Selection OnLine
ဒီ Page လေးမှာ ၀ယ်ယူအားပေးသူတိုင်း အသက်ရှူတိုင်း ငွေတွေ အလုံးလိုက် ၀င်ပါစေ🙏🙏🙏
04/01/2025
ပုံပြတော့တမျိုး ရောက်လာတော့ တလွဲ Online တွေက အဲလိုရောင်းကြတာပါနော်. မင်မင့်မိတ်ဆွေ ခံရတာပါ
https://www.facebook.com/profile.php?id=100063905561250&mibextid=ZbWKwL
27/10/2024
မ Ban ချင်လို့ စကားအကောင်းပြောပြလဲ မရနဲ့. ခုတော့ စိတ်မကောင်းစွာနဲ့ Ban လိုက်တာပါ. ၇၀၀၀ လျော့ပေးတဲ့ ဘူးက ရှုံ့တွနေတဲ့ဘူးပါ. ခုက အောက်ပိုင်းလေး ပုစိလေး Deli က ဖိမိပြီး နည်းနည်းလေး ပိန်သွားတာကို ၇၀၀၀ လာတောင်းနေတယ်. စဥ်းစားပါအုံး အမရယ်. ၇၀၀၀ ကြီးလျော့ပေးတာ နည်းနည်းလေး ဘူးပိန်တာကို လျော့မလားလို့. ဘူးပိန်ပုံလေးလဲ တင်ထားပါတယ် ကြည့်ကြပါနော်. Block ပစ်တယ်ဆိုတာ ပြောပြ ရှင်းပြလို့လဲ မရဆိုတော့ သူကရိုင်းနေတော့ ရိုင်းတဲ့သူနဲ့ စကားမပြောချင်လို့ Ban ပစ်တာပါ. ဒါတောင် Page ကို ၀င်၀င်ကြည့်ပြီး လောင်နေပြီး Account တခုပြီး တခုနဲ့ လာလာရေးနေတော့ လောင်ပါစေဆိုပြီး မတင်တော့ဘူး လုပ်ထားပြီးမှ ပြန်တင်လိုက်တာပါ. 😁
https://www.facebook.com/nilar.aung.104?mibextid=ZbWKwL
27/10/2024
ဆရာမဖြစ်ပြီး စိတ်ဓါတ်အောက်တန်းကျတာ ခုမှတွေ့ဖူးတယ်. မတင်တော့ဘူးဆိုပြီး နေနေတာ မပြီးမစီးနိုင် Page ကို Account ပေါင်းစုံနဲ့ ၀င်၀င်ကြည့်ပြီး လာတိုက်ခိုက်နေလို့ တင်လိုက်ရခြင်း ဖြစ်ပါတယ်. ကိုယ့် Page က စာချုပ်ချုပ်ထားတဲ့ Deli နဲ့ မပို့ခိုင်းပဲ သူ့ Deli နဲ့ပဲ ပို့ပေးပါဆိုလို့ ပို့ပေးခဲ့တာပါ. သီတင်းကျွတ် ပိတ်ရက်တွေ ရှည်ပြီး သူ့လက်ထဲ ပစ္စည်းရောက်တာ နောက်ကျတော့ တခြား ဘယ်သူမှ မဖြစ်ဘူးပဲ သူ့ကျမှ ပစ္စည်းတွေ ပျက်စီးပြီး ရောက်လာတာကို Page ကို ပြသနာရှာနေတာပါ. အမှန် သူပြောတဲ့ သူ့ deli နဲ့ ပို့ပေးတာ ညီမတို့ Deli နဲ့လဲ မဟုတ်တဲ့အတွက် သူ့ Deli ကို သူပြောရမှာပါ အဲဒါကို Page ကို လျော်ကြေးလာတောင်းနေတာ မပေးလို့တဲ့. ညီမတို့ Deli ဆို ညီမတို့ ရှင်းပေးလို့ရပါတယ်နော်. Account ပေါင်းစုံနဲ့ လာလာတိုက်ခိုက်နေတာ ဆရာမအလုပ်လုပ်ပြီး စိတ်ဓါတ်က အောက်တန်းကျတာ ခုမှတွေဖူးတယ်. အဆင်မပြေဘူးဆိုရင် Page ကို Block ပစ်ရမှာ. ခုက Page ကနေ လူက Block နေရတယ်. သူက မင်မင်တို့ကို ကြည့်မရပေလို့ပဲ တနေ့ တနေ့ ၀င်၀င်ကြည့်နေရတာ သူ့လဲ ဒုက္ခတခုပဲနော်. ကလေးတွေကိုပဲ အေးအေးဆေးဆေး စာမသင်နိူင်ဘူး. ပူလောင်လိုက်တာ
12/06/2023
ကျန်းမာတဲ့အရိုးအဆစ်တွေအတွက်
ဖြည့်စွက်သင့်တဲ့အာဟာရ
**************
အရိုးအဆစ်တွေဆိုတာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ထောက်ကန်ပေးထားတဲ့ တကယ့် အရေးပါအရာရောက်ဆုံး အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် အရိုးအဆစ်တွေကို ပရိုတင်းဓာတ်၊ သတ္တုဓာတ်နဲ့ လိုအပ်တဲ့ဗီတာ မင်ဓာတ်တွေကို ဖြည့်စွက်ပြီး အားဖြည့်ပေးသင့် တာဖြစ်ပါတယ်။ အသက်လေးဆယ်နောက်ပိုင်းမှာ အရိုးသိပ်သည်းဆတွေ လျော့လာပြီး အရိုး တွေရဲ့ထောက်ကန်နိုင်အားဟာ ကျဆင်းလာပါတယ်။ အရိုးအဆစ်ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်ဆည်းပေးဖို့ လိုလာပါပြီ။
အရိုးသိပ်သည်းဆတွေ အရမ်းကျလာပြီ ဆိုရင်တော့ အရိုးပါးအရိုးပွရောဂါဖြစ်ဖို့ တာစူ လာပြီဖြစ်ပါတယ်။ အရိုးပါးအရိုးပွဖြစ်လာရင် သေတဲ့အထိ ပြန်ကောင်းလာနိုင်ဖို့ဆိုတာခဲယဉ်း သွားပါပြီ။
အရိုးပါး၊ အရိုးပွဖြစ်လာရင် အရိုး တွေ ပြန်လည်ကောင်းမွန်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် အသက် လေးဆယ်မကျော်ခင်က တည်းက အရိုးအဆစ်တွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့် စွက်ပေးဖို့ လိုအပ်တယ်လို့ ပြောရတာ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာ တာနဲ့အမျှ အရိုးပါးအရိုးပွတင်မက တခြားအရိုးအဆစ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေက ဆင့်ကဲဝင်ရောက်လာ နိုင်ပြန်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ကန် ပေးထားတဲ့ အရိုးအဆစ်လေးတွေ သန်မာနေစေဖို့ GNC Triflex ကိုသာ နေ့စဉ် မှီ၀ဲပေးပါ။
GNC Triflex မှာ
- အရိုးနုတွေ ပျက်စီးမှုမရှိအောင် ကာကွယ်ပေးနိုင်တဲ့ Glucosamine ၊ ပျက်စီးသွား တဲ့ အရိုးနုတွေ ပြန်လည်တည်ဆောက်တဲ့နေရာမှာ အသုံးဝင်တဲ့ မရှိ မဖြစ် အာဟာရ Chondroitin ၊ အရိုးအဆစ်များရောင်ရမ်းနာကျင်မှု တွေကို သဘာဝအတိုင်း သက်သာစေပြီး အရိုးအဆစ်တွေ၊ တွယ်ဆက် တစ်သျှူးတွေ ကြံ့ခိုင်ရေးအတွက် အကောင်းဆုံးဖြစ်တဲ့ Methyl Sulfonyl Methane ၊ ရိုးတွင်းခြင်ဆီကို ပြန်လည်ဖြည့်ဆည်းပေးပြီး အရိုးအဆစ်တွေ အကွေးအဆန့်ကို ပိုမိုကောင်းမွန် စေဖို့ အရေးပါတဲ့ Hyaluronic Acid စတဲ့ အရိုးအဆစ်အတွက် လိုအပ်တဲ့ အကောင်းဆုံး အာဟာရတွေ ပါဝင်တာမို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။
တနေ့ ၃ လုံး အစာစားပြီး သောက်ပေးရမှာပါ
အလုံး (၁၂၀)...တဘူး👉 200000
အလုံး (၂၄၀) တဘူး 👉 360000
09 966662777
01/02/2023
ဆရာမကြီး Dr. Daw Khin Nwe Win ပြောတဲ့
ဆေးသက်တမ်း Expiry date နှင့် ဆေးအာနိသင်
အကြောင်းလေး မျှဝေပေးလိုက်ပါတယ် ရှင်။
ဗဟုသုတ ရစရာမို့ သေချာလေး ဖတ်ကြည့်စေချင်ပါတယ်။
+++++++++++++++++++++
" ကျွန်မက ဗဟုသုတ တွေ ဝေမျှပေးနေခြင်းသာ ဖြစ်ပါတယ်။ သိသွားပြီဆိုရင် မိမိသဘောအတိုင်း အဆင်ပြေသလို ဆောင်ရွက်နိုင်ပါတယ်၊၊
ဆေးတွေ ထုတ်တဲ့အခါ ဆေးသက်တမ်းထည့်ရမယ်ဆိုပြီး ၁၉၇၉ ခုနစ် က ပြဌာန်းလိုက်ပါတယ်၊၊ သက်တမ်းကို ပြထားခြင်းအားဖြင့် ဆေးအာနိသင် အပြည့်အဝဟာ ဒီသက်တမ်းအတွင်းမှာ ရှိတယ် ဆိုတဲ့ အာမခံချက်တစ်ရပ်သာ ဖြစ်ပါတယ်၊၊ သက်တမ်းကျော်သွားရင် အာနိသင် နည်းနည်းလျော့နိုင်တယ်၊ ဥပဒ်တော့ မရှိဘူးဆိုတာ သိစေချင်လိုပါ၊၊ အထူးသဖြင့် အေးတဲ့နေရာမှာ ( ရေခဲသေတ္တာ ) အဖုံးလုံလုံနဲ့ သိမ်းထားမယ်ဆိုရင် ပိုပြီးအာနိသင်ကျန်တယ်ဆိုတာ နားလည်ရပါမယ်၊၊ အထူးသဖြင့် အဆီပါတဲ့ ဆေးတွေဆိုရင် ရေခဲသေတ္တာထဲမှာ ထားပါ၊၊
Oxidized ဖြစ်သွားတတ်လို့ပါ၊၊
ဆေးဘူးပေါ်မှာ ထုနှိပ်ထားတဲ့ ဆေးရဲ့သက်တမ်း Expiry date ရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ်၊၊ ဒီရက်အတွင်းမှာသောက်ရင် ဆေးရဲ့အာနိသင် အပြည့်အဝရနိုင်တယ် ဆိုတာ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အာမခံချက်သာဖြစ်ပါတယ်၊၊ ရက်စွဲကျော်လွန်သွားတဲ့ဆေးတွေသောက်ရင် ဥပဒ်ရှိတယ် ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်ပါ၊ ဟုတ်လည်းမဟုတ်ပါ ၊၊
သုတေသန အရဆိုရင် ဆေးတွေဟာ ဆေးသက်တမ်းကုန်ပြီး ၁၅ နှစ် ကြာသွားတာတောင် ဥပဒ် မရွိဘဲ သုံးနိုင်ပါတယ်တဲ့။ အာနိသင်တာ အနည်းငယ် လျော့သွားချင် လျော့သွားနိုင်ပါတယ်တဲ့။ အာနိသင်လုံးဝ မရှိတော့တာမဟုတ်ပါ၊၊ ဆေးပညာရှင်တွေ ပြောပုံအရ သက်တမ်းလွန်ဆေးတွေ သောက်ရင် ဥပဒ်မရှိနိုင်ပါ။
ဒါဆိုရင် ဆေးထုတ်တဲ့ ကုမ္ပဏီတွေရဲ့ လှည့်စားချက်တစ်မျိုးလို့ ယူဆချင်ရင်လည်း ယူဆနိုင်ပါတယ်လို့ ပြောပါတယ်၊၊ ( ကျွန်မ ပြောတာ မဟုတ်ပါ ) ဘာသာပြန်ပေးနေခြင်းသာ ဖြစ်ပါတယ်၊၊
နောက်အမြင်တစ်မျိုးနဲ့ ကြည့်နိုင်တာကတော့ ဆေးရဲ့အာနိသင်အပြည့်အဝကို အာမခံထားတဲ့ ရက္စြဲ အနေနဲ့ကြည့်လို့ရပါတယ်၊၊ နားလည်စေချင်တာက ဆေးဘူးကိုကြည့်ပြီး သက်တမ်းကုန်လွန်သွားပြီ ဆိုပြိး လွှင့်မပစ်လိုက်ပါနဲ့။ ဆေးဘူးတွေက ဝယ်ရတာလည်း ဈေးအလွန်ကြီးလာနေပါတယ်၊၊ ဥပဒ် မဖြစ်ဘူးဆိုတဲ့ အချက်ကို နားလည်စေချင်ပါတယ်၊၊
တလောက Facebook မှာ သက်တမ်းကုန်တဲ့ ဆေးတွေ လှူလို့ဆိုပြိး ဝိုင်းပြီး အပြစ်ပြောတာကို ဖတ်မိလိုက်လို့ပါ၊၊ လုံးဝ သောက်စရာမရှိတာထက် စာရင် အများကြီး အေထာက္ကူ ပြုပါတယ်ရှင်၊၊
ဖော်ပြပါ အချက်များကို နားလည်သွားပြီဆိုရင် သက်တမ်းကုန်ဆေးဝါးလှူတဲ့လူကို ဝိုင်းပြီး အပြစ်တင် ဆဲဆိုခြင်း မလုပ်ကြစေချင်ပါ၊၊
ပြန်လည်ဝေမျှခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ၊၊ "
Respectfully Credit to Dr. Daw Khin Nwe Win
09 966662777
31/12/2022
2023 မှ စ၍ Selection OnLine မှာ ၀ယ်ယူ အားပေးကြသူများ ကျန်းမာ ချမ်းသာကြပါစေ. ကောင်းတဲ့အလိုတွေပြည့်၀ပြီး လုပ်ငန်းများ ဒီထက်မက တိုးတက်အောင်မြင်ကြပါစေ. အသက်ရှူတိုင်း ပိုက်ဆံတွေလဲ ၀င်ကြပါစေ လို့ ဆုမွန်တောင်းလိုက်ပါတယ်ရှင် 🙏
01/12/2022
ခု ပြထားတဲ့ Page လေးမှာ ဆက်တွေ့ကြမယ်နော်. Selection OnLine ကို 1234 ဆိုပြီး ဆက်ဖွင့်သွားပါမယ်ရှင့် . Page လေးက ကျကျသွားလို့ပါ
Comment မှာ Link လေး ရှိပါတယ်နော်. Like & Follow လေး လုပ်ပေးကြပါအုံးနော်
https://www.facebook.com/profile.php?id=100088521901490&mibextid=ZbWKwL
01/12/2022
ဆီးချိုသမားများအတွက် လိုအပ်တဲ့ Vitamin ရစေဖို့ Nature Made Diabetes Health Pack (Made in USA ) ရပါပြီ
ကုမ္မဏီရဲ့ ဆီးချို သမားများအတွက် လိုအပ်တဲ့ ဗီတာမင်မျိုးစုံပါတဲ့ pack လေးပါ တရက်တထုတ်သောက်ဖို့ ရက် ၆၀ စာပါ
ဆီးချိုသမားများအတွက် ဇီ၀ကမ္မလုပ်ငန်းစဉ်တွေ အတွက် လိုအပ်တဲ့ chromium နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ Fish Oil with Vitamin D3 (D3 က အရိုးတွေ အတွက်လိုအပ်ပါတယ်) ၊ ခန္စာကိုယ်တွင်း အရေးကြီးလုပ်ငန်းစဉ်များစွာ အတွက် လိုအပ်တဲ့ Magnesium၊ ခုခံအားစနစ်ကောင်းစေတဲ့ Vitamin C၊ အဆိပ်တောက် တွေ အညစ်ကြေး တွေ ကို ဖယ်ရှားရာမှာ ကူညီတဲ့ antioxidant Alpha Lipoic Acid with Green Tea တို့ ပါ၀င်ပါတယ်။
တနေ့တာ လိုအပ်တဲ့ ဗီတာမင်တွေကို အထုပ်တခုထဲမှာ တစ်စုတည်း ထည့်ထားပြီးသားမို့ ဆေးတမျိုးမျိုး ကျန်နေခဲ့မှာ မပူရတော့ဘူးပေါ့
သကြား၊ဆိုးဆေး၊ ကော် စသည်တို့လုံး၀မပါ။
တနေ့ကိုတထုတ် (အစာနဲ့စားရန်) ဖြစ်ပြီး၊ အထုတ် ၆၀ ပါ (၂လစာ)ပါ
လက်ဆောင်ပေးလို့လဲ ကောင်းပါတယ်။
....88000
09 966662777
30/11/2022
တဘူး..35000
09 966662777
25/11/2022
⚡
ထိပ်ပြောင်သူတွေ၊ မွေးရာပါဆံပင်အားနည်းသူတွေ၊ ပသိုင်းမွှေး၊
မုတ်ဆိတ်မွှေးပေါက်ခြင်သူတွေ၊ မျက်ခုံးမွှေးထူချင်သူတွေအတွက်
အချိန်တိုအတွင်းမှာအမွှေးပြန်ပေါက်ပြီး 🎍Quality🎍 လည်းမြင့်
တဲ့ USA ကနေFDAရထားတဲ့💐 Kirkland minoxidil 5% 💐
အမွှေးပေါက်ဆေးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်.
ဒီဆေးမှာ minoxidil 5% တောင်ပါလို့ (၁ )နေ့( ၂ )ကြိမ်လိမ်း
ပေးရင် ၄ ပတ်ကနေ ၇ပတ်အတွင်းအမွှေးပေါက်ပေါက်စေပါတယ်။Minoxidil ထုတ်
လုပ်ရောင်းချရာမှာလည်းUSAကတင်းတင်းကျပ်ကျပ်စစ်ဆေးပြီးFDA ရထားလို့စိတ်ချ၊လက်ချသုံးစွဲလို့ရပါတယ်။
Weigh: 60 ml... 23000 ks
09 966662777
20/11/2022
ပစ္စည်းကောင်း ကြိုက်သူများအတွက် မိတ်ဆက်ပေးပါရစေ. ဒီမျက်နှာလိမ်းCream လေးကတော့ ကျား/မ မရွေး လိမ်းလို့ရပါတယ်ရှင့်. အသားအရေ မညီတာ မဲတာ အမဲစက် တင်းတိတ် အသားအရေ တွန့်တာက အစ ကာကွယ်ပေးပါတယ်နော်. Made In USA ဆိုတော့ စိတ်ချစွာ လိမ်းကြည့်ခြင်းဖြင့် လှပသော မျက်နှာပိုင်ရှင်များ ဖြစ်ကြပါစေရှင်
တဘူး...85000
09 966662777
17/11/2022
အသက် ၄၀ အထက် အမျိုးသမီးများအတွက်ပါ. အမျိုးသမီးတွေ အများစုက အသက်လေးရလာရင် ဟော်မုန်း အပြောင်းအလဲ ကြောင့် စိတ်တိုလွယ်လာတတ်ကြ စိတ်ဓါတ်ကျလွယ်ကြပါတယ်. အဲလိုတွေမဖြစ်အောင် ဒါလေးက အရမ်းအဆင်ပြေပါတယ်. တနေ့မှ ၁ လုံးထဲပါ. စျေးလေးကတော့ အတက်အကျရှိတတ်ပါတယ် နော်. တပုလင်းမှာ ၉၆ လုံး ပါပါတယ်
တဘူး..170000
09 966662777
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 10:00 - 20:00 |
| Tuesday | 10:00 - 20:00 |
| Wednesday | 10:00 - 20:00 |
| Thursday | 10:00 - 20:00 |
| Friday | 10:00 - 20:00 |
| Saturday | 10:00 - 20:00 |
| Sunday | 10:00 - 20:00 |