PMC5721511/
https://www.oralscience.com/en/ingredients/mhap/
https://eagleharbordentist.com/nano-hydroxyapatite-safe-for-family

05/03/2022

Antioxidants and Muscle growth

High intake of antioxidants (Vit C, Vit E, certain herbs, etc) after exercise seems to blunt some of the post-exercise adaptations:
https://www.ncbi.nlm.nih.gov/pmc/articles/PMC5023714/

The oxidative damage caused by ROS/RNS seems to play a role in signaling muscular adaptations. Antioxidants works against this.

Supplementing with some antioxidants (like vit E) might even be actively harmful:
https://pubmed.ncbi.nlm.nih.gov/24241129/

For these reasons, it's likely best to avoid supplementing with antioxidants on training days.

04/03/2022

Creatine ရဲ့ အကျိုးကျေးဇူးများ။

Creatine ဟာ supplement ပေါင်းမျိုးစုံထဲက ကျန်းမာရေးနှင့်ညီညွတ်ပြီး အထိရောက်ဆုံး ဖြတ်တဲ့ဖြတ်စွက်စာတစ်ခုဖြစ်ပါတယ်။ သုတေသနမြောက်များစွာထဲက တွေ့ရှိရတဲ့ creatine ရဲ့အကျိုးကျေးဇူးအချို့ကိုဒီ post မှာအတိုချုံးရှင်းပြထားပါတယ်။ 👇

ဒီအကြောင်းပိုဖတ်ချင်တဲ့သူတွေအတွက်သက်ဆိုင်တဲ့သိပ္ပံဆောင်းပါးတွေကို အောက် 👇 က References section မှာဖော်ပြထားပါတယ်။

၁။ Creatine ဟာကြွက်သားရဲ့အားကိုတိုးမြင့်ပေးပါတယ်။ ⚡

Creatine​ ဓါတ်က လူတိုင်းရဲ့ကြွက်သားထဲမှာ​ အတိုင်းအတာတစ်ခုအထိ​တော့​ ရှိပါတယ်။​ လေ့ကျင့်ခန်းလုပ်တဲႉအခါ​ ကြွက်သားတွေအားထုတ်ဖို့ မဖြစ်မ​နေပါဝင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါ​ကြောင်ႉ Creatine​ ဓါတ်နည်းရင်​ ကြွက်သားက အားထုတ်နိုင်စွမ်း ​လျော့ကျနိုင်ပါတယ်။

Creatine​ supplement သောက်ခြင်း​က ကြွက်သားထဲက​ Creatine Level ကိုမြှင့်တင်ပေးနိုင်တဲ့အတွက်၊​ အလေးပိုမ နိုင်ပြီး 🏋 ကြွက်သား ကြီးထွားနှုန်း ပိုမြန်​စေပါတယ်။

၂။ Creatine ဟာ ကြွက်သားနှင့် ခန္ဒာကိုယ်အရွယ်အစားကို ပိုကြီးထွားစေပါတယ်။ 💪

ကြွက်သားထဲမှာ Creatine ဓာတ်ပိုများလာတဲ့အခါ ကြွက်သားဆဲလ်ထဲမှာ ရေဓါတ်ကိုပိုပြီး ထိန်းသိမ်းနိုင်စေပါတယ်။ ဒါကြောင့် creatine သောက်ခြင်းဟာ ခန္ဒာကိုယ်ဝိတ် အနည်းငယ်တက်ပြီး ကြွက်သားကြီးထွားတဲ့ပုံ ပေါ်လာနိုင်ပါတယ်။

၃။ Creatine နဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်။ 💭

Creatine ရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်များအကြောင်း သုသေတနများစွာရှိပေမဲ့ ထိထိရောက်ရောက် ကောင်းကျိုးကို သက်သေပြနိုင်တာတော့ နည်းပါတယ်။ အချို့သုတေသန အရတော့ creatine နဲ့ဖြည့်စွက်ခြင်းဟာ တုံ့ပြန်မှု (reflex) နဲ့ မှတ်ညဏ် စသည်တို့ကို တိုးမြှင့်ပေးနိုင်တယ်လို့ပြောပါတယ်။

Creatine သုံးပုံသုံးနည်းရဲ့ guide ကို ဒီမှာဖတ်လို့ရပါတယ်။ 👇

https://www.facebook.com/InstinctMM/posts/476800347559957

References

https://pubmed.ncbi.nlm.nih.gov/11828245/
https://pubmed.ncbi.nlm.nih.gov/31652853/
https://www.ncbi.nlm.nih.gov/pmc/articles/PMC7916590/

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


459, New University Avenue, Bahan
Yangon
11201

Opening Hours

Monday 11:00 - 17:00
Tuesday 11:00 - 17:00
Wednesday 11:00 - 17:00
Thursday 11:00 - 17:00
Friday 11:00 - 17:00
Saturday 11:00 - 17:00
Sunday 11:00 - 17:00