Digigoal
Digital solution for all!
09/10/2023
မိတ်ဆွေတို့အနေနဲ့ ဒီရက်ပိုင်းထဲမှာ ယခုပုံပါ Mesaage တွေမြင်တွေ့ရပြီဆိုရင် မက်ဆေ့ကိုလုံးဝမနှိပ်မိဖို့အတွက် ဂရုစိုက်ပါ။
✉️ Mesaage နဲ့အတူတွဲဖက်ပါဝင်လာတဲ့ Link လို့ခေါ်တဲ့ စာမျက်နှာတစ်ခုကိုရောက်ရှိစေနိုင်တဲ့ နေရာမှာ ကိုယ့်ရဲ့အကောင့်အတွက် ဝင်ရောက်ဖို့လိုအပ်တဲ့အချက်အလက်တွေတောင်းခံတဲ့အတွက် လုံးဝမဖြည့်မိဖို့အတွက်ဂရုစိုက်ပါ။
🌐အကယ်၍ ယခုလိုအချက်တွေကိုမလိုက်နာမိခဲ့ပါက Phishing attack လို့ခေါ်တဲ့ Link မှတစ်ဆင့်အကောင့်ခိုးယူခြင်းကိုခံရမှာဖြစ်ပါတယ်။
❗များသောအားဖြင့် ဒီလို Attack တွေဟာ
✔️Like & Follow များတဲ့ Page တွေ
✔️Like & Follow မများပေမယ့် လတ်တလော Boost ထားတဲ့ Page တွေ
✔️Reach အရမ်းရောက်ပြီး လူစိတ်ဝင်စားခြင်းခံရတဲ့ Page တွေ
✔️အသစ်ဖွင့်လှစ်ထားပြီး တိုးတက်ဖို့အတွက်ပြင်ဆင်နေတဲ့ Page တွေကိုအဓိကဦးတည်ပြီးလုပ်ဆောင်တာဖြစ်တဲ့အတွက် ကြိုတင်ပြီးသတိထားကြစေဖို့အတွက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
✅Meta (Facebook) Team မှတစ်ဆင့်ပေးပို့တဲ့ Warning တွေဟာ Email တွေ ဒါမှမဟုတ် Page ရဲ့ Owner တွေစီကိုသာတိုက်ရိုက်ပေးပို့လေ့ရှိတာကိုလဲသတိပြုစေချင်ပါတယ်။
✳️အားလုံးပဲ Page များခိုးယူခံရခြင်းမှကင်းဝေးကြပါစေလို့ Digigoal မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။
07/10/2023
𝘿𝙞𝙜𝙞𝙜𝙤𝙖𝙡 ရဲ့ အတန်ဆုံးဆိုတာထက်ပိုတန်တဲ့ 𝑷𝒂𝒄𝒌𝒂𝒈𝒆 လေးတွေကိုရှိုးလိုက်ဦး။
ဒီထက့်တန်တာတောင်ဒီလောက်မတန်ဘူးဆိုတာကိုယုံ... 𝑷𝒂𝒄𝒌𝒂𝒈𝒆 တွေကလဲစုံတဲ့အပြင်ကိုမှ 𝑷𝒂𝒄𝒌𝒂𝒈𝒆 နဲ့မလိုချင်သူတွေအတွက် ကိုယ်လိုအပ်တာကိုသီးသန့်လဲအပ်လို့ရတယ်ဆိုတော့ ကိုယ့်ရဲ့လုပ်ငန်းအတွက် 𝑩𝒖𝒅𝒈𝒆𝒕 အပေါ်မူတည်ပြီးချိန်လို့လဲရသွားတာပေါ့...
𝑷𝒂𝒈𝒆 အသစ်ဖွင့်ချင်တာဖြစ်ဖြစ် 𝑷𝒂𝒈𝒆 အဟောင်းကို 𝑼𝒑𝒅𝒂𝒕𝒆 ချင်တာဖြစ်ဖြစ် အဆင်ပြေစေမယ့် ဒီ 𝑷𝒍𝒂𝒏 လေးတွေအကြောင်း ကိုပိုပြီးသိရှိလိုပါက ဖုန်းနံပါတ် 0𝟗7𝟗0𝟕5𝟑7𝟐1 သို့မဟုတ် 𝑷𝒂𝒈𝒆 𝑴𝒆𝒔𝒔𝒆𝒏𝒈𝒆𝒓 ကနေတစ်ဆင့်စုံစမ်းဆက်သွယ်နိုင်ပါတယ်။
16/12/2021
Digital ဆိုတာအခြေခံအားဖြင့် ကိန်းဂဏန်းတွေကိုပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့အသုံးပြုနေတဲ့ Computing device တွေဖြစ်တဲ့ PC, Laptop, Tablet နဲ့ Smartphone တွေအားလုံးဟာ ဂဏာန်းလုံး ၂ ခုကိုပဲနားလည်ပါတယ်။ 0 & 1 ပါ။ဒီလိုဖြစ်ရတာဟာ ကွန်ပြူတာတွေရဲ့ Processing unit မှာပါဝင်တဲ့ ဘီလီယံနဲ့ချီတဲ့ Transistor လို့ခေါ်တဲ့ လျှပ်စစ်ပစ္စည်းလေးတွေနဲ့အတူ Logic gates တွေကြောင့်ပဲဖြစ်ပါတယ်။
Binary digits လို့ခေါ်တဲ့ သုညနဲ့တစ်တွေကိုပေါင်းစပ်ပြီးတဲ့အခါမှာ အရုပ်အသံတွေအပြင်အခြား ကွန်ပြူတာမျက်နှာပြင်ပေါ်မှာမြင်ရသမျှ အချက်အလက်တွေအကုန်ဖြစ်တည်လာစေပါတယ်။ Digital Marketing ဆိုတာကိုမသိခင် Digital ဆိုတာနဲ့ Computer တစ်လုံးဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုအသေးစိတ်သိသင့်ပါတယ်။ ဒါမှ Digital marketing လုပ်တဲ့အခါမှာအသုံးဝင် အဆင်ပြေစေမှာပါ။ မကြာခင်မှာ Digigoal ကနေပြီး Digital marketing foundation course နဲ့ Workshops တွေကိုပြုလုပ်ပြီးအခမဲ့မျှဝေသွားမှာဖြစ်ပါတယ်။ Page ကို Like နဲ့ Follow ပြုလုပ်ခြင်းအားဖြင့် အသိညဏ်ပညာတွေကိုမျှဝေခြင်းအစီအစဉ်မှာပါဝင်လိုက်ပါ။
11/12/2021
Facebook marketing ကထင်သလောက်မခက်ပေမယ့် လွယ်သင့်သလောက်တော့မလွယ်ပါဘူး။ အခြေခံ Marketing ကိုသိသင့်သလောက်သိရမယ့်အပြင် Digital ဆိုတဲ့အခေါ်အဝေါ်နောက်က term တွေနဲ့အတူ လူတွေရဲ့ Online အပေါ်မှာမြင်တဲ့အမြင် ထားတဲ့သဘောထားကိုပါခန့်မှန်းနိုင်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ လမ်းကြောင်းတစ်ခု လုပ်ဆောင်ပုံနည်းစနစ်တွေကိုပါမှန်ကန်စွာရွေးချယ်နိုင်မှတော်ခါကျမှာပါ။
မြန်မာပြည်မှာလူသုံးအများဆုံးဖြစ်တဲ့ Facebook ပေါ်မှာကိုယ်နဲ့လုပ်ငန်းတူသူအကြံတူသူတွေအများကြီးရှိတဲ့အထဲကနေမှ ကိုယ့်ရဲ့ရွေးချယ်မှုလေးတစ်ချက်အပေါ်မှာမူတည်ပြီး ရောက်သင့်တဲ့ Reach မရောက်တာ၊ ထိုက်သင့်သလောက်မအောင်မြင်ရတဲ့အခြေအနေတွေကလဲအများကြီးရှိပါတယ်။
ကျွန်တော်တို့ Digigoal က Agency သီးသန့်မဟုတ်ပဲ မိတ်ဆွေတို့ရဲ့စီးပွားရေး ပါတနာအဖြစ်နဲ့ပါ ထပ်တူကြိူးစားပြီး မှန်ကန်တဲ့ Digital platform တွေအပေါ်ကိုရောက်ရှိတွန်းပို့ပေးမှာမို့ အတူတူတွဲပြီးကြီးပွားတိုးတက်ချင်တယ်ဆိုရင် အသေးစိတ်ကိုအခမဲ့အရင်တိုင်ပင်ကြည့်နိုင်ပါတယ်။ အကြံညဏ်နဲ့အတူ အဖြေတွေကိုပါပေးမှာမို့ ကိုယ်တိုင်တစ်ယောက်ထဲခေါင်းအစားမခံပါနဲ့.... Digigoal ကသင်နဲ့အတူခေါင်းခြောက်ခံပြီး ကူညီရုန်းကန်ပေးပါလိမ့်မယ်။
07/12/2021
page ကိုင်ပြီးဈေးရောင်းရတာအဆင်မပြေလို့ Page service လေးအပ်လိုက်တယ်။ ရောင်းအားနဲ့ လူသိများတာတော့တိုးလာပါရဲ့ ပြန်ကုန်ကျတဲ့ငွေနဲ့အချိုးပြန်ချရရင်တော့ အနှုတ်ပါပြနေတဲ့အခြေအနေတွေကြောင့် Page service အပ်ရမှာကြောက်နေပြီလား?
Page service အပ်ပြီးတာနဲ့ ဒီနေ့လဲ ဒီ content နောက်နေ့ကျလဲ ဒီ content နဲ့ဆိုတော့ ကြာတော့ရိုးသလိုခံစားရ။ ကိုယ်နဲ့အတူ ဒီ Business အကြောင်းကိုတခါမှတောင် consulting နဲ့ data analysis ကိုလဲလုပ်မပေးတော့ ကိုယ့်စီရောက်လာတဲ့ Report ကိုကြည့်ပြီး ဘာမှနားမလည်ပဲခေါင်းငြိမ့်လိုက်ရတာတွေရှိခဲ့ဖူးလား?
Facebook တစ်ခုထဲအပြင် တခြားလိုအပ်တဲ့ Digital channel တွေနဲ့ လက်ရှိ trend ဖြစ်တဲ့ အခြား ဘယ်လို activities တွေလုပ်သင့်တယ်ဆိုတာမျိုးအကြံပေးတဲ့ ကိုယ့်လုပ်ငန်းလိုမျိုးသဘောထားတဲ့ Agency မျိုးကြုံခဲ့ဖူးပြီလား?
မေးခွန်းတွေဖြေပြီးရင်တော့ ကျွန်တော်တို့ Digitalgoal အကြောင်းလေးအရင်ပြောပြပါရစေဦး...
Digitalgoal ကို အရင်ကတည်းက traditional marketingလောကထဲမှာကျဉ်လည်ခဲ့သူတွေနဲ့အတူ မတူညီတဲ့ Business sectors တွေမှာ Operating မျိုးစုံနဲ့ တာဝန်ယူခဲ့ဖူးတဲ့သူတွေ အပြင် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်သူလူငယ်တွေ စုပေါင်းပြီး Freelance service အနေနဲ့ စီးပွားရေးလုပ်ငန်းအသေးတွေအတွက် ကူညီလုပ်ဆောင်ပေးနေရာကနေပြီး အခြေအနေအရ ပေးပို့လာတဲ့အကြံညဏ်များအရ creative agency တစ်ခုအဖြစ်ဖွဲ့စည်းခဲ့ပါတယ်။
အပေါ်ကမေးခွန်းထဲကစိတ်မကျေနပ်မှုတွေထပ်မဖြစ်စေရဖို့အပြင် လုပ်ငန်းငယ်တွေ၊ Startup businesses တွေအနေနဲ့ digitalization ကိုလဲစိတ်ပါတယ်၊ ကုန်ကျငွေကိုလဲအများကြီးမသုံးချင်ဘူး၊ business consulting ကိုလဲလိုအပ်တယ်ဆိုရင်တော့ သုံးကြည့်သင့်ပါတယ်။ Digitalgoal ကသင်နဲ့အတူဖွံ့ဖြိုးတိုးတက်နေမှာပါ။
Facebookအပြင် website ဖန်တီးခြင်း၊ mobile app များနှင့် E commerce platform များရေးဆွဲပေးခြင်းများကိုပါပြုလုပ်နိုင်ပါတယ်။
အသေးစိတ်ကို Page messenger (သို့မဟုတ်) ဖုန်းနံပါတ် 09780753721 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ Viber,WhatsApp, telegram အစရှိတဲ့ channel တွေကနေလဲစုံစမ်းလို့ရပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
228, Migathi Street, South Oakkalar
Yangon
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |