Alone
Feeling
အလိုရှိတဲ့အချိန်
သတိရတက်ပြီး
မလိုအပ်တော့တဲ့အခါ
စွန့်ပစ်တက်ကြတာပဲလား ... ။
လိုသုံးဆိုလဲ ဖြစ်ပါတယ်
ဒါပေမယ့် လိုတဲ့အချိန်တော့
သုံးမယ် မဟုတ်လား ... ။
နာကျင်ရရင်တောင်
ကျွန်တော်ရဲ့ ရွေးချယ်မှုက
တွေဝေမှုမရှိပဲ မင်းကိုပဲ
ညွန်ပြမိမှာပါ ... ။
ကျွန်တော်က ခင်များကို
ပျော်စေချင်တာပါ ဒါပေမယ့်
ကျွန်တော်ရင်ခွင်မှာ မဟုတ်တော့လည်း
ရင်ထဲမှာ အောင့်သက်သက်နဲ့ပေါ့ဗျာ ... ။
"မျှော်လင့်ချက်"တဲ့
ကျွန်တော်တို့ မျှော်လင့်လေ
ပင်ပန်းရလေပဲ မဟုတ်လား ပူလောင်မှုတွေကို
ကျွန်တော်တို့ကိုယ်တိုင်က လက်ခံခဲ့တာပါ ... ။
မေတ္တာတွေပေးခဲ့မိလို့
စော်ကားခံရတာတွေက
ဘဝမှာ ဒီတခါနောက်ဆုံးပဲ
ဖြစ်ပါ့ရစေဗျာ ... ။
နှိုင်းယှဉ်ခံရတာကို မုန်းတယ်
ကျွန်တော်က အသုံးမကျဘူးဆိုရင်တောင်
ကျွန်တော်ရဲ့ ဖြစ်တည်မှုတွေမှာပဲ
ရှင်သန်နေပါ့ရစေ ... ။
အနိုင်လိုချင်တာမှလား
ရပါတယ် ကျွန်တော်က
အရှုံးနဲ့ နေသားကျနေပြီးသားမို့
နောက်ထပ် အရှုံးတွေအတွက်လည်း
ပြိုလဲသွားမှာ မဟုတ်တော့ပါဘူး ...။
ဘဝမှာ မင်းရဲ့
ရှင်သန်မှုကို အပြစ်မမြင်ပဲ
မြတ်နိုးတက်တဲ့ လူတစ်ယောက်ရှိလာခဲ့ရင်
တန်ဖိုးထားပါ ... ။
သားသမီးတွေအတွက်
ပင်ပန်းကြီးစွာ ရှာဖွေကျွေးခဲ့ပေမယ့်
ပင်ပန်းနေပြီဆိုတဲ့ စကားလေးတခွန်းတောင်
မပြောခဲ့ဖူးတဲ့ အဖေအပေါ်မှာ
အမှားတွေရှိရင် တောင်းပန်ပါတယ် ... ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon